MOTAA Basic (မိုးတား အခြေခံ)

MOTAA စံနစ် အခြေခံ။
ဤဘလော့ဂ် တွင် ရှင်းပြထားသော နမူနာ ဇာတာများကို ဖတ်ရှုရာတွင် အထောက်အကူ ပြုရေးအတွက် အရေးကြီး သော အောက်ပါ အချက် ၆-ချက်ကို တင်ပြ ထားပါသည်။ သို.သော်လည်း နက္ခတ္တ ဝေဒ ပညာကို တတ်မြောက် လေ့လာ ထားကြ၍ - မိုးတား MOTAA စနစ်ဖြင့် စိမ်းနေသူ များအတွက် ကို ဦးစားပေး ရေးသား ထားခြင်း ဖြစ်သဖြင့်- နက္ခတ္တဝေဒ ပညာ အခြေခံ မရှိသူ များအတွက် နားလည် နိုင်ရန် အနည်းငယ် ခက်ခဲမည် ဖြစ်သော်လည်း- တစ်ဆင့်ချင်း အချိန်ယူ၍ ဖတ်ကြည့်ပါက- ဤဘလော့ဂ် တွင် ရှင်းပြ ထားသော နမူနာ ဇာတာများကို နားလည် နိုင်မည် ဖြစ်ပါသည်။
(၁) မူလတြိဂေါဏ အိမ်နှင့်၊ မူလတြိဂေါဏ အိမ်ရှင်၊
မိုးတား ဝေဒပညာ စနစ် (MOTAA Vedic System) တွင် အဓိကအားဖြင့် မူလတြိဂေါဏ အိမ်နှင့်၊ မူလတြိဂေါဏ အိမ်ရှင်၊ တို.ကို အသုံးပြုထားပါသည်။ နက္ခတ္တ ပညာအခြေခံကို လေ့လာခဲ့သူ အချို.အတွက်ပင်လျှင် ထိုအသုံးအနှုန်းကို စိမ်းနေနိုင်ပါသဖြင့် ၄င်းကို အနည်းငယ် ရှင်းလင်း ပေးလိုပါသည်။ အောက်တွင် ဖော်ပြ ထားသည်မှာ- ရာသီအိမ် (Sign) တို.၏ အမည်၊ ကို အင်္ဂလိပ်၊ မြန်မာ နှင့် တကွ- ရာသီခွင် သင်္ကေတ တို.ဖြစ်ပါသည်။ MOTAA အခမဲ့ သင်ခန်းစာ ကို တက်ရောက် ကြမည့် သင်တန်းသား များအတွက် သင်ခန်းစာများတွင် မူ- ပို၍ အသေးစိတ်၊ ရှင်းလင်းဖေါ်ပြထားမည် ဖြစ်သည်။


အထက်ပါ ပုံတွင် ဖော်ပြထားသည့် အတိုင်း- တနင်္ဂနွေဂြိုဟ် (Su) သည်-သိဟ်ရာသီ (Leo) ၏ ပိုင်ရှင် ဂြိုဟ် ဖြစ်သည်။ ထိုနည်းတူ တနင်္လာဂြိုဟ် (MO) သည် ကရကဋ် ရာသီ (Cancer) ကိုပိုင်ဆိုင်ထားသည်။ ၄င်း ဂြိုဟ်တို. ရာသီ တစ်ခုစီကိုသာ အပိုင်ပြုထားသော်လည်း- အခြားဂြိုဟ်များ ဖြစ်သည့် ဗုဒ္ဓဟူး (Me)၊ သောကြာ (Ve)၊ အင်္ဂါ (Ma)၊ ကြာသပတေး (Ju)၊ စနေ (Sa) တို.သည် ရာသီ (၂) ခုစီ ကို ပိုင်ဆိုင် နေကြ သည်။ မြန်မာ တို.အနေဖြင့်- မိဿ ရာသီ မှ အစပြု- “စ၊ သာ၊ ရွှေ၊ ကူ၊ အင်း၊ ၀၊ သူ၊ စံ၊ ဖြူ၊ တံ၊ တင်း၊ ပေး” ဟူ၍ ရာသီ အလိုက် ပိုင်ဆိုင်သော ဂြိုဟ်တို.၏ အမည်ကို အမှတ်အသား ပြုခဲ့ကြသည်။ ဤအချက်များ အားလုံးသည် အနောက်တိုင်း နက္ခတ္တ နှင့် အရှေ.တိုင်း ဟိန္ဒူ နက္ခတ္တ အတူတူပင် ဖြစ်ပါသည်။

