ဂဠုန် ဦးစော၏ ဇာတာအား လေ့လာခြင်း (U Saw)


ဂဠုန် ဦးစော၏ ဇာတာအား စစ်ဆေးခြင်း။
၂၀၁၀-သြဂုတ်လ၊ သူရဇ္ဇမဂ္ဂဇင်းတွင်၊ ဆရာ ဒလ မင်းခေါင်၊ ၏ ဆောင်းပါး အမည် “နိုင်ငံတော် လုပ်ကြံမှု အဓိက တရားခံ ဂဠုန် ဦးစော အား၊ မြန်မာ့ ဗေဒင် ပညာဖြင့် သုံးသပ်ခြင်း၊” ဆောင်းပါးကို ကျွန်တော် ဖတ်မိ လိုက်ပါသည်။ ဤဆောင်းပါး တွင်လိုအပ်သော အရေးပါသည့် အချက်များကို ဖော်ပြပေးသည့် အပြင်၊ တစ်ဆက်တည်း မဟာဘုတ် ပညာဖြင့် သုံးသပ်ပေးသွားသော ဆရာ ဒလ မင်းခေါင် အား ကျေးဇူးတင် ရှိပါကြောင်း ပြောလိုပါသည်။

ကျွန်တော်ငယ်ရွယ်စဉ် ကလေးဘ၀က- အဘွားဖြစ်သူ ပြောပြခဲ့ဘူး သော မြတ်စွာဘုရားနှင့် စိဉ္ဖာမာန အမျိုးသမီး တို.၏ အကြောင်း တွင်- တရားနာ ပရိဿတ်ကြီးက- မြတ်စွာ ဘုရားရှင်အား လာရောက် စွပ်စွဲ အရှက်ခွဲသော စိဉ္ဖာမာန အား အပြစ်တင် ရှုံ.ချ နေချိန်၊ အချို. ကလည်း- သို.လော၊ သို.လောနှင့် ဒွိဟ ဖြစ်နေကြချိန်တွင်- မြတ်စွာ ဘုရားက “စိဉ္ဖာမာန ရယ်- ဒီကိစ္စက နင်နဲ.ငါပဲ သိပါတယ်။” ဟု အတိတ်ဘ၀ ကို ဆိုလို၍ မိန်.ကြားခဲ့သည်ဟု အဘွားမှ ပြောပြ ခဲ့ပါသည်။

နောက်ပိုင်းတွင်လည်း- မြတ်စွာဘုရားအား အလွန် ကြည်ညိုသော - သာမာဝတီ မိဖုရား နှင့် အခြွေအရံ များကို မာဂဏ္ဍီ မိဘုရားမှ မီးရှို.သတ်ဖြတ် ပြန်သော အခါ- ကျွန်တော့် အနေဖြင့် မကျေမနပ် ဖြစ်ခဲ့ရ ပြန်ပါသည်။ ထို.နောက်တွင်တော့- အတိတ်ဘ၀ က သာမာဝတီ နှင့် အခြွေအရံများ၏ ၀ဋ်ကြွေးရှိခဲ့ပုံကို နားလည် ခဲ့ရပြန်ပါ၏။

ကျောင်းတက် ပြန်တော့ အာဇာနည်နေ.တွင် ကျောင်းမှ လွမ်းသူပန်းခွေ ချသော အခါတိုင်း၊ ၀မ်းနည်း ကြောင်း ဥသြဆွဲ သည့် အခါများတွင် အာဇာနည် ခေါင်းဆောင် ကြီးများအတွက်- ၀မ်းနည်း ခဲ့ရသလို- ၄င်း တို.အား လုပ်ကြံ သူတို.ကိုလည်း လွန်စွာ မကျေမနပ် ဖြစ်ခဲ့ရပြန် ပါသည်။

သူတို. အနေဖြင့်- ကျွန်တော် မသိခဲ့တဲ့ ၀ဋ်ကြွေးများ- ဘ၀ အဆက်ဆက်က အညိုးအတေးများ ရှိကောင်း ရှိကြပါလိမ့်မည်။ ထို.ကြောင့်လည်း- လူ.လောကတွင် မရှိကြ ရှာတော့ပြီ ဖြစ်သော - ဦးစောအား ကျွန်တော့် အနေဖြင့် ဒေါမနဿ မပွားနိုင် တော့ပါ။ အတိတ် ကံတို.၏ ဆက်စပ်နေမှုများကို သာမာန် လူသား တို.အနေဖြင့် နားမလည် နိုင်ပါ။

ဤဆောင်းပါးကို ရေးသားယင်းဖြင့်- အာဇာနည် ခေါင်းဆောင်ကြီးများနှင့် တကွ- လုပ်ကြံသူ ဦးစော အပါအ၀င်၊ သေဒဏ် စီရင်ခံခဲ့ ရသူ တို.အား ကျွန်တော့် အနေဖြင့် အမျှပေးဝေယင်း- နောက်နောင် ဘ၀များစွာ တို.တွင်- အညိုးအတေး၊ အမုန်းတရား၊ အာဃာတ တရားများ သင်ပုန်းချေ ကြပါစေရန် ဆုတောင်း ပေးလိုက် ပါသည်။

ဦးစော နှင့် ကျန်ရစ်သူ မိသားစုတို. အနေဖြင့် ဂုဏ်သိက္ခာ ထိခိုက် စေရန် လုံးဝ မရည်ရွယ်ပဲ- ကျွန်တော် လေ့လာသော နက္ခတ်ပညာဖြင့် ချိန်ထိုး ကြည့်ယင်းဖြင့်၊ ဝေဒ ပညာ လေ့လာသူများ အတွက် အကျိုး ရှိမည် ယူဆသောကြောင့် ဤဆောင်းပါးကို ရေးရခြင်း ဖြစ်ပါသည်။

ဦးစော၏ ဘ၀ အကျဉ်းချုပ်။
ဦးစော အား- ခရစ်သက္ကရာဇ် (၁၉၀၀-မေလ-၁၆- ရက်) ၊မြန်မာ သက္ကရာဇ်- ၁၂၆၂ခုနှစ်၊ ကဆုန် လပြည့်ကျော်၊ ၄- ရက်၊ ဗုဒ္ဓဟူးနေ. တွင်၊ အုတ်ဖို ကိုင်းကြီးရွာ၊ အဘ ဦးဘိုးကြူ၊ အမိ ဒေါ်ပန်း တို.မှ မွေးဖွား ခဲ့သည်။ ဦးစော၏ ကိုယ်တိုင် ထွက်ဆိုချက်အရ- ည ၇း၃၀ တွင် မွေးဖွားခဲ့ သည်ဟု အစစ်ခံ ထားခဲ့ ပါသည်။
  • ကျောင်းပညာ အရည်အချင်း ၅-တန်းအောင်သာ ဖြစ်သော်လည်း- ကိုယ်ပိုင်ကြိုးစားမှုဖြင့် ၁၉၂၇- အောက်တန်း ရှေ.နေ စာမေးပွဲအောင် ခဲ့သည်။
  • ထို.နောက်တွင်တော့ ဂျီစီဘီအေ ၀ံသာနု အသင်းဝင်ဖြစ်ပြီး နိုင်ငံရေး လောကတွင် လှုပ်ရှားခဲ့သည်။
  • ၁၉၄၀ မှ ၁၉၄၂- အထိ နန်းရင်းဝန် ဖြစ်ခဲ့သည်။
  • ၁၉၄၂-ဇန်န၀ါရီလ တွင်- အင်္ဂလန်မှ အပြန်- ယူဂန်ဒါ နိုင်ငံတွင် အင်္ဂလိပ် အစိုးရ၏ ဖမ်းဆီးထားခြင်းကို ခံခဲ့ရသည်။
  • ၁၉၄၆-ခုနှစ်၊ စက်တင်ဘာလ ၂၁-ရက်နေ.၊ ညနေ ၅-နာရီ တွင် တစ်စုံတစ်ယောက်မှ သေနတ်ဖြင့် လိုက်ပစ်၍ မျက်စိ ဒဏ်ရာရခဲ့သည်။
  • ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ ၁၉-ရက်တွင် နိုင်ငံတော် လုပ်ကြံမှုကြီး ပေါ်ပေါက်ခဲ့သည်။
  • ၁၉၄၈-မေလ ၈-ရက်တွင် သေဒဏ် စီရင်ခြင်း ခံရသည်။


 
ဦးစော၏ မွေးချိန်အား ပြန်လည် စစ်ဆေးခြင်း။
ဦးစော၏ ကိုယ်တိုင် ထွက်ဆိုချက်အရ- ည ၇း၃၀ တွင် မွေးဖွားခဲ့သည်ဟု ဆိုသော်လည်း- MOTAA စနစ်ကို အသုံးပြု၍ ထိုအချိန်နှင့် တွက်ကြည့်သော အခါ- ဘ၀ ဖြစ်ရပ်များနှင့် အံချော်နေသဖြင့်- ကျွန်တော့်အနေဖြင့် တစ်မိနစ်ချင်း စမ်းကြည့်ခဲ့ရာတွင် နောက်ဆုံး- ည ၇း၃၂ တွင်မှ သူ. ဇာတာနှင့် သူ.ဖြစ်ရပ်များ ကိုက်ညီ လာသည်ကို တွေ.ရပါသည်။ ထို.ကြောင့် မွေးချိန်တိကျရေးသည်- ဇာတာတစ်စောင်တွင် ဘ၀ဖြစ်ရပ်များကို တွက်ချက် နိုင်ရန် အတွက် အရေးအကြီးဆုံး အချက် ဖြစ်ပါသည်။ ထို.ကြောင့် ဦးစော၏ ဇာတာအား ည ၇း၃၂ ဖြင့် တွက်ချက်ထားပါသည်။

