Friday, November 30, 2012

ဆရာကြီး ဒေါက်တာ ဗိုလ်လေး နှင့် လုပ်ငန်းချိန်ခါ မင်္ဂလာ။

လုပ်ငန်းများ စတင် လုပ်ဆောင်ရာမှာ- အလုပ်စတင်တဲ့ အချိန်ကောင်းကို ရွေးတာနဲ့ ပတ်သက်လို့- ကမ္ဘာကျော် ပုဂ္ဂိုလ်များ ဖြစ်တဲ့- စတိဗ် ဂျော့၊ ဘီလ်ဂိတ် တို့ အကြောင်းကို ရေးခဲ့ပေးပြီး နောက်မှာ- မြန်မာနိုင်ငံ နက္ခတ်ဗေဒင် လောက ရဲ့ အကျိုးအတွက် ပညာ ဖြန့်ဖြူးမှု များစွာကို ကိုယ်ကျိုးမဘက် လုပ်ဆောင်ပေးခဲ့တဲ့ ဆရာကြီး ဒေါက်တာ ဗိုလ်လေး ရဲ့ ၀န်ထမ်း အလုပ်စတင် ၀င်ရောက်ခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရေးသား ပေးပါမယ်။ 

ဆရာကြီး ဒေါက်တာဗိုလ်လေးဟာ- တစ်ဘက်မှာလည်း ဘဏ္ဍာရေးနှင့် အမျိုးသားစီမံကိန်းရေးရာ အတွင်းရေးမှုး၊ လယ်ယာနှင့် သစ်တောဝန်ကြီးဌာန ဒုတိယဝန်ကြီး ရာထူးများကို ထမ်းဆောင်ခဲ့တဲ့- ခေတ်ပညာတတ် တစ်ဦး ဖြစ်သလို - သူရေးသား ပြုစု၊ ဘာသာပြန်ပေး ခဲ့တဲ့ စာအုပ်စာတမ်း ကျမ်းပေါင်း များစွာဟာ မြန်မာ များကို နက္ခတ်ပညာ လက်ဆင့်ကမ်း နိုင်ရေး အတွက် အရေးကြီးတာ ဖြစ်တဲ့ အပြင်- များစွာသော ပညာရှင်တွေနဲ့ ကွာခြားချက်က- ပညာရှင် သက်သက် အဖြစ် ဖြင့်သာ ဖြောင့်မတ်စွာ ကျင့်ကြံသွားခဲ့တဲ့- နက္ခတ် ဗေဒ ပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်။
ဆရာကြီး ဒေါက်တာဗိုလ်လေးရဲ့ ဘွားဇာတာက ကျွန်တော့်မှာ ယခင်ရှိထားသော အလုပ်အကိုင် သုတေသန ကျမ်းမှ ရယူထားတာ ဖြစ်ပြီး၊ သူရဲ့ အလုပ်နဲ့ ပတ်သက်တဲ့ အချက်အလက်များကို ဗေဒင် ညီအကို ဆိုက်တစ်ခု ဖြစ်တဲ့- 
http://akharpaybaydin.wordpress.com/2012/09/26/which-time-is-good-practical-approach-1/ ကနေ ရယူထားပါတယ်။
ဒီဆိုက်မှာ ဆရာ ဦးဇာနည် (K.P) က ကေပီ နည်းစနစ် အမြင်နဲ့ တင်ပြခဲ့သလို - ကျွန်တော့် အနေနဲ့က မိုးတား နည်းစနစ် အမြင်နဲ့ ယခု ဆောင်းပါး မှာ ယှဉ်ပြပေးမှာ ဖြစ်ပါတယ်။
  • ရန်ကုန်တက္ကသိုလ် နည်းပြကထိက၊
  • ရန်ကုန်တက္ကသိုလ် လက်ထောက်ကထိက၊
  • ရန်ကုန်တက္ကသိုလ် ကထိက၊
  • သမဝါယမဝန်ကြီးဌာန အတွင်းဝန်၊
  • ဘဏ္ဍာရေးနှင့် အမျိုးသားစီမံကိန်းရေးရာ အတွင်းရေးမှုး၊
  • လယ်ယာနှင့်သစ်တောဝန်ကြီးဌာန ဒုတိယဝန်ကြီး၊
စသဖြင့် ဒီလို ရာထူးများကို အဆင့်ဆင့် တက်ခဲ့တဲ့- ပညာရှင် တစ်ဦးရဲ့ မူလ ဘွားဇာတာမှာ ကိုက- ဒီလို အနေအထား ရောက်ဘို့ ကံကြမ္မာ ရှိတယ် ဆိုတာကို ဦးစွာ ထင်ရှား စေလိုပါတယ်။

ဆိုလိုတာက- အခြားသူတစ်ဦးက- သူအလုပ်စ၀င်တဲ့ အချိန်အခါကို ရွေးပြီး အလုပ်ဝင်ပေမယ့်လည်း သူ့လို ဖြစ်ဘို့ မဖြစ်နိုင်ပါဘူး။

မဖြစ်နိုင်တဲ့ အကြောင်းရင်းက-
  • မူလ ဘွားဇာတာမှာကတည်းက ပညာရှင်အဖြစ်၊ အရာရှိကြီး အဖြစ် ကြီးပွား တိုးတက်ရမယ့် ဇာတာရှင် ဖြစ်ထားရာမှာ ဖြစ်သလို-
  • သူအလုပ်စ၀င်တဲ့ အချိန်ကလည်း- ဆရာကြီး ဒေါက်တာဗိုလ်လေး အတွက် သင့်တောင် ကောင်းမြတ်ချိန် ဖြစ်ပေမယ့်- အခြားသူများ အတွက်တော့ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။
ဒါကြောင့် ဗေဒင်ကို လွယ်လွယ်ပဲ ယုံကြည်ပြီး- ရက်ရာဇာ၊ ပြဿဒါး၊ သမားဖြူ၊ သမားညို၊ ရက်ယုတ်မာ စသဖြင့် ရွေးချယ် တတ်သူတွေကို သတိပေးချင် တာကတော့- 
  • ရက်ရာဇာ ဆိုတဲ့ နေ့များစွာမှာ- ကမ္ဘာပေါ်မှာ ဗုံးပေါက်ကွဲမှု၊ သဘာဝ ဘေးအန္တရယ် စသည်တို့နဲ့ ကံဆိုးမိုးမှောင် ကြုံတွေ့နေကြရသူ သိန်းပေါင်းများစွာ ရှိနေတတ်သလို- 
  • ပြဿဒါးဆိုတဲ့ - နေ့များမှာလည်း အောင်မြင်ကြီးပွား၊ ထူးခြားသူများ သိန်းပေါင်းများစွာ ရှိနေတတ်တယ် ဆိုတာ သတိရသင့် ပါတယ်။
ဒါကို ဘာကြောင့် ပြောရသလဲ ဆိုတော့- အခါကောင်း ရက်ကောင်း ရွေးတာကို ပြဿဒါး ရက်ရာဇာ လောက်ပဲ နားလည် ထားကြသူများ အနေနဲ့- ပြဿဒါး ရက်ရာဇာ အဓိပ္ပါယ်မရှိပါဘူး၊ ဗေဒင် ဆိုတာ အလကားပါ ဆိုတဲ့- မိမိသိသလေက် သုတ လေးနဲ့ ဗေဒင် ပညာရဲ့ အတိမ်အနက်ကို နားမလည်ပဲ- အထင်သေး နေတတ်သူများ ရှိနေကြလို့ပါပဲ။ အနောက်တိုင်း သိပ္ပံပညာရှင် များစွာ တို့ဟာ ဗေဒင် ကို- သူတို့ နားလည် ထားတာက- မိဿရာသီဘွား ဘာဖြစ်၊ ပြိဿ ရာသီဘွား ဘာဖြစ်ဆိုပြီး ဟောတာကိုပဲ ဗေဒင် ပညာ လို့ နားလည် ထားကြပြီး ဒါကို သိပ္ပံနည်းနဲ့ ကြည့်ရာ ကနေ- ဗေဒင်ကို ဘယ်လိုမှ လက်မခံနိုင်သူများ ဖြစ်သွားကြပါတယ်။ သို့သော်လည်း- ဗေဒင် ကို နက်နဲစွာ လိုက်နာဘူးတဲ့ သိပ္ပံပညာရှင်များ အနေဖြင့်ကတော့ ဒီလို မဖြစ်ကြပါ။

ဆိုလိုတာက- ရက်ရာဇာ၊ ပြဿဒါး ဆိုတာ ထင်ရှားတဲ့ ဥပမာပါ။ အခြားသော ဘယ်နက္ခတ်၊ ဘယ်ပါဒ် ဆိုယင် ကောင်းတယ်လို့ ပုံသေ သတ်မှတ် ချက်အားလုံးလည်း ဒီအထဲမှာ အကြုံးဝင်ပါတယ်။ အချိန် တစ်ခုဟာ တစ်ချို့သူများ အတွက် အလွန်ကောင်း သော်လည်း တစ်ချို့သူများ အတွက် အလွန်ဆိုးသော အနေအထားများ ဖြစ်နေတတ်ပါတယ်။ ကမ္ဘာ့စာမျက်နှာများကို ကြည့်ကြပါ။ မိမိသိချင်တဲ့ ရက်ရာဇာ နေ့များ (အချို့သော မင်္ဂလာ အခါ ဆိုတာများ) ကို ရွေးပြီး အဲဒီနေ့မှာ ဘာပြဿနာ တွေဖြစ်သလဲ Google မှာ ရှာကြည့်ပါ။

ထားပါတော့- အကယ်၍- ရာထူးကြီးမားစွာ ရနိုင်တဲ့ ကံကြမ္မာ မွေးဇာတာမှာ ပါပေမယ့်လည်း- အလုပ်စတင်ချိန် မကောင်းခဲ့ယင် ဘာဖြစ်မလဲ လို့ မေးနိုင်စရာ ရှိပါတယ်။ ဒီနေရာမှာ-
  • အလုပ်က ဘာအလုပ်သဘောမျိုးလဲ။
  • စွန့်စားရမယ့်- အသက် အန္တရာယ်ရှိတဲ့ အလုပ်မျိုးလား၊
  • ငွေကြေးပိုင်းဆိုင်ရာ - စွန့်စားစရာ လိုတဲ့ အလုပ်မျိုးလား၊
  • အေးချမ်းစွာ တစ်ဆင့်ချင်း ထူထောင်ရမယ့် အလုပ်မျိုးလား၊
စသဖြင့်- ပါ လေ့လာထားရပါတယ်။

ဆိုလိုတာက- တစ်ချို့ အလုပ်များ အတွက်- စတင်ချိန်မှာ ကံကောင်းထား ခြင်းဖြင့် လောကဓံ ရိုက်ခတ်မှု သက်သာ နိုင်ပါတယ်။ လောကဓံ ရိုက်ခတ်မှု နည်းပါး မယ့် အလုပ်မျိုး ဆိုယင်တော့- စတင်ချိန် မကောင်းခဲ့ယင်- လိုချင်တဲ့ အနေအထား၊ ရရှို နိုင်မယ့် အကျိုးကျေးဇူး အနေအထားကို လျှော့နည်းပြီး ရပါလိမ့်မယ်။ သို့သော်လည်း- မင်းဖြစ်မယ့် သူတစ်ဦး၊ သူကြွယ် ဖြစ်မယ့် သူတစ်ဦး အနေဖြင့်- သမ္ပတ္တိ တရားများ ပြည့်စုံတဲ့ အခါ မှာ သူဖြစ်ရမယ့် ကံအတိုင်း ဖြစ်ကို ဖြစ်ပါလိမ့်မယ်။ 