ထိုကဲ့သို. ရာသီ ၂-ခုစီကို ပိုင်ဆိုင်နေသော ဂြိုဟ် တို.နှင့် ပါတ်သက်သော အခါ ဥပမာ- ၅-တန်. ဘာဝ အိမ်ရှင် ဟု ယူဆ ရမည်လော၊ ၆-တန်. ဘာဝ အိမ်ရှင် ဟု ယူဆ ရမည်လော ဖြင့် နက္ခတ္တပညာရှင် တို.အတွက် လွန်စွာ ရှုပ်ထွေး စေပါသည်။ ၅-တန်. ဘာဝ အိမ်ရှင် ဆိုလျှင် ဂြိုဟ်ကောင်း ဖြစ်ကာ၊ ၆-တန်. ဘာဝ အိမ်ရှင် ဆိုပါက- ဂြိုဟ်ဆိုး ဖြစ်နေသဖြင့် မည်သည်ကို အမှန် ယူရ မည်နည်း၊ ထိုဂြိုဟ်တို.၏ အပူးအမြင်ကို ခံရခြင်းဖြင့် မည်သို. ဖြစ်နိုင် မည်နည်း စသဖြင့်-ဆုံးဖြတ်ရန် ခက်ခဲ သွားတတ် ပါသည်။ အမှန်အားဖြင့် - ရာသီအိမ်ရှင် အနေဖြင့် ယူဆရမည့် ကိစ္စမှာ -အခြား အသုံးတစ်ခု ဖြစ်သဖြင့် - ထိုဂြိုဟ်တို. ရာသီ ၂-ခုကို ပိုင်နေစေကာ မူ- အောက်တွင် ပြထားသည့် အတိုင်း မူလတြိဂေါဏ အိမ်ရှင်ကို သာ မူတည်ပြီး- ဂြိုဟ်ဆိုး ဂြိုဟ်ကောင်း သတ်မှတ် ရမည် ဖြစ်သဖြင့်- MOTAA စနစ်တွင်- ထိုပြဿနာ မရှိ တော့ပါ။ (မှတ်ချက်- ဤဆောင်းပါးတွင် နက္ခတ္တပညာ ကိုလေ့လာဘူး ပြီး၊ အခက်အခဲ တွေ.နေရသူများ အတွက် အဓိက ရည်ရွယ် ထားသဖြင့် ယခုထက်ပို၍ မရှင်းလင်းတော့ပါ။)

