Friday, August 8, 2014

လျှို.၀ှက်ချက် တို. သခင် ကွန်ဖူးဘုရင် (၃)

(မှတ်ချက်။ ယခင်ပြီးခဲ့သော အပိုင်း (၁) နှင့် (၂) ကို တင်ပြီးချိန်တွင် - ယခု စာအုပ်ပါ အချက်အလက် အပြည့် အစုံ တို့ကို Digital Sarpay မှ စာအုပ် အနေဖြင့် စတင် ထုတ်ဝေ လိုက်ပြီ ဖြစ်ပါသည်။ http://www.digitalsarpay.com/BruceLee တွင် ၀င်ရောက် ၀ယ်ယူ ဖတ်ရှု နိုင်မည် ဖြစ်ကြောင်း စာဖတ်သူ တို့ အား အသိပေးလိုပါသည်။ စာအုပ် ကြော်ငြာခြင်း မဟုတ်ပါ။ ဤစာအုပ် ရောင်းရ ငွေသည် လည်း- စာရေးသူ အနေဖြင့်- နက္ခတ် ဗေဒင် လုပ်ငန်းမှ ရရှိသော အခြားသော ၀င်ငွေများ သို့ပင်- ကွက်လပ်ဖြည့် လုပ်ငန်းများ ၏ လိုအပ်သော နေရာများသို့ လှူဒါန်း မည်သာ ဖြစ်ပါသည်။ ၀ယ်ယူရန် အဆင်မပြေသူများ အနေဖြင့်မူ- ယခု မိုးတား ဆိုက်မှ ဆောင်းပါး အခန်းဆက် အနေဖြင့်- စောင့်မျှော် ဖတ်နိုင်မည် ဖြစ်သော်လည်း- စာအုပ် အနေဖြင့် မူ- အကြောင်း အရာ ပိုမို စုံလင်စွာ - တစ်ထိုင်တည်း ဖတ်နိုင်ပါလိမ့်မည်။

စာရှုသူများကို အထူးသတိပြုစေချင်သော အချက်မှာ- ဘရုစ်လီ သေဆုံးချိန်မှ- အနှစ် ၂၀ အထိ- ဘရုစ်လီ နှင့် အနီးစပ်ဆုံး လူများသည်- ဘရုစ်လီ ကို အကြောင်းပြု၍- ဘရုစ်လီ၏ အမှောင်ဘက် အခြမ်းကို လုံးဝ မပြောပဲ- လူအများ စိတ်ဝင်စားနိုင်သည့် အပိုင်းများကို ရွေးချယ်၊ ချဲ့ကား သည့် နေရာများတွင် ချဲ့ကား ဖေါ်ပြခြင်းဖြင့်- အကြီးအကျယ် ၀င်ငွေ ကောင်းခဲ့ကြရာတွင်- အခြား ဘာအလုပ်မျှ လုပ်စားစရာ မလိုပဲ- နှစ်ပေါင်းများစွာ ချမ်းသာ သည့် အဆင့်ပင် ဖြစ်ပါသည်။ ထို့ကြောင့် များစွာသော သူတို့ သိရှိထားသော ဘရုစ်လီ အကြောင်းတို့သည် မပြည့်စုံ နိုင်သည် သာမက- မှားယွင်းသော အချက်များ များစွာပင် ပါဝင်နေပါသည်။ ယခု ဆောင်းပါး၊ စာအုပ် တို့တွင်- သင်တို့ သိထားသော ဘရုစ်လီ ၏ အကောင်းဘက်ခြမ်း၊ အဆိုးဘက်ခြမ်း ကို 
မည်သည့် နေရာများနှင့် မတူ ဖေါ်ပြထားခြင်းကို- သတိပြုတွေ့နိုင်ပါလိမ့်မည်။)  

ဘရုစ်လီအနေဖြင့် ဘာကြောင့် ကွန်ဖူးပညာအသစ်ကို တီထွင်ခဲ့ရသလဲ၊
၁၉၆၀- နှစ်လယ်ခုနှစ်များတွင် ဘရုစ်လီ၏ ကွန်ဖူးပညာကျွမ်းကျင်မှုကို အများမှသိရှိ လာသော်ငြားလည်း၊ ၄င်းကိုယ်တိုင်မှာမူ သူ၏ သိုင်းကွက်နှင့် တိုက်ခိုက်ပုံ များကို ကျေနပ်ခဲ့ခြင်း မရှိပါချေ။ သူ.အနေဖြင့် ပို၍ တိကျသော ထိရောက်သော စနစ်ကို လိုချင်သည်။ ရန်သူကို အမြန်ဆုံး ပွဲသိမ်းပစ် လိုသည်။ ရန်သူက မိမိကို တိုက်ခိုက်ချိန်တွင် လမ်းတ၀က်မှ တွင် ဖြတ်တိုက်ပစ်လိုသောနည်းကို လိုလားသည်။ 

ပထမဦးစွာ ဘရုစ်သည် ၀ီလျံချွန်၏ လမ်းပေါ်မှ ရန်ပွဲများကို တိုက်ခိုက် ခြင်းကို စိတ်ဝင်စားခဲ့သည်။ ထို.နောက်တွင်တော့ ကိုယ်ခံပညာ၏ အနှစ်သာရ များကို ဆရာယစ်ပ်မန်ထံမှ ရရှိခဲ့သည်။ ထိုကာလသည် ဘရုစ်အား ကိုယ်ခံပညာ၏ ဒဿနပိုင်းဆိုင်ရာ မျိုးစေ့ချပေးခဲ့သည် ကာလပင်ဖြစ်သည်။

တနေ.တွင် ဘရုစ်နှင့် သူ၏ အမေရိကန်သူငယ်ချင်းဖြစ်သူ ဒန် အိနိုစန်တို တို.ကားကို အတူတူမောင်းနေယင်း ဒါးသိုင်းပညာ အကြောင်းကို ဆွေးနွေး ဖြစ်ကြသည်။ ဘရုစ်ကပြောသည်မှာ အထိရောက်ဆုံးနည်းစနစ်သည် ရန်သူက တိုက်ခိုက်လိုက်သည့် အချိန်တွင် ရန်သူ၏ တိုက်ခိုက်မှုကို ကာကွယ် ရှောင်ရှားခြင်းနှင့် တိုက်ခိုက်ခြင်းကို တပြိုင်တည်း ပြုလုပ်ရန် ဖြစ်သည်။ ရန်သူ၏ တိုက်ခိုက်မှုကို ကြားဖြတ်တိုက်ခိုက်ခြင်း ဖြစ်၍ ဘရုစ်က ဤစနစ်ကို “ကြားဖြတ်လက်သီးစနစ်” ဟုအမည်ပေးခဲ့သည်။ ထိုအခါ အိနိုစန်တိုက တရုပ်လိုဆိုယင် ဘယ်လိုခေါ်ကြမလဲ ဟုမေးသောအခါ ဘရုစ်က “ဂျိကွမ်ဒို” လို.ခေါ်ကြတာ ပေါ့” ဟု ပြောခဲ့ခြင်း ဖြင့် ကွန်ဖူးပညာ နည်းစနစ်တစ်ခု စတင်ပေါ်ပေါက်လာခဲ့ ပါတော့သည်။

ဂျိကွမ်ဒို၏ အခြေခံကျသော အချက်မှာ မိမိ၏ ကိုယ်တွင်းမှ အလိုအလျောက်တုံ.ပြန်နိုင်သော စွမ်းရည်များကို ရန်သူအား အလဲထိုးနိုင်သော ပွဲသိမ်းတိုက်ကွက် အဖြစ်သို. ပြောင်းလဲမြှင့်တင်ပစ်ရန် ဖြစ်သည်။ ထိုအဆင့်ကို ရောက်ရှိရန်အတွက် မိမိ၏ ၀ိညာဉ် စွမ်းရည်၊ နာမ်စွမ်းရည် ကို ယူသုံးတတ်ရန်လိုအပ်သည်။ ဘရုစ်ပြောခဲ့သော စကားတစ်ခုရှိပါသည်။ ထိုစကားမှာ “တကယ်လို. ဘုရားသခင်သာ လောကမှာ ရှိမယ်ဆိုယင်၊ သူဟာ ကိုယ့်ကိုယ် ထဲမှာပဲ ဖြစ်တယ်။” 

ဘရုစ်က ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်နှင့် နာမ်ပိုင်းဆိုင်ရာ စွမ်းရည်တို.ပေါင်းစပ်ကာ ထူးစွမ်းသော စွမ်းရည်ထူးဖြစ်စေသည် ဆိုသည်ကို ပြင်းထန်စွာ ယုံကြည်ထားသည်။ ထိုအချက်သည် အသျှင် ဗောဓိဓမ္မ သင်ကြားခဲ့သော ကွန်ဖူးပညာရပ်တွင် ရုပ်နှင့်နာမ်တို.၏ တွဲဖက်တတ်သော သဘောကို ထောက်ခံသည်။ အနောက်တိုင်းမှ လက်ခံယူဆထားကြသော ရုပ်၊စိတ်ကုထုံး “Body-Mind Threapy” စနစ်တို.နှင့်လည်း ကိုက်ညီမှု ရှိသည်။ 

ဘရုစ်၏ ယူဆချက်အရ သင်တန်းသား တစ်ယေက်သည် ကိုယ်ခံပညာကို လေ့လာသင်ကြားရာ၌ အဆင့် (၃) ဆင့်ကို ဖြတ်သန်းရသည်။ 

ပထမ အဆင့် တွင် သင်တန်းသားသည် တိုက်ခိုက်ခြင်း၏ သဘောတရားကို နားလည်မှု မရှိသေးပဲ ၄င်း၏ တိုက်ခိုက်ချက်များမှာလည်း ထင်ရာမြင်ရာ တိုက်ခိုက် ချက်များသာ ဖြစ်သည်။ ဆိုလိုသည်မှာ မိမိ၏ တိုက်ခိုက်မှုကို မိမိကိုယ်တိုင် ထိမ်းသိမ်းနိုင်စွမ်းမရှိသေးပါ။ ဒုတိယ အဆင့်တွင် သင်တန်းသား အနေဖြင့် ထိုးနှက်ခြင်း၊ ကန်ကျောက်ခြင်း၊ ကာကွယ်ခြင်း နည်းစနစ်များစွာကို လေ့လာပြီးနောက် ၄င်း၏ လှုပ်ရှားမှုနှင့် အသက်ရှူခြင်းတို.ကို နဂိုပထမ အဆင့် ကနှင့် မတူပဲ ပြောင်းလဲလုပ်ဆောင်ရမည်ဆိုသော အချက်ကို မြင်တွေ. သွားသည်။ ရန်သူနှင့် တိုက်ခိုက်ချိန်၊ သို.မဟုတ် လေ့ကျင့်ချိန်များတွင် “Psychic Stoppage” ခေါ် ၀ိညာဉ်ဓါတ် ရပ်တန်.ခြင်း ဖြစ်ရပ် ကို ဖြစ်ပေါ်လာတတ်သည်။ ထိုဖြစ်ရပ်၏ သဘောမှာ အင်မတန်တိုတောင်းသော ကာလလေး တစ်ခုတွင် မိမိ၏ ပါတ်ဝန်းကျင်တွင် မည်သို.ဖြစ်နေပြီး၊ ယင်းတို.ကို မည်သို. တုံ.ပြန်ရန် အလိုအလျောက် ၄င်း၏ လှုပ်ရှားမှုအသိစိတ်တို.ကို ရပ်တန်. လိုက်သော ဖြစ်ရပ်ဖြစ်သည်။ 

နောက်ဆုံးအဆင့်သို. ရောက်ရှိသွားသော အခါတွင် ဖြစ်ရပ်အားလုံးပေါင်းစပ်၍ အကောင်းဆုံးသော တုန်.ပြန်မှုကို အလိုအလျောက်ရရှိသွားသည်။ မိမိ၏ လေ့ကျင့်ထားမှုများနှင့် စစ်မှန်သောနည်းစနစ်ကို ပေါင်းစပ် အသုံးချသော အဆင့်ဖြစ်သည်။ ထိုအချက်သည် သင်တန်းသား၏ အာရုံကြောစနစ် Nervous System တွင် ရှူပ်ထွေးသော Bio-electrical Circuit ခေါ် ဇီဝ လျှပ်စီးပါတ် လမ်းကြောင်း တစ်ခု ဖြစ်ကာ မည်သို.တိုက်ခိုက်ရမည်ကို စဉ်းစား၍ မရသေးခင် အကောင်းဆုံးသော တုန်.ပြန်မှုကို အလိုအလျောက် ပြုလုပ် သွားခြင်း ဖြစ်သည်။ 

တိုက်ခိုက်မှု ကျွမ်းကျင်မှု အဆင့်သည် ရန်သူ၏ အနေအထားအပြောင်းအလဲ၊ ကြားဖြတ် ဟာကွက်ကလေးများ၊ သတိကင်းလွတ်မှုများ ကို ထိုးထွင်း သိရှိလာ ပြီး မည့်သို.တုန်.ပြန်ရမည်ကိုပါ အလိုလိုခံစားနိုင်သော အဆင့်ဖြစ်သည်။ အဆုံးစွန်အားဖြင့် ရန်သူ၏ အာရုံကို မိမိက ကိုင်တွယ် မထိမ်းသိမ်းသေးခင် ရန်သူ၏ ခန္ဓာကိုယ်ကို နည်းစနစ်အားဖြင့်ထိမ်းသိမ်းထားလိုက် သော ဗျူဟာဖြစ်သည်။ မိမိကိုယ်တိုင်၏ အခြေအနေကိုပင် မသိသေးခင် ရန်သူအပေါ်မည်သို.လွှမ်းမိုးနိုင်မည်နည်း၊ ဤအချက်သည် ဂျီကွမ်ဒို ၏ အနှစ်သာရ ဖြစ်သည်။
လေ့ကျင့်မှုများစွာနှင့် အတွေ.အကြုံများပေါ်မူတည်၍ ရန်သူအား သတ်နိုင်သည့် သတ်ကွက်များကို မသိစိတ်က အလိုအလျောက် ၀င်ရောက် တာဝန် ယူလာသည်။ ဘရုစ်လီ၏ ရည်ရွယ်ချက်သည် ၄င်း၏ သင်တန်းသားများအား ရုပ်ပိုင်း၊ ခံစားမှုပိုင်း၊ စိတ်ဓါတ်ပိုင်းတို.ကို အလိုအလျောက် အချိုးကျစွာ ပေါင်းစပ်၍ မိမိ၏ ၀ိညာဉ်ဓါတ်မှ စီးဆင်းတိုက်ခိုက်နိုင်စေခြင်း အထိ ပညာပေးရန် ရည်ရွယ်သည်။ အလွယ်တကူ တိုတိုဆိုရပါလျှင် ရန်သူအား တိုက်ခိုက်ခြင်းသည် မိမိထံသို.သူများမှ ပစ်လိုက်သော ဘောလုံးကို လွယ်လင့်တကူ ဖမ်းသကဲ့သို. သဘာဝအလျောက် တိုက်ခိုက် နိုင်သော အဆင့်သို.ရောက်ရှိစေချင်သည်။ ထိုအဆင့်တွင် သိုင်းပညာရှင်သည် မည်သည့်အရာကိုမျှ မိမိက အင်အားစိုက်ပြုလုပ်ခြင်း မရှိပဲ၊ ရှင်းလင်း တိကျစွာ စီးဆင်း တိုက်ခိုက်နိုင်သော အဆင့်ဖြစ်သည်။

