Thursday, November 13, 2014

ဗြိစ္ဆာ ရာသီရောက် စနေဂြိုဟ် (အပိုင်း-၂)

သိဟ်စန်း၊

နေ့စဉ် နဲ့ အမျှ ဆုံတွေ့ လုပ်ကိုင် နေရသူ များနဲ့ ရန်သဘော ဆောင်တဲ့ အနေအထား မျိုး ကြုံရတတ်ပါတယ်။ ဒီနေရာမှာ- လင်မယားချင်း ရန်ဖြစ် တာ အပါအ၀င် ပါပဲ။

ယခု- စနေဂြိုဟ် ဗြိစ္ဆာ ရာသီ ရောက် ကာလ အတွင်း- ကောဇာ စန်း- လည်း ဗြိစ္ဆာ (သို့မဟုတ်) သိဟ် ရောက်ခိုက် နဲ့ ကြုံတဲ့ ကာလတွေမှာ- တစ်နည်း အားဖြင့်လည်း- တရားရုံး- အမှု အခင်း ကိစ္စ- များ ပေါ်ပေါက် တတ်ပါတယ်။
မိမိ အိမ်ကို သူများ ကို ငှားထားသူများ- အိမ်ငှား ကို အိမ်ပေါ်က ဆင်းခိုင်း လို့ မရတာမျိုး- စပေါ် - စရံ ကိစ္စ ပြဿနာ တတ်တာမျိုး ကြုံရတတ်ပါတယ်။

မိမိရဲ့ လက်အောက်ငယ်သား များ နဲ့ လည်း သဘောထား ကွဲလွဲ ခြင်း- အခက် အခဲ ကြုံရခြင်းများ ဖြစ်နိုင်ပါသေးတယ်။ အထူးသဖြင့်- အိမ်ဖေါ် ရှိသူများ- အခက် ကြုံရတတ် ပါတယ်။ ဒီနေရာမှာ- မိခင် ဖြစ်သူ ဘက်က ဒေါ်ကြီး- ဒေါ်လေး- ဦးကြီး ဦးလေး များ နဲ့ အချေအတင် ငြင်းခုံ ရတာမျိုးလည်း ဖြစ်နိုင် ပါသေးတယ်။

သိဟ်စန်း သများ အနေနဲ့ နောက် တစ်ခု သတိထားရမှာက- ဆီးကျိတ်၊ ဆီးအိမ်- ကျောက်တည် ခြင်း- ဆီးပူလောင်ခြင်း- ကျောက်ကပ် ဝေဒနာ တစ်ခုခု ပေါ်တတ်ခြင်း များလည်းဖြစ်ပါသေးတယ်။
တစ်ခါ တစ်လေ မှာ- ခေါင်းစဉ် တပ်လို့ မရတဲ့- စိုးရိမ် ကြောင့်ကျ မှု- သံသယ ရှိမှု များကြောင့် လည်း ခြောက်ခြား နေတတ်ပါတယ်။
ဒါကြောင့်လည်း- စိတ်တိုလွယ် မိတတ် သလို ဖြစ်လာ တတ်လို့- သတိပြုပါ။

တိရစ္ဆာန် တစ်ကောင်ကောင်- အထူးသဖြင့်- ခွေးကိုက် ခံရတာမျိုး ကြုံရတတ်လို့- ဒါကိုလည်း သတိပြုသင့်ပါတယ်။
မိမိ အိမ်ကို ပြုပြင်ဘို့- ဖြစ်စေ- ဆေးဝါး စားရိတ် ဖြစ်စေ- ပညာရေး ကိစ္စ အတွက် ဖြစ်စေ- ငွေချေး ရတတ်ပါတယ်။

ဒါပေမယ့် သိဟ်စန်း သမား များ အတွက်- ဒီကာလ အတွင်း ကောင်းတာ တစ်ချက်က- ရုတ်တစ်ရက် ရာထူး တက်နိုင်ခြင်း- အလုပ်ရှာယင်လည်း- အိမ်နဲ့ မဝေးတဲ့ အလုပ် ရနိုင်ခြင်း တို့ ဖြစ်ပါတယ်။

