Friday, July 11, 2014

လျှို.၀ှက်ချက် တို. သခင် ကွန်ဖူးဘုရင် (၂)

ဘရုစ်လီ၏ အခြားဆရာများ။


ဆရာ ယစ်ပ်မန် ကဲ့သို. ဘရုစ်အား ပုံသွင်းခဲ့ခြင်း မရှိသော်လည်း သူ.အား အကျိုးများစေမည့် သင်ကြားမှုကို ပေးခဲ့သူ အခြားသူတစ်ဦးမှာ ဆီရိတယ်ရှိ တရုပ် လူငယ် ကလပ်အသင်း မှ နည်းပြဆရာ ဖုယောင် ဖြစ်သည်။ သူသည် ဘရုစ်အား သင်ကြားပေးရာတွင် ဆရာတပည့် ဆက်ဆံသည့် ပုံစံထက် မိတ်ဆွေတို.ချင်း အနေအထားမျိုးဖြင့် သင်ကြားပေးခဲ့ပြီး ဘရုစ်ကလည်း ၄င်းအား ၀င်ချွမ်းပညာကို အပြန်အလှန်အားဖြင့် သင်ပေးခဲ့သည်ဟု ဆိုသည်။

ဘရုစ် အနေဖြင့် ၀င်ချွန်းပညာကို ဒုတိယကွက်အထိနှင့် သစ်သားရုပ်နှင့်လေ့ကျင့်လှုပ်ရှားမှု (၃၆) ကွက် အထိသာ သင်ကြားခဲ့ရသည်ကို ဘရုစ်၏ အခင်ဆုံး သူငယ်ချင်းတစ်ဦးက ထောက်ပြခဲ့ပြီး နောက် ဘရုစ်အနေဖြင့် ၄င်းထံသို. ချည်းကပ်ခဲ့ခြင်း ဖြစ်သည်။ သူ.ထံမှ Praying Mantis (နှံကောင်သိုင်း) ပညာနှင့် Jeet Kune (အမြန်လက်သီး) ဆိုသော အကွက်၊ ပါကွာ ပညာတို.ကို သင်ပေးခဲ့သည်။ ထိုပညာတို.ကို ဘရုစ်အနေဖြင့် ၃-၄ ပါတ်မျှ သင်ရမည်ဟု ခန်.မှန်းခဲ့သော်လည်း၊ ဘရုစ်က ၃-ရက်အတွင်းတွင် အောင်မြင်စွာ လေ့ကျင့်နိုင်သောအခါ လွန်စွာ အံ့အားသင့်ခဲ့ရသည်။ ”ကျွန်တော့် တစ်သက်တာမှာ ဘရုစ်ဟာ အတတ်အမြန်ဆုံးသင်တန်းသားပါပဲ” ဟု ၄င်းက ၀န်ခံခဲ့သည်။

ထိုပညာများ သင်ကြား နေချိန်တွင်ပင် ဘရုစ်သည် အမေရိကန် ဂျူဒို ချန်ပီယံ ရှူဇို ကာတို ထံတွင် ဂျူဒိုကို လေ့ကျင့်ခဲ့ပြီး၊ ချွိုင်လီဖု ကွန်ဖူးသင်တန်း ကျောင်း တွင် ရစ်ချတ် လျောင်ဆိုသူ နှင့် ကွန်ဖူးပညာကို လေ့ကျင့်ခဲ့သည်။ 
ဤနေရာတွင် အရေးကြီးသော အချက်တစ်ခုမှာ ဘရုစ်အနေဖြင့် အမေရိက တို.ရောက်ခါစတွင် ၄င်း၏ သိုင်းပညာမှာ ၀င်ချွမ်းပညာကို အခြေခံသာသာ အဆင့်သာ တတ်ခဲ့သော်လည်း၊ မကြာခင်ကာလတစ်ခုတွင် ဘရုစ်သည် အမေရိကန်ရောက် ကျွမ်းကျင်သော ကွန်ဖူးပညာရှင် တစ်ယောက် အဖြစ် မိမိကိုယ် ကို သဘောထားခဲ့သည့် အချက်ဖြစ်သည်။ 


ဆီရိတယ်မြို.တွင် နေထိုင်စဉ်တွင် ဘရုစ်သည် တရုပ်တန်းတစ်လျောက်တွင် ကွန်ဖူး စာအုပ်များလိုက်ဝယ်ခြင်း၊ အချို.သော စာအုပ်များကို ရှာရန် အတွက် ကနေဒါအထိ.သွားရောက်ခဲ့ခြင်းတို.ကို အချိန်လွန်စွာပေးခဲ့သည်။ တစ်နှစ်တာ ကြာပြီးချိန်တွင် သူ.တွင် အရှေ.တိုင်း ကိုယ်ခံပညာနှင့် ဆိုင်သော အင်မတန် တန်ဘိုးရှိသည့် စာကြည့်တိုက်တစ်ခု ဖြစ်လာခဲ့သည်။ ဘရုစ်လီ၏ ကိုယ်ပိုင်စာကြည့်တိုက်တွင် စာအုပ်ပေါင်း (၂၀၀၀) နီးနီး ရှိသည်။ ပညာရပ် များကို လေ့လာပြီးနောက် လောကတွင် ပြည့်စုံသော ဆရာဟူသည် မရှိဟု ဆုံးဖြတ်နားလည်ခဲ့သည်။ ၁၉၆၀-ခုနှစ် အစပိုင်းတွင်ပင် ဘရုစ်သည် နပမ်း၊ လက်ဝှေ.၊ ကရာတေး၊ အနောက်တိုင်း ဓါးခုတ် စသော ပညာရပ်မှန်သမျှကို လေ့လာပြီးနောက် သူ၏ ကိုယ်ပိုင်ပညာကို စတင်ရန် ဆုံးဖြတ်ခဲ့သည်။ 

အင်တိုနီ ရော်ဘင်၏ ကန်.သတ်မဲ့ စွမ်းအင် စာအုပ်တွင် 
“ကမ္ဘာပေါ်မှာ ဖြစ်ရပ်တွေကို တုန်လှုပ်သွားအောင် ပြုလုပ်သွားသူတွေဟာ ဘ၀လမ်းကြောင်း ပုံဖော်တဲ့သူ professional modelers တွေ ဖြစ်တယ်၊ သူတို.ဟာ တကယ်တော့ သူတို. ကိုယ်တိုင်တီထွင်တာထက်၊  အခြားသူတွေ.ရဲ.အတွေ.အကြုံ ဖြစ်ရပ်တွေ.ကို စုဆောင်းလေ့လာပြီး မိမိ အတွက် အကောင်းဆုံးဖြစ်အောင် လုပ်သွားနိုင်တဲ့  လေ့လာသင်ကြားမှု အတတ်ပညာကို ကျွမ်းကျင်သူတွေ ဖြစ်တယ်၊ အကောင်းဆုံးဆိုတာ တစ်ခုကို ပုံဖော်ဘို.အတွက် သူတို.ဟာ စုံထောက်တွေလို ရစရာ သိစရာအားလုံးကို စုဆောင်း ထောက်လှမ်းတယ်၊ စိစစ် ပိုင်းခြားတယ်၊ မေးခွန်း တွေထုတ်တယ်၊ အကောင်းဆုံးကို ရနိုင်မယ့် သဲလွန်စကို မရမနေလိုက်တယ်” 

ဟုဆိုခဲ့သည်။ 

ဘရုစ်လီ အထူးခြားဆုံးသော စွမ်းရည်မှာ အထက်ပါ ဥပဒေသကို လုံးဝဥဿုံ နားလည်ခြင်းပင် ဖြစ်သည် ဟုဆိုရပါမည်။

ဟောင်ကောင်မှ ထွက်လာခဲ့ရသော အခြေအနေ။
ဘရုပ်စ်လီ သည် ဆတ်ဆတ်ထိမခံတတ်သော အငြိမ်မနေတတ်သော၊ သွေးဆူတတ်သော စရိုက်ရှိသည်ကို ကျွန်တော်တို.သိကြပါပြီ။ အမှန်အားဖြင့် လည်း သူ.တွင် တကယ်ရှိသော အစွမ်းသတ္တိများကို နားလည်၍ အကောင်းဘက်သို. ပြုပြင်ပေးသော သူအချို.ကို ဘရုစ်လီတွေ.ခဲ့ရသည်။ St Francis ကျောင်းတွင် ဆရာလုပ်နေသော ဘရာသာ အက်ဒွပ်သည် ဘရုပ်စ်လီ၏ ဘ၀ကို စိတ်ထားကောင်းဖြင့် ပြုပြင်ပေးသော လူတစ်ဦးဖြစ်ခဲ့ပါသေးသည်။ ဘရုစ်လီ၏ တိုက်ခိုက်ရေးကျွမ်းကျင်မှု၊ ရဲရင့်မှု တို.ကို နားလည်သော၊ သူကိုယ်တိုင်ကလည်း လက်ဝှေ.သမားဟောင်းဖြစ်သော ဘရာသာ အက်ဒွပ်က ပြောခဲ့သည်မှာ “သူက ကြမ်းတမ်းတယ်၊ ဒါပေမယ့်လူတွေထင်ထားသလို သူများကို မတရားအနိုင်ကျင့်တဲ့ စိတ်ဓါတ်မျိုးတော့ မရှိဘူး” ဟူ၍ ဖြစ်သည်၊ ဘရုစ်လီအား ၁၉၅၈-တွင် ဟောင်ကောင်ရှိကျောင်း ၁၂-ကျောင်း လက်ဝှေ.ပွဲတွင် ၀င်ပြိုင်ရန် အားပေးခဲ့၏။

ဘရုစ်လီတို.ပွဲတွင် ပြိုင်ဘက်ဖြစ်သူ ချွမ် မှ ပွဲစစချင်းပင် စတင်ထိုးသတ်ရာ ဘရုစ်က ပုတ်ထုတ်ခဲ့သည်။ သို.သော်လည်း နောက်ထပ်လက်သီးက ဘရုစ်၏ မျက်လုံးအားထိမိ၍ အထိနာသွား၍ ဒေါသတကြီးနှင့် ထိုးရာ နှာခေါင်းနှင့် ပါးချိတ်အား ထပ်မံထိမိပြန်သည်။ ပထမအချီ ပြီးသွား သောအခါ ဘရုစ်လီသည် ကြိုးဝိုင်းထောင့်တွင် ထိုင်နေ၍ စိတ်အပျက်ကြီးပျက်နေတော့သည်။ မျက်လုံးက ယောင်ကိုင်းလာပြီး၊ နှာခေါင်းမှ သွေးများ စီးကျနေသော်လည်း ပြိုင်ဘက်အား ထိထိမိမိ ထိုးသတ်နိုင်ခြင်း မရှိသေး။ ကြိုးဝိုင်းမှ ထွက်သွားရန်ပင်စိတ်ကူးမိပြီး လမ်းတ၀က်မှာတော့ စိတ်ကူး ပြောင်းသွားသည်။ 