လဂ်အား လေ့လာခြင်း။
ဇာတာရှင်သည်- ဗြိစ္ဆာလဂ် ဖြစ်သည်။ အတိအကျ ဆိုသော် ဗြိစ္ဆာ ရာသီ ၁၇း၁၄ တွင် လဂ်တည်ရှိနေ ပါသည်။ လဂ်သည် ထိရ-ရာသီလည်း ဖြစ်၊ ရေ-ရာသီလည်း ဖြစ်သော ဗြိစ္ဆာရာသီတွင် တည်ခြင်းကြောင့် - ဇာတာရှင်၏ ပင်ကိုယ်စရိုက်သည်- သည် ခံစားလွယ်သည် သော ရေဓါတ်၊ ရောင်ပြန် ဓါတ်သော ရေဓါတ်သည် ခိုင်မြဲသော၊ ပြုပြင်- ပြောင်းလဲရန် မလွယ်တတ်သော- ထိရ- ရာသီဖြင့် ပေါင်းစည်းထားခြင်း ဖြင့်- ဇာတာရှင်သည်- ခံစားမှု လွယ်သည်။ ထိုသို.ခံစားရသော ခံစားမှုသည်လည်း ထိရ-ရာသီ၏ သဘောကြောင့်- အလွယ်တကူ မပျောက် ပျက် သွားတတ်ပဲ- ရင်ထဲတွင် တစ်မြေ့မြေ့ ဖြစ်နေ တတ်သော သဘောရှိသည်။ မိမိ အနေဖြင့် ခံစားခဲ့ ရသည်ကို အမြဲလိုလို- သတိရနေတတ်၊ နာကျည်းနေတတ်သည်။ ထို.ကြောင့် ရန်ညိုးသိုသိပ် ထားတတ် သော သဘာဝ ရှိသည်။ အခြားသော ဂြိုဟ်များနှင့် ပါတ်သက်၍ မကောင်းသည့် အနေအထားများ ရှိနေပါက- ဤဇာတာရှင်တို.သည်- နာကျည်းမှု အညိုးဖြင့် တုန်.ပြန် လက်စားချေရမှ ကျေနပ်တတ်သော သဘောရှိသည်။ ထိုမျှ မက- လုပ်သည့် အလုပ်တစ်ခုကို အစွန်းရောက်အောင် - တစ်စောက်ကန်း လုပ်တတ်သော သဘာဝ ရှိတတ် သဖြင့်- အခြား ကောင်းသော အချက်များ ရှိနေလျှင်- ဤဇာတာရှင် တို.သည် ထိပ်ပိုင်းရောက်သည် အထိ ထူးချွန်တတ်သူများ ဖြစ်သည်။

ထို.ကြောင့်- ဤလဂ် ပိုင်ရှင် တစ်ဦး အနေဖြင့်- ကောင်းသော အခြား အနေအထားများ ရှိနေပါက- မိမိ၏ ခံစားချက်တို.ကို ဆုံးဖြတ်ချက် အသွင်ပြောင်း၍ မဖြစ်မနေ လုပ်တတ်သူများ ဖြစ်သလို၊ ဆိုးသော အနေအထားများ ရှိနေပါက- ခေါင်းမာ၍၊ ရန်ညိုးထား၊ အခဲမကြေ၊ လက်တုန်.ပြန်တတ်သူများ ဖြစ်တတ်သည်။ ဆက်လက်၍ ကြည့်လိုက်ပါက- လဂ်သည် ဗြိစ္ဆာရာသီ ၁၇း၁၄ တွင် တည်၍၊ ကြာသပတေးသည် ဗြိစ္ဆာရာသီ ၁၄း၅၆ တွင်တည်ထားသည်။ ထို.ကြောင့် လဂ်သည်- သဘာဝ သောမဂြိုဟ် ကြာသပတေးဖြင့် နီးကပ်စွာ ပူးနေသော အနေအထားဖြစ်သည်။ ကြာသပတေးသည် - ဗြိစ္ဆာ လဂ် အတွက် သဘာဝ သောမဂြိုဟ်မျှသာ မဟုတ်၊ ကဋုမ္ပဘာဝ ဆိုသော ၂-တန်.ဘာဝ ၏ သခင် (မူလတြိဂေါဏ အိမ်ရှင်) လည်းဖြစ်နေသည်။ ၂-တန်.ဘာဝ သည်- အဆင့်အတန်း မြင့်မားမှု၊ ဥာဏ် အစွမ်းအစ ထက်မြက်မှု၊ စသော ရုပ်ဝတ္ထု ပိုင်ဆိုင်မှု၊ အရည် အချင်း တို.ကို ဖေါ်ပြနေခြင်းလည်း ဖြစ်၊ ကြာသပတေးသည် ဥာဏ်ပညာကို ဖေါ်ဆောင်သော ဂြိုဟ်ဖြစ်ခြင်းကြောင့်- ဇာတာရှင် အနေဖြင့် အခြား အကြောင်းကြောင့် အတန်းပညာ မရှိလျှင်သော်မှ- အသိဥာဏ် ကြီးမားသူ၊ အရည်အချင်း ထက်မြက်သူ၊ အစွမ်းအစ ရှိသူ ဖြစ်နေကြောင်းကို ဖေါ်ပြ နေသည်။

သို.သော်- ရာဟုသည် ဗြိစ္ဆာရာသီ ၁၈း၂၈ တွင် တည်နေကာ- လဂ်အား နီးစပ်စွာ ပူးကပ်ထားသည်။ အကွက်ချ ချယ်လှယ်မှု၊ ရုပ်ဝတ္ထု၊ လောကီ အာရုံတို.ကို ရရှိအောင် လှည့်ပါတ် တတ်သော ရာဟု၏ လွှမ်းမိုးမှုသည် ဇာတာရှင်အား- မိမိဘ၀ အတွက် တိုးတက်အောင် အကွက်ချ၊ စီစဉ်၊ လှည့်ပါတ် ကြံစည် တတ်ခြင်း ကို ဖေါ်ပြ၏။ အကယ်၍ ဆိုးသော ဂြိုဟ်များ၏ လွှမ်းမိုးမှုကို ရာဟုက ရရှိထားမှု မရှိခြင်း၊ ရာဟုသည် ကောင်းသော န၀င်းသခင်၊ ကောင်းသော နက္ခတ်သခင်၊ ကောင်းသော ရာသီ သခင် ပိုင်သော ရာသီတွင် ရပ်နေခဲ့ပါမူ- ဤဇာတာရှင်သည် ပါးနပ်လိမ္မာခြင်း၊ စီစဉ် ကြံရွယ်မှုကောင်းခြင်း၊ စသော အနေအထားမျိုးရှိသော်လည်း- မကောင်းသော န၀င်းသခင်၊ မကောင်းသော နက္ခတ်သခင်၊ မကောင်းသော ရာသီ သခင် ပိုင်သော ရာသီတွင် ရပ်နေခဲ့ပါမူ- ဇာတာရှင်သည် မိမိဘ၀ တိုးတက် အောင်မြင်ရေး အတွက် အတ္တကြီးစွာ ဖြင့် မည်သည့် အလုပ်ကို မဆို အကွက်ချ၊ ကြံစည် ဆောင်ရွက်တတ်ခြင်း တို.ကို ဖြစ်စေပါသည်။

ယခု ဇာတာတွင်- ရာဟုသည် ကြာသပတေးပိုင်သော န၀င်း၊ ဗုဒ္ဓဟူးပိုင်သော နက္ခတ်နှင့် အင်္ဂါပိုင်သော ရာသီတွင် တည်နေခြင်းဖြင့်- မိမိ စီစဉ်သော လုပ်ရပ်တို.ကို အသေးစိတ်၊ စီစဉ်၍ ရဲတင်းစွာ လုပ်ရဲသည့် လူမျိုး ဖြစ်ကြောင်း တွေ.ရသည်။ မည်သို.ပင် ဆိုစေ- လဂ်အား ရာဟုမှ ပူးထား၍- ကိတ်မှ အင်အားကောင်းစွာ အမြင်ပြု ခံထားရခြင်းဖြင့်- ဇာတာရှင်သည်- မိမိ ဘ၀အောင်မြင်ရေး အတွက် စီစဉ်မှု (ရာဟု) ထားသမျှကို - ဆုံးရှုံး ပျက်စီးစေခြင်း အတွက် မိမိကိုယ်တိုင် ဆောင်ရွက်မည် ဖြစ်နေသည်ကို မြင်ရတော့သည်။

တနင်္ဂနွေဂြိုဟ်အား လေ့လာခြင်း။
တနင်္ဂနွေဂြိုဟ်သည် ၁၀-တန်.ဘာဝ၏ သခင် ဖြစ်၍- ၇-တန်.ဘာဝ ဖြစ်သော ပြိဿရာသီတွင် ရပ်တည် သည်။ ၁၀-တန်.ဘာဝသခင်၊ ၇-တန်.တွင် တည်ခြင်းသည် - နိုင်ငံရေးသမား တစ်ဦးတွင် တွေ.ရသော အနေအထား ကောင်းတစ်ခု ဖြစ်သည်။ ၁၀-တန်.ဘာဝသည် အလုပ်ဘာဝ၊ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် ကို ဖေါ်ပြသော ဘာဝဖြစ်၍၊ ၇-တန်.ဘာဝသည် အများနှင့် ဆက်ဆံရသော အချက်ကို ဖေါ်ပြသော ဘာဝ ဖြစ်သည်။ တစ်နည်းအားဖြင့် ၁၀-တန်.ဘာဝ ဆိုသည်မှာ- အများက အနေဖြင့် သူ.အပေါ်တွင် မည်သို.မည်ပုံ ရှုမြင်သုံးသပ် နေမည်ကို ဖေါ်ပြသော ဘာဝဖြစ်သည်။ ထိုအချက်ကို အကြောင်းပြု၍- ဟိန္ဒူနက္ခတ်ပညာ နှင့် မြန်မာ နက္ခတ်ပညာတို.တွင်- ၁၀-တန်.သည် ဇာတာရှင်၏ အလုပ်အကိုင် ကို ဖေါ်ပြသော ဘာဝဟု သတ်မှတ် ထားခြင်း ဖြစ်သည်။

