Monday, January 7, 2013

လောကီ ချမ်းသာ နှင့် ဓမ္မ ချမ်းသာ ရှာဖွေကြသူများ

နှစ်သစ် တစ်နှစ်ရဲ့ အစပိုင်း ဖြစ်တာက တစ်ပိုင်း - လုပ်လက်စ သုတေသန တွေနဲ့ အလုပ်များနေတာကလည်း တစ်ပိုင်းမို့- ဆောင်းပါးသစ် မတင်နိုင် သေးခင်မှာ- မိုးတား နက္ခတ် သင်တန်း ဒုတိယဆင့် (မိုးတား သုတေသီ) အဆင့်ကို တက်ရောက်နေသူ - သင်တန်းသူ တစ်ဦးဆီက အောက်ပါအတိုင်း မေးထားတဲ့ မေးခွန်းလေးကို ရခဲ့ပါတယ်။
ပထမတော့- သူ့ဆီကို အဖြေပြန်ရေး ပေးဘို့ပဲ စဉ်းစားခဲ့မိပေမယ့် တစ်ဘက်ကလည်း- အခြား စိတ်ဝင်စား သူများ အနေနဲ့ ဗေဒင် အယူအဆပိုင်း သိသင့်တာတွေ သိသွားနိုင်မယ် ထင်တဲ့ အတွက် ဒီဆောင်းပါးကို ရေးဖြစ်သွားခဲ့ရပါတယ်။



သုတေသီ အဆင့်- စစ်ဆေးပုံ အသေးစိတ်ကိုတော့ အများကို ရှင်းပြလျှင်- နားလည်နိုင်ဘို့ ထက်ရှုပ်သွားနိုင်မှာ ဖြစ်လို့က တစ်ကြောင်း၊ သုတေသီ (မိုးတား ဒုတိယဆင့်) သင်ခန်းစာများဟာ- ပထမဆင့် စာမေးပွဲအောင်ထားပြီး မိုးတား သင်တန်းသားများ အတွက် သာ ဖြစ်လို့က တစ်ကြောင်း တို့ကြောင့်- အသေးစိတ် ရှင်းပြနိုင်ခြင်း မရှိတာကိုတော့ ခွင့်လွှတ်ကြစေချင်ပါတယ်။

သူမေးတဲ့ မေးခွန်းမှာ ပါတဲ့ Oral Roberts ဆိုတာဟာ- အိုရယ် ရောဘတ် ဧ၀ံဂေလီ အသင်းကြီး (Oral Roberts Evangelistic Association) နဲ့၊ အိုရယ် ရောဘတ် တက္ကသိုလ် (Oral Roberts University) တို့ကို တည်ထောင်ခဲ့တဲ့- အမေရိကန် မက်သဒစ် ပန်တီကိုစတယ် တယ်လီ ဧ၀ံဂေလီ ဘာသာရေး ဆရာကြီး ဖြစ်ပါတယ်။

ကောင်းပါပြီ သူ့ဇာတာကို ဆန်းစစ်ကြည့်ကြပါစို့- 

လူတစ်ဦး အနေနဲ့ ကမ္ဘာမြေပေါ် မှာ လူသား တစ်ယောက် အဖြစ်ကို ရောက်ရှိ လာတဲ့ အခါမှာ လူဟာ ဘာတွေကို လုပ်ဆောင်သွားမလဲ- ဘာတွေ လုပ်ဆောင်ဘို့ အတွက် လူဖြစ်လာတာလည်း ဆိုတဲ့- Mission of life ကို လေ့လာ ဘို့ အတွက် - ဂြိုဟ်တွေရဲ့ တည်ရာ- နက္ခတ်ပါဒ် တွေအရ- ရာဇ၊ တမ္မ၊ သတွ ဆိုတဲ့ ဂုဏ တွေနဲ့ ခွဲခြမ်း လေ့လာ ရတယ် လို့ နက္ခတ် ဗေဒင် ပညာမှာ ဆိုရိုးထားခဲ့ကြပါတယ်။ ဒီလို လေ့လာ လိုက်တယ် အခါမှာ -
Oral Roberts ရဲ့ ဇာတာမှာ ဘာသာရေး ပိုင်းနဲ့ သက်ဆိုင်တဲ့ “သတွ” က နည်းပါး နေပြီး- အောင်မြင် ကြီးပွားလိုမှုနဲ့ ဆိုင်တဲ့ “ရာဇ” က အများဆုံး ဖြစ်နေပါတယ်။