သူ.ကိုယ်သူ အနေအထားပြင်ပြီး ထိုးသတ်ခဲ့ရာ ၄င်း၏ ပြိုင်ဘက်အား အငိုက်မိ၍ တစ်ဘက်သူ လဲကျသွားသော်လည်း စည်းကမ်းကို ချိုးဖေါက်၍ ဆက်ထိုး နေခဲ့သဖြင့် အခြားသူများက ၀င်တား ခဲ့ရသည်။ ထိုပွဲတွင် ဘရုစ်လီအနိုင်ရသော်လည်း ပြိုင်ဘက်၏ မိဘများက ပုလိပ် များသို. တိုင်ကြား သဖြင့် ဘရုစ်လီ၏ မိခင်မှာ သား၏ လုပ်ရပ်များအတွက် တာဝန်ယူပါမည်ဆိုသော ၀န်ခံစာရွက်များကို လက်မှတ်ထိုးခဲ့ရသည်။
ထိုဖြစ်ရပ်သည် ဘရုစ်လီ၏ စရိုက်နှင့် ပါတ်သက်၍ အခြေအနေမှန်ကို သူ.မိဘများအား သဘောပေါက်သွားစေသည်။ ဤအတိုင်း ရှေ.ဆက်သွား လျှင်ဖြင့် ၄င်းတို.သားသညှ် တနေ.နေ.တွင် အကျဉ်း ထောင်တွင်း၌ ဘ၀အဆုံးသတ်ရမည်ကို သိမြင်လာသည်။ ထိုကြောင့် သားဖြစ်သူနှင့် မျက်နှာစုံညီ စည်းဝေး ရတော့ သည်။ ထိုအခိုက်တွင် ဘရုစ်၏ အကိုဖြစ်သူ ပီတာမှလည်း ဘရုစ်တွင် ရန်သူများ အလွန်ပေါများနေကြောင်း၊ သူနှင့် ရန်ဖြစ်ခဲ့ သူများတွင် ကြေးစား လူမိုက် ဂိုဏ်းဝင်တို.လည်း ပါဝင် နေသောကြောင့် ဘရုစ်အားသတ်ရန် ထိုဂိုဏ်းတို.က စီစဉ်နေကြောင်း တို.ကို အမှတ်မထင် ပြောပြခဲ့သည်။ အသက် အားဖြင့် ၁၇-နှစ်သာ ရှိသေးသော်လည်း ဟောင်ကောင် ပင်လယ်တွင် ဘရုစ်အား ငါးစာ၊ ဂဏန်းစာအဖြစ် ကျွေးချင်သည့် သူများက အလွန်များ နေတော့သည်။ အခြေအနေများအရ ဘရုစ်အား အမေရိကားသို. ပို.ရန် မိခင်အနေဖြင့် ဆုံးဖြတ်ရပါတော့သည်။ ဘရုစ်လီသည် အမေရိကန်တွင် မွေးဖွား ခဲ့သူဖြစ်သဖြင့် ၁၈-နှစ်ပြည့်သော နေ.တွင် မိမိအနေဖြင့် ရပိုင်ခွင့်ရှိသော အမေရိကန် နိုင်ငံသား အဖြစ်ကို တောင်းဆိုရပါမည်။ ပထမတွင်တော့ ဘရုစ်လီ အနေဖြင့် သွားရန်စိတ်မပါခဲ့သော်လည်း နောက်ဆုံးတွင် ဖခင်၏ ပြတ်သားသော အစီအစဉ်ကို လိုက်နာခဲ့ရလေသည်။

အမေရိကားသို. သွားရန်အတွက် ပထမဆုံး လိုအပ် ချက်ဖြစ်သည့် ဒေသခံ ပုလိပ်အဖွဲ.မှ ကန်.ကွက်ရန် မရှိကြောင်း ထောက်ခံစာ (တနည်းအားဖြင့် အကျင့်စာရိတ္တ ကောင်းမွန်ကြောင်းထောက်ခံစာ) ကို သွားတောင်းသော အခါ ဘရုစ်လီ၏ အမည်မှာ ပြဿနာရှာတတ်သူ ဂြိုဟ်ကောင် တစ်ဦး အဖြစ်ဖြင့် တွေ.ရသော်လည်း ဖခင်၏ မျက်နှာကြောင့် နောက်ဆုံးတွင်တော့ ထောက်ခံစာ ရရှိခဲ့သည်။ ထို.နောက် အချစ်ဆုံးသူငယ်ချင်းဖြစ်သူ ယူနီယံထံသို. သွားရောက်ပြီး နှုတ်ဆက်ရာတွင် သူ.အနေဖြင့် ဖခင်ဖြစ်သူနှင့် အခြားသော အိမ်သားများက သူ.ကို ချစ်သည်ဟု သူ.အနေဖြင့် မထင်ကြောင်း ပြောခဲ့ သည်။ သို.သော်လည်း သူ.ဘ၀တွင် ကြီးမားသော အောင်မြင်မှု ရှိအောင် ကြိုးစားမည်ဟု မပြောစဘူး ပထမဆုံးပြောကြားခဲ့သည်။ 
“ငါ့အမေ ပြောတာမှန်တယ်၊ ငါအနေနဲ. ဒီအခွင့်အရေးကိုမှ မယူယင်၊ ဒီအတိုင်းဆို ငါ့ဘ၀ ဒုက္ခနဲ. အဆုံးသတ်ရလိမ့်မယ်“ ဟုပြောခဲ့သည်။

ဖခင် ဖြစ်သူက ခရီးစရိတ် အဖြစ် ၁၅-ဒေါ်လာ သာ ပေးထားသဖြင့် နောက်ဆုံး ခရီးထွက်ခါနီးလေးတွင် မိခင်ဖြစ်သူက သူ.အိပ်ထောင်ထဲသို. ဒေါ်လာ ၁၀၀ တိတ်တိတ်လေး ထည့်ပေးလိုက်သည်။ ဘရုစ်လီအနေဖြင့် အိတ်ဆွဲပြီးအထွက်တွင် ဖခင်ဖြစ်သူက ၄င်းအား လှမ်းခေါ်ပြီး လက်ဝှေ. ယမ်းပြ လိုက်သည်။ တရုပ်တို. ၏ ထုံးစံအရ ဖခင်၏ ဈာပနသို. ပြန်လာနိုင်ကြောင်း ဆိုလိုယင်း ဖြစ်သည်။ အတန်ငယ်ငြိမ်၍၊ စိတ်ပျက်နေပြီးနောက် တွင်ကား- အိတ်ကို ဆွဲ၍ လောကသစ်သို. ခြေလှမ်း စလိုက် ပါတော့ သည်။

အမေရိကသို. တစ်ခေါက်ပြန်လာပြီ။
ဘရုစ်သည် ၁၉၅၈-ခုနှစ်၊ အောက်တိုဘာလ ၁၄-ရက်တွင်၊ (မှတ်ချက်- အချို.သော အထုပ္ပတ္တိများတွင် ၁၉၅၉-ခုနှစ်၊ ဧပြီလဟု ဖော်ပြသည်။) American President’s Line သင်္ဘောဖြင့် ဘရုစ်လီသည် ဆန်ဖရန်စစ္စကိုမြိုဆီသို. ပိစိဖိတ်သမုဒ္ဒရာကို သုံးပါတ်ကြာမျှ (အတိအကျအားဖြင့် ၁၈-ရက်) ဖြတ်သန်း၍ သွားဆရာဝန်ဖြစ်ရန်ဆိုသော ရည်ရွယ်ချက်ဖြင့် ချီတက်ခဲ့ပါပြီ်။ သင်္ဘောပေါ်တွင် တတိယတန်း လက်မှတ်ကို ကိုင်ဆောင်ထားသူ ဖြစ်သော်လည်း၊ လက်တွေ.တွင်မူ- ပထမတန်းတွင် စီးနင်း ခဲ့ရသည်က အချိန်ပိုများပါသည်။ အဘယ့်ကြောင့် ဆိုသော် ဘရုစ်လီအနေဖြင့် သူကျွမ်းကျင်သော ချာချာ အက ကို ပထမတန်းမှ ခရီးသည်များအား သင်တန်းပို.ချ ခဲ့သောကြောင့် ဖြစ်သည်။ သပ်သပ်ရပ်ရပ် ၀တ်စားထားပြီး၊ မျက်မှန်တပ်ထားသည့် ဘရုစ်လီသည် သွေးဆူ တတ်သော ပြဿနာကောင် အစား ပညာတတ် လူငယ်တစ်ယောက်နှင့် ပို၍ တူနေခဲ့သည်။ နယ်မြေအသစ်သို. ခြေမချခင်တွင် ဘရုစ်လီ၏ စိတ်ဓါတ် အတွင်း တွင် များစွာသော အပြောင်းအလဲများ တိုးတိတ်စွာ ဖြစ်ထွန်း နေပြီ ဖြစ်သည်။




၎င်း၏ ဇာတိချက်ကြွေ ဆန်ဖရန်စစ္စကိုမြိုသို.အရောက် ဘရုစ်အနေဖြင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရ ပါတော့ သည်။ လုံးဝနီးနီး အနား မယူခဲ့ရပါ။ သို.သော်လည်း ဟောင်ကောင်နှင့် ကွာခြားချက်က အခက်အခဲများကို မိမိ ကိုယ်တိုင် ဖြေရှင်းရန် စိတ်ဓါတ်အားဖြင့် ပြင်ဆင်ထားပြီး ဖြစ်နေ ခြင်းပင် ဖြစ်သည်။

ပထမတွင်တော့ ဖခင်ဖြစ်သူ၏ မိတ်ဆွေအိမ်တွင် နေထိုင်ယင်း အကသင်တန်းများ ပေး၍ ရပ်တည်ခဲ့သည်။ ၄င်း၏ ကျွမ်းကျင်သော ကိုယ်ခံပညာကို အစွမ်းပြလိုက် သော အခါတွင် အမေရိကန်တွင် ကွန်ဖူးသင်တန်းပေးနေသော နည်းပြဆရာ ဂျိမ်းစ်လီ၏ ညီဖြစ်သူ ဘော့ဘ်လီအား သတိပြုမိ သွားစေ ခဲ့သည်။ နောက်ပိုင်းတွင် ပြဿနာ အချို.တက်ခဲ့သဖြင့် ဆီရိတယ် မြို.သို.ပြောင်းရွှေ.ခဲ့ရပြီး ဖခင်၏ မိတ်ဆွေဖြစ်သူ မစ္စတာ ပင်ချောင် ၏ ဇနီးလည်းဖြစ်၊ ဆီရိတယ် မြို.တွင် သြဇာကြီးသူလည်း ဖြစ်သော ရူဘီချောင် ဆိုသည့် အမျိုးသမီးပိုင်သည့် စားသောက်ဆိုင်တွင် စားပွဲထိုးအဖြစ် အလုပ်လုပ်ခဲ့သည်။ ထိုဆိုင်တွင်ပင် နေထိုင်၍ နေ.ဘက် တွင် ကျောင်းတက်ကာ ညနေပိုင်းတွင် စားသောက်ဆိုင်အလုပ်ကို လုပ်ကိုင်ခဲ့သည်။ အင်္ဂလိပ်စာနှင့် သင်္ချာကို ကျွမ်းကျင် စေရမည်ဟု သံဓိဌာန်ချကာ “Edison High School” တွင် ကျောင်းတက်နေခဲ့သည်။ 