ဟောလိဝုဒ် သို. ပထမခြေလှမ်း။
ဘရုစ်လီ၏ ဘခင်သည် ၁၉၆၅-ခုနှစ် ၊ ဖေဖေါ်ဝါရီ ၈-ရက်တွင် ဟောင်ကောင် တွင် ဆုံးပါး ခဲ့သည်။ ဘရုစ်သည် အမေရိကန်မှ ဟောင်ကောင်သို. လေယာဉ်ဖြင့် အမြန်ဆုံး သွားရောက်ခဲ့သည်။ ဘခင်၏ ခေါင်းကို တွယ်ဘက်လျှက် တစ်သက်တာ အောင့်အည်းထားခဲ့ရသော ခံစားမှုတို.ကို အော်ဟစ်ငိုယို ပြီ်း ရင်ဖွင့် ခံစားရင်းဖြင့် ဘခင်၏ နောက်ဆုံးခရီးကို နှုတ်ဆက်ခဲ့ရသည်။ 

အထက်တွင် ဖေါ်ပြခဲ့သည့်အတိုင်း ၁၉၆၄-ခုနှစ် သြဂုတ်လတွင် လောင်းဘိခ်ျတွင် ကျင်းပခဲ့သော ကရာတေး စွမ်းရည်ပြပွဲတွင် ဘရုစ်၏ စွမ်းရည် ပြသမှု သည် ဘရုစ်လီ၏ သူ.ဘ၀အား တစ်ဆစ်ချိုး ပြောင်းလဲစေခဲ့သည်။ 

ထို.ကြောင့်လည်း ၁၉၆၆-ခုနှစ် ဇွန်လတွင် စတင်ရိုက်ကူးသော The Green Hornet ရုပ်ရှင်ကားတွင် ဘရုစ်အား ထည့်သွင်းရန်အတွက် တီဗွီဇတ်လမ်း ထုတ်လုပ်သူ ၀ီလျံ ဒိုဇီယာအား ဆုံးဖြတ်စေခဲ့သည်။ ရုပ်ရှင်ဇတ်လမ်းမှာ ၁၉၅၀-နှစ်များတွင် ရေဒီယို နာမည်ကြီး ဇတ်လမ်း တွဲကို အခြေခံ၍ အဓိက ဇတ်လိုက်မှာ ဗန်ဝီလျံ ဖြစ်သည်။ ဘရုစ်သည် ဇတ်လိုက်၏ လူယုံတော် သိုင်းပညာကျွမ်းကျင်သူ “ကာတို” အဖြစ် သရုပ်ဆောင်ခဲ့ရသည်။
ဘရုစ်အား ရုပ်ရှင်လောကတွင် လူသိခွင့် ရလာသည် မှန်သော်လည်း ကိုယ်ခံပညာရှင် လောကတွင်မူ ၁၉၆၇-ခုနှစ်အထိ လူသိနည်းနေပါသေးသည်။ ထိုစဉ်က တိုက်ခိုက်ရေး ကိုယ်ခံလောကတွင် နာမည်ကြီးသူများမှာ- ကမ္ဘာ့ဟဲဗီးဝိတ် ကရာတေး ချန်ပီယန် ဂျိုးလူးဝစ် (လက်ဝှေ.ချန်ပီယန် လူမည်း ဂျိုးလူးဝစ် မဟုတ်ပါ။၊) ကရာတေးချန်ပီယန် ချက်နောရစ်၊ နှင့် မိုက်စတုန်း တို. ဖြစ်ကြသည်။ ထိုသူတို.အနက် ဂျိုးလူးဝစ် မှာ ဘရုစ်နှင့် အတော်ပင် တွဲ ခဲ့သည်။

ထိုနှစ်ပိုင်း ကာလများတွင် ကြိုးဝိုင်းပွဲများ၌ ဂျိုးလူးဝစ်ထက်ပို၍ ကြောက်စရာကောင်းသူ ဟူ၍ မရှိခဲ့ပေ။ အင်မတန်မြန်ဆန် ပြင်းထန်သော လက်သီးများ ကြောင့် သာမက ကြမ်းတမ်း ပေါက်ကွဲတတ်သော စိတ်ဓါတ်ကြောင့်လည်း ဖြစ်သည်။ တစ်ခါက ၄င်း၏ ပြိုင်ဘက်ဖြစ်သူအား တစ်စစီ ဆွဲဖြဲပစ်မည် ပြုသဖြင့် အက်ဒ်ပါကာ ကိုယ်တိုင် ၀င်ဆွဲခဲ့ရဘူးသည်။

ဂျိုးလူဝစ်နှင့် တွဲဘက်ခဲ့ခြင်းကြောင့် ဘရုစ်လီ မှာ လူအများ၏ အသိအမှတ်ပြုခြင်း ခံလာခဲ့ရသည်။ ယခုတော့ ချန်ပီယန်များသည် သူ.တပည့်များ ဖြစ်နေခြင်းဖြင့် ဘရုစ်သည် ထင်ရှားလာသည် မှန်သော်လည်း အသက် ၂၀-ကျော်လူငယ် တစ်ယောက် အဖြစ်သာ ရှိသေးသော သူ.အား ဆရာကြီး တစ်ယောက် အဖြစ် ကွန်ဖူးပညာရှင်လောကမှ အသိအမှတ်ပြုရန်မှာမူ ၀ါစဉ်အားဖြင့် မဖြစ်နိုင်ပါ။ ထိုအချက်သည် ဘရုစ်အား မခံချိမခံသာ ဒေါသ ထွက်စေခဲ့သည်။ 

The Green Hornet ရုပ်ရှင်ကား စတင်လွှင့်ထုတ်ပြီး မကြာခင်မှ စ၍ ဘရုစ်မှာ ရုပ်မြင်သံကြား မင်းသားဖြစ်လာခြင်းကြောင့် သိုင်းပညာ မဂ္ဂဇင်းတို.မှ ၄င်းအား အင်တာဗျူး များစွာ တွေ.ဆုံခဲ့သည်။ ထိုအင်တာဗျူးများတွင် ဘရုစ်သည် သူ.၏ ဒေါသကို ထုတ်ဖော်ခဲ့သည်။ ကိုယ်ခံပညာ လောကတွင် မိမိကိုယ်မိမိ နာမည်ကြီး အောင် လုပ်နေကြပြီး အမှန်တကယ်အားဖြင့် အရည်အချင်းမရှိသူ ဆရာများ အလွန်ပေါများသည်ဟု အင်တာဗျူးတွင် ထုတ်ဖော် စွပ်စွဲခဲ့သည်။ အထူးသဖြင့် နာမည်ကြီး သိုင်းဆရာများအား လုံးဝ အတုအယောင်ပညာရှင်များသာ ဖြစ်သည်ဟု အမည်နှင့် တကွ ဗြောင် စွပ်စွဲခဲ့သည်။ ၁၈-ရာစုမတိုင်မီ ကာလများက ပင် ကိုယ်ခံပညာရှင်များအား အလေးအစားဆက်ဆံထားခဲ့သော အနေအထားတွင် မိမိ၏ ခံစားချက် အတိုင်း အားလုံးကို သိမ်းကြုံး၍ ဗြောင် အရှက်ခွဲသော ကိစ္စသည် တရားလွန်သည်ဟု အများက ယူဆခဲ့ ကြသည်။
အမေရိကနှင့် အာရှရှိ ကိုယ်ခံပညာလောကမှ ဂုဏ်သရေရှိ သိုင်းဆရာတို.အနေဖြင့် လွန်စွာ ဒေါသထွက်ခဲ့ရပြီး ဘရုစ်အား အသက်ငယ်ငယ်နှင့် အပြောကြီးသူ၊ အများတကာအား ရိုသေရကောင်းမှန်းမသိသူ ဟူ၍ တုန်.့ပြန်ခဲ့သည်။ ဘရုစ်သည် ၄င်းတို.အားလုံးအား “လက်တွေ.သက်သေပြစမ်းပါ” ဟု ပွင့်ပွင့် လင်းလင်း စိမ်ခေါ် ခဲ့သည်။ ကိုယ်ခံပညာရှင်တစ်ဦးအား နာမည်တပ်၍ ၄င်းရှေ. လက်တကမ်းသို.သွားကာ “ကျွန်တော့်ကို ထိအောင် ချကြည့်စမ်းပါ”ဟု ပြောခဲ့သည်။ 

ယုံနိုင်စရာမရှိစွာပင် မည်သူကမှ လက်တွေ. မစမ်းခဲ့ပါ။ တကယ်တော့ ကိုယ်ခံပညာလောကရှိ ပညာရှင် အားလုံးအား ထိုအချိန်က အရှက်ခွဲခဲ့ ခြင်း ဖြစ်သော် လည်း မည်သူကမှ ဘရုစ်လီ၏ ပါးစပ်အား မပိတ်နိုင်ခဲ့ပါချေ။
အခြားခြားသော ထူးခြားချက်တို.မှာ- ကန်.သတ်မှု မရှိသော ပြိုင်ပွဲများအတွက် ဘရုစ်သည် သူ.၏ သိုင်းပညာအား ပြင်ဆင်ထားခဲ့ပြီး၊ အရေးပါသော သော့ချက် များတွင် အားနည်းချက်တို.ကို ဖြည့်စွက်၍ ဟာကွက်မရှိစေရန် လုပ်ဆောင်ခဲ့သည်။ 

ဘရုစ်သည် ဟာကွက်ကို ဖွင့်ပေးခြင်းနှင့် ပိတ်ခြင်း၊ ပညာရပ်တို. ၏ စပ်ကြား လစ်ဟာ ချက်တို.ကို ဆက်စပ်ပစ်လိုက်ခြင်း တို.တွင် အလွန်ကျွမ်းကျင်သည်။ ပြိုင်ဘက်နှင့် သူ၏ အကြားအကွာအဝေးကို အလွန်လျင်မြန်စွာ ညှိယူသွားတတ်ပြီးနောက် မြွေဟောက်ပေါက်သည်ထက် ပိုမြန်သော တိုက်ခိုက်မှု ဖြင့် ရန်သူအား တိုက်ခိုက်နိုင်သည်။ 

ထပ်မံ၍ လည်း ဘရုတ်ကင်း ရစ်သမ် (broken-rhythm) နည်းစနစ်ကို အလွန်ကျွမ်းကျင်ကြောင်း ဘရုစ်အား အနောက်တိုင်း ဒါးခုတ် ပညာ Fencing ကို သင်ပေးခဲ့သူ နာမည်ကျော် ဆရာ ကက်စတယ်လို မှ ပြောခဲ့သည်။ ဘရုတ်ကင်း ရစ်သမ် (broken-rhythm) နည်းစနစ်သည် မိမိ၏ အစွမ်းဖြင့် ရန်သူအား ဒါးကွန်ယက် အုပ်ထားပြီးနောက်- ၄င်းကွန်ယက်ကို ရုတ်တစ်ရက် ဖြတ်တောက်ပြီး ရန်သူ၏ ပုံမှန်တုန်.ပြန်နေသော သဘာဝ ရစ်သမ် (rhythm) ကို ချိုးဖေါက် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ အထူးသဖြင့် ရန်သူထက် နှေးကွေးစွာ လှုပ်ရှားနေလျက်မှ ရုတ်တစ်ရက် မြန်ဆန်စွာ တိုက်ခိုက် လိုက်နိုင်ခြင်း ဖြစ်သည်။ ရန်သူသည် မည်သို.တုန်.ပြန်ရမည်ကို မသိတော့ပဲ အကြီးအကျယ် ဒုက္ခရောက်သွားတတ်သည်။

ထိုမျှတင်မကပါ- ဘရုစ်သည် အနောက်တိုင်းလက်ဝှေ.ကို လွန်စွာကျွမ်းကျင်သည်။ မည်မျှကျွမ်းကျင်သည်နည်း ဆိုသော် သူသာ အကယ်၍ လက်ဝှေ. ကြိုးဝိုင်းထဲ ၀င်ခဲ့မည် ဆိုလျှင်၊သူ.၏ ၀ိတ်တန်းတွင်သာ မက နောက်တစ်ဆင့် ၀ိတ်တန်းတွင်ပါ မည်သူ.ကို မဆို အနိုင်ရမည်ဟု အားလုံးက နားလည် ထားကြ သည်။ ဘရုစ်သည် ပညာရပ်တို.ကြားတွင် ကွာဟနေသော အက်ကြောင်းများကို ဆက်စပ်ပစ်လိုက်သဖြင့် အားလုံးသော သူ၏ ယှဉ်ပြိုင်ဘက်များမှာ- ဘာလုပ် ရမည်မှန်း မသိတော့ပေ။

အလှမ်းကွာသော တိုက်ခိုက်မှုများနှင့် ပါတ်သက်၍ လည်း ဘရုစ်သည် သူ၏ ရန်သူအား မြင်းကန်သကဲ့သို. ပြင်းထန်သော အင်အားရှိသည့် ခြေကန်ချက် များကို ရန်သူ၏ ခြေဖျားမှ ဦးခေါင်းဆီသို. အလွန်လျင်မြန်စွာ ဆက်တိုက် ကန်ထည့်လိုက်နိုင်သည်။ 

သူသည် ရန်သူ၏ ညို.သကျည်းသို.အလွန်တိကျ လျင်မြန်စွာ ကန်ထည့်လိုက်ပြီးနောက် လက်ဝှေ.သမားများကဲ့သို ဖြောင့်လက်သီးကို ပြင်းထန် မြန်ဆန်စွာ ထိုးချ လိုက်နိုင်သည်။ ရန်သူအား စိတ်လှုပ်ရှားထွေပြားစေရန် စွမ်းဆောင်ထားယုံမျှ မက ရန်သူသည် ရှေ.ခြေကို မကန်ရဲ၊ ရှေ.မတက်ရဲသော အနေအထားသို. ရောက်ရှိ သွားသည်။ 

ဤ အချက်များထက်ပိုသော ဘရုစ်၏ အကောင်းဆုံး အရည်အချင်း တစ်ခုမှာ ရန်သူ၏ အားနည်းချက်အား ချက်ချင်း သိမြင်နားလည်ခြင်းပင် ဖြစ်သည်။ 

