Sunday, November 9, 2014

ဗြိစ္ဆာ ရာသီရောက် စနေဂြိုဟ် (အပိုင်း-၁)

လွန်ခဲ့တဲ့ အပါတ် နိုဝင်ဘာလ ၂-ရက် ၂၀၁၄ က စတင်ပြီး- မြန်မာ ဗေဒင် ပညာရှင်၊ ၀ါသနာ ရှင်များ- အင်မတန် သတိထား ကြရတဲ့ စနေ ဂြိုဟ် ဟာ ဗြိစ္ဆာ ရာသီ တို့ ၀င်ရောက် ခဲ့ပြီ ဖြစ်ပါတယ်။ စနေဂြိုဟ်ဟာ ဗြိစ္ဆာရာသီ မှာ ၂၀၁၇-ဇန်န၀ါရီ လ ၂၆-ရက် အထိ တည်နေဦးမှာ ဖြစ်တဲ့ အတွက်- အချို့သော လဂ်ပိုင်ရှင် များအတွက် အခက်အခဲ ပြဿနာ များ ဖြစ်နိုင်ကြောင်း အသိပေးယင်း ဤဆောင်းပါး ကို ရေးသားခြင်း ဖြစ်ပါတယ်။ 

နှေးကွေးစွာ သွားလာတတ်တဲ့ စနေဂြိုဟ်ဟာ- ယခု အခါ- ရာသီ စက်ဝိုင်းရဲ့- အဋ္ဌမ မြောက်- ရာသီ ဖြစ်တဲ့ ဗြိစ္ဆာ ရာသီ၊ တစ်နည်း ဟာဖြင့်- ပုန်းလျှိုးခြင်း- အတွင်း ကျိတ်ကြံခြင်း- တို့ကို ကာရက ပြုတဲ့ ရာသီကို ရောက်ရှိလာခြင်း ဖြစ်ပါတယ်။

တကယ်တမ်းက- စနေဂြိုဟ် အနေနဲ့- ဇာတာရှင်များရဲ့-
- ရှေ့ ပုည ကံ
- ရှေ့ အကုသိုလ်ကံ
များ အလိုက် အကျိုး၊ အဆိုး ပြုမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ- ၃-တန့်-၇-တန့် နဲ့ ၁၀-တန့်ကို မြင်တဲ့ စနေ အတွက်- ၇-တန့် နဲ့ ၁၀-တန့် အမြင်တွေဟာ- ပိုပြီး ပြင်းထန်ပါတယ်။

စနေဂြိုဟ်ဟာ- သဘာဝ အားဖြင့်- စိတ်ပျက် ဆုံးရှုံးခြင်းများ၊ နှောင့်နှေး ကျန့်ကြာခြင်းများ၊ ဒုက္ခ သုက္ခရောက်ခြင်း၊ အတိဒုက္ခ ဆင်းရဲခြင်း- အချုပ် အနှောင် နဲ့ ၀မ်းနည်း ကြေကွဲ ဘွယ် ကိစ္စများကို တာဝန် ယူလေ့ ရှိပါတယ်။

မိုးတား သုတေသန အနေနဲ- Quantitative Research မှာ စိတ်ရောဂါရှင် များစွာ မှာ စနေဂြိုဟ်ရဲ့ ပတ်သက်မှုများ ထင်ရှားစွာ တွေ့မြင်ရပါတယ်။

လောလောဆယ် ကိစ္စ ကို ဆက်ပြောရယင်တော့- ကမ္ဘာ့ နိုင်ငံ အများစု ရဲ့ စီးပွားရေး ပြဿနာများ၊ အကြမ်းဘက်မှုများ၊ လူစုလူဝေး ပြဿနာများ ပေါ်ပေါက် လာနိုင် စရာ ရှိပါတယ်။

မိုးတား နက္ခတ် ပညာ အနေနဲ့- မူလ တြိဂေါဏ သခင် ဟာ- မိမိအတွက် ကာရက ပါပ - သောမ ကို တာဝန်သော ဂြိုဟ်များ ဖြစ်တဲ့ အတွက်- စနေဂြိုဟ်ဟာ- မိမိအတွက်- ကာရက ပါပ ဂြိုဟ် ဖြစ်တဲ့-
- ကန် လဂ် ပိုင်ရှင်များ။
- ကရကဋ် လဂ် ပိုင်ရှင်များ။
- မိန် လဂ် ပိုင်ရှင်များ။


အတွက် ဤကာလ အတွင်း အထူး သတိထားရမယ့် အချိန်အခါ ဖြစ်ပါတယ်။ 
အထူးသဖြင့် ကတော့- အဆိုပါ လဂ်ပိုင်ရှင်များ အနက်- လဂ် အံသာ ၁၀- ပတ်ဝန်းကျင် ရှိသူများ အနေ နဲ့ကတော့- ၂၆-ဇန်န၀ါရီ ၂၀၁၅ ကနေ ၃-မေ-၂၀၁၅ အတွင်း အထူးကို သတိထားကြရပါမယ်။ 