ဤသို.ဖြင့် နှစ်အနည်းငယ်ကြာပြီးနောက်၊ ဘရုစ်လီ၏ ကိုယ်ခံပညာကျွမ်းကျင်မှုသည် အုပ်စုအတွင်းတွင် လူသိများလာပြီ ဖြစ်ရာ၊ ၄င်းအား သင်တန်းဖွင့်ရန် တောင်းဆိုလာခဲ့ကြသည်။ အစကတော့ ဘရုစ်လီအနေဖြင့် ငြင်းခဲ့သေးသည်။ သို.သော်လည်း သင်တန်းဖွင့်ခြင်းသည် ၄င်းအတွက် အပိုဝင်ငွေ ရနိုင်မည် ဖြစ်ပြီး၊ မိမိအနေဖြင့် သီးသန်.နေထိုင်စရာ ရရှိလာနိုင်ခြင်းကြောင့် လက်ခံသဘောတူခဲ့သည်။ အားလုံးသော သူငယ်ချင်းများ စုပေါင်း လေ့ကျင့်နိုင်မည့် နေရာ ရရှိရေးအတွက် အကြံပေးခဲ့သူမှာ သူငယ်ချင်းဖြစ်သူ တာကီ ကိမုရာ ဖြစ်သည်။ သင်တန်းများက တပါတ်လျှင် ၄-ဒေါ်လာ ပေးကြ၍ ဘရုစ်အနေဖြင့် သူ.အခန်းငှားခကို သူပေးနိုင်ပြီဖြစ်သည်။ 

ဤသိုဖြင့်ပင် ၁၉၆၃-ခုနှစ် အောက်တိုဘာလတွင် စားသောက်ဆိုင်ပိုင်ရှင် ရူဘီချောင်ထံသို. အခန်းပြန်အပ်ပြီး၊ “ကျွန်ဖန် ကွန်ဖူး သင်တန်းကျောင်း” (Jun Fan Gung Fu Institue) ကို ကျောင်းဝင်းနှင့် မဝေးလှသော အမှတ် ၄၇၅၀၊ ယူနီဗာစီတီဝေး တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ဘရုစ်သင်ကြား ပေးသော နည်းစနစ်သည် မြန်ဆန်ခြင်း၊ ထိရောက်မှုရှိခြင်း၊ စားရိတ်စက နည်းပါးခြင်းရှိသော်လည်း ညတွင်းချင်း ကျွမ်းကျင်ရန်တော့ မမျှော်လင့်ရန် ဘရုစ်လီက သတိ ပေးခဲ့သည်။ 

သင်တန်း ကျောင်းသည် အခန်းတစ်ခု၏ အောက်ထပ်တစ်ခုလုံးကို ယူထားပြီး၊ ရေချိုးရန်အတွက် ရေပန်းများ တပ်ဆင်ထားပြီးဖြစ်သည်။ ပြုတင်းပေါက် မရှိသည့် နောက်ခံတွင် နွေရာသီကျောင်းပိတ်ရက် ဟောင်ကောင်ပြန်ခဲ့ချိန်က ၀ယ်ယူလာခဲ့သော အသုံးအဆောင် ပရိဘောဂတစ်ချို.ကို ခပ်ကျဲကျဲလေး နေရာချထားသည်။

တစ်ဖြေးဖြေးနှင့် ပြင်ပများလူများပါ သိလာကြပြီး ဘရုစ်လီမှာ နာမည်ကြီးစ ပြုလာသည်။ တနည်းအားဖြင့် ဘရုစ်လီနှင့် အမေရိကန်တို.ကြားတွင် ပေါင်းကူး တံတား တည်ဆောက်မိခြင်းပင် ဖြစ်တော့သည်။ 
၁၉၆၃-ခုနှစ် နှစ်ကုန်ပိုင်းတွင် ပွဲကြည့် ပရိဿတ်များကို ကြက်သေသေ ငေးငိုင်သွားစေသည့် ဘရုစ်လီ၏ ကမ္ဘာကျော် ”တစ်လက်မ လက်သီး” ကို Garfield High School တွင် စွမ်းရည်ပြသပွဲ ပြုလုပ်ခဲ့သည်။ ဘရုစ်၏ မိတ်ဆွေတစ်ဦး ဖြစ်သူ ဒေါက် ပန်လ်မာ က ပြောပြခဲ့သည်မှာ- “တကယ့်တော့ Garfield ကျောင်းက မလွယ်ဘူး။ ကြမ်းတယ်၊ လူမည်းနဲ. အာရှတိုက်သား တွေက ကျောင်းရဲ့ တ၀က်ကျော်လောက်ရှိတယ်။ ဘရုစ်စကား ပြောနေတဲ့ အခန်းမှာ ဘောလုံးသမားတွေ၊ ဘက်စကက်ဘော သမားတွေ အများကြီးလဲ ရှိတယ်၊ သူတို.က လည်း ခုံမှာ ထိုင်နေပေမယ့် ကွန်ဖူး ဆိုတာ ဘာလဲ ဆိုတာ ကြားဖူးကြတာ မဟုတ်ဘူး။”

“ဘရုစ်က ကရာတေးလက်သီး ရဲ့စနစ်ဖြစ်တဲ့ ခါးကနေလက်သီးကို ဆွဲယူလာပြီး ခါးလည်အားနဲ. ပစ်ထိုးတယ့် နည်းရဲ့ ကွာခြားချက်ကို ရှင်းပြတယ်။ ပြီးတော့မှ တစ်လက်မ အကွာက နေ ကပ်ထိုးတဲ့ ဒီထက်ပိုပြီး အင်အားပြင်းထန်တဲ့လက်သီးနည်းစနစ် ရှိကြောင်း ပြောတော့ ကျောင်းသားတစ်ချို.က သမ်းပြ လိုက်တယ်။ ဒါနဲ.ပဲ ဘရုစ်က ကျောင်းသားတစ်ယောက် လောက် ရှေ.ကို ထွက်လာပြီး စမ်းကြည့်ဘို. ပြောတော့ လူဖြူကျောင်းသား တွေက တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး မဲ့ပြကြတယ်။ အဲဒီမှာ ဘရုစ်က နောက်ဆုံးမှာထိုင်နေတဲ့ လူကောင်အကြီးဆုံး ကျောင်းသားတစ်ယောက်ကို ခေါ်ထုတ် လိုက်တယ်။ အဲဒီမှာ အတန်းထဲက ကျောင်းသားတွေ ခိုးခိုးခွပ်ခွပ်နဲ. ရီကြပါလေကော၊ အဲဒီကျောင်းသားနဲ.ယှဉ်လိုက်တော့ ဘရုစ်က လူပုလေး ဖြစ်သွားတယ်။ ဘရုစ်က အဲဒီကျောင်းသားရဲ. ရင်ဘတ်ကို လက်သီးနဲ.ချိန်ပြီး တော့ ဟန်ချက်ယူပါတယ်။ ပြီးတော့ ခဏနေဦးဆိုပြီး ခုံတစ်လုံးကို အဲဒီ ကျောင်းသားရဲ.နောက်ဘက် ၅-ပေ အကွာမှာ ချထားလိုက်တယ်။ ပြီးတော့မှ ”ကဲ အသင့်ဖြစ်ပြီ” ဆိုပြီး ပြောတော့ အဲဒီကျောင်းသားက သူ.နောက်က ခုံနဲ. သူ.ရှေ.က ပိန်ပိန်သေးသေး တရုပ်လေးကို ကြည့်လိုက်တယ်။ သူလည်းနောက်ကို ခြေတစ်ချောင်းထုတ်ထားပြီး အသင့်ပြင်လိုက်တယ်။ အဲဒီမှာ ဘရုစ်က သူ.လက်ကို အဲဒီကျောင်းသားရဲ.ရင်ဘတ်နဲ. တစ်လက်မ အကွာကနေပြီး ဆန်.ထုတ်လိုက်တယ်။ လက်တံဟာ ဆတ်ကနဲတုန်သွားတယ်။ သူလုပ်လိုက်တာက ဒါပါပဲ။ ဒါပေမယ့် အဲဒီကျောင်းသားဟာ လွင့်ထွက်သွားပြီး နောက်ကခုံပေါ်ကို ထိုင်လျက်ကျပြီး အရှိန်မထိမ်းနိုင်ပဲ ခုံပါ ပြိုလဲပြီး ကြမ်းပြင်ကို ဆက်လဲကျသွားတယ်။ အားလုံးဟာ ပါးစပ်အဟောင်းသား ဖြစ်သွားကြတာပါပဲ။”

ဘရုစ် သည် ဂျိမ်းလီနဲ. ဆက်ပြီး အဆက်အသွယ်ရှိခဲ့သည်။ကျွန်ဖန် ကွန်ဖူး သင်တန်းကျောင်း (Jun Fan Gung Fu Institue) ကို မဖွင့်ခင်လေးတွင် Garfield High School ကျောင်း ပြီးသွားသူ၊ ကျောင်း ဒိုင်ဗင် အသင်းဝင်လည်း ဖြစ်၊ ချီယားလီဒါ လည်းဖြစ်၊ ကျောင်းစာတော်သူ လည်းဖြစ်သူ ဘာသာရေးကို လိုက်စားသော မိသားစုမှ ဆင်းသက်လာသသည့် လင်ဒါ ဆိုသော အပြာရောင် မျက်ဝန်းရှင် မိန်းကလေးကို တွေ.ရှိခဲ့သည်။ လင်ဒါသည် ဘရုစ်နှင့် မတိုင်ခင် ဂျပန်ကပြား ချစ်သူ တစ်ဦး ရှိခဲ့ဘူးပြီး မိခင်က သဘောမတူဖြင့် အဆက်ဖြတ်ခဲ့ရသူ ဖြစ်သည်။ ဘရုစ်အနေဖြင့် ၀ါရှင်တန် တက္ကသိုလ်သို. မတက်ခင် ကာလတွင် လင်ဒါသည် မိခင်မသိအောင် ဘရုစ်နှင့် တိတ်တိတ်လေး ချိန်းတွေ.ခဲ့သည်။

သို.သော်လည်း ဘရုစ်သည် နောက်ထပ်ချစ်သူ တစ်ဦးနှင့် တက္ကသိုလ်တွင် တွေ.ခဲ့သေးသည်ကို နောက်အခန်းတွင် ဖတ်ပါ။