မေးခွန်းကို မေးလာသူ သင်တန်းသား အနေနဲ့- ဘာသာရေး သမားဆိုလျှင်- “သတွ” အားကောင်းရမယ် လို့ နားလည် ထားလို့လည်း ဒီမေးခွန်းကို မေးခြင်း ဖြစ်ပါတယ်။

နက္ခတ်ပညာ အရ- လူ့ဘောင်ရောက်လာရခြင်း ရဲ့ ရည်ရွယ်ချက် ကို ခွဲခြမ်း လေ့လာတဲ့ အခါမှာ- ဂြိုဟ်တွေ တည်ရာ ဘာဝတွေ- ကိန်း၊ တြိကုန်း အိမ်တွေ၊ ဂြိုဟ်တို့ စုစည်း၊ ဖြန့်ကျက် တည်နေပုံ တို့ကိုသာမက- ရာဇ၊ တမ္မ၊ သတွ နဲ့ပါ လေ့လာရပါတယ်။

လူများ ကို ထိုအုပ်စု များဖြင့် သတ်မှတ် လေ့လာရာမှာ-
  • “တမ္မ” အုပ်စု အနေနဲ့ သာမာန် လူသားများ- တနည်းအားဖြင့်- ထူးထူးခြားခြား ထင်ထင် ရှားရှား လေးနက်သော ရည်ရွယ်ချက်မျိုး -တောင့်တမှု မျိုး မရှိပဲ- ပုံမှန် စားသောက်၊ သွားလာ နေထိုင်၊ သာမာန် အသက်ရှင် နေထိုင် သွားကြသော အနေအထားကို ရည်ညွှန်း တဲ့  အုပ်စု ဖြစ်ပြီး
  • “ရာဇ” အုပ်စု အနေနဲ့က- ဘုန်းတန်ခိုး အာဏာ တပ်မက်မှု၊ ရည်ရွယ်ချက် ကြီးမားမှု၊ ဆန္ဒ ၀ီရိယ အားကြီးမှု တို့နှင့် ဆိုင်သော အုပ်စု ဖြစ်ကာ
  • “သတွ” အုပ်စု အနေနဲ့က လောက သစ္စာ၊ ဓမ္မသစ္စာ ရှာဖွေမှု၊ သံသရာ အတွက် ရည်ရွယ်သော အုပ်စုဟူ၍- တနည်းအားဖြင့် အသိဥာဏ် ရှာဖွေရန်၊ ပါရမီ ဖြည့်ဆည်း ရန် - စသဖြင့်
အုပ်စုများ အရ ခွဲခြား သိရှိနိုင်ပါတယ်။ 

ရည်ရွယ်ချက် ဘ၀ရည်မှန်းချက် ကြီးသူတွေဟာ- “ရာဇ” အုပ်စုဝင် များ ဖြစ်နေတတ်သလို
လောကီ ဘယ်လို အောင်မြင်မှုကိုမျှ မလိုအပ် တော့ပဲ- လောကီ စည်းစိမ်ကို စွန့်ပယ် ပြီး- ဒဿန ဆန်ဆန် ကျင့်ကြံတတ်သူတွေ၊ လောက ဓမ္မ၊ လောက သစ္စာကို ရှာလိုသူတွေ ကတော့- “သတွ” အုပ်စု ၀င်များ ဖြစ်နေတတ်ကြပါတယ်။ (ဘာကိုမျှ မကြိုးစား၊ ဘာမျှလည်း အလေးမထားတဲ့ သူများကို မဆိုလိုပါ။)