ဆရာကြီး ဒေါက်တာ ဗိုလ်လေး ၏ မူလ ဇာတာ အား ဆန်းစစ်ချက် အနှစ်ချုပ်

  • ဇာတာရှင်သည် သိဟ် လဂ်- ဓနု စန်း ဖြစ်သည်။
  • ၁-တန့် (လဂ်) သခင် ဖြစ်သော-တနင်္ဂနွေ ဂြိုဟ် သည် ဥုစ်၊မိတ်ဖြစ်သော မိဿ ရာသီ (၉-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ကြာသပတေး ပိုင်သော ဓနု န၀င်း ဖြစ်ကာ-တနင်္ဂနွေ ပိုင်သော ကြတ္တိကာ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 218% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။ ဘ၀ အောင်မြင်မှု၊ ဘုန်းကံ အတွက် အရေးအပါ ဆုံး တနင်္ဂနွေ ဂြိုဟ်ဟာ သုဘ ဘာဝ ဆိုတဲ့ မြင့်မြတ်တဲ့ ဘာဝမှာ တည်နေခြင်း၊ အတွေးအခေါ် ကိုယ့်ကျင့် တရား ပညာရပ်ကို ကိုယ်စားပြုတဲ့ ကြာသပတေးလည်း ဖြစ်- တတ်သိပညာ ကို ကိုယ်စားပြုတဲ့ ၅-တန့် သခင်လည်း ဖြစ်နေတဲ့ ကြာသပတေး ပိုင်တဲ့- ဓနု န၀င်းမှာ စီးနင်းထားခြင်း၊ တနင်္ဂနွေ ကိုယ်ပိုင် ဖြစ်တဲ့ ကြတ္တိကာ နက္ခတ်ကို စီးနင်းထားခြင်း၊ ထိုတနင်္ဂနွေသည် ဇာတာရှင်ကိုယ်တိုင်ကို ကိုယ်စားပြုသော လဂ်သခင် ဖြစ်နေခြင်း၊ ၄င်းတနင်္ဂနွေ (လဂ်သခင်) နှင့် ဆိုင်သော လဂ်အား - အထက်မှာ ရှင်းပြခဲ့သော ကြာသပတေးမှ အံသာ နီးစပ်စွာ ပူးကပ် ထားခြင်း၊ (အောက်တွင် ထပ်ရှင်းပြထားပါသေးသည်။) ထိုကြာသပတေးသည် တိုက်ဆိုင်စွာပင်- တနင်္ဂနွေ သွားရောက် တည်နေသော ၉-တန့် ဘာဝ အလယ်မှတ်အား နီးစပ်စွာ အမြင်ပြုလိုက်ခြင်း စသည် အချက်များက- ဇာတာရှင် အနေဖြင့် ပညာရှင် အနေဖြင့် ဘုန်းတန်ခိုး ကြီးခြင်း၊ ရာထူး ရာခံကြီးမားခြင်း၊ အထူးသဖြင့် ပညာရပ် နှင့် သက်ဆိုင်သော လုပ်ငန်းဖြင့် လူအများက သိရှိ အောင်မြင်ခြင်း- စသည် တို့ကို အထူးပြုထားသည်ကို မြင်သာသော အချက်များ ဖြစ်ပါသည်။
  • ၁၂-တန့် ဘာဝ သခင် ဖြစ်သော-တနင်္လာ ဂြိုဟ် သည် မိတ်ဖြစ်သော ဓနု ရာသီ (၄-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် အင်္ဂါ ပိုင်သော မိဿ န၀င်း ဖြစ်ကာ-ကိတ် ပိုင်သော မူလ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 141% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။ ၁၂-တန့် ဆိုသည်မှာ- ဗျာယ ဘာဝ ဖြစ်သော တနည်းအားဖြင့် Mental Pain / Mental Suffering နှင့် ဆိုင်သော ဘာဝ ဖြစ်ပါသည်။ ဒုဌာန သခင် ဒုဌာန တွင် တည်လျှင် ကောင်းသည် ဆိုသော အဆိုများကို မိမိ ဥာဏ်ဖြင့်- မိမိ လုံ့လ စစ်စစ် ဖြင့် ဆန်းစစ် သုံးသပ်သင့် ကြ၏။ အမှန်အားဖြင့်- ၁၂-တန့် သခင် အားကောင်းခြင်းသည်- ဇာတာရှင်၏ စိတ်ပိုင်းဆိုင်ရာပိုင်း၊ ကိုယ်စိတ် ငြိမ်းချမ်းစွာ အိပ်စက် ရခြင်း တို့ကို ဖြစ်စေ၏။ ထပ်မံ တိုက်ဆိုင်သည်မှာ ဤဇာတာ အတွက် စိတ်ဒုက္ခပိုင်း ဆိုင်ရာ နှင့် ဆိုင်သော ၁၂-တန့် သခင်သည် - စိတ်ခံစားမှု နှင့် ဆိုင်သော တနင်္လာဂြိုဟ် ကိုယ်တိုင်ပင် ဖြစ်နေလျှက်- ၄င်းသည် ငြိမ်းချမ်း မှု ၊ အေးချမ်း တည်ငြိမ်မှု နှင့် ဆိုင်သော- ၄-တန့်တွင် တည်ခြင်း၊ ၄င်းတည်ရာ ရာသီ (ဓနု) အိမ်ရှင် သည် ပညာကို ကိုယ်စားပြုသော၊ အသိဥာဏ်ကို ကိုယ်စားပြုသော ကြာသပတေး ဖြစ်နေခြင်း တို့ကြောင့် တနင်္လာသည်လည်း 141% အထိ အင်အား ကောင်းလျှက်- ရှိသော ကြောင့် ငြိမ်းချမ်းသော စိတ်ပိုင်ရှင်၊ ပညာနှင့် ပတ်သက်၍ အမြဲမပြတ် လေ့လာသော စိတ်ဓါတ် ပိုင်ရှင်၊ စိတ်ဒုက္ခ ခံစားရမှု တို့မှ ဝေးကွာအောင် နေထိုင် တတ်သူ ဖြစ်ကြောင်း တွေ့ရပြန်ပါသည်။ သို့သော် ထိုတနင်္လာနှင့် တိုက်ရိုက် ပတ်သက်နေသော - ၁၂-တန့် နှင့် ၄-တန့် ဘာဝ တို့၏ အလယ်မှတ်များကို ရာဟု လွှမ်းမိုးမှု ရှိထားသဖြင့်- တနင်္လာ ဒဿာ ကာလ၊ ရာဟု ကာလ များတွင် ဇာတာရှင် အနေဖြင့် စိတ်ဆင်းရဲမှု များကို ကြုံတွေ့ ခဲ့ရမည် ဟုလည်း နားလည် မိပါသည်။
  • ၉-တန့် ဘာဝ သခင် ဖြစ်သော-အင်္ဂါ ဂြိုဟ် သည် မိတ်ဖြစ်သော သိဟ် ရာသီ (၁-တန့် (လဂ်)) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် တနင်္လာ ပိုင်သော ကရကဋ် န၀င်း ဖြစ်ကာ-ကိတ် ပိုင်သော မာဃ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 218% ရှိကာ၊ -192% ဂြိုဟ်ဆိုး လွှမ်းမိုးမှု ရှိသည်။  ဂြိုဟ်ကောင်းလွှမ်းမိုးမှု မရှိပါ။ သုဘ ဘာဝ ဟူသော ၉-တန့် ဘာဝ၊ တနည်း အားဖြင့် အတိတ် ဘုန်းတန်ခိုး နှင့် ဆိုင်သော ၉-တန့် ဘာဝ သခင်သည် ဇာတာရှင် ကိုယ်တိုင် နှင့် ဆိုင်သော လဂ်တွင် တည်ခြင်း၊ လက်တွေ့ အားထုတ် လုပ်ဆောင်ရသော အင်္ဂါ ဖြစ်နေခြင်း၊ တို့ကြောင့်- ဇာတာရှင် သည် မိမိကိုယ်တိုင်၏ ကြိုးစား အားထုတ်မှု ကြောင့်- ကြီးမြတ်သော ပုဂ္ဂိုလ် တစ်ဦး ဖြစ်ရခြင်းလည်း ဖြစ်ပါ၏။ သို့သော်လည်း- အင်္ဂါအား ရာဟု နှင့် ကိတ်တို့၏ ပတ်သက် ထားမှု ကြောင့်- မတော်တစ်ဆ သွေးထွက်သံယို ထိခိုက်မှု ဖြစ်နိုင်သော ဇာတာရှင်လည်း ဖြစ်၏။ သို့သော် ဇာတာရှင် ကိုယ်တိုင် အနေဖြင့် - နက္ခတ်ပညာရှင် ဖြစ်သောကြောင့်- ကြိုတင် ကာကွယ်မှုများ ပြုလုပ်ခဲ့မည် ဟုလည်း နားလည် နိုင်ပါ၏။
  • ၂-တန့် ဘာဝ သခင် ဖြစ်သော-ဗုဒ္ဓဟူး ဂြိုဟ် သည် ရန်ဖြစ်သော မိဿ ရာသီ (၉-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် တနင်္လာ ပိုင်သော ကရကဋ် န၀င်း ဖြစ်ကာ-ကိတ် ပိုင်သော အာသာဝဏီ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 187% ရှိကာ၊ -98% ဂြိုဟ်ဆိုး လွှမ်းမိုးမှု ရှိသည်။  ဂြိုဟ်ကောင်းလွှမ်းမိုးမှု မရှိပါ။ ရာထူး ရာခံ ကြီးမား အောင်မြင် ရေးအတွက်- တနင်္ဂနွေ အင်အား ကောင်းယုံမျှမက- ရည်ရွယ်ချက် နှင့် တောင့်တ အားထုတ်မှု နှင့် ဆိုင်သော၊ အဆင့်မြင့် ပညာနှင့် ဆိုင်သော ၂-တန့် သခင် အင်အား ကောင်းရမည်ကိုလည်း ပညာရှင်များ သတိပြုသင့်၏။ ယခု ဇာတာတွင်- ဗုဒ္ဓဟူးသည် - အဆင့်မြင့် ပညာနှင့် ဆိုင်သော ၂-တန့် သခင်ဖြစ်ကာ- မြင့်မားသော ပညာနှင့် ဆိုင်သည် ၉-တန့် တွင် ရပ်တည်ခြင်း၊ 187% အထိ အင်အားကောင်းခြင်း စသည်တို့သည်- အတွက် ပညာ၊ ဥာဏ်ပညာ၊ အဆင့်မြင့် ပညာ အားကောင်းခြင်းများကို တစ်ခုပြီး တစ်ခု ဖြစ်စေခြင်း ဖြစ်၏။ အဆင့်မြင့် နက္ခတ် ဗေဒင် ပညာရှင် တစ်ဦး ဖြစ်နိုင်ရေး အတွက်- ဗုဒ္ဓဟူး နှင့် ကြာသပတေး တို့ အင်အား ကောင်းရမည် လည်း ဖြစ်ပါသည်။
  • ၅-တန့် ဘာဝ သခင် ဖြစ်သော-ကြာသပတေး ဂြိုဟ် သည် မိတ်ဖြစ်သော သိဟ် ရာသီ (၁-တန့် (လဂ်)) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် သောကြာ ပိုင်သော တူ န၀င်း ဖြစ်ကာ-သောကြာ ပိုင်သော ပြုဗ္ဗဖလဂုဏီ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 233% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။ ပညာနှင့် ဆိုင်သော ကြာသပတေးသည် - ထပ်မံ၍ ပညာရပ်ပိုင်း နှင့် ဆိုင်သော ၅-တန့် သခင်လည်း ဖြစ်ကာ- လဂ်တွင် အံသာ နီးစွာတင်ခြင်း အင်အား အလွန်ကောင်းခြင်း တို့သည် ပညာရှင် တစ်ဦး ဖြစ်မည်၊ ဂုဏ် သိက္ခာ မြင့်မားသူ ဖြစ်မည် ကို ပြဆိုနေတော့၏။
  • ၃-တန့် ဘာဝ သခင် ဖြစ်သော-သောကြာ ဂြိုဟ် သည် အိမ်ရှင်၊-ဖြစ်သော ပြိဿ ရာသီ (၁၀-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် စနေ ပိုင်သော ကုမ် န၀င်း ဖြစ်ကာ-တနင်္ဂနွေ ပိုင်သော ကြတ္တိကာ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 10% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
  • ၇-တန့် ဘာဝ သခင် ဖြစ်သော-စနေ ဂြိုဟ် သည် အိမ်ရှင်၊-ဖြစ်သော မကာရ ရာသီ (၆-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် တနင်္လာ ပိုင်သော ကရကဋ် န၀င်း ဖြစ်ကာ-တနင်္လာ ပိုင်သော သရ၀ဏ် နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 86% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
  • ရာဟု ဂြိုဟ် သည် ဖြစ်သော ကုမ် ရာသီ (၇-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် စနေ ပိုင်သော မကာရ န၀င်း ဖြစ်ကာ-ရာဟု ပိုင်သော သတ္တဘိသျှ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 98% ရှိကာ၊  ကိတ်မှ အပ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။ ရာဟု အနေနဲ့လည်း ထူးခြားစွာ အင်အား ရထားခြင်း ကို တွေ့ရသည်။ ၇-တန့် သခင် စနေပိုင်သော န၀င်း စီးထားခြင်း၊ ၄င်း ရာဟု အနေဖြင့် ကိုယ်ပိုင် ပိုင်ဆိုသော သတ္တဘိသျှ နက္ခတ် ရထားခြင်း- အင်အား ကောင်းထားခြင်းတို့ကြောင့်- ၄င်းလွှမ်းမိုးထား ရာ ဂြိုဟ်နှင့် ဘာဝများကို ဖျက်ဆီးတတ်သော ရာဟု ပင်လျှင်- သူ၏ ကိုယ်ပိုင် ဒဿတွင် ဇာတာရှင်အား မြင့်မား အနေအထား (လောကီ အနေအထား) ကို ပေးမည်ကို မြင်နိုင်ပါသည်။ (ရာဟုသည် အထွတ် အထိပ် သို့ ပို့တတ်ပုံ ကို - နပိုလီယန် ဇာတာ အပိုင်း (၆)   တွင် လည်း လေ့လာ နိုင်ပါသည်။)
  • ကိတ် ဂြိုဟ် သည် ဖြစ်သော သိဟ် ရာသီ (၁-တန့် (လဂ်)) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် တနင်္လာ ပိုင်သော ကရကဋ် န၀င်း ဖြစ်ကာ-ကိတ် ပိုင်သော မာဃ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 157% ရှိကာ၊  ရာဟု မှ အပ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။ များစွာသော သူများအတွက် အင်အား နည်းတတ်သော ကိတ်သည် - အင်အားကောင်းများ ရထားခြင်း ကြောင့်-လောကုတ္တရာ နှင့် ပတ်သက်သော- အသိဥာဏ် ပညာကို ပါ ရနိုင်သော သူတစ်ဦး ဖြစ်ကြောင်းလည်း တွေ့ရှိရပါသည်။
(ဘွားဇာတာ ရာသီစက် အားဖြင့်) ဘွားဂြိုဟ်များ အချင်းချင်း လွှမ်းမိုးမှု အားဖြင့်-
  • မူလ အင်္ဂါ ဂြိုဟ်အား မူလ ရာဟု- မှ (-96.2) % ဖြင့် လွှမ်းမိုးထားသည်။မူလ ကိတ်-  မှ (-96.2) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ ဗုဒ္ဓဟူး ဂြိုဟ်အား မူလ ကိတ်-  မှ (-98.2) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ ရာဟု ဂြိုဟ် ( ၏ သခင်) အားမူလ အင်္ဂါ (၉-တန့် ဘာဝ ၏ သခင်) မှ (96.2) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ ကိတ် ဂြိုဟ် ( ၏ သခင်) အားမူလ အင်္ဂါ (၉-တန့် ဘာဝ ၏ သခင်) မှ (96.2) % ဖြင့် လွှမ်းမိုးထားသည်။
(ဘွားဇာတာ ရာသီစက် အားဖြင့်) ဘွားဂြိုဟ်များ မှ ဘာဝ များအပေါ် လွှမ်းမိုးမှု အားဖြင့်-
  • ၁-တန့် (လဂ်) အလယ်မှတ်အား မူလ ကြာသပတေး (၅-တန့် ဘာဝ ၏ သခင်) မှ (87.6) % ဖြင့် လွှမ်းမိုးထားသည်။
  • ၅-တန့် ဘာဝ အလယ်မှတ်အား မူလ ကြာသပတေး (၅-တန့် ဘာဝ ၏ သခင်) မှ (87.6) % ဖြင့် လွှမ်းမိုးထားသည်။
  • ၇-တန့် ဘာဝ အလယ်မှတ်အား မူလ ကြာသပတေး (၅-တန့် ဘာဝ ၏ သခင်) မှ (87.6) % ဖြင့် လွှမ်းမိုးထားသည်။
  • ၉-တန့် ဘာဝ အလယ်မှတ်အား မူလ ကြာသပတေး (၅-တန့် ဘာဝ ၏ သခင်) မှ (87.6) % ဖြင့် လွှမ်းမိုးထားသည်။
ဆရာကြီး ဒေါက်တာ ဗိုလ်လေးရဲ့ မူလ ဇာတာမှာကိုက- ဂြိုဟ်များ အလွန် အင်အား နေပုံ ကို တွေ့ရှိနိုင်ပါတယ်။