၁၉၆၄-ဇွန်လတွင် Oakland ၌ ဒုတိယမြောက် ကျွန်.ဖန်သင်တန်းခွဲ ဖွင့်ခဲ့သည်။ ယခုအခါတွင် ဘရုစ်သည် ဒဿနဗေဒ ဘာသာရပ်ကို ထူးချွန်ရန် ကိစ္စတွင် စိတ်မ၀င်စားတော့ချေ။ အတန်းမှ အမှတ်များလည်း မကောင်းသဖြင့် ၁၉၆၄ တွင်ပင် မိမိဘာသာ ကျောင်းပြီး လိုက်ပါတော့သည်။ ကျောင်းပိတ်ပြီးနောက် သူ၏ ၁၉၅၇-မိုဒယ် ဖို.ဒ်ကားကို ရောင်းပြီး ၄င်း၏ ပရိဘောဂများကို Oakland သို. ရွှေ.ပြောင်းလိုက်သည်။ ဆီရိတယ်ကို ပြန်လာရန် စိတ်ကူး မရှိတော့ပါ။ 

ချစ်သူဖြစ်သူ လင်ဒါမှ သူ.အား လေဆိပ်သို.လိုက်ပို.ပြီးနောက် အိမ်ထောင်ရေးကိစ္စ မူလအစီအစဉ်အတိုင်း ဖြစ်မဖြစ် စဉ်းစားခဲ့သည်။ ဘရုစ်အနေဖြင့် ငွေကြေး မတောင့်တင်း မချင်း အိမ်ထောင်ရေးကိစ္စကို မစဉ်းစားချင်သေးပေ။
ဘရုစ်လီ၏ အဓိကကျသော အောင်မြင်မှုကြီးမှာ ၁၉၆၄-ခုနှစ် သြဂုတ်လ ၂-ရက် တွင် Long Beach Sport Arena တွင် ဖြစ်ခဲ့သည်။ ထိုစဉ်က နှစ်စဉ် ကရာတေးပြိုင်ပွဲ ကြီးသို. လာကြည့်ကြသော ပရိဿတ်ကြီးဆီသို. ပွဲစီစဉ်သူ မစ္စတာ အက်ဒ် ပါကာ (Ed Parker) မှ ဘရုစ်လီနှင့် မိတ်ဆက် ပေးလိုက် သည်။ အက်ဒ်ပါကာသည် ဟာဝိုင်အီသား အရပ်အားဖြင့် ၆-ပေ၊ ကိုယ်အလေးချိန် ပေါင် ၂၀၀-ရှိသော ကရာတေးသင်တန်းကျောင်း ဖွင့်ထားသူ လူထွား ကြီးဖြစ်သည်။ ဘရုစ်အား အက်ဒ်ပါကာနှင့် ဆက်သွယ်ပေးခဲ့သူမှာ ဂျိမ်းစ်လီ ဖြစ်သည်။ ဘရုစ်အနေဖြင့် အမေရိကန်တွင် လူသိမများသေးသော တရုပ် ကွန်ဖူးကို စွမ်းရည်ပြသရန် ဖြစ်သည်။ Garfield ကျောင်းတွင် ပြသခဲ့သည့် အတိုင်း ဘရုစ်လီ၏ တစ်လက်မ လက်သီးမှာ တစ်ဘက်လူကို လွင့်ပျံ ထွက်စေလျက် ပရိဿတ်များအား တအံ့တသြ ဖြစ်သွားစေခဲ့သည်။ 
အက်ဒ် ပါကာ ချန်ပီယံ အဖွဲ.မှ ခါးပတ်နက်ကို ရရှိထားသူ ဖိလစ်ပိုင်လူမျိုး ဒန်အိနိုဆန်တို (Dan Inosanto) နှင့် ဘရုစ်တို. ကွင်းလယ်တွင် တွေ.ခဲ့ကြသည်။ ရှူံးနိမ့်သွားသူ ပြောပြသည်မှာ “ကျွန်တော့်အနေနဲ.တော့ ကွင်းလယ်မှာ အရူးကို ဖြစ်နေတော့တာပဲ။ ကျွန်တော်ဟာ ကလေး တစ်ယေက်လို ဖြစ်သွားတယ်။ သူ.ကို ဘာမှ မလုပ်နိုင်ဘူး။ သူကလည်း ကျွန်တော့ကို အားတရမ်းမသုံးပါဘူး၊ ခန္ဓာကို လှည့်ပတ်ထိန်းသိမ်းသွားတာပါပဲ။ ကျွန်တော် တစ်ခြားသူတွေကို ရှူံးခဲ့ဘူးပါတယ်။ ဒါပေမယ့် သူ.ကို ရှူံးသလိုမျိုးတော့ မဟုတ်ဘူး။ ပွဲတစ်ခုလုံးကို သူကပဲ လုပ်သွားတာပဲ၊ ကျွန်တော့ အနေနဲ. အယင်က လေ့ကျင့်ခဲ့တာတွေ အားလုံးဟာ လုံးဝ သုံးစားလို.မရတော့ဘူးလို. ခံစားရပြီး အိပ်လို.တောင်မပျော်ခဲ့ဘူး။“

အမှန်အားဖြင့် ဒန်အိနိုဆန်တို (Dan Inosanto) သည် ကင်ပို ကရာတေးတွင် လေ့ကျင့်ခဲ့သည်သာ မက၊ ဖိလစ်ပိုင် သိုင်းပညာ ဖြစ်သော Escrima နှင့် Kali ဆိုသော သိုင်းပညာတို.ကို လည်းလေ့ကျင့်ခဲ့သေးသည်။ ပွဲပြီးသွားသော အခါ ဒန်အိနိုဆန်တို (Dan Inosanto) သည် ဘရုစ်တည်းခိုရာ ဟိုတယ် သို. သွားရောက်၍ ပညာရပ်ခြင်း၊ အတွေးအခေါ်ခြင်း ဖလှယ်ခဲ့သော် လည်း တိုတောင်းသော အချိန်ကာလ ကို သူ.အနေဖြင့် ဘ၀င်မကျခဲ့ချေ။
ထို.နောက်တွင်တော့ ဘရုစ်နှင့် ဒန်အိနိုဆန်တို (Dan Inosanto) တို.သည် အချိန်များစွာ အတူတူ အလုပ်လုပ်ကိုင်ခဲ့ကြသည်။ တစ်ခါတစ်ရံ လမ်းလျှောက်၊ စာအုပ်ဟောင်းဆိုင်များ အတူတကွ ၀င်ရောက်မွှေနှောက်ခဲ့သည်။ ဒန်အိနိုဆန်တို (Dan Inosanto) သည် တာကီ ကိမူရာ (Taky Kimura) ၏ နေရာတွင် ၀င်ယူ၍ ဆန်ဖရန် စစ္စကိုတွင် ကျင်းပသော ဘရုစ်၏ ပြပွဲများတွင် ကူညီခဲ့သည်။ 
ညနေဘက် များတွင် Statler Hilton စတယ်လာ ဟယ်လ်တန် ဟိုတယ်တွင် ဘရုစ်လီမှ ကွန်ဖူးနည်းစနစ်များ သင်ကြားပေးခဲ့ရသည်။
သို.သော်လည်း အာရှသားမဟုတ်သည့် သူများအား ကွန်ဖူးပညာသင်ကြားပေးသည့် အတွက် ပြဿနာတို.စတင်ခဲ့ရသည်။ ၁၉၆၄-ခုနှစ် ဒီဇင်ဘာလ တွင် ဆန်ဖရန်စစ္စကို ရှိ တရုပ်တန်းမှ အကြောင်းကြားစာတစ်စောင် ဘရုစ်လီထံသို.ရောက်ရှိလာခဲ့သည်။ အထူးသဖြင့် ဘရုစ်အနေဖြင့် တရုပ်စကား အားဖြင့် “ကွိုင်လို” (လူဖြူကိုဆိုလိုသည်) တို.ကို ကွန်ဖူးပညာသင်ပေးခြင်း၊ တရုပ်လူမျိုးတို.၏ သိုင်းပညာလျှို.၀ှက်ချက်ကို ဖေါ်ထုတ်နေခြင်း ကို မနှစ်သက်ခြင်း ကြောင့် ယင်းကိစ္စကို ချက်ချင်းရပ်တန်.ပါရန် အကြောင်းကြားခြင်း ဖြစ်သည်။

ဘရုစ်လီအနေဖြင့် ထိုကိစ္စကို လျစ်လျူရှူထားလိုက်ရာ တစ်ပါတ်အကြာတွင် တရုပ်တန်းတွင် ကွန်ဖူးအတော်ဆုံးဖြစ်သူ ဝေါင် ဂျက်မန်း (Wong Jack Man) နှင့် ပညာချင်းယှဉ်ပြိုင်ရန် စိန်ခေါ်လိုက်ကြသည်။ ဘရုစ်အနေဖြင့် ရှူံးနိမ့်ခဲ့ပါက သင်တန်းကျောင်းကို ပိတ်ရမည် သို.မဟုတ် လူဖြူတို.အား သိုင်းပညာ သင်ကြားပေးခြင်းမှ ရပ်တန်.ရမည် ဖြစ်သည်။ 

ဤနေရာတွင် ထူးခြားမှု တစ်ခု ရှိနေသည်မှာ - ဘရုပ်လီအား ဝေါင်ကျက်မန်တို.မှ တရုပ်လူမျိုးတို.၏ သိုင်းပညာလျှို.၀ှက်ချက်ကို ဖေါ်ထုတ်နေသည် ဟု စွပ်စွဲ ရန်စသည် ဟုဆိုသော်လည်း၊ ခဲတစ်ပစ်ခန်. အကွာတွင် ကင်ပိုသိုင်းပညာရှင် အက်ဒ်ပါက သူ၏ နာမည်ကြီးစာအုပ် ဖြစ်သော The Secrets of Chinese Karate (တရုပ် ကရာတေး၏ လျှို.၀ှက်ချက်) ဟုခေါင်းစဉ်တပ်ထားသော စာအုပ်ကို ထုတ်နေခြင်း ဖြစ်သည်။ အက်ဒ်ပါကာသည် ဟာဝိုင်အီ သား ဖြစ်ရာ အာရှသား မဟုတ်၍ သူ.အား အပြစ်မတင်ဟု ဆိုလျှင် ထားလိုက်ပါတော့၊ သူ၏ လက်ထောက်ဆရာ နာမည်ကြီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သူ တိုင်ချီ သိုင်းပညာရှင် ဂျင်မီဝူး ဆိုသူ အနေဖြင့် တရုပ်မဟုတ်သည့် လူများကို နေ.စဉ်နှင့် အမျှ သိုင်းပညာသင်ပေးနေသည်ကို တော့ ဝေါင်ကျက်မန် အပါအ၀င် တရုပ်တန်း လူကြီး အုပ်စု က အပြစ်မတင်ခဲ့ခြင်း ပင် ဖြစ်သည်။ 