ဒီနေရာမှာ ဇာတာများကို လေ့လာရာမှာ- ယေဘုယျ အနေအထား၊ အသေးစိတ် အနေအထား၊ ဗဟိဒ္ဓ ပြင်ပအနေအထား၊ အတွင်း သရုပ် အနေအထား စသည်ဖြင့် ခွဲခြမ်း လေ့လာ ဘို့ လိုအပ်ပါတယ်။ ဥုစ်၊ မိတ်၊ မူလ တြိဂေါဏ စသည့် အနေအထား ကို ရထားခြင်းသည် ယေဘုယျ အနေအထား၊ ဗဟိဒ္ဓ ပြင်ပ အနေအထား ကို ရည်ညွှန်း၍- အခြားသော အချက်များမှ ၄င်း နှင့် သက်ဆိုင် ရာ တည်နေရာ၊ သခင် ဖြစ်ရာ ဘာဝများကို လွှမ်းခြင်း၊ ၄င်းဂြိုဟ်အား လွှမ်းခြင်း တို့သည် နောက်ဆက်တွဲ အသေးစိတ် အနေအထားများ၊ ပတ်ဝန်းကျင် ဆိုင်ရာ အနေအထားများ ဇာတာရှင်၏ အားထုတ် မှု ဆိုင်ရာ အနေအထားများကို ဖြစ်စေခြင်း တို့ဆိုသည်ကို သိထား ရမယ် ဖြစ်ပါတယ်။

အခုဆိုယင်- သူရဲ့ ဘ၀ကို- ဘုရားကျောင်း ဆရာ၊ တရားဟော ဆရာ၊ ဓမ္မဆရာ လို့ပဲ မြင်ထား လိုက်ယင်- သူ့ကို ဘာဖြစ်လို့ “သတွ” အများဆုံး ရတဲ့သူ မဟုတ်တာလည်း လို့ မေးစရာ ဖြစ်နေပါပြီ။