ဆက်လက်ပြီး- ဆရာကြီး ဒေါက်တာ ဗိုလ်လေး အလုပ်စတင် ၀င်ရောက်ခဲ့တဲ့ ဇာတာကို လေ့လာကြပါစို့။

ဆရာကြီးက- အများလေ့လာ လို့ ရအောင် အောက်မှာ ပြထားသလို အသေးစိတ် ဖေါ်ပြခဲ့ပါတယ်။ (ဒီအထဲက သုံးသပ်ချက် များက ဆရာကြီး ဒေါက်တာ ဗိုလ်လေး ရဲ့ ကိုယ်ပိုင် သုံးသပ်ချက် များသာ ဖြစ်ပြီး- မိုးတား သုံးသပ်ချက်များ မဟုတ်ပါ။)

(ကျွန်တော်သည် ၁၉၅၆ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိပြီးနောက် ၁၉၅၆ ခုနှစ်၊  မေလ(၂) ရက်နေ့ နံနက် ၁၀ နာရီချိန်တွင် ရန်ကုန်တက္ကသိုလ် ဘောဂဗေဒဌာန၌ နည်းပြဆရာအဖြစ် ဝင်ရောက်အမှုထမ်းခဲ့ပါသည်။ မင်းမှုထမ်းလုပ်ငန်းစ မင်္ဂလာ အခါဇာတာမှာ ဇယားတွင်ဖော်ပြထားသည့် အတိုင်း ဖြစ်ပါသည်
လုပ်ငန်းစ မင်္ဂလာအခါဇာတာကို ဆန်းစစ်ခြင်း- 
  • (က) အခါလဂ်- အခါလဂ်သည် ကြာသပတေး၊ ဗုဒ္ဓဟူး၊ သောကြာ၊ စန်း သောမဂြိုဟ်များ၏ လွှမ်းမိုးခြင်းခံရပြီး သောမကတ္တရိယုဂ်ရ၍ ကောင်းပါသည်။သို့ရာတွင် ဗုဒ္ဓဟူး သည် ၁၂-တန့် ဗျာယဘာဝ၌ ရပ်တည်သည့်အပြင် နိစ်နဝင်းစီးနေ၍ အလွန်ဆိုးပါသည်။
  • (ခ) အခါစန်း- အခါစန်းသည် ဥုစ်အင်္ဂါနှင့် ပူးယှဉ်၍ ဥုစ်ကြာသပတေး၏ အမြင်ခံရသည့်အပြင် မိတ်နဝင်းစီးပါသည်။
  • (ဂ) တနင်္ဂနွေဂြိုဟ် - တနင်္ဂနွေဂြိုဟ်သည် မိဿရာသီ ဥုစ်အိမ်၌ရပ်တည်ပြီး မိဿရာသီသခင်ဂြိုဟ် ဥုစ်အင်္ဂါ၏ အမြင်ခံရပါသည်။ တနည်းအားဖြင့် ဥုစ်တနင်္ဂနွေသည် ဥုစ်အင်္ဂါနှင့် သမ္ဗန္ဓဖြစ်ကြပါသည်။ လဂ်သခင်ဂြိုဟ် ဗုဒ္ဓဟူးနဝင်းကိုစီးပါသည်။ ထို့ကြောင့် တနင်္ဂနွေဂြိုဟ်သည် အားကြီးလှပါသည်။
  • (ဃ) ၁၀-တန့်ဘာဝ- ၁၀-တန့်ဘာဝသည် ဥုစ်ကြာသပတေးဂြိုဟ်၏ အမြင်ခံရပါသည်။   ၁၀- တန့်ဘာဝသခင်ဂြိုဟ် ကြာသပတေးသည် ၂-တန့်ဘာဝ  ဥုစ်အိမ်၌ရပ်တည်ပြီး ကသစ် နဝင်းစီးပါသည်။ ထို့ကြောင့် ၁၀-တန့်ဘာဝ အလွန် အားကြီးလှပါသည်။
  • (င) ဝိသောတ္ထရီဒသာ၊ ကျွန်တော်သည် အမှုထမ်းဘဝကို တနင်္ဂနွေ ထူလဒသာဖြင့် စခဲ့ပါသည်။ တနင်္ဂနွေဂြိုဟ်သည် ၁၁-တန့်ဘာဝ ဥုစ်အိမ်၌ရပ်တည်သဖြင့် လုပ်ငန်းစစခြင်း ကံကောင်းခဲ့ပါသည်။  ၁၀-တန့်ဘာဝနှင့် ၁၀-တန့်ဘာဝသခင်ဂြိုဟ် ဥုစ်ကြာသပတေး အားကောင်းသဖြင့် ရာထူးအတက်မြန်ခဲ့ပါသည်။
  • (၁)။ ၁-၆-၁၉၅၆ တနင်္ဂနွေ ထူလ၊ သောကြာအန္တရ ဒသာစားစဉ် နည်းပြကထိက၊
  • (၂)။ ၁-၆-၁၉၅၈ တနင်္လာ ထူလ၊ အင်္ဂါအန္တရ ဒသာစားစဉ် လက်ထောက်ကထိက၊
  • (၃)။ ၂၄-၇-၁၉၆၄ တနင်္လာ ထူလ၊ ဗုဒ္ဓဟူးအန္တရ ဒသာစားစဉ် ကထိက၊
  • (၄)။ ၅-၆-၁၉၇၀ အင်္ဂါထူလ၊ စနေအန္တရ ဒသာစားစဉ် သမဝါယမဝန်ကြီးဌာန အတွင်းဝန်၊
  • (၅)။ ၁-၈-၁၉၇၀ အင်္ဂါထူလ၊ ဗုဒ္ဓဟူးအန္တရ ဒသာစားစဉ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဘဏ္ဍာရေးနှင့် အမျိုးသားစီမံကိန်းရေးရာ အတွင်းရေးမှုး၊
  • (၆)။ ၁၄-၃-၁၉၇၅ ရာဟုထူလ၊ ရာဟုအန္တရ ဒသာစားစဉ် လယ်ယာနှင့်သစ်တောဝန်ကြီးဌာန ဒုတိယဝန်ကြီး၊
  • (၇)။ ၁-၇-၁၉၈၂ ရာဟုထူလ၊ ဗုဒ္ဓဟူးအန္တရ ဒသာစားစဉ် အငြိမ်းစား၊

လုပ်ငန်းစ မင်္ဂလာအခါဇာတာသည် ကျွန်တော်၏ အမှုထမ်းဘဝတစ်ခုလုံးကို လွှမ်းမိုးနေကြောင်းသိစေလို၍ ဤမျှရေးပြ နေခြင်း ဖြစ်ပါသည်။ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ရာဟုထူလဒသာ တစ်လျှောက်လုံးကောင်းစားခဲ့သော ကျွန်တော်၏အမှုထမ်းဘဝသည် ရာဟု ထူလ၊ နိစ်နဝင်း စီးသောဗုဒ္ဓဟူး အန္တရဒသာ စားစဉ် နိဂုံးချုပ် ခဲ့ရာ လုပ်ငန်းစ မင်္ဂလာအခါဇာတာ မည်မျှမှန်ကန်ကြောင်း ခန့်မှန်း သိရှိနိုင်ပါသည်။)

ယခု ဆက်လက်၍ မိုးတား သုံးသပ်ချက်များဖြင့် လေ့လာကြည့်ပါစို့- 

အောက်ဖေါ်ပြ ဇာတာသည် ဆရာကြီး အလုပ် စ၀င်သော အချိန် ဇာတာ ဖြစ်ပါသည်။

ကောဇာ ဇာတာ ကို မူလ လဂ် နှင့် အသုံးပြု၍ ဆန်းစစ်ခြင်း။




၁-တန့် (လဂ်) သခင် ဖြစ်သော-တနင်္ဂနွေ ဂြိုဟ် သည် ဥုစ်၊မိတ်ဖြစ်သော မိဿ ရာသီ (၉-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ဗုဒ္ဓဟူး ပိုင်သော ကန် န၀င်း ဖြစ်ကာ-သောကြာ ပိုင်သော ဘရဏီ နက္ခတ် ကိုစီးနင်း ထားသည်။ သောကြာသည် ၁၀-တန့်တွင် တည်သော ဂြိုဟ်လည်း ဖြစ်၏။ တနင်္ဂနွေ ၏ မူလ အင်အား အနေဖြင့် 388% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။ အလုပ် နှင့် ပတ်သက်သော- အထူးသဖြင့် အစိုးရ အလုပ်နှင့် ပတ်သက်သော အနေအထား အတွက် အလွန့်အလွန် အားကောင်းသော အနေအထား ဖြစ်သည်ကို တွေ့ရ၏။
(အကယ်၍- ကိုယ်ပိုင် လုပ်ငန်း လုပ်သူမျိုး ဖြစ်ပါက- လုပ်ငန်း အမျိုးအစား ကို မူတည်၍ မည်သည့် ဂြိုဟ်နှင့် ဘာဝများ အားကောင်း ရန် လိုသည်ကိုပါ ထပ်မံ စစ်ဆေးရန် လိုသော်လည်း- မည်သည့် အလုပ်မျိုး အတွက် မဆို- တနင်္ဂနွေသည်ကား အရေးအကြီးဆုံး ဖြစ်၏။)

၉-တန့် ဘာဝ သခင် ဖြစ်သော-အင်္ဂါ ဂြိုဟ် သည် ဥုစ်၊ရန်ဖြစ်သော မကာရ ရာသီ (၆-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ဗုဒ္ဓဟူး ပိုင်သော မေထုန် န၀င်း ဖြစ်ကာ-တနင်္လာ ပိုင်သော သရ၀ဏ် နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 272% ရှိကာ၊ -88% ဂြိုဟ်ဆိုး လွှမ်းမိုးမှု ရှိသည်။  ဂြိုဟ်ကောင်းလွှမ်းမိုးမှု မရှိပါ။ အလွန် အမင်း အင်အားကောင်း အနေအထား ဖြင့် ကြီးမြတ် သော အနေအထား ရမည်ကို ဖေါ်ပြထား၏။ ဤနေရာတွင် ဒုဌာန ဘာဝ ဖြစ်သော ၆-တန့်တွင် တည်တိုင်း အင်အားနည်း ရမည် မဟုတ်သည်ကို သတိပြုပါ။

ကောဇာ ဇာတာ ကို ကောဇာ လဂ် ကို အသုံးပြု၍ ဆန်းစစ်ခြင်း။

လုပ်ငန်း စတင်ထူထောင်သူ ကုမ္ပဏီ ထူထောင်သူများ အတွက်- ဤစစ်ဆေးနည်း သည် အရေးသိပ်မကြီးသဖြင့်- မိုးတား နည်းဖြင့် ကိုယ်ပိုင် လုပ်ငန်းရှင်များ၏ လုပ်ငန်း စတင်ချိန်များကို စစ်ဆေးချိန်တွင် အသုံးမပြုသော ဤနည်းသည်- ၀န်ထမ်း လုပ်မည့် သူအတွက် အတိုင်းအတာ တစ်ခု အရေးပါလာ၏။ အဘယ့်ကြောင့် ဆိုသော်- 
ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းသည်- လုပ်ငန်းရှင် အတွက် တိုက်ရိုက် ပတ်သက်သော ကြောင့်- လုပ်ငန်းရှင်တို့ ၏ ဘွားဇာတာ လဂ် တို့ဖြင့် အဓိက သုံးစွဲရ၏။ ထို့ကြောင့်လည်း- ကျွန်တော် အနေဖြင့်- နိုင်ငံခြား လုပ်ငန်းရှင်ကြီး အချို့၊ စီးပွားရေး သမား ကို လုပ်ငန်း စတင်ရန် နှင့် ပတ်သက်သော အချိန်အခါ ရွေးပေးရာတွင်- ပုံမှန် အားဖြင့်- ကောဇာ လဂ်ကို မသုံးခဲ့ပါ။ အမှန်အားဖြင့် ဆိုသော်- အချိန် အခါကောင်း ကို ရွေးချယ် ပေးခြင်း အလုပ်သည် အလွန်ပင်ပန်းစွာ၊ အချိန်ယူ တွက်ချက် ရသဖြင့် ကုန်ကျစရိတ်လည်း များလှ၏။