စတင် စိန်ခေါ်သူမှာ ဝေါင်ကျက်မန် ဖြစ်သော်လည်း သူက ပြောသည်မှာ “နည်းနည်းပါးပါး အပျော်သဘော ကစားကြတာပေါ့” ဟုပြောလိုက်ခြင်းသည် ဘရုစ်အား ဒေါသ ချောင်းချောင်းထွက်သွားစေသည်။ “စပြီး စိန်ခေါ်တာက ခင်ဗျား၊ ဒီတော့ ပြိုင်ရမယ့် ဥပဒေကို တော့ ကျုပ်ကထုတ်ရလိမ့်မယ်၊ ကဲ- ကြာတယ်၊ ခင်ဗျားရှိတဲ့ ပညာ အကုန်ထုတ်” ဟု ပြောကာ စိန်ခေါ်မှုကို ချက်ချင်းလက်ခံလိုက်သည်။ ထို.နောက်တွင်တော့ ပညာပြိုင်ပွဲကို တရုပ်လူကြီးများနှင့် ဘရုစ်လီ၏ တပည့်များကို သက်သေထား၍ ပြုလုပ်ခဲ့ကြသည်။ ဘရုပ်စ်လီ၏ မြန်ဆန်လွန်းသော လက်သီးများနှင့် ပြင်းထန်သော ခြေကန်ချက်များသည် ပြိုင်ဘက်ထံသို. ကြရောက်ပြီးနောက် ပွဲမှာ မကြာလိုက်ပဲ အဆုံးသတ်ခဲ့သည်။ တရုပ်လူကြီးများအနေဖြင့် ဘရုစ်အား ထပ်မံ၍ ပြဿနာ မရှာတော့ချေ။

ဤ ပြိုင်ပွဲနှင့် ပါတ်သက်၍ အငြင်းပွားမှု များစွာ ရှိသည်။ အများသော သူများက ထိုပွဲသည် သရေပွဲ ဖြစ်သည် ဟု ပြောသော်လည်း လင်ဒါလီ ရေးခဲ့သော ဘရုစ်လီ၏ အထုပတ္တိများ တွင် ဘရုစ်မှ မိနစ် အနည်းငယ်အတွင်းတွင် အနိုင်ရခဲ့သည် ဟုဆိုခဲ့သည်။  သို.သော် မည်သို.ပင် ဆိုစေ၊ ဘရုစ်လီအနေဖြင့် သူကိုယ်သူ မကျေနပ်ခဲ့ပါ။ တကယ်တော့ သူ.၏ လက်ရှိအစွမ်းဖြင့် ယခုထက်အချိန်များစွာ တိုတောင်းစွာ အလဲထိုးနိုင်ရမည့်အစား မလိုအပ်ပဲ အချိန်ဖြုန်း ခဲ့မိသည်ဟု မိမိကို မကျေနပ်ခြင်းပင်ဖြစ်သည်။ တကယ်တော့လည်း ဘရုစ်သည် သာမာန်တော်သော၊ သိုင်းသမား တစ်ဦးထက် ရာဇ၀င် တွင်သော သိုင်းပညာရှင်အဖြစ်ကို မျှော်မှန်းထားနေပြီဖြစ်သဖြင့် ဤအခြေအနေလောက်အား ကျေနပ်နိုင်ခြင်း မရှိသေးခြင်း ပင်ဖြစ်တော့သည်။

သို.နှင့် ဘရုစ်သည် အမေရိကန်နိုင်ငံတွင် အခြေအနေအလားအလာ ကောင်းသော အနေအထားတစ်ရပ်ကို ပိုင်ဆိုင်မိလာပြီဖြစ်သည်။

ဘရုစ်လီအနေဖြင့် ကွန်ဖူးတွင် စိတ်ဝင်စားရခြင်းတွင် အခြေခံအားဖြင့် အဓိက အကြောင်းနှစ်ချက်ရှိသည်။ ပထမ အချက်အားဖြင့် သူ၏ ပင်ကိုယ် စရိုက် ကိုက ရန်လိုတတ်သော ဓါတ်ခံ ရှိသည်။ ဒုတိယ အားဖြင့် သူကြီးပြင်းခဲ့သော ကာလသည် - ၁၉၅၀-နှစ်လွန် ဟောင်ကောင် သိုင်းရုပ်ရှင်ကားများ  လွှမ်းမိုးသော ကာလ ဖြစ်နေခဲ့ခြင်းတို. ဖြစ်သည်။ 

အဆိုများအရ ငယ်စဉ်က ပိန်သေးသေး ဘရုစ်အား အခြားသူများက အနိုင်ကျင့် ခဲ့သဖြင့် ၄င်းတို.အား ပြန်လည် တိုက်ခိုက်နိုင်ကြောင်း သက်သေ ပြလိုခြင်း ကြောင့် မိခင်အား အပူကပ် ခဲ့ရာမှ သိုင်းပညာကို စနစ်တကျသင်ကြားပေးနိုင်သော ဆရာကိုတွေ.ရှိခဲ့ရခြင်းကြောင့် ဖြစ်သည်။

ဘရုစ်လီ၏ ဆုံဆည်းခွင့် မရလိုက်သော အချစ်။
ဘရုစ်လီ သည် Edison Tech High School တွင် ဂရိတ် အဆင့် ၂.၆ တွင် ထိမ်းထားနိုင်ခဲ့သဖြင့် အသက် ၂၀-တွင် ဒီပလိုမာ ရရှိပြီး ၀ါရှင်တန် တက္ကသိုလ်သို. တက်ခွင်.ရခဲ့သည်။ တက္ကသိုလ်တက်ပြီး မကြာမီတွင် လှပသော ဂျပန်ကျောင်းသူ အမျိုးသမီးလေး အေမီ ဆန်ဘို ကို တွေ.ပါလေတော့သည်။

ဘရုစ်လီ၏ ဘ၀နှင့် စရိုက်တို.အကြောင်းကို လေ့လာမည်ဆိုလျှင် အေမီ၏ ပြန်လည် ပြောပြချက်တို.ကို လေ့လာရမည်ဖြစ်ပါသည်။

အေမီနှင် သူမ၏ မိသားစုတို.ကို ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်အစိုးရ၏ ခွင့်ပြုချက်ဖြင့် တက္ကသိုလ်တွင် ပညာသင်ခွင့်ရရှိခြင်းဖြစ်သည်။

အေမီသည် ဒုတိယကမ္ဘာစစ်၏ အနိဌာရုံတို.ကို ခါးသီးစွာ ကိုယ်တွေ. ခံစားခဲ့ရသူ ဖြစ်သည်။ 
ဒုတိယကမ္ဘာစစ်အပြီးတွင် အေမီနှင့် မိသားစုတို.သည် ဗက်ရွန်ကျွန်းတွင် ခဏတာ နေခဲ့ပြီးနောက် ဘဲလဲဗြူး မြို.သို.ပြောင်းရွှေ.ခဲ့ကြသည်။ 

ဖခင်ဆုံးသွား ပြီးနောက် အေမီ တို. ညီအမကို ဆီရိတယ်သို. မိခင်က ခေါ်လာခဲ့သည်။ 
ဘရုစ်လီနှင့် ပထမဆုံးတွေ.ဆုံမှုကို အေမီက မှတ်မှတ်ထင်ထင်ရှိနေခဲ့သည်။ 
“အဲဒီ တုန်းက ကျမက ကျောင်းသားတွေ.စုရုံးတဲ့ HUB မှာ ထိုင်နေတယ်။ အဲဒီ မှာ အာရှသား တစ်ယောက်က ကျမ ထိုင်နေတဲ့အနားကို တစ်ဆင့်ခြင်း ရွှေ.ရွှေ. လာနေတယ်။ ဘာပဲဖြစ်ဖြစ် ကျမက အတန်းတက်စရာ ရှိသေးတော့ သူ.ဘေးက ဖြတ်ပြီး ထ အထွက်မှာ သူက ရုတ်တစ်ရက်ထရပ်ပြီး ကျမလက်ကို လက်မနှင့် ညှစ်ပြီး တစ်အား ဖမ်းဆုပ်လိုက်တာ ကျမအနေနဲ. သေတော့မယ်လို.တောင် ထင်ရတယ်။ နာလွန်းလို. ကျမဒူးပါ ကွေးညွှတ်သွားပြီး၊ လက်ထဲက စာအုပ်တွေလဲ အကုန်လွတ်ကျကုန်တာပေါ့။ ဒါနဲ. ကျမကလည်း “ရှင်ကျမကို လွှတ်ပေးပါ” လို.ပြောတယ်။ “ရှင်ဘာဖြစ်လို. ဒီလိုလုပ်တာလဲ” လို.မေးတော့ “သူငယ်ချင်းတွေကို ပြချင်လို. ဆိုလား” သူက ပြောတယ်။ နာနေတော့ သူပြောတာကိုလည်း ကျမကောင်းကောင်း နားမလည်ပါဘူး။ ဘာလောက် နာသလဲ ဆိုတော့ တစ်ပါတ်လောက် ကြာအောင် လက်မှာ အညိုအမည်း စွဲနေတယ်။ ကျမစိတ်ထဲမှာ “ဘယ်လိုအရူးနဲ.တွေ.နေရတာလဲ မသိဘူး” ဆိုပြီး ဆက်ပြီး လျှောက်လာ ခဲ့တယ်။”
“နောက် အပတ်တွေမှာလည်း သူက ဘယ်ကဘယ်လို ရောက် ရောက်လာသလဲမသိဘူး၊ ပြီးတော့ “ဘယ်လိုနေလဲ” လို.မေးတယ်။ “ကျွန်တော်က ဘရုစ်လီပါ” လို. ပြောတယ်။ အရမ်းလည်းဇွဲကောင်းတယ်။ ကျမနဲ.စကားပြောဘို. စကားမရှိစကားမျိုးစုံ ရှာလာတယ်။” 