တစ်ခါ- အထက်ပါ လဂ်ပိုင်ရှင် များ အနက်- လဂ် အံသာ ၅- ပတ်ဝန်းကျင် ရှိသူများ အနေ နဲ့ကတော့- ၁၃-ဇွန် ၂၀၁၅ ကနေ ၂၀-စက်တင်ဘာလ-၂၀၁၅ အတွင်း အထူးကို သတိထားကြရပါမယ်။

တစ်ဖန်- ၁- စက်တင်ဘာလ ၂၀၁၅ ကနေ ၁၅-အောက်တိုဘာ-၂၀၁၅ အတွင်း မှာ- ကောဇာ ကိတ် ရဲ့ ၉-တန့် အမြင်ကို စနေဂြိုဟ် အနေနဲ့ ရထားလိုက် ပြန်တဲ့ အတွက်- စနေ နဲ့ ကိတ်တို့ရဲ့- အဆိုးသဘောများ ကို ရနိုင် တဲ့ အတွက် အထူးသဖြင့်- အထက်ပါ လဂ် ပိုင်ရှင် များ အနက်- လဂ် အံသာ ၅-ဒီဂရီ ပတ်ဝန်းကျင် ရှိသူများ အတော်ကြီး သတိထားရမယ့် အချက် ဖြစ်နေပြန်ပါတယ်။

ဒီနေရာ- မြန်မာ နိုင်ငံ အနေနဲ့ သတိပေးလိုတာကတော့-
မြန်မာ နိုင်ငံ လွတ်လပ်ရေး ဥပဒေ စာတမ်း ဇာတာ အရ- မြန်မာပြည် အနေနဲ့ ကန်လဂ် ၁၇း၂၃ ဖြစ်ပါတယ်။ (မိုးတား စနစ် အနေနဲ့- အခြား မြန်မာ ပညာရှင် အများစု အသုံးပြုသော အလံတင် အလံချ အချိန် ၄း၂၀ ဇာတာကို အသုံးမပြုပါ။ အသုံးမပြု ရခြင်း ၏ အကြောင်းရင်း ကို- 

၂၀၁၂-နှင့် မြန်မာနိုင်ငံ ဆိုင်ရာ သုတေသန။ အပိုင်း (၁)
၂၀၁၂-နှင့် မြန်မာနိုင်ငံ ဆိုင်ရာ သုတေသန။ အပိုင်း (၂)
၂၀၁၂-နှင့် မြန်မာနိုင်ငံ ဆိုင်ရာ သုတေသန။ အပိုင်း (၃)
ငလျင်ကြီးများ နှင့် မြန်မာ နိုင်ငံ။
မြန်မာ့ ငလျင်ကြီးများ နှင့် မြန်မာ နိုင်ငံ ဇာတာ ၂-စောင်။
မြန်မာနိုင်ငံ ဇာတာ- နှင့် လေပြင်း မုန်တိုင်း တို့၏ ရိုတ်ခတ်မှု သမိုင်း။

စသည်တို့ မှာ ဖေါ်ပြခဲ့ပြီး ဖြစ်ပါတယ်။ ပညာရှင်များ အနေနဲ့ မိမိ အနေနဲ့ လက်ခံတဲ့ ဇာတာ ကို မိမိသဘော အတိုင်းသာ ရွေးချယ် အသုံးပြု နိုင်ပါတယ်။)

03/12/2015 နေ့ရက်မှ စတင်ပြီး- 14/03/2016 အတွင်း ဟာ မြန်မာ ပြည်အတွက် သတိထားရက် ရမယ့် ကာလ ဖြစ်ပါတယ်။
ဘာဖြစ်လို့ လဲ ဆိုတော့

  • ဒီကာလ အတွင်းမှာ ကောဇာ စနေဂြိုဟ်ရဲ့-အံသာ ဟာ 
  • ၁၃ ဒီဂရီ နဲ့- ၂၂-ဒီဂရီ အတွင်းမှာ ဖြစ်တဲ့ အတွက်- မြန်မာ နိုင်ငံ လွတ်လပ်ရေး ဥပဒေ စာတမ်း ဇာတာ ရဲ့ လဂ် အံသာ ကို နှေးကွေးစွာ ဖြတ်ကျော် တာက တစ်ကြောင်း- 
  • မြန်မာ နိုင်ငံ လွတ်လပ်ရေး ဥပဒေ စာတမ်း ဇာတာ အရ ကန်လဂ် ဖြစ်တဲ့ မြန်မာ နိုင်ငံ အတွက်- စနေဂြိုဟ်ဟာ ၆-တန့် သခင် ဖြစ်နေတာက တစ်ကြောင်း-
  • အထက်ပါ မြန်မာ နိုင်ငံ ဇာတာ အနေနဲ့- 03/12/2015 ကနေ- 30/12/2015 အတွင်း- ဗုဒ္ဓဟူး ထူလ၊ တနင်္လာ အန္တရ၊ အင်္ဂါ ပြတန္တရ ဖြစ်ပြီး- နောက်ရက်တွေမှာ- 
  • ဗုဒ္ဓဟူး ထူလ၊ တနင်္လာ အန္တရ၊ ရာဟု ပြတန္တရ ဖြစ်သွားမှာ ဖြစ်တဲ့ အတွက် တစ်ကြောင်း 