ယခု ဆရာကြီး ဒေါက်တာ ဗိုလ်လေး၏ အလုပ် စ၀င်ချိန် ဇာတာကို- ကောဇာ လဂ်ဖြင့် စစ်ဆေးမည် ဆိုပါကလည်း။
  • ကောဇာ လဂ် အရ - တွက်ချက်ပါက- မေထုန် လဂ်- မကာရ စန်း ဖြစ်သည်။
  • ၃-တန့် ဘာဝ သခင် ဖြစ်သော-တနင်္ဂနွေ ဂြိုဟ် သည် ဥုစ်၊မိတ်ဖြစ်သော မိဿ ရာသီ (၁၁-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ဗုဒ္ဓဟူး ပိုင်သော ကန် န၀င်း ဖြစ်ကာ-သောကြာ ပိုင်သော ဘရဏီ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 365% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။ ဤနေရာတွင်လည်း- အလုပ်နှင့် သက်ဆိုင်သော၊ ရာထူး ကြီးမားမှု နှင့် ဆိုင်သော၊ ဘ၀ အောင်မြင်မှု နှင့် ဆိုင်သော တနင်္ဂနွေသည် လွန်စွာ အားကြီး နေသည်ကို တွေ့ရပြန်ပါ၏။ 
  • ၂-တန့် ဘာဝ သခင် ဖြစ်သော-တနင်္လာ ဂြိုဟ် သည် ရန်ဖြစ်သော မကာရ ရာသီ (၈-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ကြာသပတေး ပိုင်သော မိန် န၀င်း ဖြစ်ကာ-တနင်္ဂနွေ ပိုင်သော ဥတ္တရာသဠ် နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 176% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။ 
  • ၁၁-တန့် ဘာဝ သခင် ဖြစ်သော-အင်္ဂါ ဂြိုဟ် သည် ဥုစ်၊ရန်ဖြစ်သော မကာရ ရာသီ (၈-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ဗုဒ္ဓဟူး ပိုင်သော မေထုန် န၀င်း ဖြစ်ကာ-တနင်္လာ ပိုင်သော သရ၀ဏ် နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 302% ရှိကာ၊ -88% ဂြိုဟ်ဆိုး လွှမ်းမိုးမှု ရှိသည်။  ဂြိုဟ်ကောင်းလွှမ်းမိုးမှု မရှိပါ။
  • ၇-တန့် ဘာဝ သခင် ဖြစ်သော-ကြာသပတေး ဂြိုဟ် သည် ဥုစ်၊-ဖြစ်သော ကရကဋ် ရာသီ (၂-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ကြာသပတေး ပိုင်သော မိန် န၀င်း ဖြစ်ကာ-ဗုဒ္ဓဟူး ပိုင်သော အသလိဿ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 150% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
  • ၅-တန့် ဘာဝ သခင် ဖြစ်သော-သောကြာ ဂြိုဟ် သည် မိတ်ဖြစ်သော မေထုန် ရာသီ (၁၂-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် သောကြာ ပိုင်သော တူ န၀င်း ဖြစ်ကာ-အင်္ဂါ ပိုင်သော မိဂသီ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 116% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
အထက်ပါ ဆန်းစစ်ချက်ကို ကြည့်လိုက်ပြန်ကလည်း- ဘာဝ တို့တွင် အဖျက်အဆီး မရှိသည်သာမက- ၂-တန့်၊ ၃-တန့်၊ ၅-တန့်၊ ၁၁-တန့် ဘာဝများ အင်အားကောင်းခြင်း၊ တနင်္ဂနွေ တနင်္လာ အင်္ဂါတို့ အလွန် အင်အား ကောင်းခြင်း တို့ကို တွေ့ရပြန်၏။

ထို့ကြောင့်- ကောဇာ ဇာတာတွင်- မူလ လဂ် မှ မူတည်၍ တွက်ချက်လျှင်လည်း အလုပ်နှင့် ပတ်သက်သော အနေအထား ကောင်းများ ရှိနေသည်သာ မက- ကောဇာ လဂ် ကိုယ်တိုင်မှ ကြည့်လျှင်လည်း အလွန်ကောင်းသော အနေအထားများ ရှိနေသည်ကို တွေ့ရတော့၏။

အချိန်အခါ ကောင်း စစ်စစ် မှန်မှန် ဟူသည်- တစ်ခုကောင်း နှစ်ခု ကောင်းနှင့် မပြည့်စုံသေး-
ဆက်လက်၍- ထိုကောဇာ ဂြိုဟ်များမှ မူလ ဘွားဂြိုဟ်များ၊ ဘွားဘာဝများ သို့ လွှမ်းမိုး ပုံကိုလည်း ဆက်လေ့လာရမည် ဖြစ်၏။

ကောဇာ ဇာတာ နှင့် မူလ ဇာတာ ပတ်သက် မှုများ ကို ဆန်းစစ်ခြင်း။

(ကောဇာ ဇာတာ ရာသီစက် အားဖြင့်) 02/05/1956 နေ့ - ကောဇာဂြိုဟ်များ မှ မူလဘွားဂြိုဟ်များ အပေါ် လွှမ်းမိုးမှု အားဖြင့်-

  • မူလ တနလာင်္ ဂြိုဟ်အား ကောဇာ ကြာသပတေး (H5 ၏ သခင်) မှ (78.8) % ဖြင့် လွှမ်းမိုးထားသည်။ကောဇာ သောကြာ (H3 ၏ သခင်) မှ (99.3) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ အင်္ဂါ ဂြိုဟ်အား ကောဇာ အင်္ဂါ (H9 ၏ သခင်) မှ (61.5) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ ကြာသပတေး ဂြိုဟ်အား ကောဇာ အင်္ဂါ (H9 ၏ သခင်) မှ (85.3) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ သောကြာ ဂြိုဟ်အား ကောဇာ စနေ (H7 ၏ သခင်) မှ (71.6) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ ကိတ် ဂြိုဟ်အား ကောဇာ စနေ (H7 ၏ သခင်) မှ (73.4) % ဖြင့် လွှမ်းမိုးထားသည်။
(ကောဇာ ဇာတာ ရာသီစက် အားဖြင့်) 02/05/1956 နေ့ - ကောဇာဂြိုဟ်များ မှ မူလဘွား ဘာဝ များ အပေါ် လွှမ်းမိုးမှု အားဖြင့်-
  • ၁-တန့် (လဂ်) အလယ်မှတ်အား ကောဇာ အင်္ဂါ (၉-တန့် ဘာဝ ၏ သခင်) မှ (99.9) % ဖြင့် လွှမ်းမိုးထားသည်။
  • ၂-တန့် ဘာဝ အလယ်မှတ်အား ကောဇာ ကိတ် (- ၏ သခင်) မှ (-85.5) % ဖြင့် လွှမ်းမိုးထားသည်။
  • ၃-တန့် ဘာဝ အလယ်မှတ်အား ကောဇာ တနင်္ဂနွေ (၁-တန့် (လဂ်) ၏ သခင်) မှ (99.1) % ဖြင့် လွှမ်းမိုးထားသည်။
  • ၄-တန့် ဘာဝ အလယ်မှတ်အား ကောဇာ ရာဟု (- ၏ သခင်) မှ (-85.5) % ဖြင့် လွှမ်းမိုးထားသည်။ကောဇာ ကိတ် (- ၏ သခင်) မှ (-85.5) % ဖြင့် လွှမ်းမိုးထားသည်။
  • ၆-တန့် ဘာဝ အလယ်မှတ်အား ကောဇာ အင်္ဂါ (၉-တန့် ဘာဝ ၏ သခင်) မှ (99.9) % ဖြင့် လွှမ်းမိုးထားသည်။၆-တန့် ဘာဝ အလယ်မှတ်အား ကောဇာ ကိတ် (- ၏ သခင်) မှ (-85.5) % ဖြင့် လွှမ်းမိုးထားသည်။
  • ၈-တန့် ဘာဝ အလယ်မှတ်အား ကောဇာ ရာဟု (- ၏ သခင်) မှ (-85.5) % ဖြင့် လွှမ်းမိုးထားသည်။
  • ၉-တန့် ဘာဝ အလယ်မှတ်အား ကောဇာ တနင်္ဂနွေ (၁-တန့် (လဂ်) ၏ သခင်) မှ (99.1) % ဖြင့် လွှမ်းမိုးထားသည်။ကောဇာ အင်္ဂါ (၉-တန့် ဘာဝ ၏ သခင်) မှ (99.9) % ဖြင့် လွှမ်းမိုးထားသည်။
  • ၁၀-တန့် ဘာဝ အလယ်မှတ်အား ကောဇာ ရာဟု (- ၏ သခင်) မှ (-85.5) % ဖြင့် လွှမ်းမိုးထားသည်။ကောဇာ ကိတ် (- ၏ သခင်) မှ (-85.5) % ဖြင့် လွှမ်းမိုးထားသည်။
  • ၁၂-တန့် ဘာဝ အလယ်မှတ်အား ကောဇာ အင်္ဂါ (၉-တန့် ဘာဝ ၏ သခင်) မှ (99.9) % ဖြင့် လွှမ်းမိုးထားသည်။၁၂-တန့် ဘာဝ အလယ်မှတ်အား ကောဇာ ရာဟု (- ၏ သခင်) မှ (-85.5) % ဖြင့် လွှမ်းမိုးထားသည်။

မင်္ဂလာ အခါ- လုပ်ငန်း စတင်ရန် အခါများကို အကြောင်း ကြုံကြိုက်ပါက ဆက်လက် ရေးပေးမည် ဖြစ်သော်လည်း- ယခု ဆောင်းပါး နှင့်ပင်- လုပ်ငန်းချိန်ခါ မင်္ဂလာ ဆောင်းပါးများကို အဆုံးသတ်လိုက်ပါသည်။ Facebook တည်ထောင်သူ Mark Zuckerberg နှင့် ပတ်သက် ၍ ရေးရန် မူလက ရည်ရွယ်ထားခဲ့သော်လည်း- အချက်အလက်များ မပြည့်စုံ သေးသဖြင့် တိကျစွာ ရေးသား၍ မရနိုင်သေးပါ။

နက်နဲသော ပညာ၏ သဘောကို ပေါ့ပေါ့တန်တန် နားလည်၍ အလွယ်သုံးခြင်းဖြင့်- ပညာ၏ တန်ဘိုးကို လျော့ကျခြင်း မဖြစ်စေရန် မှာ ပညာကို ချစ်သူတိုင်း၏ တာဝန် ဖြစ်ပါသည်။

ယခု ဆောင်းပါးများ ရေးဖြစ်စေရန် တစ်နည်းအားဖြင့် အားပေးခဲ့တဲ့ ကိုဇာနည် (K.P) ကိုလည်း ကျေးဇူးတင်ပါကြောင်း ဒီနေရာက ပြောလိုပါသည်။

အားလုံးချမ်းမြေ့ကြပါစေ။
နျူမာန် (မိုးတား)

[+/-] show/hide this post

Tuesday, November 13, 2012

သူဌေးကြီး ဘီလ်ဂိတ် နှင့် လုပ်ငန်းချိန်ခါ မင်္ဂလာ။

အချိန် အခက်အခဲတွေကြောင့်- ယခင်က သုတေသန လုပ်စဉ်ကတည်း က ရေးထားတဲ့ ဒီဆောင်းပါး ကို လက်စမသတ် နိုင်တဲ့ အတွက်- ပထမ ဆောင်းပါး ဖြစ်တဲ့ စတိဗ် ဂျော့ ဆောင်းပါး နဲ့ ရက်အတော် ခြားသွားရပါတယ်။

ကျွန်တော့် အနေနဲ့ ဗေဒင် ဆိုင်ရာ ဆောင်းပါးတွေကို ရေးနေခြင်းဟာ ကျွန်တော့်ရဲ့ ပုဂ္ဂိုလ် ရေး နာမည်ကြီးရန် အတွက် သော် လည်းကောင်း၊ ငွေကြေး အားဖြင့် အောင်မြင် ချမ်းသာရန် အတွက် သော်လည်းကောင်း၊ ကျွန်တော် ကိုယ်တိုင်ရဲ့ စားဝတ် နေရေး အတွက် သော် လည်းကောင်း- လုံးဝ မပါရှိ ပါဘူး ဆိုတာကို စာဖတ်သူများ နားလည် စေချင်ပါတယ်။ ကျွန်တော့် အနေနဲ့ ဟောခန်းလည်း မဖွင့်ပါ။ မည်သည့် ဆိုက်၊ မည်သည့် မဂ္ဂဇင်း၊ စသည်တို့မှာလည်း ကြော်ညာခြင်း မရှိပါ။ ဗဟုသုတ နဲ့ ပညာပေး အနေနဲ့ မျှဝေတဲ့ ဒီဆိုက် နဲ့ (မြန်မာဆိုက်၊ အင်္ဂလိပ်ဆိုက်) သာ ရှိပါ တယ်။

ဒီဆောင်းပါးများကို ရေးသားနေရတဲ့ ရည်ရွယ်ချက် အနေနဲ့က- 
  • အင်မတန် အဆင့်မြင့်လှတဲ့ နက္ခတ် ပညာရပ်ကို- ဗေဒင် ဘာညာ ဆိုပြီး အထင်သေး အမြင်သေး ကြသူများ အနေနဲ့ ဒီပညာရပ် ဟာ အယူသည်းမှု၊ ကိုးကွယ် ယုံကြည်မှု နဲ့ ဘာမှ မပတ်သက်ပဲ- လက်တွေ့ ဘ၀မှာ အသုံးချရတဲ့ အတတ်ပညာများ ဖြစ်တဲ့- သင်္ချာပညာ၊ သိပ္ပံပညာ၊ အင်ဂျင်နီယာ ပညာများ အတိုင်း- အသုံးချရနိုင်တဲ့ ပညာသာ ဖြစ်ကြောင်း သိစေဘို့-
  • ဗေဒင် ပညာ စစ်စစ် အနေဖြင့် ကိုးကွယ်ယုံကြည်မှု နဲ့ ဘာမျှ မပတ်သက် တာကို နားလည် ထားခြင်းဖြင့်- ကိုးကွယ်မှု တွေနဲ့ ရောထွေးပြီး- ဘာသာရေး စာလုံးတွေနဲ့ နှိပ်ကွပ် နေတတ် သူတွေဟာ- မိမိ ဘာပြောနေလဲ ဆိုတာကို မိမိ ကိုယ်တိုင် သိနိုင်ကြဘို့နဲ့
  • ပညာကို အခြေပြုတဲ့ နက္ခတ်ပညာဟာ- ဘိုးတော်၊ ခေါင်းစွဲ၊ စတဲ့ ယုံကြည်မှု အပေါ် အခြေပြုရတဲ့ စနစ် တွေနဲ့ လိုင်းချင်း မသက်ဆိုင် ကြောင်း- ကံ-ကံ၏ အကျိုးကို လည်ဆည် ဖေါက်ဖျက်တဲ့ ပညာရပ် မဟုတ်ကြောင်း နဲ့၊
  • ခေတ် နောက်ကျနေတဲ့- မြန်မာ့ နက္ခတ် ပညာရပ် အတွက်- မြန်မာလူငယ် ပညာရှင်၊ သုတေသီ စစ်စစ်များ ပေါ်ထွန်း လာရေးကိုသာ ရည်ရွယ် ပါတယ်။
ကျွန့်တော် ဆောင်းပါးများကို ဖတ်ရှူပြီး အကြံဥာဏ်ပိုင်း ဆိုင်ရာ အကူအညီ တောင်းသူများကို ယခင်တုန်းက ကူညီပေးခဲ့ ပေမယ့်- လွန်ခဲ့တဲ့ ၁-နှစ်ကျော်လောက် က စပြီး- အင်မတန် မနိုင်မနင်း ဖြစ်လာရတဲ့ အတွက်- ဟောစတမ်း သာ ရေးခဲ့ပြီး- ဟောပြော ပေးမှု ဆိုင်ရာ အားလုံးကို ရပ်တန့်ထားခဲ့ရပါတယ်။