ရေကူးတတ်သူပဲ ဖြစ်ဖြစ်- ရေမကူးတတ် သူပဲ ဖြစ်ဖြစ်- ရေနဲ့ ဝေးဝေး နေနိုင်ယင် အကောင်းဆုံးပါပဲ။
အိမ်ထောင်ပြုဘို့ ကြံစည် ထားသူများ အဘို့ ဖူးစာရှင် ဟာ ပညာရေး ၀န်ထမ်း ဖြစ်နေတတ် ပါတယ်။

ဗြိစ္ဆာစန်း
နက္ခတ် သမား အချို့ စိုးရိမ်တဲ့- sadesathi  သတ္တသတ္တိ ကာလ- ရောက်ပါတယ်။ ဒီနေရာမှာ- အလယ်မှာ- ၂-နှစ် ခွဲ- ဘယ်ညာ ရာသီ ၂-ခု စီမှာ ၂-နှစ်ခွဲ ရယ် ဆိုတော့- စုစုပေါင်း- ၇-နှစ် ခွဲ လို့ ဆိုရပါမယ်။

ပညာရှင် အများစု အဆိုအရ- ကောဇာ စနေ - မူလ စန်းကို ဖြတ်ခြင်းဟာ အင်မတန် ဆိုးပါတယ်။ (ဒီနေရာမှာ- မြန်မာနိုင်ငံ အလံတင် အလံချ ဇာတာ ၄း၂၀ အရ- မြန်မာ အနေနဲ့ ဗြိစ္ဆာ လဂ် ဖြစ်ပါတယ်။)

ဒါပေမယ့်- ကောဇာ ကြာသပတေး ဟာ ၂၀၁၅ နှစ်လယ်ပိုင်း မှာ- ကရကဋ် ရာသီ (တစ်နည်း အားဖြင့်- ဗြိစ္ဆာ ရဲ့ ၉-တန့် ဘာဝ) ကို ရောက်လာပြီး- ဥုစ် အနေနဲ့ ဗြိစ္ဆာ ကို ကူညီ ပေးမှာ မှာမို့- သိပ်အဆိုးကြီး မဟုတ်ပါဘူး လို့ ပြောရပါမယ်။

ကောင်းတဲ့ အချက် တွေ အနေနဲ့ ပြောရယင်- အရေးပါသူ တစ်စုံ တစ်ယောက် ရဲ့ ယုံကြည် အားကိုး ခံရပြီး- ဦးဆောင် ရတဲ့ အလုပ် အနေအထား ကို ရတတ်ပါတယ်။

ဗြိစ္ဆာစန်း နိုင်ငံရေး သမား များ- အထူးသဖြင့်- လူထု ထောက်ခံမှု ကြောင့် တိုးတက် လာသူများ ဟာ- ပိုပြီး- ထင်ရှား လာတတ်ပါတယ်။ သို့သော်- လိုချင်တာ ရဘို့တော့- ဒီအနေအထားက- မလွယ်လှပါ။

ဗြိစ္ဆာစန်း  ပိုင်ရှင် များ အနေနဲ့- မြေ-ယာအိုးအိမ် ၀ယ်ယူ ဖြစ်ပြီး- ဆောက်လုပ် ရေး လုပ်ငန်း လုပ်ယင်- အဆင်ပြေပါတယ်။

သို့သော်လည်း- အရှုပ်တော်ပုံထဲ ရောက်မှန်း မသိ ရောက်သွား တတ်ပါသေးတယ်။

အသုဘ ဈာပန ကိစ္စ အချို့မှာ- ၀င်ကူညီ ပေးရတတ်ပါတယ်။ 

ဘာပဲပြောပြော- ဒီကာလ မှာ- အိမ်ထောင်ပြုမယ် ဆိုယင်တော့- နှောင့်နှေး သွားတတ်ပါတယ်။

နဂိုက အ၀လွန်လို့- ၀ိတ်လျှော့ဘိုး ကြိုးစား နေသူများ- ဒီကာလ မှာတော့- ၀ိတ်လျှော့ ပြိုင်ပွဲဝင်ယင်- ဆုတစ်ခု ရမှာ သေချာ သလောက်ပါပဲ။

(ဆက်လက် တင်ပြပေးပါမယ်)
ချမ်းမြေ့ပါစေ
နျူမာန် (မိုးတား)

[+/-] show/hide this post

No comments:

Post a Comment