တို့ကြောင့်-
မထင်မှတ်တဲ့- အပြောင်းအလဲ- အထိကရုဏ်း- သွေးထွက် သံယို ကိစ္စများ ပေါ်ပေါက် လာနိုင်ခြင်း ဖြစ်ပါတယ်။
မိုးတား အနေနဲ့ နိုင်ငံ ရေး ဗေဒင်မျိုး ဟောပြောမှာ မဟုတ်တဲ့ အတွက် သတိပေးတဲ့ အနေနဲ့- ဒီကိစ္စ ကို ဒီလောက်တင် ရပ်ပါမယ်။

ကောင်းပါပြီ- လူအများစု စိတ်ဝင်စားမယ့် မိမိတို့နဲ့ ဆိုင်တဲ့ ကိစ္စကိုပဲ ပြောရမယ် ဆိုယင်-  

ဇနမ စန်း ခေါ်တဲ့ မူလ ဇာတာ က စန်းအားဖြင့်- 

ပြိဿစန်း၊ သိဟ်စန်း၊ ဗြိစ္ဆာ စန်း၊ ကုမ်စန်း နဲ့ မိဿ စန်းသမား များ အတွက်လည်း သတိထားကြရပါမယ်။ 
အကယ်၍ မိမိဇာတာဟာ- အပေါ်ဆုံးမှာ ဖေါ်ပြခဲ့တဲ့ လဂ်နဲ့ အခု ဖေါ်ပြတဲ့ စန်းတို့ထဲမှာ ပါဝင် နေတယ် ဆိုယင်တော့- အတော်ကြီးကို ဆင်ဆင်ခြင်ခြင် နေကြရမယ် လို့ ဆိုချင်ပါတယ်။ 

ပြိဿစန်း၊
ပြိဿစန်း သမားများ အနေနဲ့- စိတ်ခံစားမှု ဆိုင်ရာ ပြဿနာများ ပေါ်ပေါက် လာတတ်ခြင်း၊ မိခင်- အိမ်ထောင်ဘက်- မော်တော်ယာဉ် အိုးအိမ်များ- နဲ့ ပတ်သက်ပြီး စိတ်ဒုက္ခ ရောက်စရာများ ပေါ်လာတတ်ပါတယ်။
နဂိုက ပန်းနာ ရင်ကြပ် အခံ ရှိသူများ- အခက်အခဲ ပိုကြုံလာတတ်ပါတယ်။
အဲ- အရေးကြီး တာ တစ်ခုအားဖြင့်တော့- ကိုယ်စာရေး မှားပြီး- ဒုက္ခရောက်တတ်ပါတယ်။ ဖေ့စ်ဘွတ် တင်လျှင် သတိထားသင့် ပါတယ်။
အအေးမိ လည်ချောင်းနာ မကြာခဏ ဖြစ်တတ်သလို- လုပ်ငန်းများ နှောင့်နှေး တတ်ပါလိမ့်မယ်။
မကောင်းတဲ့ အိုးအိမ်ကို ပြောင်းရွှေ့ ရတာမျိုး - ပျော်စရာ မရှိတဲ့ ခရီးသွားရ တာမျိုး ဖြစ်တတ်သလို- ခရီးသွားယင်း စိတ်မချမ်းသာ စရာ ကြုံရတတ်ပါတယ်။
မိခင် ဘခင် ကျန်းမာရေး စိုးရိမ် စရာ ပေါ်တတ်သလို- မဟုတ်မဟပ် စွပ်စွဲ ခံရတာမျိုးလည်း ကြုံရနိုင်ပါတယ်။ 
မိန်းကလေး များ အနေနဲ့ အထူးသဖြင့်- မင်္ဂလာ ရက် ရွှေ့ဆိုင်း ခံရတာမျိုး- အစီအစဉ် ပျက်တာမျိုး ဖြစ်နိုင်လို့ သတိပြုစေချင်ပါတယ်။
ကျောင်းသူ ကျောင်းသား များအနေနဲ့ စာကြည့်လို့ မရပဲ စိတ်လေ တတ်သလို- စာမေးပွဲ မှာ ထင်သလောက် မပေါက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ 
(ဆက်လက် တင်ပြပေးပါမယ်)

ချမ်းမြေ့ပါစေ
နျူမာန် (မိုးတား)

[+/-] show/hide this post

No comments:

Post a Comment