Thursday, March 28, 2013

မြန်မာ အန်ဒရွိုက် မိုးတား ဇာတာဖွဲ့ ပရိုဂရမ်။


မြန်မာ ဗေဒင် ပညာရှင်၊ ၀ါသနာရှင်များ အသုံးပြုနိုင်ရန် အတွက်- မိုးတား အဖွဲ့အနေနဲ့ ပြုစုထားခဲ့တဲ့ မိုးတား အန်ဒရွိုက်  ရိုဂရမ်လေး ဖြစ်ပါတယ်။ ပရိုဂရမ်ကို အဓိက ရေးသား ခဲ့သူ က တော့ - အွန်လိုင်း ဗေဒင် ပရိဿတ်များ နှင့် ရင်းနှီးတဲ့ ကိုပခန်း ဖြစ်ပါတယ်။ ဗေဒင် ပညာကို လေ့လာ လိုက်စား နေတဲ့ မြန်မာများ အတွက်သာ ရည်ရွယ်ပြီး သီးသန့် ဖြစ်တဲ့ အတွက်- မြန်မာပြည်မှာ မြို့များစွာကိုပါ အဆင်သင့် ရွေးချယ် နိုင်ပါတယ်။ အကယ်၍ မိမိက နေရာ အတိအကျ အသေးစိတ် သိလျှင်လည်း- အနီး ဆုံး မြို့ကို ဦးစွာ ရွေးချယ်ပြီးနောက် မိမိထည့်လိုသော လောင်ဂျီတွဒ်၊ လတ္တီတွဒ် တန်ဘိုးများ ထည့်သွင်း တွက်ချက် နိုင်ပါသေးတယ်။ ဒီလိုပါပဲ- ကမ္ဘာစစ် မတိုင်မီမွေးခဲ့သူ တွေရဲ့ အချိန်ကို ရွေးယင်- မြန်မာ စံတော်ချိန် ၆း၃၀ မဟုတ် သေးတဲ့ အတွက်- လိုအပ်သလို ပြန်လည် ပြင်ဆင် နိုင်ပါသေးတယ်။


ကွန်ပျူတာက နေဒေါင်းမယ် ဆိုယင်တော့- ပထမဦးစွာ- https://play.google.com/store ကိုသွားလိုက်ပါ။ အဲဒီမှာ MOTAA ဆိုပြီး ရှာလိုက်ယင်- မိုးတား အန်ဒရွက် ပရိုဂရမ် ၃-ခုကို တွေ့ကြရပါမယ်။ အဲဒီကနေ ဒေါင်းနိုင်ပါသေးတယ်။


အန်ဒရွိုက် ဗားရှင်း ၂-ထက် မြင့်တဲ့ ဖုန်းများ အတွက် သုံးစွဲနိုင်ရန် ရေးသားထားတဲ့ မိုးတား ပရိုဂရမ်ဟာ မြန်မာများ အတွက် အခမဲ့ စေတနာ သက်သက် တာ ဖြစ်ပါတယ်။

ပရိုဂရမ် လေးကို မိမိရဲ့ လက်ကိုင်ဖုန်းမှာ တပ်ဆင် ပြီးယင်- တော့ အောက်ပါ အတိုင်းမြင်တွေ့ကြရပါမယ်။ 
ဇာတာကို တိုက်ရိုက် တန်းတွက်နိုင်ပေမယ့်- ကျွန်တော် အကြံပေးချင်တာက နောင် အတွက်ပါ တစ်ခါတည်း သိမ်းထားလို့ ရအောင် လုပ်ထားစေချင်ပါတယ်။ ဒါကြောင့် အခု ရှင်းပြုမှု အဆင့်ဆင့်မှာ ဇာတာ တစ်စောင် ကို အချက် စပေး ကတည်းက သိမ်းဆည်းဘို့ပါ ရည်ရွယ်ထားတဲ့ အနေအထားနဲ့ ရှင်းပြပေးထားပါတယ်။
ဆက်လက်၍-



ဆက်လက်၍-



ဆက်လက်၍-



ဆက်လက်၍-



ဆက်လက်၍-





ဆက်လက်၍-



ဆက်လက်၍- ဇာတာရှင်၏ ဘ၀ အနေအထားများကို ဒဿာဖြင့် ဆန်းစစ် လေ့လာနိုင်ရန်။
 





ဆက်လက်၍- ဂြိုဟ်တို့တည်ရာ၊ ဂြိုဟ်နှင့် ဘာဝများ အား အပူးအမြင် ကို ဆန်းစစ် လေ့လာနိုင်ရန်။




ဆက်လက်၍- နောင်လာမည့် ရှေ့ရေး အနေအထားများ လေ့လာ ဟောကိန်း ထုတ်နိုင်စေရန် အတွက်



အားလုံး အဆင်ပြေပါစေ။
နျူမာန် (မိုးတား)

[+/-] show/hide this post

8 comments:

Sun Htun said...

အလွန် ကျေးဇူးတင်ရှိပါတယ်။

phonemyint cho said...

good

phonemyint cho said...

ကောင်းပါသည်

wai zin said...

ကျေးဇူးအထူးတင်ပါသည်

wai zin said...

ကျေးဇူးအထူးတင်ပါသည်

myat said...

အရမ်းမိုက်တယ် thank

Bo Top said...

ကျေးဇူးတင်ပါတယ်၊ ဒသာတွေစုံအောင်ထည့်ပေးနိုင်ရင်ပိုကောင်းပါမယ်။ စင်နက္ခတ် မြင်နက္ခတ်တွေအပါအ၀င်ပေါ့ ၁.၁ ဗားရှင်းပြီးရင်ဆက်ထွက်မယ်လို့ပြောထားတာ ထွက်ရင်လိုချင်ပါသေးတယ်။

chan lin said...

ကျေးဇူး အများကြီးတင်ပါတယ် ဆရာ

Post a Comment