သို့သော် လည်း နောက်ပိုင်းမှာ ဟောစာတမ်း အနေနဲ့လည်း- လိုအပ်သူ များစွာကို ရေးပေး နိုင်ဘို့ အခက်အခဲ ရှိလာခဲ့ အတွက်- ဟောစာတမ်း ရေးပေး မှုကိုပါ အားလုံး ကိုပါ တစ်ပြေးညီ ရပ်တန့် လိုက်ရပါတယ်။

တကယ်လို့ အချိန်ပြန် ရလာခဲ့ယင် တောင်မှ- အကန့်အသတ် နဲ့၊ အရေ အတွက် အနည်းငယ်မျှ ကိုသာ ပြန်လည် ကူညီပေးနိုင်မှာ ဖြစ်ပြီး- အားလုံးကိုတော့ တစ်ပြိုင်တည်း ဟောပြော ကူညီနိုင်ဘို့ မဖြစ်နိုင် ကြောင်း အားလုံးကို အသိပေးလိုပါတယ်။

ကောင်းပါပြီ - ဆောင်းပါးကို ဆက်ကြပါစို့-

ဘီလ်ဂိတ် ၏ ဇာတာ 



ဘီလ်ဂိတ် ဘွား ဇာတာ တည်နေရာ နှင့် လွှမ်းမိုးမှု ဆန်းစစ်ချက် အနှစ်ချုပ်
ကမ္ဘာကျော် သူဌေးကြီး ဘီလ်ဂိတ် ရဲ့ ဇာတာကို အသေးစိတ် သုံးသပ်ချက်ကို ယခင် ဆောင်းပါး တစ်ခု ဖြစ်တဲ့- “ဘီလျံနာ သူဌေးကြီး ဘီလ်ဂိတ် ၏ ဇာတာ” http://www.motaa.info/p/bill-gate_25.html ဆောင်းပါးမှာ ဖေါ်ပြခဲ့ပြီး ဖြစ်ပါတယ်။

ဒါကြောင့် ဒီဆောင်းပါးမှာ- ဘာကြောင့် ဘီလ်ဂိတ် ချမ်းသာရသလဲ၊ ဘယ်လို ချမ်းသာ ရသလဲ စတဲ့ ဇာတာ သုံးသပ် များချက် ကို ထည့်မရေး တော့ပဲ- အချက်အလက် သပ်သပ် သာ ရေးပေးပါ့မယ်။ သုံးသပ်ချက်များကို ဖတ်မယ် ဆိုယင်- ပြီးခဲ့တဲ့ ဆောင်းပါး ကို သွားရောက် ဖတ်ရှုစေချင်ပါတယ်။


  • ဇာတာရှင် ဘီလ်ဂိတ် သည် မေထုန် လဂ်- မိန် စန်း ဖြစ်သည်။
  • ၃-တန့် ဘာဝ သခင် ဖြစ်သော-တနင်္ဂနွေ ဂြိုဟ် သည် နိစ်၊ရန်ဖြစ်သော တူ ရာသီ (၅-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် စနေ ပိုင်သော မကာရ န၀င်း ဖြစ်ကာ-ရာဟု ပိုင်သော သွာတိ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 253% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
  • ၂-တန့် ဘာဝ သခင် ဖြစ်သော-တနင်္လာ ဂြိုဟ် သည် မိတ်ဖြစ်သော မိန် ရာသီ (၁၀-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် အင်္ဂါ ပိုင်သော ဗြိစ္ဆာ န၀င်း ဖြစ်ကာ-စနေ ပိုင်သော ဥတ္တရာဘဒြပိုဒ် နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 34% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
  • ၁၁-တန့် ဘာဝ သခင် ဖြစ်သော-အင်္ဂါ ဂြိုဟ် သည် ဥဒါသိမ် ဖြစ်သောကန် ရာသီ (၄-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ဗုဒ္ဓဟူး ပိုင်သော မေထုန် န၀င်း ဖြစ်ကာ-တနင်္လာ ပိုင်သော ဟဿတ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 176% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
  • ၄-တန့် ဘာဝ သခင် ဖြစ်သော-ဗုဒ္ဓဟူး ဂြိုဟ် သည် အိမ်ရှင်၊သခင်၊ဥုစ်၊-ဖြစ်သော ကန် ရာသီ (၄-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် တနင်္လာ ပိုင်သော ကရကဋ် န၀င်း ဖြစ်ကာ-တနင်္လာ ပိုင်သော ဟဿတ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 127% ရှိကာ၊ -95% ဂြိုဟ်ဆိုး လွှမ်းမိုးမှု ရှိသည်။  ဂြိုဟ်ကောင်းလွှမ်းမိုးမှု မရှိပါ။
  • ၇-တန့် ဘာဝ သခင် ဖြစ်သော-ကြာသပတေး ဂြိုဟ် သည် မိတ်ဖြစ်သော သိဟ် ရာသီ (၂-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် သောကြာ ပိုင်သော ပြိဿ န၀င်း ဖြစ်ကာ-ကိတ် ပိုင်သော မာဃ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 83% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
  • ၅-တန့် ဘာဝ သခင် ဖြစ်သော-သောကြာ ဂြိုဟ် သည် သခင်၊-ဖြစ်သော တူ ရာသီ (၅-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ဗုဒ္ဓဟူး ပိုင်သော မေထုန် န၀င်း ဖြစ်ကာ-ကြာသပတေး ပိုင်သော ၀ိသာခါ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 414% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
  • ၉-တန့် ဘာဝ သခင် ဖြစ်သော-စနေ ဂြိုဟ် သည် ဥုစ်၊မိတ်ဖြစ်သော တူ ရာသီ (၅-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ဗုဒ္ဓဟူး ပိုင်သော မေထုန် န၀င်း ဖြစ်ကာ-ကြာသပတေး ပိုင်သော ၀ိသာခါ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 313% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
  • ရာဟု ဂြိုဟ် သည် ဖြစ်သော ဗြိစ္ဆာ ရာသီ (၆-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် စနေ ပိုင်သော ကုမ် န၀င်း ဖြစ်ကာ-ဗုဒ္ဓဟူး ပိုင်သော ဇေဋ္ဌ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် -250% ရှိကာ၊  ကိတ်မှ အပ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
  • ကိတ် ဂြိုဟ် သည် ဖြစ်သော ပြိဿ ရာသီ (၁၂-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် တနင်္ဂနွေ ပိုင်သော သိဟ် န၀င်း ဖြစ်ကာ-အင်္ဂါ ပိုင်သော မိဂသီ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် -250% ရှိကာ၊  ရာဟု မှ အပ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။

(ဘွားဇာတာ ရာသီစက် အားဖြင့်) ဘွားဂြိုဟ်များ အချင်းချင်း လွှမ်းမိုးမှု အားဖြင့်-
  • မူလ တနင်္လာ ဂြိုဟ် (၂-တန့် ဘာဝ ၏ သခင်) အားမူလ အင်္ဂါ (၁၁-တန့် ဘာဝ ၏ သခင်) မှ (89.3) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ အင်္ဂါ ဂြိုဟ် (၁၁-တန့် ဘာဝ ၏ သခင်) အားမူလ တနလာင်္ (၂-တန့် ဘာဝ ၏ သခင်) မှ (89.3) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ ဗုဒ္ဓဟူး ဂြိုဟ်အား မူလ ကိတ်-  မှ (-94.8) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ သောကြာ ဂြိုဟ် (၅-တန့် ဘာဝ ၏ သခင်) အားမူလ စနေ (၉-တန့် ဘာဝ ၏ သခင်) မှ (95.8) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ စနေ ဂြိုဟ် (၉-တန့် ဘာဝ ၏ သခင်) အားမူလ သောကြာ (၅-တန့် ဘာဝ ၏ သခင်) မှ (95.8) % ဖြင့် လွှမ်းမိုးထားသည်။ 

(ဘွားဇာတာ ရာသီစက် အားဖြင့်) ဘွားဂြိုဟ်များ မှ ဘာဝ များအပေါ် လွှမ်းမိုးမှု အားဖြင့်- 
  • ၂-တန့် ဘာဝ အလယ်မှတ်အား မူလ စနေ (၉-တန့် ဘာဝ ၏ သခင်) မှ (78.7) % ဖြင့် လွှမ်းမိုးထားသည်။၂-တန့် ဘာဝ အလယ်မှတ်အား မူလ ရာဟု- မှ (-100) % ဖြင့် လွှမ်းမိုးထားသည်။
  • ၄-တန့် ဘာဝ အလယ်မှတ်အား မူလ ဗုဒ္ဓဟူး (၄-တန့် ဘာဝ ၏ သခင်) မှ (94.2) % ဖြင့် လွှမ်းမိုးထားသည်။၎-တန့် ဘာဝ အလယ်မှတ်အား မူလ ကိတ်- မှ (-100) % ဖြင့် လွှမ်းမိုးထားသည်။
  • ၅-တန့် ဘာဝ အလယ်မှတ်အား မူလ သောကြာ (၅-တန့် ဘာဝ ၏ သခင်) မှ (92) % ဖြင့် လွှမ်းမိုးထားသည်။မူလ စနေ (၉-တန့် ဘာဝ ၏ သခင်) မှ (78.7) % ဖြင့် လွှမ်းမိုးထားသည်။
  • ၆-တန့် ဘာဝ အလယ်မှတ်အား မူလ ရာဟု- မှ (-100) % ဖြင့် လွှမ်းမိုးထားသည်။မူလ ကိတ်- မှ (-100) % ဖြင့် လွှမ်းမိုးထားသည်။
  • ၇-တန့် ဘာဝ အလယ်မှတ်အား မူလ စနေ (၉-တန့် ဘာဝ ၏ သခင်) မှ (78.7) % ဖြင့် လွှမ်းမိုးထားသည်။
  • ၈-တန့် ဘာဝ အလယ်မှတ်အား မူလ ကိတ်- မှ (-100) % ဖြင့် လွှမ်းမိုးထားသည်။
  • ၁၀-တန့် ဘာဝ အလယ်မှတ်အား မူလ ဗုဒ္ဓဟူး (၄-တန့် ဘာဝ ၏ သခင်) မှ (94.2) % ဖြင့် လွှမ်းမိုးထားသည်။၁၀-တန့် ဘာဝ အလယ်မှတ်အား မူလ ရာဟု- မှ (-100) % ဖြင့် လွှမ်းမိုးထားသည်။
  • ၁၁-တန့် ဘာဝ အလယ်မှတ်အား မူလ သောကြာ (၅-တန့် ဘာဝ ၏ သခင်) မှ (92) % ဖြင့် လွှမ်းမိုးထားသည်။မူလ စနေ (၉-တန့် ဘာဝ ၏ သခင်) မှ (78.7) % ဖြင့် လွှမ်းမိုးထားသည်။
  • ၁၂-တန့် ဘာဝ အလယ်မှတ်အား မူလ ရာဟု- မှ (-100) % ဖြင့် လွှမ်းမိုးထားသည်။မူလ ကိတ်- မှ (-100) % ဖြင့် လွှမ်းမိုးထားသည်။


ယခင် - စတိဗ်ဂျော့ ဆောင်းပါး မှာ ဖေါ်ပြခဲ့သလိုပါပဲ-
လုပ်ငန်း တစ်ခု အောင်မြင်မှု အတွက်- 
မှန်ကန်တဲ့ အချိန်အခါ ကို ရွေးချယ်မှုမှု ဟာ အင်မတန် အရေးကြီးပါတယ်။

နားလည်အောင် အလွယ်ဆုံး ဥပမာ နဲ့ ပြောရယင်- “မိုးရွာတုန်း ရေခံ၊ လသာတုန်း ဗိုင်းငယ်၊ နေသာတုန်း စပါးလှမ်း” ဆိုတာတွေဟာ ပေးလာတဲ့ အချိန် အခါ- ရလာတဲ့ အချိန်အခါ နဲ့ ကိုယ်လုပ်တဲ့ အလုပ် (ကိုယ်လုပ်ရမယ့် အလုပ်) ကိုက်ညီရမယ် ဆိုတာကို ပြောထားတာပါ။ “မီးလာ တုန်း ရေတင်” ဆိုတာကလည်း လက်တွေ့ ခေတ်ကာလ ရဲ့ စကား ဖြစ်မယ် ထင်ပါတယ်။

မိမိမှာ ရေခွက် တွေ၊ ရေပုံးတွေ အဆင်သင့် လုပ်ထားပေမယ့်- မိုးမရွာယင် ဘယ်လိုမှ မိုးရေ မရနိုင်ပါ။ ဒီလိုပါပဲ- ချမ်းသာရမယ့် ကံကြမ္မာ ရှိပင် ရှိပေမယ့်- အချိန်အခါ မမှန်သေးယင်- မိမိရနိုင်သလောက် အထိ မရနိုင်ပါ။ 
အားထုတ်မှုပြုတဲ့ အချိန်၊ ပေးလာတဲ့ အချိန်ကာလ၊ လုပ်ကိုင်တဲ့ အလုပ်ရဲ့ သဘော သဘာဝ၊ မိမိရဲ့ အတိတ်ကံ- အားလုံးတို့ ဆုံချက်ကျ တိုက်ဆိုင် သွားခြင်းအား အောင်မြင်မှု ရဲ့ သော့ချက်ပါပဲ။

ကောင်းတဲ့ အချိန်အခါကို ဆောင်ပြီး- မကောင်းတဲ့ အချိန်အခါ ကို ရှောင်ခြင်းဟာ ဗေဒင်ကို လက်တွေ့ အသုံးပြုခြင်း ဖြစ်ကြောင်း- ကမ္ဘာကျော်ဘီလျံနာ သူဌေးကြီး ဂျေပီ မော်ဂန် ပြောခဲ့သလို- ယခုခေတ် ဘီလျံနာ တွေ ဖြစ်တဲ့- ဘီလ်ဂိတ်၊ စတိဗ်ဂျော့ တို့ရဲ့ ဘ၀ ပုံရိပ် များမှာလည်း မြင်တွေ့ နိုင်ပါတယ်။

ပထမဦးစွာ ဘီလ်ဂိတ်ရဲ့ အောင်မြင်မှု လမ်းကြောင်း အစဖြစ်ခဲ့တဲ့  MS-DOS ကို စတင်ခဲ့တဲ့ အနေအထားကို  လေ့လာကြည့်မယ် ဆိုယင်-