ဤနေရာတွင် ဘရုစ်လီ၏ ထင်ရှားသော စရိုက်တစ်ခု အကြောင်း ပြောလိုသည်မှာ သူသည် မည်သောအခါမျှ မည်သူ.ကိုမျှ တောင်းပန်ခြင်း မပြုတတ်ခြင်း ပင် ဖြစ်သည်။ တောင်းပန်မည့် အစား တနည်းနည်းဖြင့်သာ လျော်ကြေးပြန်ပေးတတ်သည်။ အေမီနှင့် သူ၏ ဇတ်လမ်းကို ဆက်ကြည့်ပါ။
“ကျမ အနေနဲ. အကလေ့ကျင့်ယင်းနဲ. ခြေခေါက်သွားလို. ကျောင်းကို တစ်ပါတ်လောက် ချိုင်းထောက်နဲ. တက်ခဲ့ရတယ်”
“မနက်ဘက်ကို ကျောင်းသွားမယ်ဆိုယင် ကျမက ကားပါကင်း ကို ဖြတ်လျှောက်ပြီး တော့ လမ်းကို ဖြတ်ကူးပြီး ဘောလုံးပွဲကြည့်စဉ်လုပ်ထားတဲ့ လှေခါးထစ် ၃၆၇-ဆင့်ကို တက်ရတယ်။ အဲဒါဟာ တကယ့်ဒုက္ခပါပဲ”
“တစ်နေ.မှာ ဘရုစ်ဟာ ဘယ်ကမှန်းမသိ ၀ုန်းကနဲပေါ်လာတယ်၊ ကျမကို မချီပြီး၊ ကျမ ရဲ.စာအုပ်တွေရော၊ ချိုင်းထောက်ရော၊ ကျမ၀တ်ထားတဲ့ ကုတ်အင်္ကျီ အလေးကြီး ကို ရော အကုန်လုံး သုံးကြုံး မချီသွားတယ်” တကယ်တော့ သူ.အပြစ်ကို ပြန်ချေပေးတဲ့ လုပ်ရပ်ဟာ တကယ်ကို လေးစားလောက်ပါတယ်။
“ကျမ ချိုင်းထောက်နဲ. လျှောက်နေရတဲ. နောက်နေ.တွေအားလုံး နေတိုင်း သူအဲဒီလို လုပ်တယ်။ ကျောင်း က အတန်းပြီးသွားယင် လည်း ကျမနေတဲ့ သုံးထပ်က အခန်းအထိ သူအဲဒီလို မချီသွားတယ်။ ကျမ လမ်းလျှောက်လို. ခက်မယ် လို.ထင်ရတဲ့နေရာတိုင်းမှာ ကျမကို မချီသွားတယ်။” 
“အားလုံးထက် ထူးခြားတာက အာရှသား ဖြစ်ပေမယ့် တောင်းပန်တတ်တဲ့ စရိုက်မရှိတာပဲ” “တကယ်ဆိုယင် ကျမတို. အာရှသားတွေက တောင်းပန် တတ်တယ်၊ အဲဒီတော့ လူဖြူတွေကို အောက်ကျို.ရာရောက်နေတော့ ကျမကလည်း အဲဒီအကျင့်ကို မကြိုက်ဘူး၊ ဘရုစ်ကျတော့ သူ.ကိုယ်သူ ယုံကြည်မှု အပြည့်ရှိတယ်။ အဲဒီတော့ ကျမအနေနဲ. အင်အားရှိတာပေါ့” “သူက အာရှသားပဲ၊ သူမျက်နှာက ကျမလို အာရှသားမျက်နှာပဲ၊ ဒါပေမယ့် ဘယ်တော့မှ မတောင်းပန် ဘူး၊ ကျမက ဒါကို သဘောကျတယ်”
ဘရုစ်လီသည် မည်သို.သော လူမျိုးကိုတွေ.တွေ. သူ.အနေဖြင့် သိမ်ငယ်သွားတတ်သော သဘော မရှိသည်ကို အေမီက ပြန်အမှတ်ရနေသေးသည်။

ထိုစဉ်က ပူးလစ်ဇာဆုကို ရရှိထားသော သီအိုဒို ရိုကေး ဆိုသော လူကောင်ထွား ကဗျာဆရာ ဆရာကြီးတစ်ဦးသည် သူတို.၏ အတန်းကို သင်ရသော နေ.တစ်နေ. ဖြစ်၏။ သူသည် အင်္ဂလိပ်စာ ဌာနတွင် တစ်ဦးတည်းသော နည်းပြဆရာဖြစ်သည်။ ရိုကေးအခန်းထဲသို. ၀င်လာတာကို ပထမဆုံးတွေ.ချိန်တွင်  “အလိုဘုရားရေ- တကယ့် လူထွားကြီးပါလား၊ ဒါကြောင့် သူ.ကိုယ်သူ ကဗျာတွေထဲမှာ ၀က်ဝံကြီးလို. တင်စားတာ ဒါကြောင့်ပါလား လို.ကျမထင်မိတယ်”
“ဒါပေမယ့် ဘရုစ်ကတော့ ဘာမှ ဂရုမစိုက်ဘူး၊ သူ.ကိုယ်သူ ကျွန်တော်က ကွန်ဖူးဆရာ ဘရုစ်လီပါလို. သွားပြီးမိတ်ဆက်တယ်၊ ဒီနေရာမှာ ကွန်ဖူးဆရာ ဆိုတဲ့ စကားကို သေသေချာချာ အလေးထားပြီး ပြောတယ်”
“ကျမလည်း ကြောင်နေပြီး ဘာတွေဖြစ်ကုန်လဲတောင် သေသေချာချာ မသိတော့ဘူး၊ပြီးမှ သတိရလို. ပြန်ကြည့်တော့ ဘရုစ်က မြေဖြူခဲကိုင်ပြီး၊ ရှေ.ဆုံးက ခုံမှာ ထိုင်နေတဲ့ ဆရာ ရိုကေးကို ကွန်ဖူးပညာရဲ. အရေးကြီးတဲ့ အချက်တွေက ဘာတွေဆိုတာကို သင်ပုန်းပေါ်မှာ တရုပ်စာတွေပါ ရေးပြပြီး သင်တန်း ပို.ချနေတယ်”
“အဲဒီတုန်းက ၁၉၆၁-ခုနှစ်၊ နောက် ၂-နှစ်အကြာမှာ ကဗျာဆရာ လူထွားကြီး ရိုကေး ဆုံးသွားတယ်၊ နောက် ၁၀-နှစ်နီးပါး အကြာမှာတော့ ဘရုစ် ဆုံးတယ် လေ”
အေမီသည် အကပညာနှင့် ပါတ်သက်၍ ပါရမီရှိသူဖြစ်သည်သာ မက သူပိုင်အက တီထွင်ခဲ့သူ အနေဖြင့်လည်း နာမည်ရှိခဲ့သည်။ ဘရုစ်နှင့် ပါတ်သက်၍ အေမီ ထပ်မံပြောပြခဲ့သည်မှာ-
“လူမည်း အကသမားတွေ လှုပ်ရှားက နေကြတဲ့ အခါမှာ ဘရုစ်က သေသေချာချာကြည့်တယ်၊ အားလုံးသိတဲ့ အတိုင်းပဲလေ လူမည်း အကသမားတွေက အက ကောင်း တယ်။ ဘရုစ်ကိုယ်တိုင်က ဟောင်ကောင်မှ ချာချာ အကချန်ပီယန် ရခဲ့ဘူးတာပဲ။ ပထမတော့ ကျမလည်း ဘရုစ်က ဟိုလူတွေ လုပ်သလို လိုက်လုပ် မယ်လို. ထင်တာ၊ တကယ်လည်း ကျရော ဘရုစ်ကသူ.ကိုယ်ပိုင် စတိုင်ထွင် ပစ်လိုက်တယ်။ သူဟာ သူများနဲ.မတူဘူးဆိုတာ သူ.ရဲ.လှုပ်ရှားမှုတွေမှာ ကျမ တွေ.လိုက် ရတယ်။ ”
“တကယ်တော့ သူဟာ လှုပ်ရှားမှုတွေ.နဲ.ပါတ်သက်ယင်၊ တကယ့်ပါရမီရှင်ပါပဲ။”
“လှုပ်ရှားမှုတွေ.ကို ကြည့်လိုက်နဲ. အဲဒီအတိုင်း လိုက်လုပ်နိုင်တယ်၊ အဲဒီ လှုပ်ရှားမှုက သူ.အသွေးအသားထဲမှာ ပျော်ဝင်သွားတယ်။ ပြီးတော့ သူ.ရဲ.ကိုယ်ပိုင် လှုပ်ရှားမှု ဖြစ်သွားတယ်။”
“ကျမကိုယ်တိုင်က အကသမားဆိုတော့ လှုပ်ရှားမှု တွေနဲ. ကျမက အကျွမ်းတ၀င် ရှိတယ်လေ၊ အဲဒီမှာ ကျမသတိထားမိတာက ဘရုစ်ပာာ တခြား ဘယ်အာရှသား တစ်ယောက်ရဲ. လှုပ်ရှားမှုနဲ. မတူတာပါပဲ။”
“ကျမက ပါရမီရှင်တွေ အပေါ်မှာ စွဲလမ်းတတ်တယ်။ သူ.ရဲ.ပါးစပ်က နားမခံသာတွေ ထွက်လာတတ်ပေမယ့် သူ.က တကယ့်ကို ပါရမီရှင် ဆိုတာ ထင်ရှားတယ်။”
“ကျမတို.နှစ်ယောက် ဟာ လှုပ်ရှားမှုတွေကို နှစ်သက်တယ်။ ကျမတို. လေ့ကျင့်ခန်းလုပ်ယင် တစ်ယောက်ရဲ. လှုပ်ရှားမှုကို တစ်ယောက်က နားလည် တယ်။”
“ဟို အစမှာတည်းက ဘရုစ်ဟာ သူ.ရဲ. လိင်ကိစ္စ ချို.ယွင်းမှုပြဿနာကို ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ပြောပြတယ်။”

ဘရုစ်လီသည် မည်သည့်ကိစ္စကိုမဆို တိုက်ရိုက်တည့်တိုး ပြောတတ်သည်။ လူတစ်ယောက်နဲ. သိ၍ သိပ်မကြာသေးခင်ပင် သူ.၏ ချို.ယွင်းချက်ကို ပြောပြ တတ်သည်။ ထိုကိစ္စနှင့် ပါတ်သက်၍ အေမီ၏ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သူ လွန်နီ ကလည်း အောက်ပါအတိုင်း ပြောပြသည်။
“ဘရုစ်နဲ.ပါတ်သက်လို. ခင်စရာ ကောင်းတဲ့ အချက်က တစ်ခြားတွေအနေနဲ. ရှက်စရာကောင်းတယ် လို.ယူဆ တတ်တဲ့ကိစ္စတွေကို သူဟာ အကုန်ချ ပြောတတ်တယ်။ ကလေးငယ် တစ်ယောက်လို ပွင့်လင်းမှုက ကျမတို.က လန်းဆန်းသွားစေတယ်လေ၊ ဒါပေမယ့် သူ နောက်ပိုင်း ဟောင်ကောင်ကို လည်း ပြန်သွားရော အဲဒါတွေ အားလုံးပြောင်းလဲသွားတယ်။”