သူဟာ- လောက စည်းစိမ်ကို စွန့်လွှတ်ပြီး တရားဓမ္မတော်ကို လိုက်နာ ကျင့်ကြံသူလား၊ ဒါမှ မဟုတ် ဓမ္မ အလုပ် နဲ့ ပတ်သက်တဲ့ လုပ်ငန်း နဲ့ ဘ၀ကို ကြီးပွား ချမ်းသာ အောင်လုပ်သွား နိုင်သူလား ဆိုတာ ကို ကြည့်ကြပါစို့။ (အသင်းသားများကို ဆေးလိပ်၊ အရက် မသောက်ရ- တရားဝင် အိမ်ထောင် မပြုခင် လွန်ကျွံခြင်း မဖြစ်ရ ဆိုသော သတ်မှတ်ချက်များ ချပေးခဲ့၍- လူသားကောင်းကျိုးများစွာ ကို ပြုလုပ်ခဲ့သူလည်း ဖြစ်ပါတယ်။)
  • ဆင်းရဲလွန်းတာရယ်- တီဘီ ရောဂါ ရယ်နဲ့ အသက် ၁၇-နှစ်မှာ သေမလို ဖြစ်ခဲ့ ရပြီး - အသက် ၂၉ နှစ် အရွယ်- ၁၉၄၇ နှစ်ကုန်ပိုင်း မရောက်ခင်သေး အထိ အိုကလာ ဟိုမာမြို့ မှာ အချိန်ပိုင်း တရားဟော ဆရာ အဖြစ်နဲ့ ရုန်းကန် လှုပ်ရှားခဲ့ ရပါတယ်။ အဲဒီနောက်မှာ တော့- နေမကောင်း တဲ့ ရောဂါ ဝေဒနာ သည်တွေကို ကုသဘို့ ဘုရားသခင် က- သူ့ကို ပြောခဲ့တယ်လို့ သူဆိုခဲ့ပါတယ်။
  • ဒီလိုနဲ့ စတင် အောင်မြင်ခဲ့ပြီး နောက် ၁၉၇၇ နှစ်မှာ- ပေ ၉၀၀ အမြင့်ရှိတဲ့ ယေရှု ခရစ်တော် က- သူ့ကို ကိုယ်ထင်ပြပြီး- City of Faith Medical and Research Center ကို ဆောက်လုပ်ဘို့ ပြောခဲ့တယ် - သေချာပေါက် အောင်မြင်လိမ့်မယ် လို့ ဆိုပါတယ်။ ၁၉၈၁ မှာ ဖွင့်လှစ်တဲ့ အဲဒီ ဆေးပညာ ဆိုင်ရာ သုတေသန အဆောက်အဦ ကြီးဟာ ဒါမျိုး အဆောက်အဦ တွေထဲမှာ ကမ္ဘာ့အကြီးဆုံး ဖြစ်ခဲ့ပြီး- နောက် ၁၉၈၉ မှာ ပိတ်ပစ်ခဲ့ရပါတယ်။ 
  • အဲဒီ သုတေသန အဆောက်အဦ ကြီး မပိတ်ခင် ၁၉၈၃-မှာ ခရစ်တော် တစ်ခါ ထပ်ပေါ်လာပြီး ကင်ဆာ ရောဂါ ကုသရေး အတွက် သူ့ကို တာဝန် ပေးတယ် လို့ ဆိုခဲ့ပါတယ်။
  • သူ့ရဲ့ ရံပုံငွေ (အလှူကောက်ခံငွေ) ရှာပုံ နဲ့ ပတ်သက်လို့ တော့- အငြင်းပွားဘွယ် ကိစ္စများ ရှိခဲ့ရပါတယ်။ ၁၉၈၇ ဇန်န၀ါရီလ မှာ အလှူ ရံပုံငွေ ရှာဘို့ - တီဗွီ ကနေ ပရိဿတ်ကို ပြောဆို အလှူခံ ရာမှာ အကယ်၍ မတ်လ မှာမှ ဒေါ်လာ ၈-သန်းကို မရခဲ့ယင် ခရစ်တော် က သူ့ကို ခေါ်ယူတော့မယ် လို့တောင် မျက်ရည် ကျပြီး စိတ်လှုပ်ရှားစွာ ပြောဆိုခဲ့တဲ့ အတွက်- သူ့အနေနဲ့ ကိုယ့်ကိုယ်ကို သတ်သေ လေမလား လို့ လူအများက စိုးရိမ် ထင်မြင်ခဲ့ရပါတယ်။
  • ဘာပဲ ဖြစ်ဖြစ် အဲဒီပွဲမှာ ဒေါ်လာ ၉-သန်း ကျော် ရခဲ့ပါတယ်။
  • လူရှေ့ သူရှေ့ အကောင်းဆုံး ၀တ်စားဘို့- ဥပဓိကို အင်မတန် ဂရုစိုက်တဲ့ နေရာမှာ- အမြဲတမ် အီတလီ ပိုးသား ၀တ်စုံ နဲ့- စိန်လက်စွပ် နဲ့ ရွှေများကို ၀တ်ဆင်လေ့ ရှိပါတယ်။
  • သူ့သား ဖြစ်တဲ့ ရစ်ချတ် ရောဘတ် က - သေသွားတဲ့ ကလေးငယ်ကို သူ့အဖေ ဖြစ်တဲ့ အိုရယ် ရောဘတ် Oral Roberts က အသက်ပြန်ရှင် အောင် လုပ်တာကို မြင်ခဲ့တယ် လို့ ဆိုခဲ့တဲ့ ၁၉၈၇ တိုင်းမဂ္ဂဇင်း သတင်းကြီးဟာ အားလုံးကို တော်တော် မွှေနှောက် သွားခဲ့ပါတယ်။ 
  • ဒီနောက်မှာတော့ တစ်နှစ်ကို ၁၉၈၈ အထိ တစ်နှစ်ကို ဒေါ်လာ ၈၈-သန်း လောက်ရတဲ့ ၀င်ငွေလည်း ၁၉၈၆ မှာ ဒေါ်လာ ၅၅-သန်း အထိ ထိုးကျ သွားခဲ့ရပြီး ကုတင် အများစုမှာ လူမရှိတော့တဲ့ City of Faith Medical Center “ယုံကြည်မှု မြို့တော်” ဆေးကုသခန်း ကြီးလည်း ငွေကြေး အရှုံး နဲ့ ဆက်တိုက် ရင်ဆိုင်လာရပါတော့တယ်။

ဘယ်လိုကြောင့် ဘယ်လို ဖြစ်သွားရတယ် ဆိုတာကိုတော့- အသေးစိတ် လေ့လာသူများ သိနိုင်ကြမယ် ဖြစ်ပြီး- ကျွန်တော့် အနေဖြင့်တော့- မည်သို့မျှ မှတ်ချက် မပေးလိုပါ။