(၂) လဂ် တစ်ခုချင်းစီ အတွက် ဂြိုဟ်ဆိုးဂြိုဟ်ကောင်း။
အထက်ပါ အတိုင်း- ဂြိုဟ်တို.၏ မူလတြိဂေါဏ ပိုင်ဆိုင်ရာကို သတ်မှတ်လိုက်သော အခါ- အောက်ဖော်ပြပါ ဇယားအတိုင်း- လဂ် တစ်ခုချင်းစီ အတွက်- မည်သည့် ဂြိုဟ်တို.သည် ဂြိုဟ်ဆိုး ဖြစ်နေသည်ကို မြင်လာ ရပါသည်။ အနီရောင် ဖြစ်နေသော ၆-တန်.၊ ၈-တန်.၊ ၁၂-တန်.ဘာဝ တို.၏ မူလတြိဂေါဏ အိမ်ရှင် တို.သည် သက်ဆိုင်ရာ လဂ် တစ်ခုချင်း စီအတွက် ဂြိုဟ်ဆိုးများ ဖြစ်သည်။ ရာဟုနှင့် ကိတ်သည် မည်သည့် လဂ် အတွက် ကို မဆို ဂြိုဟ်ဆိုး အနေဖြင့် ပြုမူ သည်။ MOTAA စနစ်တွင် ဂြိုဟ်ဆိုး မဟုတ်သော ဂြိုဟ် များသည် ဂြိုဟ်ကောင်းများပင် ဖြစ်သည်။ ကြားနေ ပြုမှုခြင်း မရှိပါ။ သဘာဝ ဂြိုဟ်ဆိုးများ ဖြစ်သော အင်္ဂါ၊ နှင့် စနေတို.သည် ၆-တန်.၊ ၈-တန်.၊ ၁၂-တန်.ဘာဝ တို.၏ မူလတြိဂေါဏ အိမ်ရှင် တို. ဖြစ်နေပါက- ထိုဂြိုဟ်တို.သည် ပြင်းထန်သော ဆိုးအားပေးသည့် ဂြိုဟ်များ အဖြစ်သို.ရောက်သွားသည်။ ဇာတာရှင် တစ်ဦး အတွက်- ထိုဂြိုဟ်ဆိုးတို.၏ ဆိုးရွားသော လွှမ်းမိုး ရိုက်ခတ် သည့် အင်အား ပြင်းထန်၊ မပြင်းထန် သည်ကို မူ- မူလဘွားဇာတာတွင် ထိုဂြိုဟ်တို.က မည်မျှ လွှမ်းမိုးသည် ဆို.သည့် အချက်က ဆုံးဖြတ် ပေးပါသည်။
လဂ် အနေအထားကို မူတည်၍ ဂြိုဟ်တို.၏ မူလတြိဂေါဏ အိမ် ပိုင်ဆိုင်ရာ အတန်.များကို မူတည်၍ ဘယ် ဘက် ဇယားတွင် ပါသည့် အတိုင်း တစ်ခုချင်း အုပ်စု ခွဲလိုက် သော အခါ၊ လဂ် တစ်ခုချင်းစီအတွက် မည်သည့် ဂြိုဟ်တို.က ဂြိုဟ်ဆိုးဖြစ်သည်ကို မြင်လာရပါတော့သည်။ မေထုန် လဂ် ပိုင်ရှင်တို.တွင် ရာဟုနှင့် ကိတ်မှ လွဲ၍ ကာရက ဂြိုဟ်ဆိုး အနေဖြင့် မရှိသောကြောင့်- ထိုလဂ်ပိုင်ရှင် တို.သည် အပူအပင်-နည်းပါးခြင်း၊ အခြား သူတို.နှင့် ယှဉ်သော် ဘ၀ မုန်တိုင်း ရိုတ်ပုတ် ဒဏ် ခံစားရမှုမှ-သက်သာခြင်း တို.ကို မြင်နေရသလို- လက်တွေ. သုတေသနများ အရလည်း ထိုအချက် မှန်ကန် သည်ကို တွေ.ရှိ ရ ပါသည်။

ကန်လဂ် ပိုင်ရှင် များအတွက်မူ- မူလသဘာဝ ကပင် အဆိုးဗီဇ ရှိသည့် အင်္ဂါနှင့် စနေတို.သည် ၈-တန်.နှင့် ၆-တန်. အိမ်ရှင် များအနေဖြစ် နေခြင်း၊ ၄င်း၏ မူလတြိဂေါဏ အိမ်ပိုင်ရှင် ဗုဒ္ဓဟူးသည် တနင်္ဂနွေခေါ် နေနှင့် မကြာခဏ ဆိုသလို- ပူးကပ်လျှက် ရှိခြင်း တို.ကြောင့် ထိုလဂ် ပိုင်ရှင်များသည်- အပူအပင် များ ရတတ်ခြင်း၊ စိတ်ခံစားမှု လွယ်တတ်ခြင်း၊ လောကဓံ၏ ရိုက်ပုတ်မှု ဒါဏ်ကို အခြားသူများနှင့် စာလျှင် ပို၍ ခံရတတ်ခြင်း တို. ဖြစ်တတ်သည် ကို တွေ.ရ ပါသည်။
(၃) ဘာဝ နှင့် ဘာဝ၏ ဗဟိုချက်မှတ် ဆိုသည်မှာ။
ဥပမာ အားဖြင့်- ဇာတာ တစ်စောင်တွင် လဂ် (As) သည် ဗြိစ္ဆာရာသီ ၅-အံသာ တွင် အောက်တွင် ဖော်ပြ ထားသည့် အတိုင်း တည်နေသည် ဆိုပါစို.- ထိုအခါ သက်ဆိုင်ရာ ဘာဝ အတန်. (H) တစ်ခုချင်း စီ၏ ဗဟို ချက်မှတ်များသည်- အောက်ပါ အတိုင်း ရာသီ တစ်ခုချင်းစီ၏ ၅-အံသာ အနေအထားတွင် ရှိနေ ပါသည်။ ဤ အချက်ကို မြင်သာရန် အတွက်-ညာဘက်တွင် စက်ဝိုင်းပုံစံ ဇာတာဖြင့် ဖော်ပြ ထားသည်။ ဆက်လက်၍ လည်း ဇယား ဖြင့် အသေးစိတ် ဖော်ပြထားပါသည်။