ထင်ရှားမှု ကျော်ကြားမှု၊ လူတကာ အလည်တွင် ထင်ပေါ်မှုနှင့် ဆိုင်သော တနင်္ဂနွေ၊ သည် အလုပ်အကိုင်ကို ဖေါ်ပြနေသော ၁၀-တန်.ဘာဝ သခင် (မူလကြိ ဂေါဏ အိမ်ရှင်) လည်းဖြစ်၍၊ ၄င်းသည် အများတကာနှင့် ဆက်ဆံ လုပ်ကိုင်ရသော အနေအထားဖြစ်သည့် ၇-တန်.တွင် တည်နေခြင်း သည်- ဇာတာရှင်အား နိုင်ငံရေး သမား တစ်ယောက် အဖြစ်ကို ဖြစ်စေ ရခြင်း အကြောင်းတစ်ခုဖြစ်ပါသည်။
တစ်ဘက်တွင်- ထိရ-ရာသီ လည်းဖြစ်၊ မြေရာသီလည်း ဖြစ်သော ပြိဿရာသီတွင်- ဇာတာရှင် အနေဖြင့် လူအများအပေါ်တွင် ဆက်ဆံပုံ ဆက်ဆံနည်းကို သဘော ဆောင်သော၊ တနင်္ဂနွေ ရပ်တည်ခြင်းဖြင့်၊ ဇာတာရှင်သည်- အများနှင့် ဆက်ဆံရာတွင်- မိမိရပ်တည်သော အနေအထားကို လွယ်လင့် သလို ပြောင်းလဲ ဆက်ဆံ တတ်သော သဘောမရှိပဲ၊ မိမိ အနေဖြင့် ယုံကြည်လက်ခံချက်ကို အများကို တင်ပြရာတွင်- တစ်သတ်မှတ်တည်း ရပ်တည်၍ ပြောတတ်၊ သော စရိုက် ရှိသည်ကို တွေ.ရသည်။ ခေါင်းမာ တတ်သူ ဖြစ်သည်။
ဤအချက်သည် အထက်က ဖေါ်ပြခဲ့သော လဂ်၏ အခြေအနေ ဖြင့် ပေါင်းမိသော အခါ- အလွန်မှ နားချရန် ခက်ခဲ တတ်သူမျိုး ဖြစ်နေတော့သည်။ ၀တ်စားဆင်ယင်ရာတွင်- သမားရိုးကျ- သီးသီးသန်.သန်. ၀တ်ဆင် တတ်ခြင်း၊ သို.သော်လည်း မိမိအား အများက သတိပြုမိစေရန် ရည်ရွယ် လုပ်ဆောင် တတ်ခြင်း တို.ကို တွေ.ရသည်။
တနင်္ဂနွေဂြိုဟ် ရပ်တည်ရာ- ဇာတာရှင်၏ ၇-တန်.ဘာဝ အလယ်ချက်မှတ် (ပြိဿရာသီ ၁၇း၁၄) အား၊ ၁-တန်.ဘာဝ တွင် တည်နေသော ကြာသပတေးမှ- သမသတ်အမြင်အား ၈၈% ထောက်ပံ့ ပေးထားသဖြင့်- တနင်္ဂနွေဂြိုဟ် အား အတိုင်းအတာ တစ်ခု အထိအင်အား ရှိစေခဲ့ပါသည်။
သို.သော်လည်း- တနင်္ဂနွေ ရပ်တည်ရာ- ဇာတာရှင်၏ ၇-တန်. ဘာဝ အလယ်ချက်မှတ် (ပြိဿရာသီ ၁၇း၁၄) အား ရာဟုနှင့် ကိတ်တို.မှ တိုက်ခိုက်လွှမ်းမိုး ထားခြင်း ဖြင့်- မိမိ၏ အောင်မြင်ရေး အတွက် အကွက်ချ စီစဉ် ထားသော အရာတို.သည်- ရုတ်တစ်ရက် အဆုံးသတ်၊ ပျက်စီးရမည်ကို ဖြစ်စေရခြင်း ဖြစ်သည်။
တနင်္လာ ဂြိုဟ်အား လေ့လာခြင်း။
တနင်္လာ ဂြိုဟ်သည် ၉-တန်.ဘာဝ၏ သခင် ဖြစ်၍- ၁-တန်.ဘာဝ ဖြစ်သော ဗြိစ္ဆာ ရာသီတွင် လဂ်နှင့် အတူ ရပ်တည်သည်။ ရပ်တည်မှုအားဖြင့် ကြည့်ပါက ကောင်းသော အနေအထား ဖြစ်ပါသည်။ သုဘ ဘာဝ- တနည်းအားဖြင့် အတိတ်က ကုသိုလ်ကံ နှင့်ဆိုင်သော ၉-တန်.ဘာဝ သခင် (မူလတြိဂေါဏ ရာသီအိမ်ရှင်) သည် ဇာတာရှင်၏ ကိုယ်ကာယနှင့် ဆိုင်သော အရေးပါသည့် ၁-တန်.ဘာဝ တွင် ရပ်တည်ခြင်းမှာ- ရှေးဘုန်း ရှေးကံ ရှိသည်ဟု ဆိုရပါမည်။
ဆက်လက်၍ လေ့လာကြည့်ပါစို.- ဗြိစ္ဆာရာသီသည် ထိရ-ရာသီ၊ ရေ-ရာသီ ဖြစ်သည်။ ရေဓါတ်သည် ခံစားတတ်မှု ဖြစ်၍- ထိရဓါတ် သည် ခိုင်မြဲသော သဘာဝကို ဖေါ်ပြသည်။ တနင်္လာဂြိုဟ်သည် ဇာတာရှင်၏ စိတ်နှင့် ခံစားမှုကို ဖေါ်ပြသော ရာသီဖြစ်သည်။ (တနင်္ဂနွေသည်- စရိုက်၊ တနင်္လာဂြိုဟ်သည် စိတ်ခံစားမှု ဟု မှတ်နိုင် ပါသည်။) ထို.ကြောင့်- ဇာတာရှင်သည် စိတ်ခံစားမှု လွယ်သလောက်- တခါ ခံစားရလျှင်- မမေ့နိုင်တတ်သော သူမျိုးဖြစ်သည်။ ထိုမျှ မက မိမိဘ၀ မတည်မငြိမ် ဖြစ်ရမည်ကို အလွန်ကြောက်ရွံ.တတ်သော သဘာဝ ရှိသည်။ အထက်တွင် မြင်ခဲ့ရသည့် အတိုင်း- စရိုက်ကို ဖေါ်ပြသော တနင်္ဂနွေ၊ စိတ်ကို ဖေါ်ပြသော တနင်္လာ တို.သည် ထိရ-ရာသီ တို.တွင် တည်နေခြင်းဖြင့်- ဇာတာရှင်သည် ခေါင်းမာ တတ်သူ တစ်ယောက် ဖြစ်ကြောင်းကို မြင်နိုင်ပါသည်။
သို.သော်လည်း- ဗြိစ္ဆာရာသီသည် တနင်္လာအတွက်- နိစ်ဖြစ်သော ရာသီ ဖြစ်သည်။ ဤအချက်သည်- ဇာတာရှင် အနေဖြင့် မိမိဘ၀ကို လုံခြုံမှု မခံစား ရတတ်သော စိတ်ဓါတ် သဘာဝကိုလည်း ဖေါ်ပြနေသည်။ ထူးဆန်းသည်က- ဤတနင်္လာသည် နိစ္စဘင်္ဂ ရာဇ ယောဂကို ရနေခြင်း ဖြစ်သည်။ ဤယုဂ် ရရှိရသည့် အကြောင်း ရင်းသည်- အောက်ပါ အချက်ကြောင့် ဖြစ်သည်။ နိစ်မိနေသော ဂြိုဟ်သွားရောက် ရပ်တည် နေသော ရာသီ၏ အိမ်ရှင်သည် ၄င်းပိုင်အိမ်တွင် နိစ် ဖြစ်သည့် နိစ်သခင် ဂြိုဟ်နှင့် ပူးခြင်း၊ မြင်ခြင်း၊ ဆက်စပ် ထားခြင်းဖြင့် ဤယုဂ်ကို ရရှိသည်။ နိစ်မိနေသော တနင်္လာသည် အင်္ဂါဂြိုဟ်ပိုင်သော ရာသီတွင် ရပ်တည်သည်။ အင်္ဂါသည်- မိဿရာသီတွင် တည်လျှက်- ၄င်းပိုင်အိမ်တွင် ရပ်တည်သော တနင်္လာအား ၈-တန်.အမြင် ဖြင့် မြင်ထားသည်။
ဤအနေအထားသည်- သမားရိုးကျ ဆန်းစစ်ချက်တို.တွင် နိစ္စဘင်္ဂ ရာဇ ယောဂ စစ်စစ် ဖြစ်ပါသည်။ သို.သော်- MOTAA နည်းစနစ်ဖြင့် တိုင်းတာသော အခါ- အင်္ဂါသည်- ၈-တန်.ကို မြင်သည်မှာ မှန်သော်လည်း- ၄င်း၏ အမြင်မှတ် နေရာနှင့် တနင်္လာ၏ တည်နေရာသို. ဝေးကွာ နေခြင်းကြောင့် အင်အား ကင်းမဲ့သွားသည်ကို တွေ.ရသည်။ ထို.ကြောင့် ဇာတာရှင် အနေဖြင့် ကိုယ်ဒူး ကိုယ်ချွန် ကြိုးစား အားထုတ်၍ အောင်မြင် မှု ရလာ ခဲ့သော်လည်း- ထိုအောင်မြင် မှုအား ထိန်းသိမ်းနိုင်စွမ်း မရှိတော့သည့် အဖြစ်ပင် ဖြစ်တော့သည်။
တနင်္လာနှင့် ပါတ်သက်၍ နောက်ထပ် စိတ်ဝင်စား စရာ ရှိပါသေးသည်။ ထိုအချက်သည်ကား-ဖလဒီပက ကျမ်း (၇။၇) အရ ရာဇ ယောဂ ရနေခြင်း ဖြစ်၏။ “တနင်္လာ သည် လွန်စွာ အရောင်တောက်ပနေပြီး ၄င်းအား မိမိအိမ်တွင်၊ဥုစ်အိမ် တွင်နေသော ဂြိုဟ်များက မြင်ထားပါက ဤရာဇ ယောဂကို ရသည်။ (ဖလဒီပက ၇၊၇)” ဇာတာတွင် ကြည့်လိုက်မည် ဆိုပါက- လပြည့်ကျော် ၄-ရက် ကာလ အနေအထား- ထွန်းလင်းနေသော တနင်္လာ (လ) အား- မိမိပိုင်သော ရာသီဖြစ်သည့် မိဿရာသီ တွင် ရပ်တည်သော အင်္ဂါက ၈-တန်.အမြင် ဖြင့် မြင်ထားခြင်းကို ပင် ပြန်ပြောရပါလိမ့်မည်။
သို.သော်လည်း အထက်တွင် ဖေါ်ပြခဲ့သည့် အတိုင်း- ထိုအမြင် အင်အား- အား စစ်ဆေးလိုက်ပါက- ထင်ရှား ခိုင်မာ မှု မရှိသဖြင့်- အင်အားမဲ့သော ရာဇယောဂ အဖြစ်သို. ရောက်သွားခဲ့ရပါသည်။ ဆက်လက်၍- လေ့လာ လိုက်မည် ဆိုလျှင်- တနင်္လာ၏ မူလ အချက်အချာ သော့ချက် နေရာဖြစ်သော- တနည်းအားဖြင့် ၄င်း၏ မူလ တြိဂေါဏ အိမ် ဖြစ်သော ၉-တန်.ဘာဝ၏ အလယ်ဗဟိုချက်မှတ် (ကရကဋ်ရာသီ ၁၇း၁၄) အား ကြာသပတေးမှ ၉-တန်.အမြင်ဖြင့် အင်အားကောင်းစွာ လွှမ်းမိုးပေးထား၏။ ကြာသပတေးသည် ၂-တန်. ဘာဝ၏ သခင် (မူလ တြိဂေါဏ အိမ်ရှင်) ဖြစ်၏။
၂-တန်.ဘာဝသည် အဆင့်အတန်း မြင့်မားမှုကို ဖေါ်ဆောင်သော ဘာဝ ဖြစ်သဖြင့်- ဇာတာရှင် အနေဖြင့် ကြာသပတေး လွှမ်းမိုးသည့် ကာလများ၊ ကြာသပတေး ဒဿာ စားသည့် ကာလများတွင် အဆင့်အတန်းမြင့်မားခြင်း၊ အောင်မြင်မှုများ ပေါ်ထွန်းလာခြင်း၊ ကုသိုလ် ကံကောင်း လာခြင်းတို.ကို ကြုံရမည် ဖြစ်၏။
သို.သော် - တစ်ဆက်တည်းမှာပင်- ထို ၉-တန်.ဘာဝ၏ အလယ်ဗဟိုချက်မှတ်ကိုပင်- ရာဟုက ၉-တန်.အမြင် ဖြင့် အလွန်အားကောင်းစွာ လွှမ်းမိုးထား၏။
ပါးနပ်ခြင်း၊ ပရိယာယ် ကြွယ်ခြင်း တို.နှင့် တကွ- ရုပ်ဝတ္ထု တို. ပိုင်ဆိုင်ရေး အတွက်- လှည့်ပါတ် ဖန်တီး တတ်သော ရာဟုသည်- ဇာတာရှင်၏ စိတ်ကို ကိုယ်စား ပြုသည့် တနင်္လာတွင် လွှမ်းမိုးထားခြင်းကြောင့်- ဇာတာရှင်သည်- ရာထူးအဆင့်အတန်း၊ မြင့်မားအောင် ကြံဆောင် ဖန်တီး နိုင်သည့် သူမျိုးဖြစ်သည်ကိုလည်း တွေ.ရပါသည်။ မည်သို.ပင် ဖြစ်စေ- တနင်္လာဂြိုဟ် အနေဖြင့် နိစ်ဖြစ်နေခြင်း၊ နိစ္စဘင်္ဂ ရာဇယောဂယုဂ် နှင့် ရာဇယုဂ် တို.သည် အင်အား မဲ့နေခြင်း၊ ရာဟု၏ လည်ဆည်တတ် ခြင်း တို.သည်- ကြာသပတေးမှ ထောက်ပံ့ ပေးထားသော ပမာဏကို ကျော်လွန်သွားသည် အထိ- ဇာတာရှင်၏ တနင်္လာအား နိမ့်ကျသွားစေခဲ့ပါသည်။ ထို.ကြောင့်လည်း- ဇာတာရှင် အနေဖြင့်- မြင့်မားသော အဆင့် အတန်းကို ရေရှည်ထိန်းထား နိုင်ရန် မလွယ်ကူ ခဲ့ရခြင်းပင် ဖြစ်သည်။
အင်္ဂါ ဂြိုဟ်အား လေ့လာခြင်း။
အင်္ဂါ ဂြိုဟ်သည် ၆-တန်.ဘာဝ၏ သခင် ဖြစ်၍-၄င်းပိုင် ဖြစ်သော ၆-တန်.ဘာဝ ဖြစ်သော မိဿ ရာသီတွင် ရပ်တည်သည်။ ဤဇာတာတွင် အင်္ဂါဂြိုဟ် သည် အင်အား အကောင်းဆုံး ဂြိုဟ်ဖြစ်ပါ၏။
ဂြိုဟ်ဆိုးများ- တစ်နည်းအားဖြင့် မကောင်းသော ဂြိုဟ်များ -မကောင်းသော အတန်.တွင် ရပ်တည်လျှင် ကောင်းသည် ဆိုသော အဆိုကို MOTAA က မထောက်ခံပါ။ သို.သော်- ထိုဂြိုဟ်ဆိုးသည်- အခြားသော မကောင်းသော အတန်.ဘာဝ မဟုတ်ပဲ- မိမိပိုင် အတန်.ဘာဝ တွင် ရပ်တည် လျှက်- အခြားသော ဂြိုဟ်များ၊ ဘာဝများကို ဒုက္ခမပေးလျှင်- ကောင်းပါသည်။
ဤဇာတာတွင် ၄င်းအတွက် အလွန်သင့်တော်သော မူလတြိဂေါဏ အိမ်ဖြစ်သည့် မိဿရာသီတွင် ရပ်တည် နေခြင်းသာ မက- ၆-တန်. ဘာဝ၊ တနည်း အားဖြင့် အာရီဘာဝ ခေါ်သော ဘာဝ ပိုင်ရှင် အတွက်- သူ.နေရာ သူနေခြင်းသည် အလွန်ကောင်းသော အနေအထားဖြစ်ပါသည်။ ၆-တန်.ဘာဝ ဆိုသည်မှာ- အလုပ်တာဝန် ထမ်းဆောင်သော ဘာဝ ဖြစ်သည်။ အင်္ဂါ ဆိုသည်မှာလည်း- အကောင်အထည် ဖေါ်ခြင်းကို တာဝန်ယူရသည့် စစ်သူကြီး ဂြိုဟ်ဖြစ်၏။ ဤအချက်သည်- ဇာတာရှင် အနေဖြင့် အလုပ်တစ်ခု -လုပ်ပါက- အခြားသူများကို စိတ်တိုင်းမကျ တတ်ပဲ- မိမိကိုယ်တိုင်- လုပ်တတ်သော၊ တာဝန် ကျေပွန်တတ်သော အနေအထား ဖြစ်သည်။ ထိုမျှမက- ထိုဂြိုဟ်သည် အင်္ဂါဂြိုဟ် ဖြစ်နေသဖြင့်- ဖင့်နွှဲ နှောင့်နှေးခြင်း များကို အလွန်မုန်းတီးသည်။ လုပ်စရာ ရှိလျှင်- အကြွေးမထားပဲ- ချက်ချင်း ထလုပ်ရမှ ကျေနပ်သော သူမျိုးဖြစ်သည်။
ထို.ကဲ့သို. ၆-တန်.ဘာဝ သခင် အင်အား ကောင်းနေသဖြင့်- လက်အောက်ငယ်သား များအပေါ်တွင် မီးသေခြင်း၊ မိမိနှင့် အတိုက်အခံ ပြိုင်ဘက် တို.အပေါ်တွင် အနိုင်ရအောင် ယူနိုင်ခြင်း၊ အလုပ်တာဝန် ကျေပွန်မှုကြောင့် အထက်လူကြီးများက- မိမိအား သဘောကျခြင်း ဆိုသော အနေအထားတို.ကို ဇာတာရှင် အနေဖြင့် ရထား ပါသည်။
ထိုမျှ မကသေး- အင်္ဂါရပ်တည်ရာ- ၆-တန်.ဘာဝ၏ အလယ်မှတ် (မိဿ ၁၇း၁၄) အား ၁၁-တန်.ဘာဝသခင် ဗုဒ္ဓဟူးမှ အလွန်နီးစပ်စွာ ပူးကပ်ထားသည်။ (အင်္ဂါနှင့် ဗုဒ္ဓဟူး ပူးသည် ဟု ဆိုလိုခြင်း မဟုတ်သည်ကို သတိပြုပါ။ ၄င်းတို. ၂-ခု၏ အံသာ အနေအထားသည် ကွာခြားနေသဖြင့်- အင်္ဂါနှင့် ဗုဒ္ဓဟူးတို.သည် တစ်ရာသီ တည်း အတူ နေကြ သော်လည်း -မပူးကြပါ။) ထိုအချက်သည် အင်္ဂါဂြိုဟ်အား အင်အားဖြစ်စေသည်။
ပါးနပ် ချက်ခြာမှု- အသေးစိတ် လုပ်ကိုင်တတ်မှု တို.နှင့် ဆိုင်သော ဗုဒ္ဓဟူး သည်- အလုပ်ကို အကြွေး မထားသော အင်္ဂါနှင့် ပူးပေါင်းမိသော အခါ- တာဝန်ကျေပွန်သော၊ သတ္တိရှိသော၊ အထက်အောက်၊ လူကြီး၊ လူငယ်များက လေးစားရသော အနေအထားကို ရပါ တော့သည်။
ဗုဒ္ဓဟူး ဂြိုဟ်အား လေ့လာခြင်း။
ဗုဒ္ဓဟူး ဂြိုဟ်သည် ၁၁-တန်.ဘာဝ၏ သခင် ဖြစ်၍- ဒုဌာန ဘာဝ ဖြစ်သော ၆-တန်.ဘာဝ၊ မိဿ ရာသီတွင် ရပ်တည်သည်။ သို.သော်လည်း ဥုစ်န၀င်း စီးနင်းထား၏။ အဆင့်အတန်း၊ ဂုဏ်သိက္ခာ တို.ကို ဖေါ်ညွှန်းရာ ဖြစ်သော ၁၁-တန်.ဘာဝ သခင်သည်- ပျက်စီး ဆုံးရှုံးရာ ဖြစ်သော ၆-တန်.တွင် ရပ်တည် ထားခြင်း မှာ- ဇာတာ ရှင်အနေဖြင့် ထိပ်ထိပ်ကျဲ အောင်မြင်ပြီးမှ မရှုမလှ ကျဆုံးရမည်ကို ဖေါ်ပြနေသည်။