အပိုင်း (၁) ဘီလ်ဂိတ် နှင့် MS-DOS ဆက်စပ်မှု။
  
လုပ်ငန်း တစ်ခု စတင်တဲ့ ဇာတာကို ဖွဲတဲ့နေရာမှာ- လူတစ်ယောက်ရဲ့ ဇာတာကို ဖွဲ့သလိုပါပဲ- MS-DOS စတင်ခဲ့တဲ့ အချိန်ကို ဇာတာဖွဲ့လိုက်ပါတယ်။ မိုးတား စနစ်မှာ ထူးခြားတာက- လုပ်ငန်း ဇာတာ အတွက် လဂ် တပ်တဲ့ အခါမှာ လုပ်ငန်းရှင် ရဲ့ လဂ် (ဘီလ်ဂိတ် ရဲ့ လဂ်) ကို တပ်ပေးပါတယ်။ (အဆင့်မြင့် အခါပေးခြင်းတွင်- လဂ် ၂-မျိုးစလုံးကို သုံးစွဲသော်လည်း- ယခု ဆောင်းပါးများတွင် မပါဝင်ပါ။)


MS-DOS စတင်ခဲ့တဲ့ ၁၂-သြဂုတ်လ ၁၉၈၁ ခုနှစ်ဟာ မြန်မာ လိုအားဖြင့်- ၁၃၄၃-၀ါခေါင် လဆန်း ၁၂-ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။ 

“သာလို ၀ါခေါင်” လို့ ပြောယင်တော့- ၀ါခေါင်လ မှာ သောကြာ နဲ့ ဗုဒ္ဓဟူးက ရက်ရာဇာ ဖြစ်လေတော့- တိုက်ဆိုင်စွာပဲ- မြန်မာလို ရက်ရာဇာ ဖြစ်နေပါတယ်။


အဲဒီလုပ်ငန်း ဇာတာ အတွက်- သက်ဆိုင်ဂြိုဟ်များနဲ့ ဘာဝတို့ ရဲ့ အင်အားကို မိုးတား နည်းစနစ်အတိုင်း တွက်ချက်ယူရာမှာ အောက်ပါ အတိုင်း ရလာပါတယ်။

အပိုင်း (၂) MS-DOS ဘွားဇာတာ တည်နေရာ နှင့် လွှမ်းမိုးမှု ဆန်းစစ်ချက် အနှစ်ချုပ်
  • MS-DOS ဇာတာ သည် မေထုန် လဂ်- (Bill Gate ၏ မွေးလဂ် အရ) ဓနု စန်း ဖြစ်သည်။
  • ၃-တန့် ဘာဝ သခင် ဖြစ်သော-တနင်္ဂနွေ ဂြိုဟ် သည် မိတ်ဖြစ်သော ကရကဋ် ရာသီ (၂-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် စနေ ပိုင်သော ကုမ် န၀င်း ဖြစ်ကာ-ဗုဒ္ဓဟူး ပိုင်သော အသလိဿ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 328% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။ (ဤအနေအထားကို ကြည့်ပါက- တနင်္ဂနွေ အနေဖြင့် အလွန့် အလွန် အားကောင်းသော အနေအထား ဖြစ်၏။)
  • ၂-တန့် ဘာဝ သခင် ဖြစ်သော-တနင်္လာ ဂြိုဟ် သည် မိတ်ဖြစ်သော ဓနု ရာသီ (၇-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် သောကြာ ပိုင်သော တူ န၀င်း ဖြစ်ကာ-သောကြာ ပိုင်သော ပြုဗ္ဗာသဠ် နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 357% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။ (တနင်္လာသည်လည်း အလွန့်အလွန် အင်အား ကောင်းနေသည်ကို တွေ့ရ၏)
  • ၁၁-တန့် ဘာဝ သခင် ဖြစ်သော-အင်္ဂါ ဂြိုဟ် သည် ဥဒါသိမ် ဖြစ်သောမေထုန် ရာသီ (၁-တန့် (လဂ်)) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် အင်္ဂါ ပိုင်သော မိဿ န၀င်း ဖြစ်ကာ-ကြာသပတေး ပိုင်သော ပုဏ္ဏဖုသျှ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 269% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။ (အင်္ဂါသည်လည်း အလွန် တရာ အားကောင်းသော အနေအထားတွင် ရှိနေ၏။)
  • ၄-တန့် ဘာဝ သခင် ဖြစ်သော-ဗုဒ္ဓဟူး ဂြိုဟ် သည် မိတ်ဖြစ်သော ကရကဋ် ရာသီ (၂-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ကြာသပတေး ပိုင်သော မိန် န၀င်း ဖြစ်ကာ-ဗုဒ္ဓဟူး ပိုင်သော အသလိဿ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 293% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။ (ဗုဒ္ဓဟူး သည်လည်း အလွန် တရာ အားကောင်းသော အနေအထားတွင် ရှိနေ၏။)
  • ၇-တန့် ဘာဝ သခင် ဖြစ်သော-ကြာသပတေး ဂြိုဟ် သည် ဥဒါသိမ် ဖြစ်သောကန် ရာသီ (၄-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် သောကြာ ပိုင်သော ပြိဿ န၀င်း ဖြစ်ကာ-တနင်္လာ ပိုင်သော ဟဿတ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 259% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။(ကြာသပတေး သည်လည်း အလွန် တရာ အားကောင်းသော အနေအထားတွင် ရှိနေ၏။)
  • ၅-တန့် ဘာဝ သခင် ဖြစ်သော-သောကြာ ဂြိုဟ် သည် ရန်ဖြစ်သော သိဟ် ရာသီ (၃-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ကြာသပတေး ပိုင်သော ဓနု န၀င်း ဖြစ်ကာ-တနင်္ဂနွေ ပိုင်သော ဥတ္တရဖလဂုဏီ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 172% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။(သောကြာ သည်လည်း အလွန်အားကောင်းသော အနေအထားတွင် ရှိနေ၏။)
  • ၉-တန့် ဘာဝ သခင် ဖြစ်သော-စနေ ဂြိုဟ် သည် ဥဒါသိမ် ဖြစ်သောကန် ရာသီ (၄-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် အင်္ဂါ ပိုင်သော မိဿ န၀င်း ဖြစ်ကာ-တနင်္လာ ပိုင်သော ဟဿတ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 181% ရှိကာ၊ -61% ဂြိုဟ်ဆိုး လွှမ်းမိုးမှု ရှိသည်။ 96% ဂြိုဟ်ကောင်း လွှမ်းမိုးမှု ရှိသည်။ (စနေသည်လည်း အလွန် အားကောင်းသည်ကို တွေ့ရပြန်ပါ၏)
  • ရာဟု ဂြိုဟ် သည် ဖြစ်သော ကရကဋ် ရာသီ (၁-တန့် (လဂ်)) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ဗုဒ္ဓဟူး ပိုင်သော ကန် န၀င်း ဖြစ်ကာ-စနေ ပိုင်သော ဖုသျှ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 283% ရှိကာ၊  ကိတ်မှ အပ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။ (ရာဟု သည်လည်း အလွန့်အလွန် အားကောင်းနေသည်ကို တွေ့ရပြန်ပါသည်။)
  • ကိတ် ဂြိုဟ် သည် ဖြစ်သော မကာရ ရာသီ (၇-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ကြာသပတေး ပိုင်သော မိန် န၀င်း ဖြစ်ကာ-တနင်္ဂနွေ ပိုင်သော ဥတ္တရာသဠ် နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 174% ရှိကာ၊  ရာဟု မှ အပ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။(ကိတ် သည်လည်း အလွန် အားကောင်းနေသည်ကို တွေ့ရပြန်ပါသည်။)

(ဘွားဇာတာ ရာသီစက် အားဖြင့်) ဘွားဂြိုဟ်များ အချင်းချင်း လွှမ်းမိုးမှု အားဖြင့်-
  • မူလ တနင်္ဂနွေ ဂြိုဟ် (၃-တန့် ဘာဝ ၏ သခင်) အားမူလ ဗုဒ္ဓဟူး (၄-တန့် ဘာဝ ၏ သခင်) မှ (85.5) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ တနင်္လာ ဂြိုဟ် (၂-တန့် ဘာဝ ၏ သခင်) အားမူလ အင်္ဂါ (၁၁-တန့် ဘာဝ ၏ သခင်) မှ (94.3) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ အင်္ဂါ ဂြိုဟ် (၁၁-တန့် ဘာဝ ၏ သခင်) အားမူလ တနလာင်္ (၂-တန့် ဘာဝ ၏ သခင်) မှ (94.3) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ ဗုဒ္ဓဟူး ဂြိုဟ် (၄-တန့် ဘာဝ ၏ သခင်) အားမူလ တနင်္ဂနွေ (၃-တန့် ဘာဝ ၏ သခင်) မှ (85.5) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ ကြာသပတေး ဂြိုဟ် (၇-တန့် ဘာဝ ၏ သခင်) အားမူလ စနေ (၉-တန့် ဘာဝ ၏ သခင်) မှ (95.5) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ စနေ ဂြိုဟ် (၉-တန့် ဘာဝ ၏ သခင်) အားမူလ ကြာသပတေး (၇-တန့် ဘာဝ ၏ သခင်) မှ (95.5) % ဖြင့် လွှမ်းမိုးထားသည်။မူလ စနေ ဂြိုဟ်အား မူလ ကိတ်-  မှ (-60.7) % ဖြင့် လွှမ်းမိုးထားသည်။

(ဘွားဇာတာ ရာသီစက် အားဖြင့်) ဘွားဂြိုဟ်များ မှ ဘာဝ များအပေါ် လွှမ်းမိုးမှု အားဖြင့်-
  • ၁-တန့် (လဂ်) အလယ်မှတ်အား မူလ တနလာင်္ (၂-တန့် ဘာဝ ၏ သခင်) မှ (79.2) % ဖြင့် လွှမ်းမိုးထားသည်။မူလ အင်္ဂါ (၁၁-တန့် ဘာဝ ၏ သခင်) မှ (94.1) % ဖြင့် လွှမ်းမိုးထားသည်။
  • ၂-တန့် ဘာဝ အလယ်မှတ်အား မူလ တနင်္ဂနွေ (၃-တန့် ဘာဝ ၏ သခင်) မှ (95.9) % ဖြင့် လွှမ်းမိုးထားသည်။မူလ ဗုဒ္ဓဟူး (၄-တန့် ဘာဝ ၏ သခင်) မှ (70.7) % ဖြင့် လွှမ်းမိုးထားသည်။
  • ၃-တန့် ဘာဝ အလယ်မှတ်အား မူလ သောကြာ (၅-တန့် ဘာဝ ၏ သခင်) မှ (65.6) % ဖြင့် လွှမ်းမိုးထားသည်။
  • ၄-တန့် ဘာဝ အလယ်မှတ်အား မူလ အင်္ဂါ (၁၁-တန့် ဘာဝ ၏ သခင်) မှ (94.1) % ဖြင့် လွှမ်းမိုးထားသည်။
  • ၇-တန့် ဘာဝ အလယ်မှတ်အား မူလ တနလာင်္ (၂-တန့် ဘာဝ ၏ သခင်) မှ (79.2) % ဖြင့် လွှမ်းမိုးထားသည်။မူလ အင်္ဂါ (၁၁-တန့် ဘာဝ ၏ သခင်) မှ (94.1) % ဖြင့် လွှမ်းမိုးထားသည်။
  • ၈-တန့် ဘာဝ အလယ်မှတ်အား မူလ တနင်္ဂနွေ (၃-တန့် ဘာဝ ၏ သခင်) မှ (95.9) % ဖြင့် လွှမ်းမိုးထားသည်။မူလ အင်္ဂါ (၁၁-တန့် ဘာဝ ၏ သခင်) မှ (94.1) % ဖြင့် လွှမ်းမိုးထားသည်။မူလ ဗုဒ္ဓဟူး (၄-တန့် ဘာဝ ၏ သခင်) မှ (70.7) % ဖြင့် လွှမ်းမိုးထားသည်။
  • ၉-တန့် ဘာဝ အလယ်မှတ်အား မူလ သောကြာ (၅-တန့် ဘာဝ ၏ သခင်) မှ (65.6) % ဖြင့် လွှမ်းမိုးထားသည်။

မိုက္ကရို ဆော့ဖ် ၏ အောင်မြင်မှု ဖြစ်စေခဲ့သည့် MS-DOS ကို စတင်ခဲ့ချိန် ကာလတွင် - 

MS-DOS ၏ ဇာတာ အရ-
ဂြိုဟ်အားလုံးတို့သည် အလွန်ထူးခြားစွာ အင်အားကောင်းနေသည်ကို တွေ့ရသည်။ (ဤနေရာတွင် လဂ်ကို- သက်ဆိုင်ရာ အချိန်၏ လဂ်ကို မယူပဲ- ဘီလ်ဂိတ်၏ လဂ်ကိုသာ အသုံးပြုသည်ကို သတိပြုပါ။)

အစ ကောင်းမှ အနှောင်းသေချာသည် ဆိုသော စကားသည် ဒက်ဒက်ထိ မှန်၏။ ဘီလ်ဂိတ်သည် - MS-DOS ကို သူ့အတွက် အလွန် သင့်တော် ကောင်းမွန်သော အခါတွင် စတင်ခဲ့ခြင်းသည်။ သူသည် ဗေဒင်ပညာ၏ အချိန်မင်္ဂလာ ရွေးချယ်ခြင်း သော့ချက်ကို သိချင်မှ သိမည် ဖြစ်သော်လည်း- သူ့ အနေဖြင့် လုပ်ငန်း စလိုက်သည့် အချိန်ကမူ အလွန့် အလွန် ကောင်းမွန်သော အချိန်ပင် ဖြစ်နေတော့၏။

ဗေဒင်ကို လက်ခံယုံကြည် ကြသူ များစွာတို့သည်- လည်းကောင်း၊ ပညာရှင် များစွာတို့သည် လည်းကောင်း- ကျမ်းလာ နည်းစနစ် များနှင့် သော်လည်းကောင်း၊ မိရိုးဖလာ အစဉ်အလာ အားဖြင့် သော်လည်းကောင်း- မည်သည့် အချိန်ကတော့ ကောင်းမည်၊ မည်သည့် အချိန်က မကောင်းဟု တွက်ချက် ရွေးချယ်တတ်ကြ၏။ 