(၄) ဂြိုဟ်တို.မှ အခြား ဂြိုဟ်တို. အပေါ် နှင့် ဘာဝတို.၏ ဗဟိုချက်မှတ် အပေါ် တွင် လွှမ်းမိုးမှု။
ဂြိုဟ်တို.သည် မိမိ ရပ်တည်ရာ နေရာမှ နေ၍ အခြား နေရာတို.ရှိ အခြားသော ဂြိုဟ်များ၊ ဘာဝများဆီသို. အင်အား သက်ရောက် လွှမ်းမိုး ပါသည်။ ဤအချက်ကို ဗေဒင် ဝေါဟာရအားဖြင့် ဂြိုဟ်ပူးခြင်း၊ ဂြိုဟ်မြင်ခြင်း ဟု ခေါ်ကြပါသည်။ ဤနေရာ တွင် ဂြိုဟ်တို.၏ ၄င်းတို.၏ Gravitation Force, Cosmic Energy, Radiation စသည်တို.ဖြင့် လွှမ်းမိုးခြင်း ဖြစ်သည်။ လပြည့် လကွယ်ရက်များနှင့် ဒီရေ အတက်အကျ အနေအထား၊ ငလျင်လှုပ် ခြင်း အနေအထားတို.သည်- Gravitation Force တစ်ခုတည်း၏ အဓိက လွှမ်းမိုး မှု ဖြစ်ပြီး- လူသားတို.၏ စိတ်အနေအထား ခံစားမှု (အထူးသဖြင့် စိတ်ရောဂါ ဝေဒနာ သည်များ၊ ၀က် ရူးပြန် ဝေဒနာသည်များ ပေါ်တွင် လွှမ်းမိုးမှုမှာ- Cosmic Energy နှင့် Radiation တို.ကြောင့် ဖြစ်သည်။ ထို.ကြောင့် လည်း Mass ခေါ် ဒြဗ်ထု ကြီးမား သော ဂြိုဟ်ကြီးများ ဖြစ်သည့် ကြာသပတေး၊ စနေ တို.၏ သက်ရောက်မှု သည် ပို၍ ထင်ရှားခြင်း ဖြစ်သည်။