ထိုအချက်ကို ထောက်ခံနေသော နောက်ထပ် အချက်တစ်ခု မှာ-
ဗုဒ္ဓဟူး ဂြိုဟ်ပိုင်သော ၁၁-တန်.ဘာဝ၏ အလယ်ဗဟိုချက်မှတ် (ကန်ရာသီ ၁၇း၁၄) အား - ပျက်စီး ဆုံးရှုံးမှု တို.ကို ဖြစ်စေသည့် ကိတ်ဂြိုဟ်မှ ၅-တန်.အမြင် ဖြင့် အင်အား ပြည့် လွှမ်းမိုးထားခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်လည်း- ဗုဒ္ဓဟူးသည် စဉ်းစားဥာဏ်၊ ကျိုးကြောင်း တွေးခေါ်တတ်သော ဥာဏ်ကို ကိုယ်စား ပြုသော ဂြိုဟ်ဖြစ်ပါ၏။
ဤအနေအထားသည် ဇာတာရှင် အနေဖြင့်- အထက်တွင် ဖေါ်ပြခဲ့သော လက်တွေ.လုပ်ဆောင်ရမှ ကျေနပ် တတ်သော၊ အချိန်မဆိုင်းတတ်သော၊ ရဲတင်းသော စရိုက်တို.သည် အတွေး အခေါ် တစ်ချက် မှားသွားသည်နှင့် ဘ၀ အဆင့်အတန်း အားလုံး ပျက်စီး ဆုံးရှုံးရသည်ကို ဖေါ်ပြနေတော့သည်။
ကြာသပတေး ဂြိုဟ်အား လေ့လာခြင်း။
ကြာသပတေး ဂြိုဟ်သည် ၂-တန်.ဘာဝ၏ သခင် ဖြစ်၍- ၁-တန်.ဘာဝ၊ ဗြိစ္ဆာ ရာသီတွင် ရပ်တည်သည်။ အလွန်ကောင်းသော ရပ်တည်မှု ဖြစ်သည်။ ထိုမျှ မကသေး- ဤအနေအထားသည်- ရှေးကျမ်းများ အဆိုအရ- “ဂဇကေသရီ ယောဂ” ကို ရနေခြင်းပင် ဖြစ်သည်။ ရှေးကျမ်းများမှ ဆိုထားသည်မှာ- “ကြာသပတေးသည် တနင်္လာ နှင့် အတူ ၁-တန်.ဘာဝတွင် ရပ်တည်ပါက ဤယောဂကို ရသည်။” ဟု ဖြစ်သည်။ “ဂဇ” ဆိုသည် ဆင်ကို ဆိုလိုသည် ဖြစ်၍- “ကေသရီ” ဆိုသည်မှာ- ခြင်္သေ့ကို ဆိုလိုခြင်း ဖြစ်သည်။ တောတောင် အလယ်တွင် ကေသရာဇာ ခြင်္သေ့မင်းနှင့် ဆင်တို.သည် ထင်ရှားသော၊ စွမ်းအားကြီးသော သတ္တ၀ါများ ဖြစ်ကြသကဲ့သို.- ဤယောဂကို ရထားသူများသည်- ထင်ရှားကျော်ကြားသော သူများ ဖြစ်ကြသည်။ ပုံမှန် အားဖြင့် ထိုယောဂ ကို ရသူများသည်- သေဆုံးပြီးသည့် တိုင်- လူအများ အနေဖြင့် ထိုသူတို.၏ အကြောင်းကို အမှတ်ရ ပြောစရာ ကျန်ရစ်တတ်သော သူများ ဖြစ်ကြသည်။ ကမ္ဘာကျော် ကွန်ဖူး ရုပ်ရှင် မင်းသား ဘရုစ်လီသည် လည်း- ဤယောဂကို ရသူ ဖြစ်သည်။
ကောင်းသော ယောဂ တစ်ခုကို အောင်မြင်စွာ ရနိုင်စေရန် အတွက်- သက်ဆိုင်ရာ ဂြိုဟ်များသည် ကာရက သောမ (တနည်းအားဖြင့်- ကောင်းမွန်သော ဘာဝ ပိုင်ရှင်) ဂြိုဟ်များ ဖြစ်ရန် လိုအပ်သည်။ ဤဇာတာ အတွက် ကြာသပတေး နှင့် တနင်္လာ တို.သည် ၂-တန်.ဘာဝ နှင့် ၉-တန်.ဘာဝ မူလတြိဂေါဏ အိမ်ရှင် များဖြစ်သဖြင့်- ဤယောဂသည် ကောင်းမွန်စွာ ရရှိထားသော ယောဂ တစ်ခု ဖြစ်ပါသည်။
ဆက်လက်၍ လေ့လာကြပါဦးစို.- ကြာသပတေးသည် ပညာကို အစိုးရသော ဂြိုဟ်ဖြစ်သည်။ ၂-တန်.သည် အဆင့်အတန်း၊ မြင့်မားမှု၊ ပိုင်ဆိုင် ရရှိမှု၊ စည်းစိမ် ချမ်းသာ ကို ဖေါ်ဆောင်သော ဘာဝ ဖြစ်သည်။ ထို.ကြောင့် ၂-တန်.ဘာဝ သခင် ကြာသပတေးသည်- ဇာတာရှင်၏ ဂုဏ်ဒြဗ် အဆင့်အတန်းကို ဖေါ်ပြနေသည်။ ၄င်းသည် ဇာတာတစ်ခု တွင် အရေးအကြီးဆုံး ဘာဝ ဖြစ်သည့် ၁-တန်.ဘာဝတွင် ရပ်တည်ခြင်းကြောင့်- ဇာတာရှင် အနေဖြင့် ဂုဏ်ဒြဗ် မြင့်မားသော သူ ဖြစ်ရခြင်း ဖြစ်သည်။
သို.သော်- ထိုကဲ့သော မြင့်မားသော ဂုဏ်ဒြဗ် အဆင့်အတန်းတို.ကို လုံးဝ ချေမှုန်း ဖျက်ဆီးမည့် အန္တရာယ် ကိုလည်း တွေ.နေရသည်။
ပထမ အချက်အနေဖြင့် - ဇာတာရှင်၏ အသက်ဇီဝိန်၊ ကိုယ်ခန္ဓာကို ကိုယ်စားပြုသည့် ၁-တန်.ဘာဝ အား ရာဟုနှင့် ကိတ်တို.သည် အင်အား ကောင်းစွာ ဖျက်ဆီး ထားသည်။ ၁-တန်.ဘာဝ၏ အလယ်ဗဟိုချက် ဖြစ်သော ဗြိစ္ဆာရာသီ ၁၇း၁၄ အား၊ ဗြိစ္ဆာရာသီ ၁၈း၂၈ တွင် ရှိသော ရာဟု၊ ပြိဿ ရာသီ ၁၈း၂၈ တွင် ရှိသော ကိတ်တို.မှ တစ်စ မကျန် ဖျက်ဆီးထားသည်။
ထိုမျှ မကသေး- ၂-တန်.ဘာဝ၏ အလယ်ဗဟိုချက် ဖြစ်သော ဓနု ရာသီ ၁၇း၁၄ အား၊ မေထုန် ရာသီ ၁၆း၂၈ တွင် တည်နေသော - ၁၂-တန်.ဘာဝ ပိုင်ရှင် သောကြာမှ အတိအကျ ဖျက်ဆီးလိုက်သည်။ ၁၂-တန်.ဘာဝ ဆိုသည်မှာ- ဆုံးရှုံးခြင်း၊ အကျဉ်းထောင်၊ တို.ကို ဖေါ်ဆောင်သော ဘာဝ ဖြစ်နေသဖြင့် သဘာဝ သောမဂြိုဟ် သောကြာမှာ- သောမ တာဝန် အစား- ဒုဌာန ဘာဝ ၏ မူလတြိဂေါဏ သခင် အဖြစ်ဖြင့်- ဤဇာတာရှင်၏ အဆင့်အတန်.၊ ပိုင်ဆိုင်မှု တို.ကို ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။
သောကြာ ဂြိုဟ်အား လေ့လာခြင်း။
သောကြာ ဂြိုဟ်သည် ၁၂-တန်.ဘာဝ၏ သခင် ဖြစ်၍- ၈-တန်.ဘာဝ၊ မေထုန် ရာသီတွင် ရပ်တည်သည်။ မကောင်း သော အတန်.ဘာဝ ပိုင်ရှင်- မကောင်းသော အတန်.တွင် ရပ်တည်ခြင်းပင် ဖြစ်ပြန်ပါသည်။
ဆက်လက်လေ့လာကြည့်ကြပါစို.-
သောကြာသည် ဥုစ်န၀င်းကို စီးနင်းထားသည်။ ဤအချက်သည် အထိုက်အလျောက်သော အင်အားကို ဖြစ်စေ၏။ ထိုမျှ မက-သောကြာဂြိုဟ် ၏ မူလတြိ ဂေါဏ အိမ် ဖြစ်သော ၁၂-တန်.ဘာဝ၏ ၏ ဗဟိုချက် (တူရာသီ ၁၇း၁၄) အား၊ ၁၁-တန်.ဘာဝ ပိုင်ရှင် လည်းဖြစ်၊ သဘာဝ သောမဂြိုဟ်လည်း သော ဗုဒ္ဓဟူးမှ ၇-တန်.အမြင် အတိအကျ ဖြင့် အမြင်ပြုပေးထားခြင်းဖြင့်- ၁၂-ဘာဝကို အင်အားကောင်းစေသည်။ ထို.ကြောင့် ထိုဘာဝ၏ သခင်ဖြစ်သော သောကြာမှ အင်အား ထပ်ကောင်း သွား ရပြန်သည်။ ထို ၁၂-တန်.ဘာဝ သည် ဘာကို ဆိုလိုပါသနည်း။ ၁၂-တန်.ဘာဝသည်- ၁၂-ရာသီခွင်၏ အဆုံး၊ တနည်းအားဖြင့်- ၁-တန်.ဘာဝ ဆိုသော မွေးဖွားခြင်း၏ အဆုံးစွန် ဘာဝ လည်း ဖြစ်သည်။ ထိုကြောင့် ၁၂-တန်.ဘာဝ သည် ရပ်ဝေးမြေခြား၊ နိုင်ငံခြား တို.အား လည်း အဓိပ္ပါယ် ဆောင်သည်။ ဆုံးရှုံးမှု၊ လွတ်လပ်မှု ဆုံးရှုးံမှုကို လည်း အဓိပ္ပါယ်ဆောင်သည်။ သို.သော် ကောင်းသော အဓိပ္ပါယ် အားဖြင့် ၁၂-တန်.ဘာဝ အင်အားကောင်းသူများ အနေဖြင့်- ဘ၀တွင် ပန်းမွေ.ယာတွင် စက်မြန်း ရသည် ဆိုသော အခြေအနေတို.ကို လည်း ဖြစ်စေနိုင်သည်။ သောကြာ အနေဖြင့်ရော- ဘာအဓိပ္ပါယ် ရှိနေပါသနည်း။ သောကြာသည် စည်းစိမ်ခံစား ခြင်း၊ ဇိမ်ခံပစ္စည်းများ၊ အလှအပ စသည်တို.ကို ဖေါ်ဆောင် နေသည် ဖြစ်သည်။ ၁၂-တန်.ဘာဝ၏ သခင် -သောကြာအနေဖြင့် အထိုက်အလျောက် အင်အား ရှိမှုကြောင့်- ဇာတာရှင် အနေဖြင့် စည်းစိမ်၊ ဥစ္စာ၊ ဇိမ်ခံပစ္စည်းများ ကြွယ်ဝသော အနေအထားကို ရောက်ရပါ၏။ သို.သော် - ၄င်းသောကြာသည် ဒုဌာန ဘာဝ ဖြစ်သော - ၈-တန်.တွင် ရောက်ရှိနေ၏။ မြန်မာတို.၏ ဝေဒ အမည် အားဖြင့် မရဏ ဘာဝ ဟု ခေါ်တွင်သော - ၈-တန်.ဘာဝသည် သေဆုံးမှု၊ အန္တရာယ် စသည်တို.ကို ရည်ညွှန်းနေ၏။ ထိုစည်းစိမ် ဥစ္စာတို.၏ ဆုံးရှုံး ပျက်စီးခြင်းကို ဖေါ်ညွှန်းနေ၏။
စောစောက ရထားသော သောကြာဂြိုဟ်၏ အင်အား၊ ကို ပျက်သုဉ်း စေသော အခြေအနေကို တွေ.မြင်ရ၏။ ထပ်သေချာအောင်- ထို သောကြာ ရပ်တည်နေသော နေရာကို လေ့လာ လိုက်သော အခါ သောကြာသည် ရာဟု ပိုင်သော အဒြ နက္ခတ်ကို စီးနင်းနေ၏။ ရာဟု သည်- မမျှော်လင့် သော ဖြစ်ရပ်များ၊ အောင်မြင်လိုမှု ကြောင့် လှည့်ပါတ် ဆောင်ရွက်မှုများကို ဖေါ်ဆို နေသော ဘာဝ ဖြစ်သည်။
နောက်ဆုံးတွေ.ရသည်က အရေးအကြီးဆုံး အချက်ဖြစ်၏။ ဒုဌာန ဘာဝ ပိုင်ရှင်- တနည်းအားဖြင့် ဆုံးရှုံးမှု များ၏ ပိုင်ရှင် ၁၂-တန်.ဘာဝ သခင် သောကြာသည် အသက် ရှင်သန် ရေးအတွက် အရေးအကြီးဆုံး ဘာဝ တစ်ခု ဖြစ်သည့် ၈-တန်.ဘာဝ၏ ဗဟိုချက်မှတ် (မေထုန်ရာသီ ၁၇း၁၄) အား အတိအကျ နီးပါး လွှမ်းမိုး လိုက်ခြင်းဖြင့်- ၈-တန်. ဘာဝသည် သုံးမရအောင် ပျက်စီးသွား၏။
အသက်ဆုံးရှုံးခြင်းကို ဖေါ်ပြနေ သော အနေအထားကို မြင်ရ၏။
စနေ ဂြိုဟ်အား လေ့လာခြင်း။
စနေ ဂြိုဟ်သည် ၄-တန်.ဘာဝ၏ သခင် ဖြစ်၍- ၂-တန်.ဘာဝ၊ ဓနု ရာသီတွင် ကောင်းသော ရပ်တည်ခြင်း ဖြစ်ပါသည်။ ဇာတာရှင် တစ်ဦး အနေဖြင့် အသက်ရှည်နိုင်မှု နှင့် ပါတ်သက်၍ စနေဂြိုဟ်သည် အရေးကြီးသော ဂြိုဟ်တစ်လုံးဖြစ်၏။ ၄-တန်.သခင် - ၂-တန်. ဘာဝတွင် ရပ်တည် ခြင်းဖြင့်- ဇာတာရှင်သည် မှတ်ဥာဏ် ကောင်းသူ ဖြစ်၏။ ၄-တန်.သည် မှတ်ဥာဏ်ကို အဓိပ္ပါယ် ဆောင်ပါသည်။ စနေဂြိုဟ်အား- သည် ရပ်တည်သော အနေအထား ကောင်းခြင်း၊ ကောင်းသော အတန်.တွင် ရပ်တည်ခြင်းကြောင့် ဇာတာရှင်သည် ဇွဲကောင်းသူ၊ အပင်ပန်း ခံနိုင်သူ တစ်ဦး ဖြစ်သည်။ သို.သော်- ၄င်းရပ်တန်.ရာ- ၂-တန်.ဘာဝ၏ အလယ်ချက်မှတ် (ဓနု ရာသီ ၁၇း၁၄) အား၊ ပြိဿရာသီ ၁၆း၅၂ တွင် တည်နေသော သောကြာသည် သမသတ် အမြင်အား ၉၉% ဖြင့် လွှမ်းမိုးထား၏။ သောကြာသည် အထက်တွင် ဖေါ်ပြခဲ့သည့် အတိုင်း ၁၂-တန်.ဘာဝ သခင်၊ ကာရက ပါပဂြိုဟ်ဖြစ်နေ၏။ ထို.ကြောင့် ၂-တန်. ဘာဝ ၏ အခြေအနေ သည် ပျက်သုန်းသွားရပြန်ပါသည်။ ၄င်း ရပ်တည်ရာ ၂-တန်.ဘာဝ ပျက်စီးသွားခြင်းကြောင့်- ထိုအိမ်တွင် လာရောက်နေထိုင်သော စနေမှာလည်း- အင်မဲ့ အားမဲ့ ဖြစ်သွားရပါတော့သည်။
ဤအချက်သည်ကား- ဇာတာရှင် အနေဖြင့် အသက်ရှည် နိုင်ရေးကို ဖျက်ဆီးလိုက်သော အခြေအနေ တစ်ရပ် ဖြစ်ပါသည်။
အသက်ရှည် ရေးကို ကြည့်မည် ဆိုပါက- ၁-တန်.ဘာဝ၊ (ကိုယ်ကာယ နှင့် ဆိုင်သော ဘာဝ)၊ ၃-တန်.ဘာဝ (ရှင်သန် မှု အင်အားကို ပေးစွမ်းသော ဘာဝ)၊ ၈-တန်. ဘာဝ (အသက်ရှည်နိုင်မှု မရဏ ဘာဝ) နှင့်- တနင်္ဂနွေဂြိုဟ်၊ လဂ်သခင်၊ စနေဂြိုဟ်တို.ကို လေ့လာရပါသည်။
ယခု အခါ- ဇာတာရှင်၏ ၁-တန်.ဘာဝ အလယ်မှတ် (လဂ်) ဗြိစ္ဆာရာသီ ၁၇း၁၄ အား၊ ရာဟုနှင့် ကိတ်တို.မှ အင်အား ကောင်းစွာ လွှမ်းထားသည်။ ထို.ကြောင့် လဂ်မှာ ပျက်စီးသွား ရသည်။ လဂ်သခင် ဖြစ်သော တနင်္လာသည် နိစ်ဖြစ်နေသည်။
ရှင်သန်မှု အတွက် အရေးကြီးသော ၃-တန်.ဘာဝ ၏ အလယ်ဗဟိုချက် မကာရ ရာသီ ၁၇း၁၄ အား၊ ပြိဿရာသီ ၁၈း၂၈ တွင် တည်သော ကိတ်မှ ၉-တန်.အမြင် ဖြင့် ထိရောက်စွာ ဖျက်ဆီးထားပြန်သည်။ ၈-တန်.ဘာဝ နှင့် စနေဂြိုဟ်ကို သောကြာ မှ ဖျက်ဆီးထားကြောင်းကို အထက်တွင် ရှင်းပြပြီး ဖြစ်ပါသည်။ တနင်္ဂနွေဂြိုဟ် တည်ရာ ၇-တန်.ဘာဝ၏ အလယ်ဗဟိုချက် - ပြိဿ ရာသီ ၁၇း၁၄ အား၊ ရာဟုမှ သမသတ်အမြင် အား၊ ကိတ်မှ အနီးကပ် ပူးကပ် နေမှုတို.ဖြင့် ဖျက်ဆီး ထားပါသည်။
ဤအခြေအနေ အားလုံးတို.သည် ဇာတာရှင် အနေဖြင့် သက်တမ်းစေ့အောင် မနေရဟူ သော အခြေအနေကို ပြဆိုနေပါတော့သည်။
ရာဟု နှင့် ကိတ် ဂြိုဟ်အား လေ့လာခြင်း။
ရာဟု ဂြိုဟ်သည် ၁-တန်.ဘာဝ၊ ဗြိစ္ဆာရာသီ တွင် ရပ်တည်သည်။ အင်္ဂါဂြိုဟ်ပိုင်သော ရာသီတွင် ရပ်တည်ခြင်း ဖြစ်သည်။ အင်္ဂါသည် လုပ်ရဲ၊ ကိုင်ရဲသော စရိုက်ကို ဖေါ်ဆောင်သော ဂြိုဟ် ဖြစ်၏။ အကွက်ချ စီစဉ်ခြင်း၊ လှည့်ပါတ်ခြင်း တို.ကို သရုပ်ဖေါ်သည့် ရာဟုသည် လက်ရဲ၊ ဇက်ရဲ နိုင်သော အင်္ဂါ ပိုင် ရာသီတွင် ရပ်တည်ခြင်း ကြောင့် သူများ တွေ စိတ်ကူး ရုံမျှ ကူးမိသော ကိစ္စများကို ဤဇာတာရှင်က လက်တွေ. ဖြစ်အောင် လုပ်တတ်သည်။
ဤအနေအထားသည်- အခြားသော ဂြိုဟ်နေအထားများ၊ ကောင်းမွန်ပါက - ကောင်းသော အနေအထား ဖြစ်သော်လည်း - မကြံသင့် သော ကိစ္စများကို ကြံမိ လျှင်မူ- နောက်ဆက်တွဲ အကျိုးဆက်တို. ဖြစ်လာမည်မှာ မြေကြီး လက်ခတ် မလွဲပင် ဖြစ်ပါသည်။
ကိတ်ဂြိုဟ်နှင့် ပါတ်သက်၍ ထူးထူးခြားခြား ပြောစရာ မရှိပါ။