ဘရုစ်အနေဖြင့် လော့စ် အင်ဂျလိစ်သို . ပြောင်းရွေ.ပြီး မကြာမီတွင် - သူ၏ နောက်ထပ် သင်တန်းခွဲကို အက်ဒ်ပါကာ ၏ သင်တန်းမှ ခါးပါတ်အညို၊ ခါးပတ်နက် သင်တန်းသား တို.ဖြင့် အစပြုခဲ့သည်။ အက်ဒ်ပါကာ၏ အဆင့်မြင့် သင်တန်းသားတို.သည် ကင်ပိုသိုင်းဆရာကြီး အက်ဒ်ပါကာ၏ နည်းစနစ်တို.ဖြင့် သိပ် အံမကိုက် တော့ချေ။

အက်ဒ် ပါကာ၏ ကင်ပိုသိုင်းပညာမှ ချို.ယွင်းချက်ပြဿနာတို.ကို ဘရုစ်က အလွယ်ပင် ထောက်ပြခဲ့သည်။

  • (၁) ကင်ပို ပညာရှင်၏ ခြင်္သေ့ထိုင် ခေါ်သော နည်းစနစ်အား ရန်သူမှ ရှေ.သို. ဆက်ကနဲ ရွှေ.လာပြီး ရှေ.ခြေကို နင်းထား၊ ချုပ်ထားကာ ဖြောင့်လက်သီးဖြင့် ဖြင့် တိုက်ခိုက် လာနိုင်ခြင်း။ လမ်းပေါ်တွင် ရန်ဖြစ်တတ်သည့် မည့်သူကို မဆို ဤကင်ပိုနည်းကို သုံး၍ မရကြောင်း ဘရုစ်က ထောက်ပြသည်။
  • (၂) ကင်ပိုပညာ တွင် တည်ငြိမ်စွာ ရပ်တည်ရမည် ဆိုသော နည်းစနစ်ရှိသော်လည်း ဘရုစ်၏ နည်းမှာ အခြေချ ညိမ်နေသော နည်းမဟုတ်။ အမြဲရွှေ.ပြောင်းကာ ရန်သူအား လှည့်စား နေသည်။ 
  • (၃) ကင်ပိုပညာသည် ရန်သူအား စက်ဝိုင်း အပြင်ဘက် ဘေးမှ ပန်းတိုက်သော နည်းကို လေ့ကျင့်ပေးသည်။ ဘရုစ်သည် ရန်သူနှင့် မိမိအကြားမှ အလယ်မျဉ်းကို အရယူတိုက်ခိုက်သည်။ စစ်တုရင်သမားများ၊ ဘတ်စကက်ဘောသမားများသည် လည်း အလယ်မျဉ်းကို စီးနင်းထားခြင်းဖြင့် အနိုင်ရသည်။ သင်မည်သို.ပင် ရပ်တည်နေပါစေ၊ ဘရုစ်သည် သူ.ကိုယ်သူ ရွှေ.ပြောင်း လှုပ်ရှားနေခြင်းဖြင့် သင်နှင့် သူ.အကြားတွင် မျဉ်းဖြောင့်ကို ဖန်တီးလိုက်သည်။ 


သူကိုယ်သူ လိုသလို စက်ဝိုင်း၏ အပြင်ဘက်ကို ထွက်သွားနိုင်သလို အနီးကပ်သွားပါကလည်း မျက်စိမှိတ်ထားလျှက်ပင် ကျွမ်းကျင်သော ချီစောင် လက်သိုင်းဖြင့် လွယ်လင့်တကူ တိုက်ခိုက်နိုင်သည်။ 
သို.သော်လည်း အက်ဒ်ပါကာ ၏ သင်တန်းသား တို.သည် ဘရုစ်ထံတွင် သင်ပြီး နောက်ဆုံး အက်ဒ်ပါကာ ထံသို.ပြန်ရောက်လာသည်။

အကြောင်းမှာကား-  အက်ဒ်ပါကာ ပြောခဲ့သော အချက် ဖြစ်သည့် ဘရုစ်လီ၏ နည်းသည် ဘရုစ်လီတစ်ဦးတည်း အတွက်သာ အကောင်းဆုံးဖြစ်နိုင်ပြီး၊ အခြားသော သိုင်းပညာရှင်များ အဖို. ဘရုစ်ကဲ့သို. လိုက်လုပ်ပါက ဒုက္ခရောက်နိုင်သော နည်းဖြစ်သည် ဆိုသည့် အချက်မှာ မှန်ကန်နေသော ကြောင့် ဖြစ်သည်။ (ကမ္ဘာကျော် လက်ဝှေ.ချန်ပီယန် မိုဟာမက် အလီသည် လက်အောက်ချထိုးသော နည်းကို သုံးသည်။ သို.သော်လည်း ၄င်းကဲ့သို. လိုက်လုပ်သူများ အကြီးအကျယ် ဒုက္ခများသွားသည်ကို လက်ဝှေ.နားလည်သူများ သိပါသည်။ စကားချပ်)

၁၉၆၆-ခုနှစ် နွေရာသီတွင် ဘရုပ်စ်သည် ဇနီးဖြစ်သူ လင်ဒါ၊ နှင့် တနှစ်သား အရွယ်ဖြစ်နေသော ဘရန်ဒွန်လီတို.ကို ခေါ်ယူလျှက်၊ အုက်ကလန်မြို.မှနေ၍ လော့စ်အင်ဂျလိစ် (အနောက်) မြို.သို.ပြောင်းရွှေ.လာခဲ့သည်။ သူတို.သည် Barrington Plaza ဘာရန်တန် ပလာဇာခေါ်သော အထပ်မြင့် အိမ်ယာတွင် နေခဲ့ကြပြီး ၄င်းအိမ်ယာစခန်း၏ ပိုင်ရှင်ဖြစ်သူ ဒွန်ကန်း မှာ ဘရုစ်၏ တပည့် လည်း ဖြစ်သည်။ 

ဘရုစ်လီ၏ ရည်ရွယ်ချက်နှင့် ရုပ်ရှင်လောက ခရီး။

ဘရုစ်လီ၏ ကိုယ်ပိုင် စာကြည့်တိုက်တွင် စာအုပ်ပေါင်း ၂၀၀၀-နီးနီး ရှိသည်။ ထိုစာအုပ်များအနက် မှ စာအုပ်တစ်အုပ်ကို မူ လွန်စွာ တန်ဘိုးထားလျှက် ပုံမှန် ဖတ်လေ့ ရှိသည်။ ထိုစာအုပ်သည် စာရေးဆရာ နပိုလျံ ဟီးလ်၏ Think and Grow Rich စာအုပ် ဖြစ်သည်။ မြန်မာပြည်တွင် ဘာသာပြန်ထားသော စာအုပ် ရှိပါသည်။ ဘရုစ်အား သူ၏ တပည့် တစ်ဦး ဖြစ်သူ ဒွန်ကန်းမှ လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ ဤစာအုပ်ပါ နည်းစနစ် သဘောတရားအား လိုက်နာမည် ဆိုပါက ဘရုစ်လီအနေဖြင့် မိမိအလိုရှိသော အောင်မြင်မှု များ ရနိုင်ကြောင်း မိမိ၏ ကိုယ်တွေ.နှင့် ယှဉ်ကာ ဘရုစ်အား ဖတ်စေရန် ဒွန်ကန်း က ပေးခဲ့ခြင်း ဖြစ်သည်။ စာအုပ်ရပြီး မကြာမီတွင် ဘရုပ်စ်လီသည် မိမိအနေဖြင့် မည်သည့်အရာများကို အလိုရှိ၍၊ မည်သည့်အရာများကို ပြန်လည် ပေးဆပ်မည် ဆိုသည်ကို အောက်ပါအတိုင်း ရေးထားခဲ့သည်။
 “ငါ၊ ဘရုစ်လီသည် အမေရိကန်နိုင်ငံတွင် သရုပ်ဆောင် အခကြေးငွေ အများဆုံးရရှိသော အရှေ.တိုင်း ရုပ်ရှင် မင်းသား ဖြစ်ရမည်။ အပြန်အလှန်အားဖြင့် - အကောင်းဆုံး သော သရုပ်ဆောင်မှုများ၊နှင့် မင်းသားတစ်ယောက်၏ အရည်အချင်းကို  ငါသည် ပေးဆပ်ခြင်း ပြုမည်။ ၁၉၇၀-ခုမှ စ၍ ၁၉၈၀-နှစ်ကုန် အထိ ကမ္ဘာတစ်ခုလုံးတွင် နာမည် ကျော်ကြားခြင်းကို ရရှိစေရမည်။ ငါ့တွင် ပိုင်ဆိုင်မှု ဒေါ်လာ ၁၀-သန်း ရှိရမည်။ ထို.နောက်တွင်တော့ ငါသည် အဇ္ဈတ္တ လိုက်လျောညီထွေမှု နှင့် ပျော်ရွှင် ချမ်းမြေ့ သော ဘ၀ဖြင့် ကျေနပ်စွာ နေထိုင်မည်”
ကံက ဆိုးချင်တော့ - ဘရုစ်လီ ဇတ်ရံအဖြစ် သရုပ်ဆောင်ခဲ့သော The Green Hornet ရုပ်ရှင်ကား၊ အား ၁၉၆၆-၆၇ ရုပ်မြင်သံကြား ရာသီတွင် အတွဲပေါင်း ၂၆-တွဲ ရိုက်ခဲ့ပြီးပါမှ Nielsen ratings ခေါ် ရုပ်ရှင် ဇတ်လမ်းများ ဝေဘန် အမှတ်ပေးသော အဖွဲ.က မညှာမတာ ဝေဘန်ခဲ့သည်။ အကျိုးဆက်အဖြစ် -ဘရုစ်မှာ လွန်စွာ စိတ်ဓါတ်ကျခဲ့ရသည်။ Nielsen ratings သည် ၁၉၂၃-ခုတွင် စတင်ခဲ့၍ နိုင်ငံပေါင်း ၁၀၀-ကျော်မှ လိုက်နာသော မီဒီယာ ဝေဘန်ရေး ဖြစ်သည်။ 

Twentieth Century Fox ရုပ်ရှင်စတူဒီယိုမှ သူ၏ အ၀တ်လဲခန်း တံခါးကို ပိတ်လိုက်ရ အပြီးတွင် တော့ လူအများကို ကွန်ဖူးပညာ သင်တန်းဖွင့်မည့်အစား တစ်နာရီလျှင် -အမေရိကန် ဒေါ်လာ ၂၇၅- ဒေါ်လာ အထိပေးနိုင်သော အထက်တန်းလွှာ များကိုသာ ကွန်ဖူး သီးသန်. သင်ပေးခြင်းကို ဘရုစ်အနေဖြင့် စိတ်မပါ့တပါ ဖြင့် ဆက်လက်ဆောင်ရွက်ခဲ့သည်။ ထိုအထဲတွင် သူ၏ သင်တန်းသားများမှာ- ရုပ်ရှင်နှင့် အားကစားလောကတွင် နာမည်ကြီးများ ဖြစ်သော လီမာဗင်၊ ဂျိမ်း ကော်ဘင်၊ အဲက် ဆွန်းမား၊ ရိုမန် ပိုလန်စကီး၊ ဂျိုး ဟိုင်ယန်.၊ စတိဗ် မက်ကွင်း၊ ဂျိမ်း ဂါနာ၊ ထုတ်လုပ်သူ ၀ိန်းစ်ထရော့်ဘ်၊ ဘက်စကက်ဘော နာမည်ကြီး ကာရင်း အဗ္ဗဒူလ် ဂျက်ဘာ (Game of the Death ရုပ်ရှင်တွင် ပါဝင်သော အရပ်အရှည်ကြီး၊) နှင့် ရုပ်ရှင် ဇတ်ညွှန်း အကယ်ဒမီ ဆုရှင် စတာလင် ဆိလိဖန်. တို. ဖြစ်သည်။ 

ရုပ်ရှင်လောက တို.စ၀င် ၀င်ခြင်း ဘရုစ်အား ဟောလိဝုဒ်ပရိဿတ်မှ အရူးအမူး ဖြစ်ခဲ့သည်။ ထိုကြောင့် ပါတီပွဲများ၊ လူမှုရေးကိစ္စများတွင် ၀င်ပါခဲ့သော်လည်း သူအနေဖြင့် လူအများနှင့် အံမကိုက်ခြင်းကြောင့် သိပ်ကြာကြာနေလေ့မရှိချေ။

သူပြောခဲ့သည်မှာ-
“ဆေးလိပ်မသောက် အရက်မသောက်ဘူးဆိုယင် ဒီပွဲတွေက ဘာမှ အဓိပ္ပါယ် မရှိဘူး၊ အ၀တ်အထူကြီးတွေ ၀တ်ပြီး၊ တစ်ယောက်ကို တစ်ယောက် မြှောက်ပင့် နေကြတဲ့ လောကပါပဲ။ ကျွန်တော် က ကိုယ့်ကိုယ် ကို သိပ်နှိမ့်ချတတ်တဲ့ သူလို. ဆိုလိုတာမဟုတ်ပါဘူး၊ အဲဒီနေရာတွေ သွားမယ့်အစား သူငယ်ချင်း နည်းနည်း နဲ. လက်ဝှေ.အကြောင်း၊ သိုင်းပညာ အကြောင်း၊ ရောက်တတ် ရာရာ ပြောနေရတာကို ကျွန်တော်က ပိုသဘောကျတယ်”
ဘရုစ်အနေဖြင့် ထိုစကားပြောခဲ့သည် မှာ ငြင်းဘွယ် မရှိသော်လည်း- ဘရုစ်နှင့် နီးစပ်သော လူများက ပြန်ပြောပြသည်မှာ-
“ဘရုစ်ဟာ စကားပြောလျှင် လောကြီးသလောက်၊ လုံးဝ လည်း မနားတမ်းပြောတယ်၊ ပြောနေကျ အကြောင်းကလည်း သူနဲ. ကွန်ဖူး အကြောင်းချည်း ပါပဲ”
ထိုစရိုက် များကြောင့် ဘရုစ်၏ သစ္စာရှိ သူငယ်ချင်းများနှင့် တပည့်များ အကြားတွင် ပေါင်းသင်းဆက်ဆံ ရေး ပြဿနာ များ ရှိခဲ့သည်။ 

The Green Hornet ရုပ်ရှင်ကားတွင် သူနှင့် အလုပ်တွဲလုပ်ခဲ့သူ ပီတာချင် က ပြန်ပြောပြသည်မှာ- “ဘရုစ်က အနားလာတဲ့ သူတွေကို သူ.ကြွက်သားတွေက ဘယ်လို ဆိုတာပြတယ်၊ သူဘယ်လောက်သန်မာ တယ်ဆိုတာ ပြောတယ်၊ ဒါကြောင့် လည်း သူလည်း ထွက်သွားရော၊ အခြားသူတွေက - အလိုဘုရားရေ-ဒီလူက ပေါက်တတ်ကရ တွေပြောပါလား၊ တော်တော် လေကျယ်တဲ့သူပဲ၊ စသဖြင့် ပြောကြတယ်”