လောကီသို့ ဦးတည်သော  - သတွ  လုပ်ငန်း နှင့် - အောင်မြင်ခြင်း ရယူနိုင်သူ ရာဇ သမားများ။

ဘာသာရေး ဆိုသည်က- မည်သည့် ဘာသာရေး မှာ မဆို- သတွ အလုပ် ဖြစ်ပါတယ်။ တကယ်တမ်း အဓိပ္ပါယ်အားဖြင့်- သတွ ဆိုတာဟာ Purity and Knowledge ဆိုတဲ့ သန့်စင်ခြင်း (အပြစ်တို့မှ ကင်းလွတ်ခြင်း နဲ့ အသိဥာဏ် ရှာဖွေခြင်း) ဖြစ်ပါတယ်။ သတွ ရဲ့ နောက်ခံ သဘောအားဖြင့်လည်း မည့်သည့် ပုဂ္ဂိုလ်ရေး မျှော်လင့်ချက်မှ မထားပဲ- လူ့ဘောင် အတွက် သန့်စင်စွာ အကျိုးပြုခြင်း ဖြစ်ပါတယ်။ ဒါကို ဘာသာရေး၊ လောကုတ္တရာ ရေးလို့ လည်း နားလည် ထားကြပါတယ်။

အောင်မြင်မှု၊ ငွေကြေး၊ ထင်ရှား ကျော်ကြားမှု တို့ကို ကြံဆောင် ကျိုးစား ခြင်းဆိုသည်က- ရာဇ အလုပ် ဖြစ်ပါ၏။
အများစု နားလည် ထားတာက- သတွ ဆိုတာဟာ ဘာသာရေး လုပ်ငန်း ဖြစ်ပြီး၊  ဘာသာရေး လုပ်ယင် အိပ်စိုက်ရတယ်။ သံသရာ ကောင်းဘို့ ဖြစ်တယ် ဆိုပေမယ့်- အောင်မြင်တဲ့ (ငွေဝင်တဲ့ စီးပွားရေး အနေအထားအရ) - ဘာသာရေး ဆရာတို့ အနေနဲ့- နယ်ခြား၊ မဖွံဖြိုးသော ဒေသ၊ အစားအသောက် မဖူလုံသော၊ ငှက်ဖျား စသော ရှိသော ဒေသများတွင် အခြေစိုက်ရိုး ထုံးစံမရှိ။ ထိုနေရာများသို့ သွားလျှင်- ပကတိ လောက သစ္စာ၊ ကျင့်ကြံမှု သာ လုပ်နိုင်မည့် သတွ စစ်စစ် ဖြစ်နိုင်ငြား သော်လည်း - သတွ လုပ်ငန်း ဖြစ်သော ဘာသာရေးကို အကြောင်းပြ၍ အောင်မြင် လိုလျှင်မူ- ထင်ရှားသော၊ သြဇာ တိက္ကမ ကြီးမားသော ပုဂ္ဂိုလ်များ၏ နောက်ခံ အားပေးမှု နှင့် ငွေကြေး ပြည့်စုံသည့် - အလှူ ငွေ ထည့်ဝင်နိုင်သည့် ချမ်းသာရာ မြို့၊ နိုင်ငံ နယ်ပယ် အသီးသီးသို့သာ ချီတက်ကြရမည် ဖြစ်၏။

သို့နှင့်ပင်- အချို့သော ဘာသာရေး နှင့် ပတ်သက်သော- တရားဟော ဆရာများသည် လွန်စွာ ချမ်းသာ လာတော့၏။