သို့သော်လည်း- ရှုထောင့် တစ်ဘက်တည်း၊ နည်းတစ်မျိုးတည်း တို့ဖြင့် ဘက်စုံ အင်အားကို မဆန်းစစ် မတွက်ချက်သော အချိန်တို့မှာမူ- တကယ့် မင်္ဂလာ အချိန်ကောင်း ဖြစ်ရန် သိပ်မလွယ်လှချေ။

အပိုင်း (၃) MS-DOS အား မွေးဖွားသော နေ့ရက်တွင် ကောဇာ ဂြိုဟ်တို့မှ ဇာတာရှင်၏ ဘွားဇာတာ အပေါ်သို့ အင်အား လွှမ်းမိုးနေမှု များကို လေ့လာတွက်ချက်ခြင်း 

12/08/1981 နေ့ - ကောဇာဂြိုဟ်များ မှ မူလဘွားဂြိုဟ်များ အပေါ် လွှမ်းမိုးမှု အားဖြင့်-
  • ဘီလ်ဂိတ်၏ ဇာတာမှ မူလ တနလာင်္ ဂြိုဟ်အား ကောဇာ ကြာသပတေး (H7 ၏ သခင်) မှ (100) % ဖြင့် လွှမ်းမိုးထားသည်။ကောဇာ စနေ (H9 ၏ သခင်) မှ (95) % ဖြင့် လွှမ်းမိုးထားသည်။ စန်း ခေါ် တနင်္လာသည် အများ၏ နှစ်သက်မှု ကို တာဝန်ယူထား သည်သာမက- ဘီလ် ဂိတ် အတွက် - ချမ်းသာအောင်မြင်မှု လိုလားတောင့်တ မှု နှင့် ဆိုင်သော ၂-တန့် ကုဋမ္ပဘာဝ သခင် ဖြစ်၏။ ၄င်းအား- အများနှင့် သက်ဆိုင်သော ၇-တန့် (၇-တန့်ကို မာရက အဖြစ်ယူသူများ- ပထနီဘာဝ ခေါ် ဇနီးမယား အဖြစ်သာ နားလည်ထားသူများ အနေဖြင့် ဤအချက်ကို မမြင်နိုင်ပါချေ။) သခင် လည်းဖြစ်၊ ပညာနှင့် အောင်မြင်မှုနှင့် ဆိုင်သော ကြာသပတေးမှ လွှမ်းမိုးမှု ပြုထားခြင်းသည် - အများ၏ နှစ်သက်မှု ကောင်းစွာရရှိပြီး ငွေကြေးအရ အောင်မြင်နိုင်စရာ ဖြစ်ခြင်း အချက် တစ်ခုကို ပြဆိုနေ၏။ တစ်ဆက်တည်းတွင် အဆင့်မြင့် ပညာနှင့် ဆိုင်သော ၉-တန့် သခင် စနေမှလည်း သမသတ် အမြင် ၉၅% ဖြင့် လွှမ်းထားခြင်းဖြင့်- ကံကောင်းခြင်း၊ ပညာရပ် နှင့် ကာလရှည်ကြာစွာ အောင်မြင်ခြင်း တို့ကိုလည်း ပြဆိုနေတော့၏။
  • ဘီလ်ဂိတ်၏ ဇာတာမှ မူလ အင်္ဂါ ဂြိုဟ်အား ကောဇာ ကြာသပတေး (H7 ၏ သခင်) မှ (88.6) % ဖြင့် လွှမ်းမိုးထားသည်။ကောဇာ စနေ (H9 ၏ သခင်) မှ (73.7) % ဖြင့် လွှမ်းမိုးထားသည်။
  • ဘီလ်ဂိတ်၏ ဇာတာမှ မူလ ဗုဒ္ဓဟူး ဂြိုဟ်အား ကောဇာ အင်္ဂါ (H11 ၏ သခင်) မှ (100) % ဖြင့် လွှမ်းမိုးထားသည်။ စည်းစိမ် ချမ်းသာကို ပေးစွမ်းသော ဗန္ဓုဘာဝ သခင် ဗုဒ္ဓဟူးအား လာဘ ဘာဝ ဖြစ်သော ၁၁-တန့် သခင် ကောဇာ အင်္ဂါမှ အတိအကျ လွှမ်းမိုးထားခြင်းသည်လည်း ချမ်းသော အောင်မြင်ခြင်းကို ဖြစ်စေပြန်တော့၏။

12/08/1981 နေ့ - ကောဇာဂြိုဟ်များ မှ မူလဘွား ဘာဝ များ အပေါ် လွှမ်းမိုးမှု အားဖြင့်-
  • ဘီလ်ဂိတ်၏ ဇာတာ၏ ၁-တန့် (လဂ်) အလယ်မှတ်အား ကောဇာ တနလာင်္ ( ၏ သခင်) မှ (79.2) % ဖြင့် လွှမ်းမိုးထားသည်။ကောဇာ အင်္ဂါ ( ၏ သခင်) မှ (94.1) % ဖြင့် လွှမ်းမိုးထားသည်။
  • ဘီလ်ဂိတ်၏ ဇာတာ၏ ၂-တန့် ဘာဝ ဘာဝ အလယ်မှတ်အား ကောဇာ တနင်္ဂနွေ (မူလ ဇာတာ ရှိ ဘာဝ များအား လုပ်ငန်း စချိန် ကောဇာ ဂြိုဟ်များ လွှမ်းမိုးထားပုံ ၏ သခင်) မှ (95.9) % ဖြင့် လွှမ်းမိုးထားသည်။ကောဇာ ဗုဒ္ဓဟူး ( ၏ သခင်) မှ (70.7) % ဖြင့် လွှမ်းမိုးထားသည်။
  • ဘီလ်ဂိတ်၏ ဇာတာ၏ ၃-တန့် ဘာဝ အလယ်မှတ်အား ကောဇာ သောကြာ ( ၏ သခင်) မှ (65.6) % ဖြင့် လွှမ်းမိုးထားသည်။
  • ဘီလ်ဂိတ်၏ ဇာတာ၏ ၄-တန့် ဘာဝ အလယ်မှတ်အား ကောဇာ အင်္ဂါ ( ၏ သခင်) မှ (94.1) % ဖြင့် လွှမ်းမိုးထားသည်။
  • ဘီလ်ဂိတ်၏ ဇာတာ၏ ၇-တန့် ဘာဝ အလယ်မှတ်အား ကောဇာ တနလာင်္ ( ၏ သခင်) မှ (79.2) % ဖြင့် လွှမ်းမိုးထားသည်။ကောဇာ အင်္ဂါ ( ၏ သခင်) မှ (94.1) % ဖြင့် လွှမ်းမိုးထားသည်။
  • ဘီလ်ဂိတ်၏ ဇာတာ၏ ၈-တန့် ဘာဝ အလယ်မှတ်အား ကောဇာ တနင်္ဂနွေ (မူလ ဇာတာ ရှိ ဘာဝ များအား လုပ်ငန်း စချိန် ကောဇာ ဂြိုဟ်များ လွှမ်းမိုးထားပုံ ၏ သခင်) မှ (95.9) % ဖြင့် လွှမ်းမိုးထားသည်။ကောဇာ အင်္ဂါ ( ၏ သခင်) မှ (94.1) % ဖြင့် လွှမ်းမိုးထားသည်။ကောဇာ ဗုဒ္ဓဟူး ( ၏ သခင်) မှ (70.7) % ဖြင့် လွှမ်းမိုးထားသည်။
  • ဘီလ်ဂိတ်၏ ဇာတာ၏ ၉-တန့် ဘာဝ အလယ်မှတ်အား ကောဇာ သောကြာ ( ၏ သခင်) မှ (65.6) % ဖြင့် လွှမ်းမိုးထားသည်။

မိုက္ကရို ဆော့ဖ် ၏ အောင်မြင်မှု ဖြစ်စေခဲ့သည့် MS-DOS ကို စတင်ခဲ့ချိန် ကာလတွင် - ကောဇာ ဂြိုဟ်များသည်-
  • ၄င်းတို့တစ်ခုချင်း၏ အင်အားကောင်းနေခြင်းသာမက-
  • ၄င်းတို့မှ ဘီလ်ဂိတ်၏ ဘွားမူလ ဇာတာ၏ ဂြိုဟ်များ ဘာဝများကို လွှမ်းမိုးထားရာတွင်လည်း- အဆိုး အပြစ်လွှမ်းမိုးမှု မရှိပဲလျှက်- ကောင်းသော လွှမ်းမိုးမှုများဖြင့် လွှမ်းမိုးထားနေသည်ကို အလွန်ထူးခြားစွာ တွေ့ရပါသည်။
ဤမျှတင်လား 
မဟုတ်သေးပါချေ။

မိုက္ကရိုဆော့ဖ် ကို အများပိုင် အဖြစ် ပြုလုပ်သော ဇာတာတွင်လည်း ဆက်လက် လေ့လာနိုင်ပါသေး၏။

အပိုင်း (၁) ဘီလ်ဂိတ် နှင့် မိုက္ကရို ဆော့ဖ် ဆက်စပ်မှု။
မိုက္ကရို ဆော့ဖ် ကို အများပိုင် ကုမ္ပဏီ အနေနဲ့ စတင် ရောင်းချခဲ့တဲ့ ၁၃- မတ်လ- ၁၉၈၆ မြန်မာ လိုအားဖြင့်- ၁၃၄၇-တပေါင်း လဆန်း ၃-ရက်၊ ကြာသပတေး နေ့ ဖြစ်ပါတယ်။ 
ဒီနေ့ကတော့ 
“တမာ- သက်ရင်း- အင်ကြင်း- ဆူးရစ် - ရက်ပြစ် ဆိုးဝါး ပြဿဒါး”  မဟုတ်သလို- 
“တန်းခူး =သာလ၊ ထွန်းပ = ကဆုန်၊ နယုန် = ညွတ်ပ၊ အောင်လှ = ၀ါဆို၊ သာလို = ၀ါခေါင်၊ မြတ်တော် = တော်သလင်း၊ သီတင်းကျွတ် = မွှေးဆီ၊ အေးရီ = တန်ဆောင်မုန်း၊ သံလုံး = နတ်တော်၊ မိနော် = ပြာသို၊ မိညို = တပိုတွဲ၊ အဲယင် = တပေါင်း- ရက်ကောင်း ရာဇ ရာဇာတည်း” ဆိုတဲ့ ရက်ရာဇာလည်း မဟုတ်ပါဘူး။
သို့သော် လည်း မိုက္ကရို ဆော့ဖ် ကို အများပိုင် ကုမ္ပဏီ ဖြစ်ပြီးမှသာ- တစ်ကမ္ဘာလုံးက သိတဲ့ အဖြစ်ကို ရောက်လာခဲ့တာကို အားလုံး သိပြီး ဖြစ်ပါလိမ့်မယ်။ 