ဘရုစ်အနေဖြင့် The Green Hornet ဇတ်လမ်း ဆက်မရိုက်ဖြစ်သည့် နောက်ပိုင်းတွင် ၁၈-ရာစုနှစ်က အမေရိကတိုက် အနောက်အလယ်ပိုင်းတွင် ခရီးလှည့် ခဲ့သော ရှောင်လင် ဘုန်းတော်ကြီး အနေဖြင့် သူ.ကိုယ်သူ အဓိက သရုပ်ဆောင် နေရာတွင် သရုပ်ဆောင်ရန် အကြံရခဲ့သည်။ ဟောလိဝုဒ် ၏ Warner Brothers ၀ါးနား ဘရားသားတွင် လည်းထိုသို.သော အကြံရှိသည် ဟု ဘရုစ်က ကြားခဲ့သည်။ ထိုကြောင့် ထုတ်လုပ်သူ ဖရက် ၀ိန်းစ်ထရော့်ဘ်၊ နှင့် လပေါင်း အတော်ကြာ ဆွေးနွေးပြီး နောက်တွင် တော့ ၊ ထိုဇတ်ကားကို ရိုက်ရန် အတွက် ဇတ်လိုက်နေရာတွင် ဒေးဗစ် ကာရာဒင်းကို သုံးမည်ဟု ဘရုစ်အား ပြော ခဲ့သည်။ ၀ါးနားဘရားသား၊ အေဘီစီ ရုပ်မြင်သံကြား၊ တစ်ခုက မှ ဘရုစ်အား ဇတ်လိုက်တင်ရိုက်ရန် စိတ်ကူးမရှိခဲ့ကြချေ၊ 

၎င်းတို. က ဘရုစ်ကို ဇတ်လိုက်မတင်လိုခြင်း မှာ အောက်ပါ အကြောင်း (၄) ချက်ကြောင့် ဖြစ်သည်။

  • (၁) သူ.အနေဖြင့် အရပ်အလွန်ပုသည်။ (အနောက်တိုင်း စံဖြင့်)
  • (၂) သူသည် တရုပ်လူမျိုး ဖြစ်နေသည်။ (ထိုစဉ်က အနောက်တိုင်းတွင် တရုပ်လူမျိုးတို.အားအထင်သေးယုံမက- ဂျပန်တို.နှင့်အတူ သဘောထားကာ မုန်းတီး ခဲ့ကြ သေးသည်။)
  • (၃) သူသည် ရုပ်ရှင်လောက တွင် အတွေ.အကြုံမရှိ၊ (ဟောလိဝုဒ် စံဖြင့်)
  • (၄) သူ.အနေဖြင့် ပရိဿတ်အား  ကြာရှည်ထိမ်းထားနိုင်ရန် နာမည်ကြီးမှု မရှိသေး၊

ဘရုစ်အနေဖြင့် အနောက်တိုင်းသားများ လွှမ်းမိုးထားသော နိုင်ငံတကာ အနုပညာ ရုပ်ရှင် လောကတွင် အာရှသား တစ်ယောက် ၏ အခြေအနေ ကို သိပင် သိသော် ငြားလည်း၊ ယခုကဲ့သို. ပက်ပက်စက်စက် ကန်ချလိုက်သော အခါ မျှော်လင့်များ ပျက်ပြယ်၍ မည်မျှ စိတ်ဓါတ်ကျသွားရမည်ဆိုသည်ကို စဉ်းစား နားလည် နိုင် ပါသည်။ 

နောက်ဆုံးတော့ အဆိုးထဲမှ အကောင်းဆုံးဖြစ်ရန် ကြိုးစားမည်ဟု ရည်ရွယ်ကာ သူအနေဖြင့် သိုင်းပညာခန်း၊ ဖိုက်တင်ခန်း များတွင် တွဲဘက် သရုပ်ဆောင် အဖြစ် ၀င်ပါခွင့် ရရန် ကြိုးစားရပြန်သည်။ သူ၏ ရည်ရွယ်ချက် အောင်မြင်ရန်အတွက် ရုပ်ရှင်တွင် ဇတ်လိုက်အဖြစ် သရုပ်ဆောင်နိုင်မည့် နာမည်ကြီး မင်းသားများ ဖြစ်သော စတိဗ် မက်ကွင်းနှင့် ဇတ်ညွှန်းရေးသူ စတာလင် စိလိဖန်. တို.ထံမှ အကူအညီရရန် လိုအပ်သည်။ 

ဖြစ်နိုင်စရာ အလားအလာ ကို တွေးမိပြီး ဘရုစ်အနေဖြင့် အားရ၀မ်းသာ ဖြင့် စတာလင် ဆိလိဖန်နှင့် မက်ကွင်းတို.ထံသို.သွားပြီး မက်ကွင်းကို ဇတ်လိုက် အဖြစ် သရုပ်ဆောင်ခိုင်း၊ သူက တွဲဘက်မင်းသား လုပ်မည့် အကြောင်း ပြောပြသည်။ သို.သော်လည်း မက်ကွင်း ကပြောပြသည်မှာ ဘရုစ်လီအား နာမည်ကြီး လာအောင် စင်ပေါ်တင်ပေးရမည် မှာ သူ. အလုပ် မဟုတ်။ ပြီးတော့ ရုပ်ရှင်လောကတွင် ဘာမှ မဟုတ်သေးသော သူတစ်ယောက်ကို သူ.အနေဖြင့် ပခုံးထမ်းခေါ်မတင်နိုင်ကြောင်း ခပ်အေးအေးပင် ပြော လိုက်သည်။ ဘရုစ်အနေဖြင့် မျှော်လင့်ချက်တို. ပျောက်ဆုံးသွားပြန်သည်။ လွန်စွာ မှလည်း ဒေါသထွက်သွားသည်။ နန်းတော်သဖွယ် ခမ်းနားသော မက်ကွင်း၏ အိမ်မှ စတာလင်နှင့် အတူ ပြန်အထွက်လာတွင် ခြံဝင်းအတွင်း မြက်ခင်းပြင် ၌် ခဏရပ်၊ လက်သီးဆုပ်ပြီး တစ်နေ.တွင် မက်ကွင်းထက် ပိုသာ သော ရုပ်ရှင် မင်းသား ဖြစ်ရမည်ဟု ဒေါသတကြီး ကြုံးဝါးခဲ့သည်။ 

စိတ်မလျှော့သေးပဲ အခြားသော သူ၏ တပည့်ဖြစ်သူ ရုပ်ရှင်မင်းသား ဂျိမ်းကော်ဘန် ထံသို.သွားသည်။ ကော်ဘန်ကို ဇတ်လိုက် နေရာတွင် ထားမည် ဖြစ်သော်လည်း ဘရုစ်အနေဖြင့် သိုင်းပညာရှင် ဇတ်ဆောင် အဖြစ် ၅-နေရာတွင် ပါဝင်မည် ဖြစ်သည်။ ဤ အခြေအနေကို ကြည့်လျှင် ဘာကြောင့် မက်ကွင်း ငြင်းပယ် လိုက်သည်ကို သိနိုင်ပါသည်။ ကော်ဘန်က စိတ်ဝင်စား ပါသည်ဟု ဆိုခြင်းကြောင့် နောက်ဆုံးမတော့ ဇတ်ညွှန်း ကို စတာလင် ဆီလိဖန်. အနေဖြင့် စတင် ရေးပါတော့သည်။ ဇတ်လမ်း နာမည်ကို တော့ The Silent Flute ဟု အမည်ပေးလိုက်ကြသည်။ 
ထိုကာလ အတွင်း ၁၉၆၉-ခုတွင် ဘရုစ်အား စန်တာ မော်နီကာ တွင် ရှိသော စိန်.ဂျွန် ဆေးရုံသို. တင်၍ ဖွံ.ဖြိုးမှု မရှိသော ဝှေးစေ့ကို ဖယ်ထုတ်ရန် အတွက် ခွဲစိတ်ကုသ သည်။ တစ်ဆက်တည်း တွင် hernia ခေါ် အူကျခြင်း အတွက် ကိုလည်း ပြင်ဆင်မှု ပြုလုပ်ခဲ့ ရသည်။ 

ဤကာလ ဖြစ်ပြီး တစ်နှစ်အကြာ ၁၉၇၀-ခုနှစ် တွင်တော့ အများသိထားကြသည့် ခါးနာဝေဒနာ အတွက် ဆေးရုံတက်ခဲ့ရပါသည်။ သူ.အထုပ္ပတ္တိကို ရေးသူ အများစုက မနက်စောစော အားကစား လုပ်ယင်း၊ (အချို.က ၀ိတ်မ လေ့ကျင့်ခန်းလုပ်ယင်း) ခါးနာရောဂါစလာသည် ဟု ဆိုကြသော်လည်း ၁၉၇၀-ခုနှစ် စက်တင်ဘာလတွင် ဘရုစ်လီအား စစ်ဆေးခဲ့သော ဒေါက်တာ လိုင်းရင်းနယ် ၀ယ်လ်ပင် Dr. Lionel Walpin ၏ အဆိုအရ ခါးနာခြင်းနှင့် ကြွက်သားများ အကြောဆွဲခြင်း တို.မှာ ၁၉၇၀-ဇွန်လတွင် လိင်ဆက်ဆံနေချိန်တွင် စတင်ဖြစ်ခဲ့သည်ဟု ဆိုပါသည်။ 

တကိုယ်လုံး ကျန်းမာရေး စစ်ဆေးခြင်းနှင့် ကျောရိုး ဓါတ်မှန် ရိုက်ခြင်းတို. ကို ပြုလုပ်ပြီးနောက် ဒေါက်တာ ၀ယ်လ်ပင် အနေဖြင့် ဘရုစ်တွင် တစုံတစ်ရာ မှားယွင်းနေသည်ဟု ဆုံးဖြတ် ချက်ချခဲ့သည်။ အချိန်တစ်ခု ကြာပြီးနောက် ဒေါက်တာ ပာားဘတ် တန်နေထံသို. ရုပ်ရှင် ဒါရိုက်တာ ဘလိခ် အက်ဒွပ်မှ လွှဲပေးခဲ့သည်။
ဒေါက်တာ တန်နေသည် အက်ဒွပ်နှင့် အတိုင်းအတာ တစ်ခု အားဖြင့် ရင်းနှီးသည်။ သူ. အနေဖြင့် ဘရုစ်၏ ခါးရိုးသို. ကော်တီဇုံးခေါ် ကော်တီ ကော်စတားရွိုက်ဒ် ဟော်မုန်းဆေးကို ထိုးပေးခဲ့သည်။ တကယ်တမ်းအားဖြင့် 

ဘရုစ်လီ၏ အနေအထားမှာ ဓါတ်ခွဲခမ်း စစ်ဆေးမှုများ၊ ဓါတ်မှန် ရိုက်စစ်ဆေးမှုများ အရ ဆိုးရွားသော အခြေအနေတွင် မရှိပါ။ (သို.သော်လည်း ဘရုစ်လီ၏ အထုပ္ပတ္တိ အများစုနှင့် အင်တာနက် စာမျက်နှာများတွင်၊ မူ ဘရုစ်လီအနေဖြင့် ထိုရောဂါကို တစ်သက်တာလုံး ပြင်းထန်စွာ ခံစားနေရခဲ့ သည် ဟု ဆိုထားကြသည်။ ဘရုစ်သည် ဆေးရုံကုတင် ပေါ်တွင် လှဲနေရစဉ် ကာလများတွင်ပင် သူ၏ ဂျီကွန်ဒို ပညာရပ် များကို သူက နှုတ်ဖြင့် ပြော၍ ဇနီးဖြစ်သူ လင်ဒါက လက်ဖြင့် လိုက်ရေး ခဲ့သည် ဟု ဆိုထားကြသည်။ ထိုအဆိုများ ဘာကြောင့် ပေါ်လာ ရသည်။ မည်သည့် ရည်ရွယ်ချက်တို.ဖြင့် မည်သူတို.က စတင်ရေးသား သည်ကို စာဖတ်သူတို.ကိုယ်တိုင် ဆန်းစစ် လေ့လာရန် နောက်အခန်း များတွင် အသေးစိတ် ဖေါ်ပြထားပါသည်။ စကားချပ်)

သို.သော်လည်း မည်သည့် ရောဂါ ဝေဒနာ ဖြစ်သည် ပင်ဖြစ်စေ၊ ထို ဆေးမီးတို နည်းက လက်စသတ် မဖြေရှင်းပေးနိုင်ပါ။ ထို.ကြောင့်လည်း ၁၉၇၀-ခုနှစ် တွင် ဒေါက်တာ တန်နေ မှ ဒေါက်တာ အဲလစ် ဆီလ်ဘားမာန် ဆီသို. လွှဲပေး လိုက်ပြန်သည်။ ထပ်မံ၍ အသေးစိတ် ဓါတ်မှန် ရိုက်မှုများ ပြုလုပ်သည်။ ဒေါက်တာ ဆီလ်ဘားမာန် ၏ တွေ.ရှိချက်မှာ- lumbosacral spine ခေါ် တင်ပါးရှိ ဆီးခုံရိုးအနောက်ပိုင်းနှင့် ဆီးခုံရိုး အနေအထားတို.သည် ပုံမှန် အနေအထား တွင် ရှိသည် ဟု ဖြစ်သည်။ ဘရုစ်အနေဖြင့် ကျေနပ်မှု မရှိသဖြင့် ဒေါက်တာ တန်နေ ဆီသို. ပြန်သွားပြီး ကော်တီးဇုန်း (ဒီပိုမက်ဒရောလ်) ကို ပုံမှန် အတိုင်း ဆက်ထိုး နေခဲ့တော့သည်။

စာဖတ်သူများ သိထားရန် ဖော်ပြလိုသည်မှာ- ကော်တီးဇုန်း (ဒီပိုမက်ဒရောလ်) ပုလင်း၏ အပြင်တွင် မည်သူမဆိုမြင်သာ အောင် ရေးထားသော သတိ ပေးချက် မှာ အောက်ပါ အတိုင်းဖြစ်သည်။ 
“ဒီပို မက်ဒရောလ် နှင့် ကုသခြင်း ဖြင့် သမားရိုးကျ ကုသခြင်းများ လိုအပ်ခြင်း ကို မတားဆီးနိုင်ပါ။ ဤနည်းဖြင့် ကုသခြင်းသည် တိုးတက်သော လက္ခဏာများ မြင်ရကောင်း မြင်ရနိုင်သော်လည်း၊ ဟော်မုန်း သည် ရောဂါ၏ တကယ့် အကြောင်းရင်း အပေါ်တွင် သက်ရောက်မှုမရှိပါ။”
အလွယ်တကူ အားလုံးနားလည်သော စကားနှင့် ပြောရမည် ဆိုပါလျှင်- ကော်တီဇုန်းနှင့် ကုသခြင်းသည် သံချေးများ ရှိနေသော မျက်နှာပြင်အား သံချေးကို ကော်ပတ် မစားပစ်ပဲ ဆေးသုတ်ခြင်း မျှသာ ဖြစ်သည်။ 