အောက်ပါ တို့သည်ကား- သတွ ဖြစ်သော ဘာသာရေး ဖြင့် အလွန်ကြွယ်ဝ ချမ်းသာကြသူအချို့၏ အကြောင်း ဖြစ်၏။ 
  • မြန်မာ လူမျိုးများ သိရှိခဲ့သော - အိန္ဒိယမှ ဆိုင်းဘာဘာ ဆိုလျှင်- အလှူခံ ရရှိသော ငွေတို့ ဖြင့် များစွာသော ဆေးရုံများ၊ ကျောင်းများ ဆောက်ပေးခဲ့သည် သာမက- သူသေဆုံးပြီးချိန်တွင် သူ၏ ပိုင်ဆိုင်မှုများ အနေနဲ့ အမေရိကန် ဒေါ်လာ သန်း ၁၀-ထောင် (၁၀ ဘီလျံ မှ ၂၅ ဘီလျံ) အထိ ရှိခဲ့ပြီး- (လေ့လာနိုင်ရန် အောက်ပါ စာမျက်နှာများကို ကြည့်ပါ။)
  • http://www.hindustantimes.com/India-news/AndhraPradesh/Sai-Baba-s-death-leaves-question-mark-on-Rs-40-000-crore-empire/Article1-689085.aspx
  • http://saibaba-invigilator.blogspot.sg/2009/02/money-behind-sai-baba.html
  • http://www.bbc.co.uk/news/world-south-asia-14081101
  • အမေရိကန်တွင် လွန်စွာ အောင်မြင်ခဲ့သော -  Transcendental Meditation technique ကို တီထွင် ဖေါ်ဆောင်ခဲ့သည့်- အိန္ဒိယ ယောဂီ ကြီး ဖြစ်သော- မဟာရိရှိ မဟာရှ် ယောဂီ Maharishi Mahesh Yogi ၏ အနေဖြင့် အမေရိကန် ဒေါ်လာ ၈.၈ ဘီလျံ အထိ ရှိခဲ့ပြီး- ကိုယ်ပိုင် ဟယ်လီ ကော်ပတာ ၅-စီးရှိခဲ့ပါတယ်။ (လေ့လာနိုင်ရန် ဒီနေရာကို နှိပ်ပါ။) 
  • ဘန်ကောက်မြို့အနီး ပသွန်ဌာနီ အရပ်ရှိ လွန်စွာ ကြီးကျယ် ခမ်းနားသော ၀တ်ဖရာ့ ဓမ္မကာယ Wat Phra Dhammakaya ကျောင်းတော် ကြီး၏ ကျောင်းထိုင် ဆရာတော်- ဓမ္မဇယို Dhammajayo ခေါ် Phrarajbhavanavisudh အနေဖြင့်- စီးပွားရေး ဆိုင်ရာ B.Sc (Economics) ဘွဲ့ကို Kasetsart University မှ ရပြီးလျှင် - ရချင်း ရဟန်း ပြုတော်မူ ပြီး ၆ - နှစ် အကြာ မှ စတင် ၍ “ဓမ္မကာယ တရားထိုင်နည်း” ဖြင့် စတင် ကျော်ကြား အောင်မြင်ပြီး နောက်မှာ- အီတလီ လုပ် အလွန်ဈေးကြီးသော ပိုးသင်္ဃာန်းကို အမြဲ ၀တ်ရုံ နိုင်ယုံမက၊ ထိုင်းဘုရင် မင်းမြတ်၏ စားတော်ပွဲထက် မညံ့သော ဆွမ်းကိုသာ ဘုန်းပေးတော်မူ ရပြီးလျှင်- ကမ္ဘာပေါ်တွင် အလွန်ချမ်းသာ သူများပင် စီးနိုင်ခွင့် မရှိသော ရိုးလ်စ် ရွိုက် Rolls Royce ကားအပါအ၀င် များစွာသော ဇိမ်ခံကားများကို ပိုင်ဆိုင်တော် မူပါ၏။ အချို့ အချက်အလက် တွေကို ဒီစာမျက်နှာတွေ မှာ လည်း လေ့လာနိုင်ပါတယ်။ http://pub.uni-bielefeld.de/download/2304034/2304040

သို့ဆိုလျှင်- ထိုသူတို့သည် သတွ အလုပ် နှင့်- ရာဇ အလုပ် - မည်သည့် အလုပ်ကို တကယ် လုပ်သွားကြသည်ဟု စာရှုသူ ထင်မြင်မိပါသနည်း။

