Saturday, September 13, 2014

ဓမ္မစေတီ ခေါင်းလောင်း ပဟေဠိ နှင့် ခေတ်သစ် နည်းပညာ။

မနေ့ကပင်- ခေါင်းလောင်း ကြီး ဆယ်နိုင်မည် ဟု သတ်မှတ် ထားသော - ရက်ကို ရောက်ရှိခဲ့ပြီ ဖြစ်သော်လည်း- ဓမ္မစေတီ ခေါင်းလောင်း နှင့် ပတ်သက် သူများ- အသံမထွက်ပဲ- ဟိုတစ်ခု ဒီတစ်ခု သတင်းများသာ ကြားနေရပါသည်။

ကျွန်တော့် အနေဖြင့်- အခြား မည်သည့် မှတ်ချက်မျှ မပြုလိုသော်လည်း- ခေါင်းလောင်း၏ အရွယ် အစား- အတိုင်း အတာ နှင့် အလေးချိန် မှန်ကန် မှု ရှိမရှိ ကိုတော့- အင်ဂျင်နီယာ တစ်ဦး အဖြစ် အသုံးပြုနေရသည့် Solidworks Software ဖြင့် အလွယ် တကူ တွက်ချက် ဖေါ်ထုတ် နိုင်ပါသည်။

ထို့ကြောင့်- အ၀- ရှစ်တောင်၊ အစောက် ၁၂-တောင် ရှိသော- အဆိုပါ ခေါင်းလောင်းသည် ကြေးစဉ် ပိဿာချိန် တစ်သိန်း ရှစ်သောင်း- တစ်နည်း အားဖြင့်- တန်ချိန် ၂၉၄ တန်ရှိသော ခေါင်းလောင်း ရှိနိုင်မည် လားဟု ပုံထုတ် တွက်ချက် လိုက်ပါသည်။

ပထမ ဦးစွာ-
မြန်မာ အတိုင်းအတာ- အားဖြင့်- အ၀ ရှစ်တောင် ဆိုသော ကြောင့်-
၈-တောင် ကို- တစ်တောင်လျှင် ၁၈-လက္မ ဖြင့် မြှောက်ပါက- ၁၄၄ လက္မ။ တစ်နည်း အားဖြင့်- ၃၆၅၇ မီလီမီတာ
၁၂-တောင် ကို- တစ်တောင်လျှင် ၁၈-လက္မ ဖြင့် မြှောက်ပါက- ၂၁၆ လက္မ။ တစ်နည်း အားဖြင့်- ၅၄၈၆ မီလီမီတာ
ရှိပါသည်။

ထို့အပြင်- ခေါင်းလောင်း တစ်ခု ၏ အလေးချိန်သည် ပုံသဏ္ဍာန် အနေအထား တွင်လည်း မူတည်သောကြောင့်- ၄င်းအနေအထားသည် အ၀ကျယ်သော မင်းကွန်း ခေါင်းလောင်း ပုံမျိုး မဟုတ်ပဲ- ဓမ္မစေတီမင်း လှူဒါန်း ခဲ့သော ကလျာဏီ သိမ်တော်ရှိ ခေါင်းလောင်း နှင့် အချိုး သဏ္ဍာန် တူမည် ဟု ယူဆ ရပါသည်။

ကျွန်တော့် အနေဖြင့်- မိမိတွက်ချက်မှု မှန်မမှန် ကို- မင်းကွန်း ခေါင်းလောင်း ဖြင့်လည်း ပြန်လည် ချိန်ကိုက် ကြည့်ပါသည်။

မင်းကွန်းခေါင်းလောင်းကို လေ့လာပါအံ့-

၎င်းသည်- အ၀ အကျယ်အားဖြင့်- ၁၆ပေ-၃ လက္မ။ အစောက် အားဖြင့်- ၁၂ ပေ ရှိလေရာ- မီလီ မီတာ အတိုင်းအတာ အားဖြင့်- အ၀ အားဖြင့် ၄၉၅၃ မီလီမီတာ (၁၉၅ လက္မ) ။ အစောက်အားဖြင့်- ၃၆၅၇ မီလီ မီတာ (၁၄၄ လက္မ) ရှိ၏။

မမင်းဖြူ မှန်မှန် ပြော- ၅၅၅၅၅ ပိဿာချိန် ကို ကီလို ဂရမ် ဖွဲ့ပါက- ၉၁၆၆၆ ကီလို၊ တစ်နည်းဖြင့်- ၉၁-တန် ရှိဖြစ်၏။
အောက်တွင် ဖေါ်ပြထားသော ပုံကို လေ့လာလိုက်ပါ။ 

အနီးစပ်ဆုံး အချိုးပုံစံ အားဖြင့်- အထူကို ၁၀ လက္မ ဖြင့် တွက်ချက်သော်- အလေးချိန် အားဖြင့် တန် ၉၀ ကျော်ရှိကြောင်းကို ပြဆို နေပါ၏။


ဓမ္မစေတီ ခေါင်းလောင်း ကို အနေဖြင့်- ပုံသဏ္ဍာန် အချိုးအားဖြင့်- အ၀ကျဉ်းသော ခေါင်းလောင်း ဖြစ်ရာ- ကလျာဏီ ခေါင်းလောင်း ဖြင့် အချိုးနီးစပ် ပါလိမ့်မည်။ အောက်တွင် ဖေါ်ပြထားသည် မှာ ကလျာဏီ ခေါင်းလောင်း ဖြစ်၏။

ထို့ကြောင့်- အ၀- ရှစ်တောင်၊ အစောက် ၁၂-တောင် ရှိသော- ဓမ္မစေတီ ခေါင်းလောင်း ကို အထူအားဖြင့်- ၃၁၂ မီလီမီတာ- (၁၂ လက္မ ခန့်) ဖြင့် ပေး၍ တွက်ကြည့် သော အခါ- အလေးချိန် အားဖြင့်- ၁၃၇-တန် ဖြစ်ကြောင်း ပြ၏။



တန်ချိန် ၂၉၄ တန်ဖြင့် လွန်စွာမှပင်- ကွာဝေး လှသဖြင့်- ခေါင်းလောင်း အထူကို တစ်တောင်  ၄၅၇ မီလီမီတာ- (၁၈ လက္မ) ဖြင့် ပေး၍ တွက်ကြည့် သော အခါ- အလေးချိန် အားဖြင့်- ၁၇၄-တန် ဖြစ်ကြောင်း ပြ၏။


Engineering Data အသေးစိတ်များကို အလွယ်ပင် မြင်နိုင်ပါ၏။ သို့သော်လည်း- အ၀ ၈-တောင် ရှိသော ခေါင်းလောင်းတွင်- အထူ တစ်တောင် ပေးခြင်း သည်ကား လွန်စွာ မဖြစ်တန်ချေ ပင် ဖြစ်၏။

သို့သော် လည်း ၄င်းသည်ပင်- ၂၉၄ တန် နှင့် များစွာ ကွာဝေး နေသည် ဖြစ်ပေရာ- ကြေးစဉ် တစ်သိန်း ရှစ်သောင်း- ဆိုသည် မှာ- မှတ်တမ်း တစ်စုံ တစ်ရာ အမှားအယွင်း ကြောင့် ပင် ဖြစ်မည် ဟုပင် ဆိုခြင် ပါတော့သည်။

နျူမာန် (မိုးတား)




[+/-] show/hide this post

No comments:

Post a Comment