ထိုမျှမကသေးပါ- ဆေးထုတ်လုပ် သူများက အောက်ပါ သတိပေးချက်ကို လည်း ရေးထားပါသေးသည်။
“ကော်တီဇုန်းကို အသုံးပြုခြင်းဖြင့် စိတ်ပိုင်း ဆိုင်ရာ ပြောင်းလဲမှု ဝေဒနာများ ပေါ်လာတတ်သည်။ ဥပမာ-၀မ်းသာ ပျော်ရွှင်မှုကို ထိမ်းချုပ်၍ မရခြင်း၊ အိပ်မပျော်ခြင်း၊ စိတ် အပြောင်း အလဲမြန်လာခြင်း၊ စရိုက် ပြောင်းလဲခြင်း၊ စိတ်ကျ ဝေဒနာ ခံစားရခြင်းနှင့် “ဆိုင်ကိုတစ် မန်နီဖက်စ်တေးရှင်း” ခေါ် စိတ်တွင် ထင်မြင် သည်များကို မျက်နှာ ဟန်အမူအရာတို.တွင် ထင်ရှားစွာ ပေါ်ပေါက် လာခြင်းတို.ကြောင့် ပတ်ဝန်းကျင် နှင့် ဆက်ဆံရေးတွင် ပြဿနာများ ရှိနိုင်ခြင်း တို.ကို ဖြစ်စေ တတ်သည်။”
၁၉၇၁-မတ်လတွင်လည်း ဘရုစ်အား ဒေါက်တာ လိုင်ယွန်နယ်လ် ၀ယ်လ်ပင် ထံသို. ထပ်ပို.၍ စစ်ဆေးပြန်ပါသည်။ ဒီတစ်ကြိမ် တွင်လည်း မည်သည့် ထူးထူး ခြားခြား မသင်္ကာစရာ ဝေဒနာကို မတွေ.ရပါ။ ထိုမျှမက ဒေါက်တာ ဒေးဗစ် အိုင်းစတိုင်း ထံတွင် ဓါတ်မှန်စစ်ဆေးပြန်သည်။ အားလုံး သော စစ်ဆေးချက် များ၏ အဖြေက ဘရုစ်၏ ကျောရိုး စပိုင်း (spine) သည် ပုံမှန်သာ ဖြစ်သည်ဟု ဖြစ်သည်။ 

(စာဖတ်သူသည် ဤစာကို မဖတ်ခင်က အခြားသော ဘရုစ်လီ၏ ဘ၀ဖြစ်စဉ်ကို ဖတ်ထားဘူးမိလျှင် ဤနေရာတွင် လွန်စွာ ကွဲလွဲမှု ရှိနေကြောင်းကို တွေ.ရပါလိမ့်မည်။ ဘရုစ်လီ ၏ “ရှင်ခြင်းနှင့် သေခြင်း ဖြေရှင်း၍ မရသော ပြဿနာများ” စာအုပ်ကို ရေးသူ မူရင်းစာရေးသူ တွမ် ဘလက်ကာ သည် - အချက်အလက် သက်သေ အထောက်များကို ရှာဖွေစုဆောင်းခြင်း၊ သက်သေ များနှင့် အင်တာဗျူး လုပ်ခြင်း၊ တို.ဖြင့် ဖြစ်ရပ်မှန်ကို အသေးစိတ် လေ့လာ ခဲ့သည့် အပြင်- ဘရုစ်၏ အကြောင်းကို သူရဲကောင်းတစ်ယောက်သဖွယ် ချယ်မှုန်းခြင်းဖြင့် ၀င်ငွေ ရအောင် ဖန်တီးသော အနေအထားမျိုးတွင် မရှိသလို- ဘရုစ်၏ ဂုဏ်သိက္ခာအား နှိမ့်ချရန်လည်း သူသည် ဘရုစ်၏ တပည့်လည်းဖြစ်၊ သူငယ်ချင်းလည်း ဖြစ်သူ ဖြစ်သည်။ စကားချပ်)

အလွယ်တကူ နားလည်အောင်ဆိုရမည် ဆိုလျှင်- ဘရုစ်လီတွင် လက်ရှိဖြစ်နေသော အနေအထားမှာ - မျက်နှာရှေ.တွင် ယင်တစ်ကောင် တစ်ဝီ၀ီမည်၍ ပျံသန်း နေသည်ကို ခံစားရသည့် အလား နေရထိုင်ရ ကသိကအောက် ဖြစ်နေခြင်း ဖြစ်သည်။ သို.သော်လည်း သူ.အနေဖြင့် လုပ်နေကြ သိုင်းပညာ လေ့ကျင့်မှုများကို အပြင်း အထန် လုပ်နေဆဲပင် ဖြစ်သည်။

ထိုကာလမှာပင်- စတာလင် ဆိလိဖန်.အနေဖြင့် The Silent Flute ရုပ်ရှင်ဇတ်လမ်း ၏ ဇတ်ညွှန်း အချောသတ် ကို ၀ါးနားဘရားသား ရုပ်ရှင် ကုမ္ပဏီသို. တင်လိုက် သည်။ ရုပ်ရှင် ကုမ္ပဏီကလည်း သဘောကျ သဖြင့် ရုပ်ရှင်ဇတ်ကားကို အိန္ဒိယတွင် ရိုက်ကူးရန် သဘောတူလိုက်ကြသည်။ ထို.နောက် တွင်တော့ ဘရုစ်လီ၊ ဂျိမ်းကော်ဘန်၊ စတာလင် ဆိလိဖန်.တို.သည် အိန္ဒိယနှင့် ပါကစ္စတန်တို.တွင် ရုပ်ရှင် ရိုက်ကွင်းရွေးချယ်ရန် အတွက် ထွက်ခွာ ခဲ့ကြသည်။

ခရီးအတူတူ သွား၍ မကြာခင်မှာပင် ဘရုစ်နှင့် ဂျိမ်းကော်ဘန် တို.အကြား ပြဿနာ များ စတင် လာပါတော့သည်။ နေရာ တစ်ခုသို. ရောက်ပြီ ဆိုသည်နှင့် ဘရုစ်သည် သူ၏ ကွန်ဖူးစွမ်းရည် ပြပွဲကို လူအများ ရှေ.တွင် ပြုလုပ် တော့၏။ သို.ဖြင့် လူစုလူဝေး များလာသော အခါ ထိုစဉ်က နာမည်ကြီး ရုပ်ရှင် မင်းသား ဖြစ်နေသော ဂျိမ်းကော်ဘန် အား မှတ်မိသွားကြပြီး၊ ဂျိမ်း ကော်ဘန် ၏ ကိုယ်ပိုင် လွတ်လပ်ခွင့် ပျောက်ဆုံးစေပါတော့သည်။ 

ဤနေရာတွင် ခဏဖြတ်၍ စဉ်းစားကြပါစို.- ဤခရီးစဉ်တွင် ဘရုစ်လီအနေဖြင့် လေထဲတွင် ခုန်ပျံ၍ ဆိုက်ကစ် ကန်ထားသော ဓါတ်ပုံ များစွာကို  ရိုက် ခဲ့သည်။ အများစုသော အထုပ္ပတ္တိများ အဆိုအရ ရာသက်ပန် ခါးနာ ဝေဒနာ ခံစား နေရသော ဘရုစ်သည် ဤသို.ကန်နိုင်မည်လားဆိုသည်ကို ဆင်ခြင် စေလို ပါသည်။

ဘရုစ်နှင့် ကော်ဘန်တို.၏ နောက်ထပ် ပြဿနာတစ်ခု မှာ - ဘရုစ်သည် ပါးစပ်ပိတ်လျှက် သီချင်းညည်း တတ်သော အကျင့်တစ်ခု ရှိသည်။ ၃-ယောက်သား သဲကန္တာရ ကိုဖြတ်၍ နာရီပေါင်း များစွာ ခရီးသွားနေခိုက် ထိုသို. အကြာကြီး ပါးစပ်မှ အသံထွက်နေသော အခါ ကားရှေ.ခုံတွင် ထိုင်နေသော ကော်ဘန် အနေဖြင့် မခံနိုင်တော့သည့် အဆုံး “ကိုယ့် ဆရာရေ- ဘုရားသခင် အလိုတော်နဲ. ခင်ဗျားပါးစပ်လေးကို ပိတ်ထားပေးပါ- ကျွန်တော် နားမခံ နိုင်တော့ဘူး” ဟု ပြောလိုက်သည်။

ဘရုစ်က ဘာမျှ ပြန်မပြောပါ- သို.သော် ကော်ဘန် က ပြောပြီး ရှေ.ကို ပြန်အလှည့်တွင် - ကော်ဘန် ထိုင် သော ကားထိုင်ခုံ ၏ နောက်ကျောအား လက်သီးဖြင့် ထိုးချလိုက်သည်။ ထို အမူအရာသည် မက်ကွင်း အိမ်ရှေ.တွင် လုပ်ခဲ့သည့် အတိုင်းပင် ဖြစ်ပါသည်။

နောက်ထပ် ပြဿနာကတော့- သူတို. သုံးယောက် ဟော်တယ်တွင် တည်းခိုရန် Check-In လုပ်သောအခါတွင် နာမည်ကြီး ရုပ်ရှင်မင်းသား ကော်ဘန်အား ဟော်တယ် ၀န်ထမ်းများက အထူးဂရုစိုက်သည်။ ပိုကောင်းသော အခန်းကို ပေးသည်။ ထိုကိစ္စသည် ဘရုစ်လီအား လွန်စွာ ဒေါသ ထွက်စေ သော ကိစ္စဖြစ်သွား ခဲ့သည်။ ချက်ချင်းပင် စတာလင် ဆိလိဖန်. ထံသို.သွားရောက်၍ - တကယ်တမ်းက သူကသာလျှင် ဤရုပ်ရှင်ဇတ်လမ်း၏ မင်းသား ဖြစ်ပြီး၊ ကော်ဘန်မဟုတ် ဟုပြောသည်။ ထိုမျှမဟုတ်သေး - သူသည်သာလျှင် ကမ္ဘာတွင် အအောင်မြင်ဆုံး ရုပ်ရှင်မင်းသား ဖြစ်ရမည်- ကော်ဘန် ထက်သာရမည် ဟုပြောခဲ့သည်။

(ထိုစဉ်က ဘရုစ်လီ၏ အနေအထားသည် သာမာန် အနေအထား ထက်အနည်းငယ် သာသော အခြေအနေမျှသာ ဖြစ်ပြီး ဂျိမ်း ကော်ဘန်မှာ နိုင်ငံတကာမှ သူ.အား သိနေသော မင်းသား ဖြစ်နေသည်။ တစ်ဖန် ကော်ဘန်သည် ဘရုစ်အား ကူညီရန် အတွက် ဤဇတ်ကားကို ရိုက်ပေးခြင်း ဖြစ်သည်ကို ထောက်ရှုလျှင်၊ မည်သူ လွန်သည်ကို သိနိုင်ပါသည်။)

ထိုဖြစ်ရပ် မှာလည်း ပထမဆုံးအကြိမ်မဟုတ်ပါ။ ယခင် တစ်လအကြာ ကလည်း - ဘရုစ်လီနှင့် ကော်ဘန်သို. ဘီဗာလီ ဟေးလ် ရှိ အကောင်းစား အ၀တ် အစား ဆိုင်သို. သွားရောက်ရာတွင် - ကော်ဘန်က ပိုလို အကျီတစ်ထည်ကို ၀တ်ဆင်ကြည့်နေယင်း သူ.ကားပတ်ကင် မီတာမှာ နည်းနေသည့် အတွက် ဘရုစ်အား မီတာထပ်တိုးပေးပါရန် အကူအညီတောင်းမိရာ- ဘရုစ်က ထိုနေ.တစ်နေလုံး စကားမပြောတော့ပါ။ ထိုမျှမက-ထိုကိစ္စကို စာရင်းရှင်းစရာ ကျန်သေးသည် ဟု ဘရုစ်က အခြားသူများအား ပြောသေးသည်။

လ အတန် ကြာပြီးနောက် သူတို. ပြန်လာကြသည်။ ကော်ဘန် က ဇတ်ကား၏ အနေအထားအရ- ရုပ်ရှင် ကို အိန္ဒိယတွင် ရိုက်ရန် မသင့်တော်ကြောင်း ပြောသည်ကို ဘရုစ်လီက လက်မခံ၊ သူ၏ ကိုယ်ပိုင် ခံစားချက်အတိုင်း ဤဇတ်ကားကို မရ-ရအောင် ရုပ်ရှင် ရိုက်မည်ဟု ဆုံးဖြတ်ထားရာ- ဘာပဲဖြစ်ဖြစ်၊ ဘယ်နေရာပဲ ဖြစ်ဖြစ်၊ သင့်တော်သည် ဖြစ်ဖြစ်၊ မသင့်တော်သည် ဖြစ်ဖြစ်၊ သူ.အနေဖြင့် ဂရုမစိုက်တော့ချေ။ စတာလင် ဆိလိဖန်. ၏ အဆိုအရ- ဘရုစ် အနေဖြင့် ဟောလိဝုဒ်သို. ခြေချနိုင်ရေးအတွက် The Silent Flute ရုပ်ရှင်သည် အဓိက အချက် ဖြစ်နေလေရာ- သူ.အနေဖြင့် မည်သူ.စကားကို မျှ နား မ၀င်ခဲ့ပေ။ ထို.ကြောင့် စိတ်ပျက်သွားသော ကော်ဘန်က သူ.အနေဖြင့် ဤဇတ်ကားကို မရိုက်တော့ ဟုပြောသော အခါ- ၀ါးနားဘရားသား ကလည်း ထိုကိစ္စကို အဆုံးသတ် လိုက်လေ တော့သည်။ 


THE BIG BOSS and FIST OF FURY 
“ရိုးလ် ရွိက်စ် ကားရောက်လာရင်၊ ငါဘာလုပ် ရမလဲဆိုတာ ငါသိနေတယ်။ ကမ်းခြေတစ်လျှေက်က နေ လျှောက်မောင်းခိုင်းရင်း ရိုမန် ပေါ်လန်စကီး နဲ. စတိဗ် မက်ကွင်းကို ကားဖုန်းကနေ ခေါ်လိုက်မယ်။ သူတို.က ငါ့ကို ဘယ်က ဆက်နေတာလဲ မေးရင်၊ ရိုးလ်ရွိက်စ် နောက်ခန်းကနေ ဟောင်ကောင် ဆိပ်ကမ်းကို လျှောက်ကြည့်နေတာ လို.ပြောလိုက်မယ်။” (ဘရုစ်လီ)
၁၉၇၀-မတ်လမှ ၁၉၇၁-ဧပြီလ အတွင်းသည် ဘရုစ်အနေဖြင့် စိတ်ညစ်ရသော ကာလ ဖြစ်သည်။ ထို.ကြောင့် သူ.စားပွဲပေါ်တွင် “ဆက်လျှောက်ပါ”ဟု သူ.ကိုယ်သူ သတိပေးသော စာတမ်း လေးကပ်ထားခဲ့သည်။ ရုပ်ရှင်သရုပ်ဆောင် ခရီးကလည်း ရှေ.ဆက်လို. မရ ဖြစ်နေသည်။ ပိုဆိုးသည်က The Green Hornet ကားကို ရုံတင်လိုက် သည်နှင့် မိမိ၏ ဘ၀တိုးတက်လမ်း သည် ရုပ်ရှင်နှင့် အတူ တာ စ ထွက် ပြီဟု ကိုယ့်ကိုယ်ကို ယုံကြည်မှု လွန်ပြီး ဘဲလ် အဲယား ရှိ Roscamere Drive တွင် ဈေးကြီးသော အိမ်ကို ၀ယ်ထားမိရာ - ယခုအခါ လစဉ် အရစ်ကျ ပေးဘို.ငွေရဘို.ကပင် အခက်အခဲ ရှိနေသည်။ 