နိုင်ငံတော် လုပ်ကြံမှုကြီး ဖြစ်ပေါ်ခဲ့စဉ်က။
ထိုစဉ်က- ဦးစော အနေဖြင့်- တနင်္လာ-သောကြာ-တနင်္ဂနွေ ဒဿာ စားနေသော ကာလဖြစ်ပါသည်။
ထူလ ဒဿာ ရှင်ဖြစ်သော တနင်္လာသည် အထက်တွင် ဖေါ်ပြခဲ့သည့် အတိုင်း-လက်ရဲ ဇက်ရဲ နိုင်သည့်၊ သွေးသံ ကို အစိုးရသည့် အင်္ဂါဂြိုဟ်ပိုင်သော ရာသီတွင် ရပ်တည်သည်။ ထို အင်္ဂါသည်- မိဿရာသီတွင် တည် လျှက်- ၄င်းပိုင်အိမ်တွင် ရပ်တည်သော တနင်္လာအား ၈-တန်.အမြင် ဖြင့် မြင်ထားသည်။
အန္တရဒဿာ သခင် သည်- ဒဿာ ဆန်းစစ်မှုများတွင် အလွန်အရေးပါသော အနေအထားတွင် ရှိပါသည်။ ယခု အန္တရဒဿာ သခင်သည် ၈-တန်.တွင် ရပ်တည် နေသော ၁၂-တန်.ဘာဝ သခင် သောကြာပင် ဖြစ်ပါသည်။ ၁၂-တန်.ဘာဝသည် အချုပ်အနှောင် အဖမ်းအဆီး တို.ကို ရည်ညွှန်းနေသော ဘာဝလည်း ဖြစ်ပါသည်။
နောက်ဆုံးအနေဖြင့်- တနင်္ဂနွေကို ကြည့်ပါက- အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း - တနင်္ဂနွေ ရပ်တည်ရာ- ဇာတာရှင်၏ ၇-တန်. ဘာဝ အလယ်ချက်မှတ် (ပြိဿရာသီ ၁၇း၁၄) အား ရာဟုနှင့် ကိတ်တို.မှ တိုက်ခိုက် လွှမ်းမိုး ထားခြင်း ဖြင့်- တနင်္ဂနွေသည် အားနည်း နေသဖြင့် သူ.အတွက် ဤကာလသည် မကောင်း သောကာလ တစ်ခု ဖြစ်ပါသည်။
ဆက်လက်၍ ထိုကာလ တွင် ကောဇာဂြိုဟ်များ၏ လွှမ်းမိုးမှုကို ကြည့်ပါမည်။