ဤ အချိန်ကာလသည် ဘရုစ်လီ၏ ဘ၀တွင် အသာယာဆုံးသော အချိန်များဖြစ်ခဲ့သည်မှာ ငြင်းဘွယ် မရှိပါချေ။ နှစ်ခြင်း ဘုရားကျောင်းတွင် တရုပ် ကလေးငယ် များကို ကွန်ဖူးသင်ပေးခဲ့သည်။ ငွေကြေး၊ အောင်မြင်ကျော်ကြားမှုတို.ကို ကြောင့် သူ.ကိုယ်ပိုင်အတ္တမှာ ပူလောင်ခြင်း မရှိသော ကာလ ဖြစ်သည် ဟု ဆိုရပါမည်။
ထို.နောက်တွင် တော့ ဘရုစ်သည် အေမီအား ချစ်ရေးဆိုမှုကို နေ.စဉ်နှင့် အမျှ ပြုပါတော့သည်။ အေမီသည် စာပေကို ချစ်တတ်ကြောင်း သိထားခြင်းကြောင့် အချစ်ကဗျာ များရေးစပ်လာပြီး အသံနေအသံထားဖြင့် လာဆိုပြတတ်သည်။ 
သူ.ဘွားအေ ပိုင်ခဲ့သော လက်စွပ်ကို အေမီအား ပေးပြီးနောက် ဘရုစ်သည် သူ.၏ အဒေါ် ဖြစ်သူ အီဗာ ကို သတို.သမီးလောင်း အေမီနှင့် ပေးတွေ.ရန် အတွက် အမေရိကန် သို.လိုက်လာစေရန် စီစဉ်တော့သည်။ 
“အဲဒီ အမျိုးသမီး ဟာ ကျမကို လာကြည့် မယ်ဆိုတာကို ဘရုစ်က လုံးဝမပြောထားခဲ့တာ ဟာ ကျမအတွက် တစ်အားကို အနေခက်စေခဲ့တယ်။”
“တကယ်တမ်း ကျမတို. အာရှထုံးစံမှာက ကိုယ့်ဆွေမျိုးကို သတို.သမီးလောင်းကို လာကြည့်ခိုင်းတယ်ဆိုတာ တကယ် မင်္ဂလာဆောင်ဘို. အတွက်က ခြေတစ်လှမ်းပဲ ကွာတော့တယ်လေ။ အခြေအနေအားလုံးဟာ ကျမကို ဘေးကြပ်နံကြပ် ဖြစ်စေတယ်။ ကျမဘ၀မှာ လုပ်စရာတွေ အများကြီးကျန်သေးတယ်။ ကျမအနေနဲ. ကလေးတွေနဲ. အိမ်ထောင်ရေးကိစ္စတွေကို ဂရုစိုက်နေရတဲ့ ဘ၀ထက် သာတဲ့အနေအထားကို လိုချင်တယ်။ ဘရုစ်က ဒါကို နားလည်မယ်လည်း ကျမ ထင်တယ်။ ဒါပေမယ့် ဘရုစ်က ဖိအား တစ်အားကို ပေးတယ်။”
“ကျမတို.နှစ်ယောက်ကြားမှာ လူ.ဘောင်လောက ကို သတိပြုတတ်တဲ့ စရိုက်မှာ အရမ်းကို ကွဲပြားသွားတယ်”
“တစ်နေ.မှာ ဘရုစ်က ကျမဆီလာပြီး မင်းကို အနိုင်ရအောင် ငါဘာလုပ်ပြရမလဲ လို.လာမေးတယ်၊ ကျမလည်း ခဏ စဉ်းစားပြီး၊ ကျမနဲ. ကျောင်းစာ အမှတ်ချင်း မီအောင်လုပ်လို. ပြောလိုက်တယ်။ ”
“ကျမအနေနဲ. ဘရုစ်ကို စိတ်ပျက်စေတဲ့ အချက်တစ်ခုက ဘရုစ်က ကျမလို ပညာရေးမှာ စိတ်မ၀င်စားဘူး၊ ကိုယ်ခန္ဓာ ရုပ်ဝတ္ထုတွေအပေါ်မှာပဲ လုံးဝ စွဲငြိ နေတယ်”
သူတို.နှစ်ဦးတွင် ပို၍ ကြီးထွားလာသော ပြဿနာမှာ ဘရုစ်သည် အေမီကို အာရှရိုးရာ ထုံးတမ်းစဉ်လာများကို လိုက်နာစေချင်သည်။ သူ.စကားကို နားထောင်ပြီး သူ.ကို အမြဲတမ်းရိုသေလေးစား နေသော မိန်းမ တစ်ယောက် ဖြစ်စေလိုသည်။ 
“ကျမကလည်း သူ.အောက်တော့ အကျမခံနိုင်ဘူးလေ၊ ကျမတို. အမြဲတမ်းတိုက်ပွဲ ဖြစ်နေရတာပဲ၊ တကယ်လို. မိန်းကလေးတစ်ယောက်ဟာ သူ.ရဲ. ခံစားချက်ကို လွတ်လွတ်လပ်လပ် ပြောနိုင်တဲ. အစွမ်းမရှိလို.ကတော့ ဘရုစ်က သူ.ကို လုံးဝ အနိုင်ယူသွားမှာပဲ။ အဲဒါက သူရဲ.ပင်ကိုယ် သဘောထားပဲ။ ကျမက သူ.အောက်ရောက် မသွားတာက အဲဒီလိုမျိုး သူအပေါ်စီးရောက်သွားမှာကို  လုံးဝလက်မခံခဲ့လို.ပဲ။ တကယ်လို. ဘာမှ အကြောင်းရင်း မရှိပဲ သူကျမကို ရိုက်ယင်၊ ကျမက လည်း သူ.ကို ပစ်သတ်မှာပဲ။”
“သူက တကယ်တော့ မိန်းမဆိုတာဟာ ယောက်ျားတွေအနေနဲ. အသုံးချဘို.ပါပဲ လို.ခံယူထားတယ်။ ”
“The King and I  ရုပ်ရှင်ထဲက ပျားလေးတွေက ပန်းတွေရဲ့ ပွင့်ဖတ်တစ်လွှာစီကို ကူးလာပျံသန်းနေတယ် ဆိုတဲ့ သီချင်းစာသားလေးကို မကြာခဏ ကိုးကား တယ်။ တကယ်တမ်းက သူဟာ ကြမ်းတမ်းတဲ့သူပဲ။ ”
“သူ.ရဲ.ရင်ထဲမှာ သူ.ငယ်စဉ်က မကျေနပ်မှု တွေနဲ. ပြည့်နေတယ်။ သူ.အဖေ အကြောင်းကို လုံးဝမပြောဘူး၊ သူ.အကို ပီတာ အကြောင်းကို တစ်ယောက် ယောက်က မေးယင် ချက်ချင်း စကားလွှဲပစ်တယ်”
သူ.တို.နှစ်ယောက် ဇတ်လမ်းပြတ်ခဲ့သည်မှာ လည်း ချောချောမောမောတော့ မဟုတ်ချေ။ အေမီသည် နယူးရောက် ပြပွဲတွင် အလုပ်ရရန် ကြိုးစားနိုင်ရန် အတွက် နွေရာသီ လုပ်ငန်းလေးများ လုပ်ခွင့်ရနိုင်ရန် နယူးရောက်မြို.သို. သွားရပါတော့မည်။ 
“ဇတ်လမ်းပြတ် တော့မယ်ဆိုတာကို ကျမ အနေနဲ. ခံစားမိပါတယ်။ ဘရုစ်ဟာ အရမ်းအစွဲအလမ်းကြီးတတ်တယ်။ ကျမနဲ. သူရဲ. ဆက်ဆံရေး တစ်လျှောက်လုံး မှာ သူ.စရိုက်ကို ကျမသိခဲ့တယ်။”
“သူဟာ တစ်ခြားတစ်ယောက်က သူ.ကို ငြင်းဆိုတာကို လက်ခံတတ်တဲ့ သူမျိုးမဟုတ်ဘူး၊ ကလေးကလည်း တစ်အားဆန်တယ်၊ ဇွဲကလည်း တစ်အား ကောင်းတယ်။ ကျမကို ရမယ်ဆိုယင် ဘာပဲလုပ်ရ လုပ်ရ လုပ်မှာပဲ။ ဒါဆိုယင် ဘယ်လိုလုပ်ရမှန်းတောင် မသိဘူး။ ”

ထိုကြားတွင် အေမီနှင့် ပါတ်သက်၍ စိတ်ရှူပ်ထွေးပြီး ဘရုပ်အနေဖြင့် ဟောင်ကောင်သို. နွေရာသီကျောင်းပိတ်ရက်တွင် ခဏ ပြန်သွားခဲ့သည်။ ထိုအချိန်တွင် ဟောင်ကောင် သည် တရုပ်ပြည်မှ စွန်.ခွာ ထွက်ပြေးလာသော ဒုက္ခသည်တို.ဖြင့် ကြပ်သိပ်လျှက်ရှိသည်။ သို.သော်လည်း ဘရုစ်သည် မိမိကိုယ်ကို စိတ်ချမ်းသာအောင် ပင်လယ်ကမ်းခြေသို. လမ်းလျှောက်ခြင်း၊ ရုပ်ရှင် ကြည့်ခြင်း၊ ပန်းခြံ၊ စားသောက်ဆိုင်များသို. သွားရောက်ခဲ့ခြင်းများ ပြုလုပ်ခဲ့သည်။ 
ထိုကာလ လေးတွင် ဘရုစ်သည် ဆရာကြီး ယစ်ပ်မန်ထံတွင် အရေးကြီးသော လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ ကလေးရည်းစား ဖြစ်ခဲ့ဘူးသူ ပက်ယန်နှင့် ဇတ်လမ်းတိုလေး ပြန် ဖြစ်ခဲ့လိုက်သေးသည်။
သို.နှင့် နွေရာသီလေးကုန်ဆုံးပြီး ဘရုစ်ပြန်လာသော အခါ၊ သူ၏ နိစ္စဓူဝ လုပ်ငန်းဖြစ်သော နေ.ဘက်တွင် ကျောင်းတက်၊ ညဘက်တွင် စားပွဲထိုးလုပ်ငန်းကို ပြန်လုပ် ရသည်။ အေမီကိုလည်း မတွေ.ရတော့ချေ။ ထိုနှစ်မှာပင် စာမေးပွဲကျသည်။ ကျသည့် ဘာသာရပ်က တော့ Introductory Modern Chinese ခေတ်သစ် တရုပ် ဘာသာ နိဒါန်း ဖြစ်တော့သည်။ 
ဘရုစ်၏ နေ.စဉ်ဒုက္ခများကို ကြည့်မနေနိုင်သော တာကီကိမုရာ မှ အခြားကျောင်းသားများထံမှ သင်တန်းကြေးငွေ ကောက်ခံခြင်းဖြင့် ရူဘီချောင်ထံမှ ပြောင်းရွှေ.နိုင်ပြီး ကျွန်ဖန် ကွန်ဖူးသင်တန်းကျောင်းလေး ဖြစ်လာရခြင်း ဖြစ်တော့သည်။