ဂြိုဟ်အားလုံးသည် မိမိရပ်တည်ရာ နေရာကို အပူးအား ဖြင့် လွှမ်းမိုးထားပြီး၊ မိမိရပ်တည်ရာ ၁၈၀ ဒီဂရီ တိတိ ဆန်.ကျင်ဘက် ဆီသို.- သမသတ် အမြင် ခေါ် ၇-တန်. အမြင် အားဖြင့် အင်အား လွှမ်းမိုး ထား ပါသည်။ အနောက်တိုင်း အမြင် စနစ်သည် လွန်စွာ ရှုပ်ထွေးလှသော်လည်း- အိန္ဒိယ နှင့် မြန်မာတို. သုံးစွဲသော အရှေ.တိုင်းနည်းမှာ- ပို၍ ရှင်းလင်း ပါသည်။ အခြားသော အမြင် အနေအထား များရှိသေး သော်လည်း MOTAA စနစ်တွင် Full Aspect ခေါ် အပြည့် အမြင်ကိုသာ အသုံးပြုပါသည်။
သို.သော် အောက်တွင် ဖော်ပြထားသည့် အတိုင်း အင်္ဂါ၊ စနေ၊ ကြာသပတေး၊ ရာဟု နှင့် ကိတ်တို.သည် အပူးနှင့် ၇-တန်.အမြင် ကို သာမက- ၄င်းတို.ကိုယ် ပိုင် သီးသန်. အမြင်များဖြင့် ပါ- လွှမ်းမိုးလေ့ရှိသည်။ ကြာသပတေး၊ ရာဟု နှင့် ကိတ်တို.သည် Trine ခေါ် ၅-တန်.၊ ၉-တန်. တို.ကိုပါ တွဲဘက် မြင်သည်။ အချို.သော နည်းများ၌- ရာဟုနှင့် ကိတ်တို.သည် အခြားဂြိုဟ်များနှင့် ဆန်.ကျင်လျှက်- နာရီလက်တံ အတိုင်း သွားနေသောကြောင့် ၄င်းတို.၏ အမြင်ကို ရေတွက် ရာတွင် နာရီလက်တံ အတိုင်း ရေတွက်ရမည် ဟု ဆိုကြ သော်လည်း- MOTAA စနစ်တွင် အခြားဂြိုဟ်များ နည်းတူပင် ရေတွက်ပါသည်။
(၅) ဂြိုဟ်တို.၏ အင်အား သက်ရောက်ရာနှင့် အကွာအဝေးပေါ် မူတည်၍ ရိုက်ခတ်လွှမ်းမိုးခံရမှု ပမာဏ။
ဂြိုဟ်တို.၏ အင်အား လွှမ်းမိုးနေသော နေရာ အနေအထားနှင့် အခြားတစ်ခု တည်ရှိနေသော အနေအထား၊ သို.မဟုတ် ဘာဝ တစ်ခု၏ ဗဟိုချက်မှတ် တစ်ခု အနေအထား ၏ အကွာအဝေးကို မူတည်၍ အောက်တွင် ဖော်ပြထားသည့် အတိုင်း အင်အား အနေအထား သက်ရောက်မှု ရှိပါသည်။ ဒီဂရီ (အံသာ) အကွာ အဝေး အားဖြင့် ၅-ဒီဂရီ တွင် ၆၀% သော အင်အားဖြင့် လွှမ်းမိုးမည် ဖြစ်ပြီး- အကွာ အဝေး နီးလာ သည် နှင့် အမျှ အင်အား ပမာဏ မှာ ပို၍ ပြင်းထန် ထင်ရှားလာသည်။ ၄င်းတို.-အကွာအဝေး အနေအထား ၀-ဒီဂရီ ဖြစ်သွား သောအခါ (တစ်ထပ်တည်း ဖြစ်သွားသော အခါ)တွင် အင်အား အပြည့် ၁၀၀% သက်ရောက် လွှမ်းမိုးမည် ဖြစ်သည်။ အောက်တွင် ဖော်ပြထားသော ဂရပ်ကို လေ့လာပါ။ အကွာအဝေး ပမာဏ အားဖြင့် ၁၅-ဒီဂရီ သို.ရောက်သွားသော အခါ- အင်အား သက်ရောက်မှု မရှိတော့ပါ။ ထို.ကြောင့် ဂြိုဟ်တို.၏ အံသာကို မဖော်ပြ၊ မလေ့လာ ပဲ-ဇာတာခွင်ကို ကြည့်၍ ရာသီခွင် တစ်ခုတည်း တွင် တည်ရှိ နေခြင်းကို အကြောင်းပြု၍ ထိုဂြိုဟ် ၂-ခု ပူးသည်ဟု ဆိုခြင်းသည် လွန်စွာမှာ မတိကျ သော ဆုံးဖြတ်ချက် ဖြစ်သည်။ ဂြိုဟ်တစ်လုံးသည် ဥပမာ- မိဿ ရာသီ ၂၉ ဒီဂရီတွင် တည်၍ အခြားဂြိုဟ်တစ်လုံးသည်- ပြိဿ ရာသီ ၂-ဒီဂရီ တွင် တည်နေသော်- ထိုဂြိုဟ် ၂-လုံးတို.သည် ၃-ဒီဂရီ အကွာအဝေး ဖြင့် ပူးနေကြမည် ဖြစ်ပြီး- ၄င်းတို. အချင်းချင်း အပြန်အလှန် လွှမ်းမိုးမှုမှာ လည်း အင်အား ပမာဏ အားဖြင့် ၈၃% ရှိနေသည် ကို သတိချပ်ပါ။

(၆) ဂြိုဟ်တို.၏ အင်အားကို တိုင်းတာ တွက်ချက်ခြင်း။
ဂြိုဟ်တို.၏ အင်အား ကို တိုင်းတာ တွက်ချက်ပြီး နောက် MOTAA စနစ်တွင် ဂရပ်ဖြင့် ဖော်ပြပါသည်။ ထိုနေရာတွင် တွက်ချက်ပုံ အဆင့်ဆင့် ရှိသဖြင့် ဤ နေရာတွင် ဖော်ပြတော့မည် မဟုတ်ပဲ၊ MOTAA သင်ခန်းစာ များတွင် သာ ဖော်ပြမည် ဖြစ်ပါသည်။

[+/-] show/hide this post