အထက်ဇာတာတွင် မြင်ရသည့် အတိုင်း- ကောဇာ အင်္ဂါသည် ပြိဿရာသီ ၁၉း၃၀ တွင် တည်နေ၏။ မူလ ဇာတာတွင် လဂ်သည် ဗြိစ္ဆာရာသီ ၁၇း၁၄ တွင် ရှိသဖြင့်- ဘာဝ အားလုံး၏ အလယ်ချက်မှတ်များသည် ၁၇း၁၄ ဖြစ်သည်။
မူလကိုယ်တိုင် အားဖြင့်လည်း သဘာဝ ပါပဂြိုဟ်ဖြစ်သော- စရိုက်အားဖြင့်လည်း လက်ရဲ၊ ဇက်ရဲ အကောင် အထည် ဖေါ်သော၊ အင်္ဂါသည်- ရန်ကို အစိုးရသော ၆-တန်.ရာသီ၏ မူလတြိဂေါဏ အိမ်ရှင် ဖြစ်သည်ကို အထက်တွင် တွေ.ရှိခဲ့ပြီးဖြစ်သည်။
ထိုအင်္ဂါသည်- ၁-တန်.၊ ၂-တန်.၊ ၇-တန်.၊ ၁၀-တန်.စသော ဇာတာရှင်၏ အရေးပါသော ဘာဝများကို ပြင်းထန်သော အင်အားဖြင့် (အဆိုးဓါတ် ၉၀%) သက်ရောက် လွှမ်းမိုး ဖျက်ဆီးလိုက်ပါသည်။
ကယ်တင် ရှင် ဖြစ်နိုင်သည့် သောမဂြိုဟ် ကြာသပတေး မှာလည်း- ၀င်ရောက်ကူညီ လွှမ်းမိုးပေးထားခြင်း မရှိပါ။
ထိုမျှမကသေး- ဒုဌာနဘာဝ ပိုင်ရှင်၊ ၁၂-တန်.ဘာဝ၏ မူလတြိဂေါဏ အိမ်ရှင် ဖြစ်သော ကောဇာ သောကြာ သည် မေထုန်ရာသီ ၁၉း၅၁ တွင် တည်ထားခြင်းဖြင့် ၂-တန်. နှင့် ၈-တန်.ဘာဝ တို.၏ အလယ်မှတ်များကို အဆိုးဓါတ် အင်အား (၈၇%) ဖြင့် လွှမ်းမိုး ဖျက်ဆီးလိုက်ပြန်သေးသည်။
ထိုအခြေအနေသည်- ဇာတာရှင် အနေဖြင့် အင်မတန် ကြောက်စရာကောင်းနေသော ကောဇာ အင်္ဂါ၏ လွှမ်းမိုးမှု ကြောင့်- မုန်းတီးမှု၊ ရန်လိုမှု၊ တို.ဖြင့် ရက်စက် သော လုပ်ရပ်ကို လုပ်မိခဲ့စေခြင်း၏ အကြောင်း တစ်ရပ် ဖြစ်နေပါသည်။ အောက်တွင် ဖေါ်ပြထားသော ဂရပ်ဖ် ကိုကြည့်ပါက- ဂြိုဟ်ဆိုးများ၏ စုပေါင်း လွှမ်းမိုး ဖျက်ဆီး နေမှုကို ထင်ရှားစွာ မြင်ရပါလိမ့်မည်။