အခက်အခဲတို.ကို ဖြေရှင်းနိုင်ရေးအတွက် လင်ဒါ အနေဖြင့် ညဘက်တွင် တယ်လီဖုန်း ဖြေပေးရ သော အလုပ်ကို နာရီစားဖြင့် စတင်လုပ်လာရသည်။ ဇနီးဖြစ်သူ အလုပ်ထွက်လုပ်ရသော အနေအထားသည် ဘရုစ်၏ မာနနှင့် အတ္တကို ထိခိုက်လာသည်။ ထို.ကြောင့်လည်း သူတို. လင်မယားအနေဖြင့် လင်ဒါ တစ်ယောက် အိမ်မှာ မရှိရခြင်းကို အခြားသူများအား ဖြေနိုင်ရန်အတွက် အကြောင်းပြချက်မျိုးစုံကို ဖန်တီးခဲ့ကြရသည်။ 
သောက များနှင့် နပမ်းလုံးယင်း ဖြင့်ပင်၊ ဘရုစ်သည် မိခင်ဖြစ်သူနှင့် ညီမအား အိမ်အသစ်တွင် လာနေရန် ဖိတ်ခေါ်ယင်း၊ ဟောင်ကောင် တရုပ်ကား ရုပ်ရှင် လောကတွင် လည်း နေရာ တစ်ခု ရလိုရငြား၊ ဟောင်ကောင်သို. ခရီးထွက်ခဲ့သည်။ 

ဟောင်ကောင် ကိုင်တက် လေဆိပ်သို. ရောက်ရောက်ချင်းပင်၊ လူများက သူအား လက်ခံတွေ.ဆုံမှုကို ဘရုစ်အနေဖြင့် တအံ့တသြ တွေ.ရှိလိုက်ရသည်။ The Green Hornet ရုပ်ရှင် ဇတ်လမ်းတွဲသည် ဟောင်ကောင်တွင် လူကြိုက် များစွာဖြင့် လ အတန်ကြာ ပြသခဲ့ခြင်း ဖြင့် အမေရိကန်တွင် ညံ့ဖျင်းခဲ့သော သူ၏ ကံကြမ္မာ သည် တစ်ဆစ်ချိုး အပြောင်းအလဲ ဖြစ်သွားတော့၏။ ထို.ကြောင့်လည်း ဘရုစ်လီ ဟောင်ကောင်သို. ရောက်သည်နှင့် တပြိုင်နက် သတင်းထောက် များက အင်တာဗျူးလုပ်ကာ ရေဒီယို၊ ရုပ်မြင်သံကြားတို.တွင် သူ.အား အထူးဧည့်သည် အဖြစ် ဖိတ်ခေါ်ကြပါလေတော့သည်။ ရုတ်တစ်ရက် ဆိုသလိုပင် ဘရုစ်သည် မီးရောင်စုံ ဆလိုက်များကြားသို. ရောက်ရှိခဲ့ပါတော့သည်။ ဒေသခံ ရုပ်မြင်သံကြားတွင် ဘရုစ်က ကွန်ဖူးသရုပ်ပြပွဲ ပြုလုပ် လိုက်ခြင်းက-သူ.ဘ၀အား လုံးဝပြောင်းလဲစေမည့် အဖြစ်သို.ရောက်ရှိခဲ့တော့သည်။

၁၉၇၀-နှစ်ဦးပိုင်း ကာလများတွင် ဟောင်ကောင်ရုပ်ရှင်လောကကို လွှမ်းမိုးထားသူမှာ ဗြိတိန်ဘုရင်မကြီးထံမှ ဆာဘွဲ.ရထားသူ ရမ်ရမ်ရှော ဖြစ်ခဲ့သည်။ ရမ်ရမ်ရှော သည် ရှမ်ဟိုင်းတွင် မွေးဖွား ကြီးပြင်းခဲ့သော်လည်း ၁၉၄၀-နှစ်လွန်များတွင် ဟောင်ကောင်သို. သူ၏ ညီအကိုများနှင့် အတူထွက်ပြေးလာခဲ့ပြီး ၁၉၅၈-ခုနှစ်တွင် အများပိုင်ဖြစ်သော ရှောဘရားသား ရုပ်ရှင်လုပ်ငန်း ကို တည်ထောင်ခဲ့သူ ဖြစ်သည်။

ထိုစဉ်က ၄င်း၏ ကုမ္ပဏီပိုင် ရုပ်ရှင်မြို.သည် အမေရိကန် ရှိ MGM စတူဒီယို နီးပါးကြီးမားသည်။ ထိုမျှမက ရမ်ရမ်သည် အရှေ.တောင်အာရှ နိုင်ငံများတွင် ရုပ်ရှင်ရုံ ပေါင်းများစွာ ပိုင်ဆိုင်ထားသေးသည်။ ဤနည်းဖြင့် အရှေ.အာရှ၏ ရုပ်ရှင်လုပ်ငန်း ၉၀% နီးပါးကို ထိန်းချုပ်ထားသည်။ ထိုစဉ်က ရမ်ရမ်၏ ချမ်းသာ မှုကို ၁၉၇၁- အမေရိကန်ဒေါ်လာ သန်း ၂၀၀-မှ သန်းတစ်ထောင် ခန်.ရှိသည်ဟု တိုင်းတာခဲ့ကြသည်။

ဤသို.ဖြင့် ဟောင်ကောင်တွင် နေထိုင်စဉ်အတွင်း ရှောဘရားသားနှင့် စာချုပ် ချုပ်ဆိုထားသော ငယ်သူငယ်ချင်း ဖြစ်သူ ဆီယူကီလွန် (ယူနီကွန်)  မှ တဆင့်  ရမ်ရမ်ရှော အနေဖြင့် မိမိကို ငှားရမ်းရန် စိတ်ဝင်စားမှု ရှိမရှိ ဘရုစ် မှ စုံစမ်းခဲ့သည်။ ရက်အနည်းငယ် ကြာပြီးနောက် ယူနီကွန်မှ ဘရုစ်အား ဖုန်းခေါ် ခဲ့သည်။ 

ရမ်ရမ်ရှော အနေဖြင့် ဘရုစ်အား ၇-နှစ် စာချုပ်ဖြင့် ရက်သတ္တတစ်ပါတ်လျှင် အမေရိကန် ၇၅-ဒေါ်လာ ပေး၍ ရုပ်ရှင် ရိုက်ရန် စိတ်ဝင်စားကြောင်း ပြောခဲ့သည်။

ထိုခေတ်ကာလ အနေအထားအားဖြင့် အသက်အာမခံ၊ ကျန်းမာရေး အာမခံများ မပါသည့် သရုပ်ဆောင်ခ အနည်းငယ်သာ ပေးရသော နှစ်ရှည် စာချုပ် ဖြင့် သူထံတွင် အလုပ်လုပ်နေသော ရုပ်ရှင် ၀န်ထမ်းပေါင်း များစွာရှိသည်။

ဘရုစ်အနေဖြင့် ထိုကမ်းလှမ်းလာမှုကို ဟားတိုက် ပစ်လိုက်ကာ ရုပ်ရှင် တစ်ကားစာ အတွက် ဟောင်ကောင်ဒေါ်လာ တစ်သောင်း၊ (အမေရိကန် ဒေါ်လာ ၂၁၀၀) ပေးမှ သာ ရိုက်မည် ဖြစ်ပြီး၊  နောက်ပိုင်းတွင် စာချုပ် ဖြင့် ချုပ်ကိုင်ထားမှု မရှိ ဆိုသော အခြေအနေကို ပြန်တောင်းဆိုလိုက်ရာ ရမ်ရမ်က တုန်.ပြန်မှု မရှိသဖြင့် ဘရုစ်သည် ဟောင်ကောင်မှ ပြန်လာခဲ့ရသည်။

ဘရုစ်အနေဖြင့် ဟောင်ကောင်သို. ခရီးသွားနေစဉ် အတွင်း ဇတ်ညွှန်းရေးဆရာ စတာလင် ဆိလိဖန်.သည် ပါရာမောင့် ရုပ်မြင်သံကြား အစီအစဉ် အတွက် Longstreet ဆိုသော ဇတ်လမ်းတွဲ တွင် ဘရုစ်ပါဝင်နိုင်သော ဇတ်ဝင်ခန်းအတွက် ဇတ်ညွှန်းရေးသားခဲ့သည်။ အဓိက ဇတ်လိုက်မှာ ဂျိမ်းစ် ဖရန်စစ်ကပ်စ် James Franciscus ဖြစ်သည်။ 

ဘရုစ်သည် ဟောင်ကောင်မှ ရောက်ရောက်ခြင်း ထိုဇတ်လမ်း၏ ပထမပိုင်းကို ရိုက်ကူးခဲ့သည်။ သို.သော်လည်း ထိုဇတ်ကားသည် ဟောင်ကောင် သို. ဘရုစ် လီ နောက်တစ်ကြိမ် မသွားသေးမီကာလ အထိ ရုံတင် ပြသခြင်း မပြုခဲ့ပါ။

ဟောင်ကောင်ရှိ ရှောဘရားသား နှင့် ပြဿနာ ဖြစ်ပြီး အလုပ်မှ ထွက်လာသည့် ရှန်ဟိုင်းသား တစ်ဦး ဖြစ်သူ ထုတ်လုပ်သူ ရေမွန်ချောင် သည် Golden Harvest Films ဂိုးဒန်းလ် ဟားဗတ်စ် ရုပ်ရှင်လုပ်ငန်းကို တည်ထောင်ခဲ့သည်။ ၁၉၇၁-တွင် စီးပွားပျက်မှုကြောင့် သူ.လုပ်ငန်းအား ပျက်စီးတော့မည် မှာ မကြာတော့ဟု အများက ယူဆထားကြသည်။

ရေမွန်ချောင် အနေဖြင့် ရုပ်မြင်သံကြားတွင် ဘရုစ်ပြသသွားသော ကွန်ဖူး ပြကွက်ကို စိတ်ဝင်စား သဘောကျသွား သည်။ ထို.အပြင် ပြီးခဲ့သော ၂-နှစ်ကာလ အတွင်း ဟောင်ကောင်မှ ထွက်သော သိုင်းရုပ်ရှင်ကားမှန်သမျှကို တစ်ခုမကျန် အကုန်ကြည့်ထားသော ဘရုစ်ကိုလည်း ကျေနပ်၏။ ထို.ကြောင့်လည်း အမေရိကန်တွင် ရှိနေသော ဘရုစ်ထံသို. ဖုန်းခေါ်သော အခါ- ဘရုစ်က “ခင်ဗျားတို. ရိုက်နေကြတာ၊ ဒါအစွမ်းကုန်ပဲလား” ဟု ပြောလိုက် သဖြင့် ပွင့်ပွင့် လင်းလင်း ရှိသော ဘရုစ်ကို သဘောကျ၍ ဒါရိုက်တာ လိုဝေး ၏ ဇနီးဖြစ်သူ လျူလျံဟွား အား ဘရုစ်ထံသို. သွားရောက် ကမ်းလှမ်းမှု ပြုစေခဲ့သည်။

သဘော တူညီမှုက ရှင်းလင်းပါသည်။ ရုပ်ရှင်ကား ၂-ကားကို ဘရုစ်အနေဖြင့် ရိုက်ပေးခြင်းဖြင့် တစ်ကားလျှင် အမေရိကန် ဒေါ်လာ ၇၅၀၀ ရမည် ဖြစ်သည်။ စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၅၀၀၀ အတွက် ဘရုစ်အနေဖြင့် တစ်လလျှင် အမေရိကန် ဒေါ်လာ ၄၀၀၀ ဖြင့် အရစ်ကျ ရရှိမည် ဖြစ်သည်။

ထိုမျှမက- ရုပ်ရှင်ကား အောင်မြင်မှုပေါ်တွင် မူတည်သော အပိုကြေးငွေကိစ္စ (ဟောလိဝုဒ်တွင် အင်မတန်အရေးကြီးသော ကိစ္စ) ကို မှု ခပ်ပေါ့ပေါ့ဖြင့် သဘောတူ ညှိနှိုင်း ခဲ့သည်။
နောက်ထပ် ပြဿနာ တစ်ခု ပေါ်လာပြန်ပါသည်။ စက်တင်ဘာမှ စ၍ ဘရုစ်သည် ဒေါက်တာ ဟာဘတ်တန်နေ ထံသို. အမြဲလာ၍ ကော်တီဇုန်းကို ထိုးနေသူ ဖြစ်ရာ- ယခုအခါ ဘရုစ်အနေဖြင့် ဟောင်ကောင်သွားရမည် ဖြစ်သဖြင့် ဆေးပြတ်မည့် သဘောဖြစ်နေသည်။ ထိုအခါ ဒေါက်တာ တန်နေမှ စွဲလမ်း စေတတ် သော နာကျင်မှု သက်သာစေသည့် ဆေးတစ်မျိုးဖြစ်သည့် Darvon Compound 65 ကို ဆေးညွှန်းရေးပေးခဲ့သည်။
သို.နှင့်ပင် ၁၉၇၁-ခုနှစ်၊ ဇူလိုင်လ ၁၂-ရက်တွင် ဇနီးဖြစ်သူနှင့် ကလေး နှစ်ယောက်အား နှုတ်ဆက်၍ ဘရုစ်သည် ထိုင်းနိုင်ငံ မြောက်ပိုင်း သို.ထွက်လာခဲ့ပြီး ပတ်ချောင် ဆိုသော ကျေးရွာလေးသို. နောက်နေ.တွင် ရောက်ရှိခဲ့လေသည်။