အပိုင်း (၂) မိုက္ကရို ဆော့ဖ် ဘွား ဇာတာ တည်နေရာ နှင့် လွှမ်းမိုးမှု ဆန်းစစ်ချက် အနှစ်ချုပ်
  • မိုက္ကရို ဆော့ဖ် ဇာတာ သည် မေထုန် လဂ် (Bill Gate ၏ မွေးလဂ် အရ) - မိဿ စန်း ဖြစ်သည်။
  • ၃-တန့် ဘာဝ သခင် ဖြစ်သော-တနင်္ဂနွေ ဂြိုဟ် သည် ရန်ဖြစ်သော ကုမ် ရာသီ (၉-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ဗုဒ္ဓဟူး ပိုင်သော မေထုန် န၀င်း ဖြစ်ကာ-ကြာသပတေး ပိုင်သော ပြုဗ္ဗာဘဒြပိုဒ် နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 265% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။ (ဒီနေရာမှာလည်း- တနင်္ဂနွေ ရန်အိမ်မှာ မနေသင့်ဘူး ဆိုပြီး ဒီကာလကို ရှောင်ကြဉ်ခဲ့ မယ် ဆိုယင် 265% အထိ အားကောင်းနေစေမယ့် ဒီတနင်္ဂနွေ အင်အားကို မရရှိနိုင်ပါ။ ဥုစ်၊ နိစ်၊ မိတ်၊ ရန် ဆိုတာ တွေဟာ- အင်အား ကောင်းစေ၊ အင်အားနည်းစေတဲ့ အချက်တွေ ဖြစ်တာ အခြေခံ အားဖြင့် မှန်ပေမယ့်- အားလုံးကို ခြုံငုံ ပြီးမှသာ- တကယ် အင်အား ကောင်းမကောင်း ကို သိနိုင်ပါမယ် ဆိုတာကို သတိပြုပါ။ ဥုစ်နဲ့ နိစ်မျှကိုသာ အဓိက ကြည့်မယ် ဆိုယင်- တန်ခူး သာလှ၊ ထွန်းပ ကဆုန်… ဆိုတဲ့ ရက်ရာဇာ ဆောင်၊ ပြဿဒါး ရှောင် အနေအထားလောက်ပဲ ရှိသွား ပါလိမ့်မယ်။ ရက်ရာဇာ၊ ပြဿဒါး ဆိုတာက- အရပ်သားများ အတွက်၊ အထူးသဖြင့် တောင်သူ ဦးကြီးများ အတွက် အလွယ်တကူ အားကိုးတစ်ခု ဖြစ်စေရန် သတ်မှတ် ပေးထားတာ ဖြစ်ပေမယ့်- ပညာရှင် အဆင့်နဲ့ ဘာမျှ မပတ်သက်ဘူး ဆိုတာကို နားလည် နိုင်ယင် အကောင်းဆုံးပါပဲ။ ထပ်ဆင့် သိထားဘို့က- ၃-တန့် သည် ကိုယ်ပိုင် လုပ်ငန်း၊ တနင်္ဂနွေသည် ဘ၀ အောင်မြင်မှု ဖြစ်သလို ၉-တန့်သည် အဆင့်မြင့် ပညာ- နက္ခတ်သခင် ကြာသပတေးသည်လည်း ပညာကို အစိုးရနေခြင်း တို့ ဖြစ်နေတယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။)
  • ၂-တန့် ဘာဝ သခင် ဖြစ်သော-တနင်္လာ ဂြိုဟ် သည် မိတ်ဖြစ်သော မိဿ ရာသီ (၁၀-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် သောကြာ ပိုင်သော ပြိဿ န၀င်း ဖြစ်ကာ-ကိတ် ပိုင်သော အာသာဝဏီ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 48% ရှိကာ၊ -162% ဂြိုဟ်ဆိုး လွှမ်းမိုးမှု ရှိသည်။  ဂြိုဟ်ကောင်းလွှမ်းမိုးမှု မရှိပါ။ (ဒီနေရာမှာ တနင်္လာ အနေနဲ့ မိုးတား အင်အား အရ နည်းနေပေမယ့်- ၂-တန့် သခင် အနေနဲ့ - တနည်းအားဖြင့် လိုလားတောင့်တမှုကို ကိုယ်စားပြုတဲ့- စန်းမွန်းတည့် ဖြစ်နေတဲ့ အချက်ကို သတိပြုသင့်ပါတယ်။)
  • ၁၁-တန့် ဘာဝ သခင် ဖြစ်သော-အင်္ဂါ ဂြိုဟ် သည် အိမ်ရှင်၊-ဖြစ်သော ဗြိစ္ဆာ ရာသီ (၆-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ကြာသပတေး ပိုင်သော မိန် န၀င်း ဖြစ်ကာ-ဗုဒ္ဓဟူး ပိုင်သော ဇေဋ္ဌ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 58% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
  • ၄-တန့် ဘာဝ သခင် ဖြစ်သော-ဗုဒ္ဓဟူး ဂြိုဟ် သည် နိစ်၊ရန်ဖြစ်သော မိန် ရာသီ (၉-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် တနင်္ဂနွေ ပိုင်သော သိဟ် န၀င်း ဖြစ်ကာ-စနေ ပိုင်သော ဥတ္တရာဘဒြပိုဒ် နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 119% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
  • ၇-တန့် ဘာဝ သခင် ဖြစ်သော-ကြာသပတေး ဂြိုဟ် သည် ဥဒါသိမ် ဖြစ်သောကုမ် ရာသီ (၉-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် စနေ ပိုင်သော မကာရ န၀င်း ဖြစ်ကာ-ရာဟု ပိုင်သော သတ္တဘိသျှ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 201% ရှိကာ၊ -64% ဂြိုဟ်ဆိုး လွှမ်းမိုးမှု ရှိသည်။  ဂြိုဟ်ကောင်းလွှမ်းမိုးမှု မရှိပါ။
  • ၅-တန့် ဘာဝ သခင် ဖြစ်သော-သောကြာ ဂြိုဟ် သည် ဥုစ်၊ရန်ဖြစ်သော မိန် ရာသီ (၁၀-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် သောကြာ ပိုင်သော တူ န၀င်း ဖြစ်ကာ-စနေ ပိုင်သော ဥတ္တရာဘဒြပိုဒ် နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 138% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
  • ၉-တန့် ဘာဝ သခင် ဖြစ်သော-စနေ ဂြိုဟ် သည် ဥဒါသိမ် ဖြစ်သောဗြိစ္ဆာ ရာသီ (၆-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် အင်္ဂါ ပိုင်သော ဗြိစ္ဆာ န၀င်း ဖြစ်ကာ-စနေ ပိုင်သော အနုရာဓ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 258% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
  • ရာဟု ဂြိုဟ် သည် ဖြစ်သော မိဿ ရာသီ (၁၀-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ဗုဒ္ဓဟူး ပိုင်သော မေထုန် န၀င်း ဖြစ်ကာ-ကိတ် ပိုင်သော အာသာဝဏီ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 31% ရှိကာ၊  ကိတ်မှ အပ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
  • ကိတ် ဂြိုဟ် သည် ဖြစ်သော တူ ရာသီ (၄-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ကြာသပတေး ပိုင်သော ဓနု န၀င်း ဖြစ်ကာ-ရာဟု ပိုင်သော သွာတိ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 70% ရှိကာ၊  ရာဟု မှ အပ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
 (ဘွားဇာတာ ရာသီစက် အားဖြင့်) ဘွားဂြိုဟ်များ အချင်းချင်း လွှမ်းမိုးမှု အားဖြင့်-
  • မူလ တနင်္ဂနွေ ဂြိုဟ် (၃-တန့် ဘာဝ ၏ သခင်) အားမူလ အင်္ဂါ (၁၁-တန့် ဘာဝ ၏ သခင်) မှ (99.7) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ တနင်္လာ ဂြိုဟ်အား မူလ ရာဟု- မှ (-80.8) % ဖြင့် လွှမ်းမိုးထားသည်။မူလ ကိတ်-  မှ (-80.8) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ ကြာသပတေး ဂြိုဟ်အား မူလ ကိတ်-  မှ (-64.2) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ ရာဟု ဂြိုဟ် ( ၏ သခင်) အားမူလ တနလာင်္ (၂-တန့် ဘာဝ ၏ သခင်) မှ (80.8) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ ကိတ် ဂြိုဟ် ( ၏ သခင်) အားမူလ တနလာင်္ (၂-တန့် ဘာဝ ၏ သခင်) မှ (80.8) % ဖြင့် လွှမ်းမိုးထားသည်။မူလ ကြာသပတေး (၇-တန့် ဘာဝ ၏ သခင်) မှ (64.2) % ဖြင့် လွှမ်းမိုးထားသည်။

ပြီးခဲ့တဲ့ အချက်တွေကို ပြန်သုံးသပ်ကြည့်မယ် ဆိုလျှင်-(ဂရပ်မှာလည်း မြင်နိုင်ပါတယ်)
  • ဇာတာတစ်စောင်မှာ အရေးအပါဆုံး ဖြစ်တဲ့- တစ်နည်အားဖြင့် အလုပ်အကိုင်၊ အောင်မြင်မှု၊ ဘ၀ရှင်သန်မှု အတွက် အရေးအကြီးဆုံး ဖြစ်တဲ့- ကောဇာ တနင်္ဂနွေ အလွန်အင်အားကောင်းနေခြင်း၊ 
  • မိမိလုပ်တဲ့ အလုပ်နဲ့ဆိုင်တဲ့ ကြာသပတေး၊ ဇာတာတစ်စောင်အတွက် အရေးအပါဆုံး ဖြစ်သော ကြာသပတေး အလွန် အင်အား ကောင်းနေခြင်း၊
  • အဆင့်မြင့် ပညာကို ဖေါ်ပြတဲ့ ၉-တန့် သခင် စနေ အနေဖြင့်- ၆-တန့် ဒုဌာန တွင် တည်ပေမယ့်- အလွန် အင်အားကောင်းနေခြင်း တို့ကို တွေ့ရှိကြရပါမယ်။
  • ဗုဒ္ဓဟူး နှင့် သောကြာတို့သည်လည်း အထက်ပါ တနင်္ဂ၊ ကြာသပတေး၊ စနေတို့လောက် အင်အား မကောင်းသော်လည်း- အင်အားကောင်း သော အနေအထားတွင် ရှိနေကြခြင်း။
  • ထပ်ဆင့် အရေးအကြီးဆုံး အနေနဲ့က- အဲဒီနေ့ရက် အချိန်မှာ- တည်ရှိနေတဲ့ ဂြိုဟ်တွေ အားလုံးဟာ- ဇာတာရှင်ရဲ့ ဘာဝ အားလုံး အပေါ်မှာ အဆိုးအားလွှမ်းမိုးမှု လုံးဝ ရှိမနေပဲ - အင်အားကောင်းများသာ ပေးနေတာကိုလည်း တွေ့မြင်နိုင်ပါတယ်။

အပိုင်း (၃) မိုက္ကရို ဆော့ဖ် အား အများပိုင် ပြုလုပ်သော နေ့ရက်တွင် ကောဇာ ဂြိုဟ်တို့မှ ဇာတာရှင်၏ ဘွားဇာတာ အပေါ်သို့ အင်အား လွှမ်းမိုးနေမှု များကို လေ့လာတွက်ချက်ခြင်း

13/03/1986 နေ့ - ကောဇာဂြိုဟ်များ မှ မူလဘွားဂြိုဟ်များ အပေါ် လွှမ်းမိုးမှု အားဖြင့်-
  • ဘီလ်ဂိတ်၏ မူလ ဘွား တနင်္ဂနွေ ဂြိုဟ်အား ကောဇာ ကြာသပတေး (H7 ၏ သခင်) မှ (99.6) % ဖြင့် လွှမ်းမိုးထားသည်။
  • ဘီလ်ဂိတ်၏ မူလ ဘွား တနလာင်္ ဂြိုဟ်အား ကောဇာ သောကြာ (H5 ၏ သခင်) မှ (85.7) % ဖြင့် လွှမ်းမိုးထားသည်။
  • ဘီလ်ဂိတ်၏ မူလ ဘွား  အင်္ဂါ ဂြိုဟ်အား ကောဇာ သောကြာ (H5 ၏ သခင်) မှ (60.4) % ဖြင့် လွှမ်းမိုးထားသည်။
  • ဘီလ်ဂိတ်၏ မူလ ဘွား  ကြာသပတေး ဂြိုဟ်အား ကောဇာ ရာဟု- မှ (-90.5) % ဖြင့် လွှမ်းမိုးထားသည်။
  • ဘီလ်ဂိတ်၏ မူလ ဘွား  ရာဟု ဂြိုဟ်အား ကောဇာ အင်္ဂါ (H11 ၏ သခင်) မှ (73.7) % ဖြင့် လွှမ်းမိုးထားသည်။
  • ဘီလ်ဂိတ်၏ မူလ ဘွား  ကိတ် ဂြိုဟ်အား ကောဇာ အင်္ဂါ (H11 ၏ သခင်) မှ (73.7) % ဖြင့် လွှမ်းမိုး ထားသည်။

13/03/1986 နေ့ - ကောဇာဂြိုဟ်များ မှ မူလဘွား ဘာဝ များ အပေါ် လွှမ်းမိုးမှု အားဖြင့်-
  • ၁-တန့် (လဂ်) အလယ်မှတ်အား ကောဇာ အင်္ဂါ ( ၏ သခင်) မှ (74.6) % ဖြင့် လွှမ်းမိုးထားသည်။
  • ၃-တန့် ဘာဝ အလယ်မှတ်အား ကောဇာ တနင်္ဂနွေ (မူလ ဇာတာ ရှိ ဘာဝ များအား လုပ်ငန်း စချိန် ကောဇာ ဂြိုဟ်များ လွှမ်းမိုးထားပုံ ၏ သခင်) မှ (70.7) % ဖြင့် လွှမ်းမိုးထားသည်။
  • ၆-တန့် ဘာဝ အလယ်မှတ်အား ကောဇာ အင်္ဂါ ( ၏ သခင်) မှ (74.6) % ဖြင့် လွှမ်းမိုးထားသည်။
  • ၉-တန့် ဘာဝ အလယ်မှတ်အား ကောဇာ တနင်္ဂနွေ (မူလ ဇာတာ ရှိ ဘာဝ များအား လုပ်ငန်း စချိန် ကောဇာ ဂြိုဟ်များ လွှမ်းမိုးထားပုံ ၏ သခင်) မှ (70.7) % ဖြင့် လွှမ်းမိုးထားသည်။ကောဇာ အင်္ဂါ ( ၏ သခင်) မှ (74.6) % ဖြင့် လွှမ်းမိုးထားသည်။
  • ၁၂-တန့် ဘာဝ အလယ်မှတ်အား ကောဇာ အင်္ဂါ ( ၏ သခင်) မှ (74.6) % ဖြင့် လွှမ်းမိုးထားသည်။

ဘီလ်ဂိတ်၊ MS-DOS Microsoft ဆက်စပ်မှု အားလုံးတို့ကို ခြုံငုံ သုံးသပ်လိုက်သော အခါ...
  • ၄င်း အနေအထားတို့သည် ထူးထူးခြားခြား တိုက်ဆိုင် ကောင်းမွန်နေသည်လား-
  • သူ၏ ကုသိုလ်ကံကြောင်း- မင်းတို့ထွက် ရက်ရာဇာ ဖြစ်ကာ- ရွေးမိသော နေ့ရက် အချိန်အခါ တို့သည် သူ့အတွက် အလွန်ကောင်းသော ရက်များ ဖြစ်နေသည်လေလား၊
  • လျှို့ဝှက်သော ပညာရှင် တစ်ဦးဦးက - ဘီလ်ဂိတ် အတွက် နောက်ကွယ်မှ အကြံပေး ကူညီခဲ့သည်လား ဆိုသည်ကိုတော့-

ကာယကံရှင်များပင် သိကြပါလိမ့်မည်။ မည်သို့ပင် ဆိုစေ-ယခု တင်ပြခဲ့သော 

ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်များ ဖြစ်သည့်- ဘီလ်ဂိတ်၊ စတိဗ် ဂျော့ဘ် တို့၏ လုပ်ငန်း စတင် ဇာတာများကို လေ့လာ ပြီးနောက်- 

လုပ်ငန်း တစ်ခု အောင်မြင်မှု- ရေရှည်တည်တံ့မှု၊ တည်ထောင်သူ လုပ်ငန်းရှင်၏ ရည်ရွယ်ချက်ကို ပြည့်စုံအောင် ဖြည့်စွမ်းနိုင်မှု တို့တွင် - မိမိတို့ အနေဖြင့် တိကျခိုင်မာသော နည်းစနစ်ဖြင့် တွက်ချက်သည် ဖြစ်စေ- တိုက်ဆိုင်သောကြောင့် ဖြစ်စေ- အချိန်အခါ မှန်ကန်မှုသည် အလွန်အရေးပါသော အချက်ဖြစ်ကြောင်း၊ ဥုစ်၊ နိစ်၊ မိတ်ရန်၊ ရွေးရုံမျှ၊ ရက်ရာဇာ၊ ပြဿဒါး သိရုံမျှဖြင့်- အခါကောင်း ရက်ကောင်း ကို ရွေးချယ် နိုင်ခြင်း မရှိကြောင်း ဟု စာဖတ်သူများ နားလည်နိုင်မည် ဟု ယူဆပါသည်။

အခြားခြားသော အောင်မြင်သူတို့၏ မင်္ဂလာ အခါများကိုလည်း ဆက်လက် တင်ဆက်ပေးပါမည်။

အားလုံးချမ်းမြေ့ကြပါစေ။
နျူမာန် (မိုးတား)

[+/-] show/hide this post