သေဒဏ် စီရင်ခြင်း ခံရစဉ်က။
ထိုစဉ်က- ဦးစော အနေဖြင့်- တနင်္လာ-သောကြာ-စနေ ဒဿာ စားနေသော ကာလဖြစ်ပါသည်။
တနင်္လာနှင့် သောကြာ၏ အနေအထားကို အထက်တွင် တင်ပြ ခဲ့ပြီးဖြစ်ပါသည်။
မူလ ဇာတာတွင် လွန်စွာ အားနည်းနေသော စနေသည် သူပိုင်သော ပြတန္တရ ဒဿာ ကာလတွင် မည်သည့် နည်းနှင့် မျှ အထောက်အကူ မပြုနိုင်တော့ပါ။
မူလ ဇာတာ စနေ၏ အနေအထားနှင့် ဂရပ်ဖ် ကိုပြန်ကြည့်ပါ။
ကောဇာဂြိုဟ်တို. လွှမ်းမိုးမှု လေ့လာကြပါစို.-
စောစောက သွေးသံရဲရဲ ကိစ္စကို အကောင်အထည် ဖေါ်စေခဲ့သည့် အင်္ဂါသည်- ယခု အခါ လွှမ်းမိုးမှု မရှိတော့ပါ။ သို.သော်- သူ၏ လက်ချက်ကြောင့် ဖြစ်ပေါ်ခဲ့သည့် အကျိုးဆက်များ ကတော့ ကျန်နေရစ် ခဲ့ပါပြီ၊
အထက်ပါ ကောဇာ ဇာတာ နှင့် မူလ ဇာတာတို.ကို ယှဉ်ကြည့်လိုက်ပါ။ ကောဇာ ရာဟုသည် မိဿရာသီ ၂၀း၅၇ တွင် တည်နေသည်။ ဤသို.တည်နေခြင်း ဖြင့်- ဇာတာရှင်၏ ၂-တန်.ဘာဝ၊ ၄-တန်.ဘာဝ၊ ၆-တန်.ဘာဝ၊ ၈-တန်.ဘာဝ၊ ၁၀-တန်.ဘာဝ၊ ၁၂-တန်.ဘာဝ တို.၏ ဗဟိုချက် နေရာများကို ရာဟုနှင့် ကိတ်မှ ပူးပေါင်း ဖျက်ဆီးလိုက်ကြပါပြီ။ အောက်တွင် ဖေါ်ပြထားသော ဂရပ်ကို ကြည့်ပါ။