Oral Roberts ရဲ့ ဘ၀ကို တစ်ခြား တစ်ဘက် က ကြည့်မယ် ဆိုလျှင်လည်း- 

စဉ်းစားဘို့ တစ်ခုက- လူတစ်ယောက် ကြီးပြင်း လာရတဲ့ ပတ်ဝန်းကျင် ဖြစ်ပါတယ်။ Nature Or Nurture ဆိုတဲ့- ပင်ကိုယ် စရိုက်ကြောင့်လား၊ ပတ်ဝန်းကျင် က ပြုပြင်ပေးမှုကြောင့် လား ဆိုတာကို ပညာရှင် တစ်ဦး အနေနဲ့ သုံးသပ်ဘို့လည်း လိုပါတယ်။

သူ့ရဲ့ ဘ၀ ဇတ်ကြောင်းကို ကြည့်မယ် ဆိုယင်- ဘခင် ဖြစ်သူက - ခရစ်ယာန် ဘာသာရေး ဆရာ Reverend Ellis Melvin Roberts ဖြစ်သလို ၁၉၃၈ ခုနှစ်မှာ အိမ်ထောင်ကျပြန်တော့လည်း- တရားဟော ဆရာ တစ်ဦးရဲ့ သမီး နဲ့ ဖြစ်ပါတယ်။

ဒီနေရာမှာ ဘာသာရေး နဲ့ ပတ်သက်တဲ့ သင်ကြားမှုတွေ နဲ့- လက်ပွန်းတတီး နီးစပ် ခဲ့သူ ဖြစ်တယ် ဆိုတာကို မြင်သာပါတယ်။

သူရဲ့ ကျွမ်းကျင်တဲ့ ဘာသာရေး အသိဥာဏ်၊ ထက်မြက်တဲ့ အစွမ်းအစ- ကြီးမားတဲ့ ရည်ရွယ်ချက် တွေနဲ့- ရောဂါများကို ကိုယ်၊စိတ်၊ နှလုံး ကုသထုံး တွေနဲ့ ဘုရားသခင်ပေါ် ယုံကြည်မှု ပေါ် အခြေပြု ထင်ရှားခဲ့သူ ဖြစ်ပါတယ်။

သူနဲ့ ပတ်သက်တဲ့ - နောက်ဆက်တွဲ အချက်ကို သိချင်ယင်တော့- ဒီလင့် မှာ ဖတ်ကြည့်နိုင်ပါတယ်။ အချက်အလက် အချို့ကို- ဖေါ်ပြထားပါတယ်။ မြန်မာလိုတော့ ပြန်မရေး လိုတော့ပါ။

"Roberts' two California homes, partly for security reasons, were not much discussed by the ministry. Oral also remained sensitive about press criticism of his lifestyle. His house in Palm Springs, purchased for $285,000 and financed by a Tulsa bank, was his only privately owned home. In 1982 ORU endowment funds were used to purchase a $2,400,000 house in a high-security development in Beverly Hills. Considered a potentially profitable investment, the house served as Oral's West Coast office and residence." (p. 355)
"Oral's homes in California inevitably kept alive the old questions about his personal wealth and lifestyle. While probably not as probing as the press had been fifteen years earlier, reporters still took a keen interest in Oral's financial affairs. In 1981, the Associated Press published Roberts' personal income figures for the preceding five years--ranging from $70,000 in 1976 to $178,000 in 1978.
"In addition to his healthy income, derived mostly from book royalties, Oral continued to enjoy generous expense accounts: `The Robertses wear expensive clothes and jewelry and travel in a company-owned eight-passenger fanjet.'
Patti Roberts' book [following her divorce from Oral's son, Robert] and an earlier expose written by Jerry Sholes, renewed curiosity about the family's financial affairs, although Patti confessed that her own `extravagance' while she was Richard's wife had `blunted' her protest.
Tax records indicate that Oral's partners donated in excess of $38,000,000 in the fiscal year 1977-78, "surpassing every other religious association in the nation." (p. 389)
In 1979 a book was published by Jerry Sholes, a former employee of Oral Robert ministries, which detailed deep deception and hypocrisy:
"Here is a portrait of the real Oral Roberts, the man not too many of his admirers know. He dresses in Brioni suits that cost $500 to $1000; walks in $100 shoes; lives in a $250,000 house in Tulsa and has a million dollar home in Palm Springs; wears diamond rings and solid gold bracelets employees `airbrush' out of his publicity photos; drives $25,000 automobiles which are replaced every 6 months; flies around the country in a $2 million fanjet falcon; has membership, as does his son Richard, in `the most prestigious and elite country club in Tulsa,' the Southern Hills (the membership fee alone was $18,000 for each, with $130 monthly dues) and in `the ultra-posh Thunderbird Country Club in Rancho Mirage, California' (both father and son joined when memberships were $20,000 each--they are now $25,000); and plays games of financial hanky-panky that have made him and his family members independently wealthy (millionaires) for life. (When his daughter and son-in-law were killed, they left a $10 million estate!)" (Evangelist R.L. Sumner's review of Give Me that Prime- time Religion by Jerry Sholes)
"By the mid-1980s, Oral Roberts had come to be the chief executive officer of an organization that employed about 2,300 people and did an annual business of about 110 million dollars, about 60 percent of which was raised through contributions." (p. 485)
ဒါဆိုယင်- သတွသမား- သစ္စာကို ရှာဖွေ နိုင်ခဲ့တဲ့- သူတစ်ယောက် ရဲ့ ဥပမာနဲ့ ယှဉ်ပြလိုပါတယ်။