ဟောလိဝုဒ်နှင့် အဆင့်ခြင်း များစွာကွာလှစွာပင် The Big Boss ရုပ်ရှင်ကား ရိုက်ကူးစဉ်အတွင်း နေထိုင်လုပ်ကိုင်ရသည့် အခြေအနေများသည် ဘရုစ်အဖို. လွန်စွာ ဆင်းရဲခဲ့သည်။ ရုပ်ရှင်ကားအတွက် ဘတ်ဂျတ်မှာ လွန်စွာ နည်းပါးသဖြင့် ဇတ်ညွှန်းရေးရန် သီးသန်. စရိတ်မရှိပါချေ၊ စကား ပြောခန်း များကို ကြိုတင်ရေးထားခြင်း မရှိပဲ၊ ရုပ်ရှင် ရိုက်နေစဉ် အတွင်း ဖြစ်သလိုပင် စီစဉ်ခဲ့ရသည်။ ဆက်တင်ခန်း အနေအထား ပတ်ဝန်းကျင်မှာလည်း လွန်စွာ ဆင်းရဲသော ပြည့်တန်ဆာ အိမ်များအနားတွင် ဖြစ်ခဲ့သည်။
နောက် အခြေအနေများက တော့ ခြင်၊ယင်၊ မှတ်၊ ပိုးကောင် မျိုးစုံ က လူ၊ တိရစ္ဆာန်တို.အား ၂၄-နာရီအပြည့် မညှာမတာ နှိပ်စက် နေခဲ့ကြခြင်း ဖြစ်သည်။ 

အချုပ်ဆိုသော် ထိုအခြေအနေများက ဘရုစ်အား နေထိုင်မကောင်းဖြစ်စေခဲ့သည်။ အော်ရလွန်းသဖြင့် လည်း အသံဝင်ခဲ့သည်။ ဖန်ခွက်ဆေးယင်း ဖန်ခွက် ကွဲကာ လက်ရှမိခဲ့သဖြင့် ၁၀-ချက်ချုပ် လိုက်ရသည်။ ခြေခေါက် သွားသည်။ တုတ်ကွေးမိ အဖျားဝင် စသဖြင့် လွန်စွာ ဒုက္ခများခဲ့သည်။

နောက်ထပ် ပြဿနာမှာ ဘရုစ်နှင့် ဒါရိုက်တာ ဖြစ်သူ လိုဝေးတို.၏ ဇတ်လမ်းဖြစ်သည်။ လိုဝေးသည် ရေမွန်ချောင်နှင့် မတွဲခဲ့ခင်က သူကိုယ်တိုင် ရမ်ရမ်ရှော ၏ ရုပ်ရှင်များတွင် ဇတ်ကား ၈၀-ခန်.တွင် ဒါရိုက်တာ လုပ်ခဲ့ဘူးသလို မင်းသား လည်းလုပ်ခဲ့သူ ဖြစ်သည်။ သို.သော်လည်း သူနှင့် ဘရုစ်တို. ကြားတွင် စရိုက်ခြင်း မကိုက်ညီ သည့် ပြဿနာများက နေ.စဉ် ဆိုသလို ဆက်တိုက် ဖြစ်နေခဲ့သည်။ 

သူနေထိုင်ရသော အနေအထားကို ဇနီးဖြစ်သူ လင်ဒါထံသို. စာရေးရာ၌ ဘရုစ်က “အစားအသောက် အရမ်းညံ့တယ်။ အမဲသားလည်း မရှိဘူး၊ ကြက်သားက နည်းနည်း ပဲရတယ်။ ကိုယ့် ဗီတာမင် ဆေးလေးတွေယူလာခဲ့မိလို. တော်သေးတယ်”

ဘရုစ်အနေဖြင့် ကိုယ်အလေးချိန် လွန်စွာ လျော.ကျသွားသည်။ ထိုအခါ ဒါရိုက်တာ လိုဝေးက ဘရုစ်အနေဖြင့် ဆေးဝါးများသုံးစွဲသည်ဟု အများရှေ.တွင် ပြောသည်။ 

ပါတ်ချောင် ရွာလေးတွင် ရုပ်ရှင်ရိုက်နေစဉ်အတွင်း ဘရုစ်ရိုက်ခဲ့သော Longstreet ကို ရုပ်မြင်သံကြားတွင် လွှင့်ရာ အောင်မြင်သဖြင့် ပါရာမောင့် ရုပ်ရှင် လုပ်ငန်းမှ ဘရုစ်အား နောက်ထပ်ဇတ်လမ်း ၃-တွဲ ဆက်ရိုက်ပေးရန်၊ တစ်တွဲလျှင် ဒေါ်လာ ၁၀၀၀ ပေးမည်ဟု ကြေးနန်းရိုက်လိုက်သည်။ ဘရုစ်က ဒေါ်လာ ၂၀၀၀-ရမှ ရိုက်မည်ဟု ပြန်ပြောရာ သဘောတူသွားသည်။ ထိုအချိန်တွင် အခြားသော ရုပ်ရှင်လုပ်ငန်းများကလည်း ကမ်းလှမ်းလာသည်။ ရမ်ရမ်ရှော ကလည်း ရုပ်ရှင်တစ်ကားလျှင် ဟောင်ကောင် ဒေါ်လာ ၂-သိန်းခွဲ (အမေရိကန် ဒေါ်လာ ၃-သောင်း) ပေးမည်ဟု ဆိုလာသည်။ ဘရုစ်က လေးလေး စားစားပင် ငြင်းဆိုလိုက်ရာ- ရမ်ရမ်ရှောထံမှ ဗလာချက်လက်မှတ် ဘရုစ်ထံသို. ပို.ပေးသည်ဟု ဆိုခဲ့သည်။

ရုပ်ရှင် ပြီးကာနီးတွင် - ရေမွန်ချောင်သည် ပတ်ချောင်ရွာလေးသို. လိုက်လာသဖြင့် သူတို.နှစ်ယောက် ဆုံတွေ.ခဲ့ကြသည်။ ဘရုစ်က ရဲရင့်စွာ ပြောခဲ့သည်မှာ-“ကျွန်တော်ဟာ ကမ္ဘာမှာ အတော်ဆုံး တရုပ်မင်းသား ဖြစ်တော့မယ်။ အဲဒီလို လုပ်ယင်းနဲ. ခင်ဗျားလည်း သန်းကြွယ်သူဌေးဖြစ်ပြီး၊ ရုပ်ရှင် လောကမှာ ဘုရင်တစ်ဆူ ဖြစ်စေရမယ်”

The Big Boss ရုပ်ရှင်ကားအတွက် အဓိကကျသော ဓါတ်ပုံများ ရိုက်အပြီး၊ စက်တင်ဘာလ ၁၉၇၁-တွင် ဘရုစ်အနေဖြင့် အမေရိကန်သို. ပြန်ခဲ့သည်။ ရောက် ရောက်ချင်း ဒေါက်တာ ဟာဘန် တန်နေ ထံသို.သွား၍ ကော်တီဇုန်းများ ထိုးခြင်း၊ Darvon ဆေးညွှန်းကို ထပ်ယူခြင်းတို.ကို လုပ်ခဲ့သည်။

စာချုပ်ချုပ်ထားသည့် အတိုင်း Longstreet ကားတွဲအတွက် ဇတ်ဝင်ခန်း ၃-ခန်း ရိုက်အပြီး၊ ဒုတိယ ဇတ်ကားဖြစ်သော Fist of Fury အတွက် အဓိက ဓါတ်ပုံစတင် ရိုက်နေစဉ်အတွင် ဇနီးဖြစ်သူ လင်ဒါနှင့် ကလေးများသည် ဟောင်ကောင်သို. ရောက်လာခဲ့ကြ၏။ သူတို.လေဆိပ်ရောက်လျှင်ရောက်ခြင်း၊ ဘရုစ်၏ ပရိဿတ်များနှင့် သတင်းထောက်များက လေဆိပ်တွင် တပြုံတမကြီး စုဝေး ခဲ့ကြသည်။ ထိုအခိုက်အတန်.သည် လင်ဒါ အနေဖြင့် ခင်ပွန်းသည် ဘရုစ်လီ စူပါစတား တစ်ယောက်ဖြစ်လာခြင်း ၏ ဘ၀အရသာကို စတင်ခံစားရခြင်းပင် ဖြစ်သည်။ 

သူတို.ရောက်ပြီး ရက်အနည်းငယ်တွင် ကောင်းလွန်၏ ၀ါတာလူး ဒေသတွင် ပေ ၅၀၀-အကျယ်ရှိသော အခန်းတွင် နေထိုင်ခဲ့သည်။ ထိုအချိန်တွင် ဘရုစ်နှင့် မွေးစားညီအကို ဖြစ်သူ ၀ူငန်ကလည်း သူတို.နှင့် လာရောက် နေထိုင်ခဲ့သည်။

၁၉၇၁-ကာလတွင် အမေရိကန်တွင် လူမှု ဖူလုံရေး ထောက်ပံ့ငွေနှင့် နေသော မိသားစုများက မှ သူတို.ထက်ပိုကောင်းစွာ နေရသည်ဟု ဆိုရပါမည်။ သူတို.နေထိုင်သော အိမ်တွင် ရေချိုးခန်းသုံး လိုအပ်သော ပစ္စည်းများ၊ အ၀တ်လှန်းစရာ ပစ္စည်းများ မရှိပါ။ ပြုတင်းပေါက်မှ နေ၍ ၀ါးလုံးထိုး လှန်းရပါသည်။ ထို.အပြင် အလွန်မှ ပူအိုက်သော ရာသီဥတု နှင့် မာကျောက်ကစားနေသည့် အသံ တစ်ဒေါက်ဒေါက်ကိုလည်း နေ.ရောညပါ ကြားနေရ သေးသည်။

၁၉၇၁-အောက်တိုဘာတွင် ဟောင်ကောင်သို. ဘရုစ်နှင့် လင်ဒါတို.ရောက်ပြီး မကြာမီ The Big Boss ရုပ်ရှင်ကားကို ရုံတင်ပြသ၏။ ရုပ်ရှင် ပြီးသွား ချိန်တွင် အားလုံး ရုတ်တစ်ရက် ညိမ်သက် သွား၏။ ထို.နောက်တွင်တော့ ပရိဿတ်ကြီးသည် ထခုန်ပြီး “ဘရုစ်လီ ဘယ်မှာလဲ။ ဘယ်မှာလဲ” ဟု ထပြီး အော်ဟစ် ကြပါတော့သည်။ ပရိဿတ် သည် ဘရုစ်လီအား ထိမ်းမနိုင်သိမ်းမရ မကြုံစဖူး အားပေးကြသောကြောင့် ဘရုစ်နှင့် လင်ဒါတို.မှာ စောင့်နေသော ကားထံသို. ရောက်ရန် မနည်းပြန်ခဲ့ကြရသည်။

အမှန်အားဖြင့် The Big Boss ရုပ်ရှင်ကားသည် အမေရိကန်တွင် ဘရုစ်လီ ရိုက်ခဲ့သော ကားနှင့်ယှဉ်သော် များစွာညံ့ဖျင်းပါသည်။ သို.သော် တရုပ်လူမျိုး ပရိဿတ်များ အတွက်မူ- ဇတ်ကွက်ချထားခြင်း ကောင်းမကောင်းသည် လည်းကောင်း၊ အသံသွင်းထားမှု ညံ့ဖျင်း မှုသည် လည်းကောင်း အရေး မကြီးပါ။ ရုံတင်သော ညမှာပင် ထိုကားသည် ၀က်ဝက်ကွဲ အောင်မြင်ခဲ့ပါသည်။ 

The Big Boss ရုပ်ရှင်ကားသည် ပြီးခဲ့သော by Gone with the Wind ဇတ်ကား၊ The Sound of Music ဇတ်ကား၊ The Godfather ဇတ်ကားတို.၏ ၀င်ငွေကို ၁၉-ရက်အတွင်းတွင် ကျော်လွန်သွားခဲ့သည်။ ထိုမှတစ်ဆင့် တရုပ် ရုပ်ရှင်လောက တစ်ခုလုံးကို ကျော်လွန်လျှက် အီတလီနိုင်ငံ ရောမ၊ လက်ဘနွန်နိုင်ငံ ဘေရွတ်၊ အာဂျင်တီးနားနိုင်ငံ ဗြူးနို. အိုင်းယားတို. တွင်ပါ ၀က်ဝက်ကွဲ အောင်မြင်ခဲ့သည်။

Golden Harvest မှ ထုတ်လုပ်သော ဘရုစ်လီ၏ ဒုတိယကားဖြစ်သည့် Fist of Fury သည် စတူဒီယိုတွင် အားလုံးနီးပါး ရိုက်ကူးခဲ့သည်။ တကယ်တမ်းအားဖြင့် နည်းပညာ အဆင့်ရော၊ တီထွင်ဖန်တီး မှု အနေအထားရ ဆိုလျှင်လည်း ဟောလိဝုဒ် အဆင့်ကို မမီပါ။ သို.သော်လည်း ခေတ်စနစ် ကာလ အနေအထား အားဖြင့် ပရိဿတ် တို. ၏ အကြိုက် တရုပ်နှင့် ဂျပန်တို.၏ လူမျိုးရေး ပဋိပက္ခ အနေအထားကို ဖော်ဆောင်ထားသော ဇတ်ကား ဖြစ်သည်။ 
ဘော်ဘီ ဘေကာ သည် ဘရုစ်၏ ရန်သူ ရုရှားလူမျိုး အဖြစ် Fist of Fury တွင် စတင်သရုပ်ဆောင်ခဲ့သည်။ ထိုဇတ်ကားမတိုင်မီက သူတို.နှစ်ဦး လုံးဝ သိရှိခြင်း မရှိပါ။ ဆိုလိုသည်မှာ ချက်က်နောရစ် တို.ကဲ့သို. ကိုယ်ခံပညာ လောကတွင်ရော- ရုပ်ရှင်လောကတွင်ပါ အများက သိရှိသူ မဟုတ်ပဲ လူစိမ်း သက်သက် ဖြစ်သည်။ 

တကယ်တမ်းအားဖြင့် ဘရုစ်နှင့် ဘော်ဘီဘေကာ တို.တွဲဖြစ်သည်မှာ ဘေကာ၏ ရုပ်ရှင်ပညာ အစွမ်းကြောင့်ရော၊ ကိုယ်ခံပညာ စွမ်းရည်ကြောင့်ပါ မဟုတ်ချေ။ ပို၍ ထူးခြားသည်မှာ ဘေကာသည် ဘရုစ်ရိုက်သော နောက်ထပ် ကားသုံးကားတွင် လည်း ပါဝင်မှု မရှိပါပဲလျှက် ဘရုစ်လီ သေဆုံးသော ညနေ၌ လည်း ဘေကာသည် ဟောင်ကောင်တွင်ပင် ရှိနေခြင်း ဖြစ်သည်။ ဘရုစ် အနေနှင့် သုံးစွဲသော တားမြစ်ဆေးများကို မှောင်ခို သွင်းယူ လာပေးသူမှာ တကယ်တော့ ဘေကာ သာ ဖြစ်ပါသည်။ ဤအကြောင်း များကို နောက်အခန်းများတွင် ဆက်လက်ဖော်ပြပါမည်။