ဆက်လက်၍- အခြားသော အခြေအနေ တို.ကို ထပ်ကြည့်သည့် အနေဖြင့်- အရေးကြီးဆုံး ဂြိုဟ်များ ဖြစ်သော ကောဇာ တနင်္ဂနွေနှင့် တနင်္လာကို ကြည့်လိုက်သော အခါ- တနင်္ဂနွေ နှင့် တနင်္လာ ၂-ခုစလုံး သည်- ဒုဌာနဘာဝ -အာရီ ဘာဝ ၆-တန်. ဖြစ်သော မိဿတွင် ရောက်နေ၏။

ထိုမျှမကသေး- ရာဟုမှ တနင်္ဂနွေအား အနီးကပ် ပူးထားပြီး၊ ကိတ်မှ အမြင် ပြုထားခြင်းဖြင့် တနင်္ဂနွေနှင့် တနင်္လာတို.၏ အခြေအနေပါ ဆိုးရွားနေသဖြင့် အကြောင်း တစ်မျိုးမျိုးဖြင့် ပြန်လည် လွတ်မြောက် စရာလမ်း မရှိပါပေ။ တနင်္ဂနွေသည် အသက်ဓါတ်ကို အစိုးရပြီး၊ တနင်္လာသည် စိတ်ကို အစိုးရသော ကြောင့် ၄င်းတို.ကို ပါ စစ်ဆေး ကြည့်ခြင်း ဖြစ်သည်။ သို.သော်- အသိဥာဏ် ပညာကို အစိုးရသည့် ကြာသပတေး - တနည်းအားဖြင့် ကောင်းမြတ် သော ၂-တန်. ဘာဝ၏ မူလတြိဂေါဏ သခင် ကြာသပတေးသည်- ၆-တန်.သခင် အင်္ဂါကိုလည်းကောင်း၊ ၁၂-တန်.သခင်- သောကြာကို လည်းကောင်း လွှမ်းမိုး ပေးထားသည်။

ထို.ကြောင့် ဦးစော အနေဖြင့် နောက်ဆုံး အချိန်တွင် သံဝေဂ ဥာဏ်များ ရရှိခြင်း၊ မိမိဘ၀ တွင် လျှောက်လှမ်းခဲ့သော ခရီးလမ်းကို ပြန်လည် သုံးသပ် မိခြင်း တို. ဖြစ်ခဲ့ရ ခြင်းဖြစ်သည်။ ထိုစဉ်က ဦးစော အသက်အားဖြင့် ၄၈-နှစ်ပြည့်ရန် ၈-ရက်မျှသာ လိုပါတော့သည်။ အသက် ၄၈-နှစ် ဆိုသည်မှာ- သေဆုံးချိန် တန်သော ကာလ တစ်ခု မဟုတ် ပါပေ။


ဦးစောသည်- ဇွဲလုံ.လ ရှိသော၊ ကြိုးစားသော၊ တက်ကြွသော၊ ရဲရင့်သည့် လူတော် တစ်ယောက် ဖြစ်ခဲ့ သော်လည်း- လက်ရှိ အနေအထား ကို ထိန်းသိမ်း ထားလို သည့် စိတ်၊ အညိုးအတေး ထားမိသော စိတ်၊ အကောင် အထည် ဖော်ဖြစ်သည် အထိ လုပ်မိသော စိတ်တို.ကြောင့်- သူကိုယ်တိုင်၏ ဘ၀သာ မက- နိုင်ငံ့ အာဇာနည် များ၏ ဘ၀၊ နိုင်ငံတော် ၏ ဘ၀ ပါ မလှမပ ဖြစ်ခဲ့ရပါသည်။ သူ၏ ဘ၀ကို သင်ခန်းစာ ယူတတ်မည် ဆိုပါက- နောင်တွင် မလှပသော သမိုင်းတို. ရှိလာတော့မည် မဟုတ်ပါ။ ထို.ကြောင့်လည်း- သွားလေသူများ အားလုံးကို ကောင်းရာမွန်ရာ ရောက်နိုင်ကြပါစေဟု ဆုမွန်ကောင်း တောင်းပေးယင်း- ဤဆောင်းပါးကို အဆုံးသတ်ပါသည်။ ----နျူမာန် (မိုးတား)


[+/-] show/hide this post

2 comments:

Anonymous said...

very nise I slute your great wisdom long live your live and I wish you will be in good health all time Your sercret friend

someone for Myanmar said...

ကျနော့် ဘ၀မှာထူးခြားတာတွေဖြစ်လာမယ် အားလုံးရဲ့ထိပ်ဆုံးကို ရောက်ရမယ်လို့ ဆရာများစွာကဟောပြောခဲ့ဖူးပါတယ် ။ ထို့အတူ ၄င်းအဆိုများကို ထောက်ခံနိုင်ဖွယ်ရှိသော သက်သေအထောက်အထားများ ဖြစ်ရပ်များ ရှိခဲ့ပါသည် ။ ကျနော်ကိုယ်တိုင်မှာလည်း လူတိုင်းဧ။် အထက် ဘုန်းကံတွင်ရှိနေသည်ဟု အမြဲခံစားနေရပါသည် ။ သို့ဆိုသော် ယခု ဆရာများအား ကျနော့်ဇာတာခွင်အား စစ်ဆေးပေးစေလိုပါသည် ။
သူရိန်နေမင်း
thureinnaymin.mdy@gmail.com

Post a Comment