လောကီ ဘ၀ ကို ပိုင်းဖြတ်၍- သစ္စာဥာဏ် ကို ရယူခဲ့သူ။
သူကတော့ တစ်ခြားသူ မဟုတ်ပါ။ မြန်မာ အားလုံး သိထားသူ တစ်ဦး ဖြစ်၏။ ဤပုဂ္ဂိုလ်၏ ဇာတာကို ကို လေ့လာမည် ဆိုပါကလည်း- 
ကမ္ဘာမှာ သိပ္ပံ ပညာ နဲ့ မည်သို့မျှ မရှင်းပြနိုင်အောင်၊ မံမီ ကျပ်စည်းခြင်း မရှိပါပဲ လျှက်- ပုပ်သိုးခြင်း ကင်းမဲ့ စွာနဲ့ - ရဟန္တာ တစ်ဆူ ဖြစ်ကြောင်း သက်သေ ပြနိုင်ခဲ့သူ- စွန်းလွန်း ဆရာတော်ကြီး ဦးက၀ိ ရဲ့ ဇာတာတော် ဖြစ်ပါတယ်။
ဆရာတော်ကြီးရဲ့ ဇာတာမှာ- နက္ခတ်တွေကို အဆင့် ၃-ဆင့် ခွဲပြီး- ဂုဏများကို စစ်ဆေး လိုက်တဲ့ အခါမှာတော့- ဂြိုဟ်အများစု အနေနဲ့ကလည်း သတွ များ ဖြစ်နေသလို- ဥဒယ လဂ်၊ သူရိယ လဂ်၊ စန္ဒရ လဂ် များ အရလည်း- သတွ များက အများဆုံး ဖြစ်နေပြန်ပါတယ်။
တြင်း စစ်ဆေးချက် အရ ကြည့်တဲ့ အခါမှာလည်း - လက်တွေ့ - ကျကျ လုပ်ဆောင်တတ်တဲ့ (သိသလောက် နဲ့ လုပ်တတ်သူ) မျိုး physical ဖြစ်ကြောင်း နဲ့ ဘာသာရေး ကို လိုက်စားနိုင်သူ (spirituality) သမား ဖြစ်ကြောင်း ထပ်တွေ့ ရပြန်ပါတော့တယ်။

ဆရာတော်ကြီးရဲ့ ဇာတာတော်ကို အန်ဒရွိုက် မိုးတား ပရိုဂရမ် နဲ့ဖွဲ့ထားတာ နဲ့ ဖေါ်ပြထားပါတယ်။




ဒါကြောင့်လည်း- သတွ နှင့် ရာဇ သဘော တို့ကို ဖြစ်စေ၊ အခြားခြားသော နက္ခတ် ဆိုင်ရာ သဘောတို့ကို ဖြစ်စေ- သေချာစွာ ဆန်းစစ် ရန် လိုအပ်ကြောင်း အကြံပြုယင်း ဒီဆောင်းပါးကို အဆုံးသတ်လိုက်ပါတော့မယ်။

အားလုံး ချမ်းမြေ့ကြပါစေ။
နျူမာန် (မိုးတား)



[+/-] show/hide this post

No comments:

Post a Comment