(မှတ်ချက်။ Digital Sarpay မှ ထုတ်ဝေမည့် စာအုပ်တွင် အပြည့်အစုံ ပါဝင်ပါမည်။)


ဘရုစ်လီ၏ ပါရမီ ဖြည့်ဘက် ချစ်သူ။
သို.သော်လည်း ဘရုစ်လီ၏ ဘ၀အကြောင်းကို ပြောမည်ဆိုလျှင် သူ.ဇနီးဖြစ်သူ လင်ဒါမပါပဲနှင့် မပြည့်စုံနိုင်ပါ။ ဘရုစ်၏ ရည်ရွယ်ချက်တို.အောင်မြင် စေရန်အတွက် မိမိ၏ ကိုယ်ကျိုးကိုပင်စွန်.ပြီး ခိုင်မြဲသော မေတ္တာနှင့် ဘ၀ဖော်ဖြစ်ခဲသည့် လင်ဒါသည် “အောင်မြင်သော ယောက်ျားတစ်ယောက်၏ နောက်ကွယ်တွင် ဇနီးကောင်း တစ်ယောက်ရှိသည်” ဆိုသော ဆိုးရိုးကို မှန်ကန်ကြောင်း သက်သေပြနေခဲ့ပါသည်။
လင်ဒါ အင်မာရီနှင့် ဘရုစ်လီတို.သည် ဘရုစ်အမေရိက ရောက်ရှိပြီးကျောင်းတက်ချိန်တွင် ဆုံခဲ့ကြသည်။ လင်ဒါအနေုဖြင့် ကိုယ်ခံပညာကျွမ်းကျင်ပြီး အနာဂါတ် အတွက် မြင့်မားသော အိမ်မက်ကို မျှော်မှန်းထားသည့် အရှေ.တိုင်းသားလေး ဘရုစ်အား သံယောဇဉ်တွယ်ခဲ့မိသည်။ ဆီယိတယ်မြို.ရှိ စားသောက်ဆိုင်တွင် စတင်ချိန်းတွေ.ကြသော ပထမအတွေ.ကပင် လင်ဒါအနေဖြင့် မိဘတို.၏ သဘောထားကို ဆန်.ကျင်ကာ ခိုင်မာသော သစ္စာကို တည်ခဲ့ စေသည်။

လင်ဒါသည် ပရိုတက်စတင့် ဘာသာဝင် လူဖြူအမျိုးသမီးဖြစ်သည်။ သူမ၏ မိခင်ဖြစ်သူအနေဖြင့် အာရှသားနှင့် သဘောမတူနိုင်သည်ကို သိသဖြင့် ချိန်းတွေ.မှု ကို သူမကပင် စီစဉ်ခဲ့သည်။ မည်သို.ပင်ဖြစ်စေ ဟောင်ကောင်သားလေး ဘရုစ်အား ချစ်သည့် အချစ်ကို စွန်.လွှတ်ခြင်း မပြုနိုင်ခဲ့ပါ။
ဘရုစ်အနေဖြင့် Oakland သို. သင်တန်းကျောင်းကို ပြောင်းရွှေ.ဖွင့်လှစ်ခဲ့သော်လည်း တစ်ဦးနှင့် တစ်ဦး ပုံမှန်စာရေးဆက်သွယ်ခဲ့ကြသည်။ အိမ်သို. စာရောက် လာပါက အမေ ဖြစ်သူ သိသွား မည် စိုး၍ စာတိုက်သေတ္တာနံပါတ်ကို အသုံးပြုခဲ့သည်

ချစ်သူ ရည်းစားဘ၀မှ အကြင်လင်မယားဘ၀သို. နောက်တစ်ဆင့်တက်နိုင်ရန်အတွက် လင်ဒါ့မိခင်ကို ဘယ်လိုပြောမလဲဆိုသော မေးခွန်းသည် သူတို.စုံတွဲကြား တွင် မွှေနှောက်လာသည်။ မတော်ရသေးသည့် ယောက္ခမလောင်းကြီးကို သွားတွေ.ရမည့်အစား ပြိုင်ဘက်ကို ကြိုးဝိုင်းအလယ်တွင်သာ တွေ.လိုက်ချင်သော ဘရုစ်သည် အယင်ဆုံးလက်ထပ်ပြီး Oakland တွင် တိုးတိုးတိတ်တိတ်နေကြကာ ပြီးမှ လင်ဒါမိခင်ကို အကြောင်းကြားရန် အဆိုပြု ခဲ့သည်။

၁၉၆၄-သြဂုတ်လ ၁၂-ရက်နေ.တွင် ဘရုစ်သည် လင်ဒါအတွက် လက်ထပ်လက်စွပ်လေးနှင့်တကွ ဆီယယ်တယ်မြို.ဆီသို. ပြန်ရောက်လာသည်။ ကံဆိုးသည်က- တရားရုံးတွင် လက်ထပ်ခွင့် လျှောက်ထားသော အခါ၌ လက်ထပ်မည့် အကြောင်းအရာ အသေးစိတ်ကို ဒေသခံ သတင်းစာတွင် လက်ထပ်ခြင်း မပြုမီ ထည့်ရမည် ဆိုသော ဥပဒေ ရှိနေခြင်းပင် ဖြစ်တော့သည်။ 

လင်ဒါ၏ အဒေါ်ဖြစ်သူမှ သတင်းစာကို ဖတ်မိမိခြင်း ဘာဖြစ်လို.သူ.ဆီဖိတ်စာမရောက်ရသလဲဟု လင်ဒါမိဘများထံသို.ချက်ချင်းဖုန်းဆက်သည်။ ရုတ်ချည်းပင် လင်ဒါ၏ မိခင်ဖြစ်သူက ချက်ချင်း ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့သည်။ လင်ဒါ၏ ဖခင်မှာမူ လင်ဒါ ၄-နှစ်သမီးအရွယ်ကပင် ဆုံးပါးခဲ့သည်။ ဘရုစ်သည် ၄င်းတို.အား ရဲရဲပင် သွားတွေ.ပြီး “ကျွန်တော့်အနေနဲ. ခင်ဗျားတို.သမီးကို လက်ထပ်လိုပါတယ်။ ဒါပေမယ့်စကားမစပ် ကျွန်တော်က တရုပ်လူမျိုးပါ” ဟု ပြောခဲ့သည်။

သူတို.အား ခွဲထုတ်ရန်အတွက် လင်ဒါ၏ ဦးလေးက “ဒါဆိုယင် ခရစ်ယာန်လက်ထပ်ခြင်းမဖြစ်နိုင်ဘူး”၊ ပြီးတော့ ဘရုစ်အားလည်း “လင်ဒါက ဘာမှ လုပ်တတ်တာ မဟုတ်ဘူးနော်” ဟု စိတ်ပျက်စေရန် ပြောခဲ့သေးသည်။ ဘရုစ်က “ကိစ္စမရှိပါဘူး။ သူအနေနဲ. သင်ယင်တတ်သွားမှာပါ” ဟု ပြန်လည် ချေပခဲ့သည်။ ထိုအချိန်က လင်ဒါမှာ ၁၉-နှစ် သမီး ဖြစ်သည်။

နောင်သော အခါ ဘရုစ်နှင့် ရင်းနှီးသော မိတ်ဆွေတစ်ဦးက ပြောခဲ့သည်မှာ “ဒါကတော့. အလုပ်အကိုင်၊ ပုံမှန်ဝင်ငွေမရှိတဲ့သူကို သမီးငယ်လေးနဲ သဘောမတူတတ်တာက သဘာဝပါပဲလေ” ဟုပြောခဲ့သည်။
သို.နှင့်ပင် Seattle Congregational Church တွင်သူတို. မင်္ဂလာဆောင်ကြသည်။ ဘရုစ်၏ အရင်းနှီးဆုံး သူငယ်ချင်း လည်းဖြစ်၊ ပထမဆုံး တပည့်လည်း ဖြစ်သူ တာကီ ကိမူရာမှ သတို.သားအရံ လုပ်သည်။ သူက ဂုဏ်ယူစွာမှတ်မိနေသည်မှာ “မိသားစုဝင်မဟုတ်တဲ့ တစိမ်းဆိုလို. ကျွန်တော် တစ်ယောက်တည်း ရှိတယ်။” မည်မျှ ကသီလင်တနိုင်သနည်း ဆိုသော် ဘရုစ်သည် အခမ်းအနား အတွက် ၀တ်စုံကို ပြေးငှားရသကဲ့သို. လင်ဒါတွင် သတို.သမီး ၀တ်စုံမရှိပါ။ လင်ဒါ့ မိခင်ဖြစ်သူ မှ ပြောသည်မှာ “သူ.အနေနဲ. သမီးအတွက်ပန်းကလေးလောက်တော့ ၀ယ်ထား ပေးဘို.တော့ သင့်ပါတယ်” ဟူ၍ ဖြစ်သည်။ မပြည့်မစုံပဲ မင်္ဂလာဆောင်ခဲ့ခြင်းကပင် ဘရုစ်နှင့် လင်ဒါ တို.သည် သူတို.တကယ်တမ်း တစ်ယောက်မှာ တစ်ယောက် အတွက်ဖြစ်သည်ကို ပြဆို နေသကဲ့သို.ပင် ဖြစ်ပါသည်။ ထိုအချိန်တွင် လင်ဒါ့တွင် ကိုယ်ဝန် လေးလ အရွယ်ရှိနေခြင်းက လည်း မိခင် အနေနှင့် ပယ်ဖျက်၍ မရခဲ့သော အကြောင်း တစ်ခု ဖြစ်ပါသည်။ (ထိုစဉ် က အမေရိကန်တွင် ယခုကာလ ကဲ့သို. တရားဝင် အိမ်ထောင်ဘက်မရှိဘဲ သားသမီး ရရှိခြင်းကို ဘာသာရေး လိုက်နာသူ မိသားစုများ အဘို. ရှက်ဘွယ် ကိစ္စဟု လက်ခံထားသည်။ စကားချပ်)

သို.သော်လည်း ဇွဲကောင်းသော ဘရုစ်သည် အိမ်ထောင်ကျသွားသော်လည်း အေမီဆန်ဘိုထံသို. ဖုန်းဆက်သွယ်ရန်ကြိုးစားခြင်း၊ အေမီ၏ သူငယ်ချင်းများကို ဆက်သွယ်ခြင်းများ ပြုလုပ်ခဲ့သည်။ နောက်ပိုင်း အေမီ အိမ်ထောင်ကျသွားမှသာ ဘရုစ် ထံမှ ဖုန်းများ ရပ်သွားပါတော့သည်။

(မှတ်ချက်။ Digital Sarpay မှ ထုတ်ဝေမည့် စာအုပ်တွင် အပြည့်အစုံ ပါဝင်ပါမည်။)
အပိုင်း (၃) ကို ဆက်လက် ဖေါ်ပြပေးပါမည်။
နျူမာန် (မိုးတား)

[+/-] show/hide this post

No comments:

Post a Comment