Fist of Fury ရုပ်ရှင်ကို စတင်ပြသ သည်နှင့် တပြိုင်နက် ယခင်က ပြသခဲ့သည့် The Big Boss ဇတ်ကား၏ ၀င်ငွေကို ကျော်လွန်ထွက်သွားပြီး၊ ဟောင်ကောင် တစ်ခု တည်းကပင် ၀င်ငွေ အမေရိကန် ဒေါ်လာ တစ်သန်းကျော်ရရှိခဲ့သည်။ 

စင်္ကာပူတွင် စတင် ပြသသော နေ.တွင် ဘရုစ်လီ၏ ပရိဿတ် ရာပေါင်းများစွာသည် ရုံသို. စုပြုံရောက်လာကြသဖြင့် လမ်းများပိတ်ဆို.ပြီး လုံးဝ သွားလာလို. မရခဲ့သဖြင့် ဇတ်ကားကို အချိန်ရွှေ.ပစ်ခဲ့ရသည်။ ဖိလစ်ပိုင်တွင် ထိုဇတ်ကားကို ၆-လ ကျော်ကြာ ပြသခဲ့ရသည်။ နောက်ဆုံးတွင် ဖိလစ်ပိုင် အစိုးရအနေဖြင့် သူ.နိုင်ငံမှ ကိုယ်ပိုင်ဇတ်ကားများ ရပ်တည်နိုင်ရေးအတွက် နိုင်ငံခြားဇတ်ကားများ တင်သွင်းမှုကို ပိတ်ပင် တင်းကြပ်ခဲ့ရသည်။ 

လူမျိုးရေး အသား အရောင် ခွဲခြားမှုကြောင့် သူ၏ အခွင့်အလမ်းများ ဆုံးရှူံးခဲ့ရသည့် ဘရုစ်လီသည် လူမျိုးရေးကို မူတည်သော အာရှတိုက် တရုပ်ဇတ်ကားများဖြင့် ၀င်ငွေရ၊ အောင်မြင်မှု ရလိုက် သည်မှာ ကံကြမ္မာ၏ လှောင်ပြောင်မှုဟု ဆိုရမည် ပင်ဖြစ်ပါသည်။

ရုင်ရှင် ၂-ကားနှင့်ပင် အာရှတိုက်တွင် အကျော်ကြားဆုံး မင်းသားဘ၀သို.ရောက်ရှိခဲ့သည် မှာ မေးစရာပင် မလိုတော့ချေ။ တကယ်က ဘရုစ်သည် ဂျိမ်းစ် ကော်ဘန် နှင့် စတိဗ် မက်ကွင်းတို.ကဲ့သို. ဟောလိဝုဒ် စူပါစတား ဖြစ်လိုသော်လည်း - ဖြစ်ချင်တော့ တရုပ်သိုင်း ရုပ်ရှင် လောက ၏ ဘုရင်အဖြစ် သရဖူ အဆောင်းခံ လိုက် ရသည်။ 

အရှေ.အာရှလောက စာနယ်ဇင်းများတွင် “ရွှေမင်းသား လေး” အဖြစ်ဖြင့် အင်တာဗျူးများပြုလုပ်ခဲ့သော်လည်း ညနေတစ်ခုတွင် သတင်းထောက် တစ်ယောက် အား ရုတ်တစ်ရက် အော်ငေါက် ပစ်လိုက်ခြင်း၊ သတင်းထောက် တစ်ယောက်က ဘရုစ်၏ အမည်အား အင်္ဂလိပ်လုံးစာလုံးပေါင်းရာတွင် ဘရုစ်လီ နှစ်သက်သော အမေရိကန် များပေါင်းသကဲ့သို. “Lee.” ဟု မပေါင်းပဲ၊ “Li” ဟု စာလုံးပေါင်းမိခြင်းကို အကြီးအကျယ် ပေါက်ကွဲ ပြဿနာ ရှာ ခဲ့သဖြင့် သူနှင့် တွေ.ဆုံခန်းများ သည် ရုတ်တစ်ရက် ရပ်တန်.သွားခဲ့သည်။ ဘရုစ်လီ၏ ကြိုတင် ခန်.မှန်းရန် ခက်ခဲသော စိတ်အပြောင်းအလဲ မြန်မှုကို ကြုံဖူးသူ များစွာ ရှိခဲ့သည်။ 

တစ်ခါကလည်း တိုက်ခိုက်ခြင်း သီအိုရီကို လက်တွေ.သရုပ်ပြသော ဆန္ဒဖြင့် ရုပ်မြင်သံကြား တွင် လူတစ်ယောက်အား ဘာမပြောညာမပြော ရုတ်တစ်ရက် ထထိုးခဲ့ဘူးသညိ။ သူပြသလိုသော သီအိုရီအနေဖြင့် ဟုတ်သည် မဟုတ်သည်ထား၊ ရုတ်တစ်ရက် မလိုအပ်ပဲ အများပြည်သူ ရှေ.တွင် အကြမ်းဖက်တတ်သော သူ.စရိုက်နှင့် ပါတ်သက်၍ သတင်းလောက က  သူ.အကြောင်းအား ဝေဘန် ဖော်ပြခဲ့သေးသည်။

ထိုအချိန်လောက်မှာပင် လွန်ခဲ့သော ၁၅-နှစ်က ဘရုစ်စလီအား အခြားသော ၀င်ချွမ်း သင်တန်းသား တစ်ယောက်က အလဲထိုးခဲ့ဘူးကြောင်း ချိုင်းနားစတား တွင် ဆောင်းပါးတစ်ခု ပါလာသည်။ ထိုဆောင်းပါး မှန်ကြောင်းကို ကြုံတွေ.သူ အားလုံးက သိရှိကြသော်လည်း ဘရုစ်၏ နာမည်ကြီးမှုအား ထိခိုက် စေမှုကြောင့် ဆောင်းပါး ရေးသူအား နောက်ထပ်ရေးခွင့်ကို တားမြစ်ပြီး သတင်းစာတိုက်ကို တရားစွဲခဲ့သည်။

နာမည်ကြီး ဖြစ်လာသည့်နှင့်ပင် ဘရုစ်သည် လွန်စွာ ရန်လိုလာသည်။ လမ်းပေါ်တွင် တစုံတယောက်က သူ.အား မမှတ်မိ မသိရှိပါက-ရုတ်တစ်ရက် ထိုသူထံသို. လှည့်သွား၍ သူ.ကိုယ်သူ လက်ညှိုးထိုးပြီး “ဒီမှာ- ဘရုစ်လီ - ရုပ်ရှင် စူပါစတား”ဟု ကြွေးကြော်တတ်သည်။ ယခုကဲ့သို. ဘ၀င်မြင့်သော အပြုအမူ မျိုးသည် ဟောင်ကောင်တွင် ဘရုစ်လီအား ရန်သူများစေရန် သူကိုယ်တိုင် လုပ်ဆောင်နေခြင်းပင် ဖြစ်သည်။

ဘရုစ်နှင့် အကြီးအကျယ် အဆင်မပြေဖြစ်နေသူ ဒါရိုက်တာ လိုဝေးတို.၏ ဇတ်လမ်းမှာလည်း တစ်မျိုးဖြစ်သည်။ အဓိက အကြောင်းမှာ လိုဝေး၏ ရုပ်ရှင် ရိုက်မှု အရည်အချင်းကို ဘရုစ်က အပြစ်တင် ဝေဘန်မှု ဖြစ်သည်။ ဘရုစ်အနေနှင့် မီဒီယာ လောကကို စတင်ရှောင်ရှားနေသော်လည်း လိုဝေးက ထိုကဲ့သို. ရှောင်ရှားမှု မရှိပဲ မကြာခဏ သတင်းထောက်များကို ပြောလေ့ရှိသည်မှာ - “ကျွန်တော့်အနေနဲ.သူပြောသလို ပြီးစလွယ် ရိုက်ဘို. အကြောင်း မရှိဘူး၊ ဒီထက်လည်း ပိုပြီး သည်းခံဘို.က မရှိတော့ဘူး၊ ဘရုစ်က မကျေနပ် တာကို သူ.မျက်နှာမှာ ဖော်ပြနေတယ်၊ ဘာပဲဖြစ်ဖြစ်၊ ကျွန်တော့် သူ.ကို ပြောပါတယ်၊ မင်းအခု အောင်မြင် နေပြီ၊ ငါက မင်းကို အောင်မြင်အောင် လုပ်ပေးတယ်လို. မဆိုလိုပါဘူး၊ ဒါက မင်းရဲ. ကိုယ်ပိုင် အစွမ်းအစပါပဲ။ ဒါပေမယ့် မင်းအနေနဲ. ကျေနပ်သည် ဖြစ်စေ၊ မကျေနပ် သည် ဖြစ်စေ၊ ငါ့မှာလည်း ငါ့ဂုဏ်သိက္ခာကို ထိန်းဘို.ရှိသေးတယ်။ ”
နောက်ဆုံးမတော့ ဘရုစ်အနေဖြင့် ရေမွန်ချောင်၏ ရုံးခန်းအတွင်းသို. ၀င်လာပြီး သူနှင့် ဒါရိုက်တာ လိုဝေးတို. ဆက်လက်၍ အလုပ်လုပ်ရန် လုံးဝ မဖြစ်နိုင် ကြောင်း ပြောပါတော့သည်။

သူနှင့် လိုဝေးတို.ကို အလုပ်သဘော ဆက်ဆံမှုကို ဖြတ်တောက်အပြီးတွင် တော့ ဘရုစ်သည် ယခင်တစ်ချိန်က ကိုယ်ခံပညာလောက တစ်ခုလုံးကို ပစ်တင် ဝေဘန်ခဲ့ဘူးခဲ့သည့် အတိုင်း ယခု တော့ ဟောင်ကောင် ရုပ်ရှင် လောက တစ်ခုလုံးကို ဝေဘန်ပါတော့သည်။ Hong Kong Standard နှင့် အင်တာဗျူး ကဏ္ဍတစ်ခု တွင် “ကျွန်တော့် အနေနဲ. ဟောင်ကောင်ရဲ. ရုပ်ရှင် အနုပညာလောက ကို သဘောမကျဘူး၊ အခုအချိန်မှာ ရုပ်ရှင်လောက နဲ.ပါတ်သက်ပြီး တစ်ယောက် ယောက် က တစ်ခုခု တော့လုပ်ဘို. သင့်ပြီ။ ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာ ဘ၀ကို မြုပ်နှံပြီး သေသေချာချာ လုပ်ဆောင်တဲ့ သရုပ်ဆောင်တွေ သိပ်မရှိဘူး၊ ”
“ပွဲကြည့် ပရိဿတ်ကို ပညာသင်ပေးဘို. လိုပြီ၊ တစ်ယောက်က တာဝန်ယူ သင်ကြားပေးဘို. လိုနေပြီ၊ ကျွန်တော်တို.ဟာ လူထုနှင့် ပါတ်သက်နေတော့ တစ်ဆင့်ချင်း တစ်ဆင့်ချင်း ပညာပေးရမယ်။ ဒါကို ညတွင်းချင်း လုပ်လို.မရဘူး၊ အခု အဲဒီအလုပ်ကို ကျွန်တော်လုပ်နေတာပဲ၊ ကျွန်တော်က ဇတ်ကား ထဲမှာ တစ်ချိန်လုံး လည်း နေလို. မရတော့ ကျွန်တော်ဆိုလိုတာကို ပရိဿတ် က သဘောပေါက်မှာ မဟုတ်ဘူး။”

ဘရုစ်အနေဖြင့် ဤကဲ့သို. ပြောဆိုနေမှုနှင့် ပါတ်သက်၍ ကင်ပို ဆရာကြီး ဖြစ်သူ အက်ဒ်ပါကာ အနေဖြင့် မှတ်ချက်ပေးသည်မှာ - “ဘရုစ်က လူတွေကို သရော် ဝေဘန် တဲ့အခါမှာ သူက ပရိယာယ်မကြွယ်ဘူး၊ လူတွေကို သူတို.လုပ်နေတာ တွေ အသုံးမကျဘူးလို. ပြောနေ လို.ကတော့ ဘယ်တော့မှ မိတ်ဆွေရမှာ မဟုတ်ဘူး။”
သတင်း မီဒီယာတို.က ဘရုစ်အား တွယ်နှိပ်နေကြသည်ကို ဘရုစ်က တုန်.ပြန်သည်မှာ “ကျွန်တော် အောင်မြင်၊ မအောင်မြင် ခင်ဗျားတို. မြင်ရမှာပါ။”

ဘရုစ်အနေဖြင့် Fighting Stars မဂ္ဂဇင်းသို. ပြောကြားခဲ့သည် မှာ - “ကျွန်တော် အနေနဲ. ဒုတိယကား ပေါက်သွားတာ တော်တော် ဒုက္ခရောက်တယ်။ လူတစ်ချို.က ကျွန်တော့် အိမ်ရှေ.လာပြီး ကျွန်တော့်ကို ဒေါ်လာ ၂-သိန်းတန် ချက်လက်မှတ် လာပေးတယ်။ ကျွန်တော်က အဲဒါ ဘာကိစ္စလဲလို. မေးတော့၊ သူတို.က “ဘာမှ စိတ်မပူပါနဲ.၊ လက်ဆောင်သက်သက်ပါ” လို.ပြောတယ်။ ကျွန်တော် ဒီလူတွေကို မသိဘူး။ လူစိမ်းတွေပါပဲ။”
တကယ်တမ်းတွင် တော့ ထိုလူများသည် ထုတ်လုပ်သူများ မဟုတ်သကဲ့သို. အခြားသော လူစိမ်းများလည်း မဟုတ်ပါ။ ထိုသူများသည် ဟောင်ကောင်ရှိ ရုပ်ရှင် လုပ်ငန်း တွင် ရင်းနှီး မြုပ်နှံသူအနေဖြင့် လည်းကောင်း၊ ရုပ်ရှင် ရုံများတွင် အစုစပ်များအနေဖြင့် လည်းကောင်း ဟောင်ကောင် ရုပ်ရှင်လောက ကို ချယ်လှယ်နေကြသော ဆွန်ယီအွန် ဂိုဏ်းမှ အဖွဲ.၀င်များပင် ဖြစ်သည်။
(မှတ်ချက်။ Digital Sarpay မှ ထုတ်ဝေမည့် စာအုပ်တွင် အပြည့်အစုံ ပါဝင်ပါမည်။)
အပိုင်း (၄) ကို ဆက်လက် ဖေါ်ပြပေးပါမည်။
နျူမာန် (မိုးတား)

[+/-] show/hide this post

3 comments:

Anonymous said...

ဘရုစလီ-စာအုပ်...ဝယ်ချင်တယ် , ဘယ်လိုဝယ်ရမလဲခင်ဗျား

Ney Bhone Wai said...

Bruce Lee , part-4 ??

နျူမာန် (မိုးတား) said...

လျို့ဝှက်ဆန်းကြယ် မဂ္ဂဇင်း မှာ လစဉ် ဆောင်းပါး အနေနဲ့ ဆက်တိုက် တင်ပြပေး နေပါပြီ ခင်ဗျား။ အဆင်ပြေ ပါစေ။

Post a Comment