Friday, October 5, 2012

Steve Jobs စတိဗ် ဂျော့ဘ်စ် နှင့် လုပ်ငန်း ချိန်ခါ မင်္ဂလာ …


အမှန်အားဖြင့်က ဒီဆောင်းပါးကို ကာလသပ္ပ ဆောင်းပါး နောက်ဆုံး အပိုင်း လက်စသတ် ပြီးမှ တင်ပေးဘို့ ရည်ရွယ်ထား ခဲ့ပေမယ့်- ဒီနေ့ အောက်တိုဘာလ ၅-ရက် ဆိုယင် - ကမ္ဘာပေါ်ရှိ လူသန်းပေါင်း များစွာ သုံးစွဲနေကြတဲ့- iPhone, iPod touch, and iPad ...တို့ ကို မွေးဖွား ပေးခဲ့သူ Apple ရဲ့  ဘခင်ကြီး ဖြစ်သူ- စတိဗ် ဂျော့ဘ်စ် ဆုံးပါးသွားခဲ့ ရတဲ့ နှစ်ပတ် လည်း အခါသမယ ဖြစ်နေတာကြောင့်- အချိန် အနေအထား အရ ဒီဆောင်းပါး ကို တင်ဆက် လိုက်ရပါတယ်။ ကာလသပ္ပ ဆောင်းပါး နိဂုံးကိုတော့- အခု ဆောင်းပါးတွေ ပြီးမှပဲ ဆက်လက် တင်ပေးပါ့မယ်။

ဒီဆောင်းပါးဟာ လုပ်ငန်း မင်္ဂလာ အချိန် အခါ နဲ့ ပတ်သက်တာကိုပဲ အဓိက ထားရေးသားမှာ ဖြစ်တဲ့ အတွက်- နဂိုက ဆောင်းပါး တွေလို ဇာတာရှင် နဲ့ ပတ်သက်တဲ့ ဝေဘန် သုံးသပ်ချက်ကို အကျဉ်းမျှသာ ပဲ ရေးသား ထားရပါတယ်။
သို့သော်လည်း- အရေးကြီးတဲ့ အကြောင်းအရာ- တစ်ခုကိုကြိုတင် ပြောလိုပါတယ်။ ဒါကတော့-

ဗေဒင် မေးခြင်းနှင့် ဗေဒင် အသုံးချခြင်း။

မြန်မာလူမျိုး- လူတော်တော်များများ ဗေဒင်မေးတတ် ကြပါတယ်။
အများစုက- ရည်းစား အကြောင်း၊ စာမေးပွဲ အကြောင်း၊ အလုပ်ရမလား၊ Stay ရမလား၊ E.P. S pass ရနိုင် မလား၊ အိမ်ထောင်ရေး အကြောင်း မေးတတ် ကြပါတယ်။
ဟိုနဂိုတုန်းကတော့ ရွာတွေမှာ- ကျွဲပျောက်၊ နွားပျောက် မေးတယ်။
ဒါတွေကလည်း အချိန် အခါ အလိုက် အရေးကြီးတဲ့ ကိစ္စတွေ ဖြစ်နေတာကိုး။ သို့သော်လည်း- အဲဒီ ကိစ္စတွေ အတွက် ဗေဒင်က တကယ်ပဲ အရေးကြီး ပါသလား- တကယ်ပဲ ဗေဒင် နဲ့ ဆုံးဖြတ်မှာလား၊ တစ်ခြား နည်းနဲ့ ရော- ဆက်စပ် တွေးခေါ် အဖြေမရှာ နိုင်ဘူးလား ဆိုတာကိုတော့ ကြိုတင် စဉ်းစားထားရမှာ ဖြစ်ပါတယ်။
အမှန်က- ဗေဒင်ကို အပျော်မေးတာနဲ့ ဗေဒင်ကို အမှန်အကန် အသုံးချတာဟာ တစ်လမ်းစီ ဖြစ်ပါတယ်။
“မီလျံနာ သန်းကြွယ် သူဌေးများက နက္ခတ်ဗေဒင် ပညာကို အသုံးမပြုပါ။ သို့သော် ဘီလျံနာ ကုဋေကြွယ် သူဌေးများကတော့ နက္ခတ် ဗေဒင် ပညာကို သုံးကြပါတယ်။ Millionaires don't use Astrology, billionaires do.”
ဆိုတဲ့ စကားကို ပြောခဲ့သူက ကမ္ဘာ့ ပထမဆုံး ဘီလျံနာ ဖြစ်တဲ့- အမေရိကန် ဘဏ်လုပ်ငန်း ဥက္ကဌ ကြီး ဂျေပီ မော်ဂန် ဖြစ်ပါတယ်။

ဒီနေရာမှာ- ဘီလျံနာ တွေက ဘာလုပ်လုပ် ဗေဒင် မေးနေသလား၊ ဗေဒင် ကို လွှတ်ယုံ နေသလား လို့ မေးစရာရှိပါတယ်။

မဟုတ်ပါ။
ကိုယ့်ကိုယ်ကို ယုံကြည်ချက် အပြည့်ရှိလို့သာ ဒီအဆင့်ကို ရောက်နေကြသူများ ဖြစ်ပါတယ်။
အသေး အဖွဲ ကိစ္စများ နဲ့ ပတ်သက်လို့ ဗေဒင်မမေးပါ။ ထိုကိစ္စများနဲ့လည်း ဗေဒင် ဆရာဆီကို မသွားပါ။
ဒီလို သူဌေးကြီးတွေ၊ နိုင်ငံ ခေါင်းဆောင်ကြီးတွေဟာ- လိုတဲ့ အချိန်မှာ- မေးရမယ့် မေးခွန်းကို သိသလို- ဘယ်သူက ပညာရှင် လည်း ဆိုတာ လည်း သွားမမေးခင် ကတည်းက လေ့လာ စုံစမ်းထားပြီး ဖြစ်ပါတယ်။
  • နံပါတ်တစ်- ကိုယ်ဘာကို တကယ် သိချင်လည်း ကိုယ်ကိုယ်တိုင် သိထားတယ်။ (ဗေဒင် မေးသူ အများစုက ကိုယ်တကယ် ဘာကို သိချင်လည်း ရှင်းရှင်းလင်းလင်း မရှိပါ။ ဘာကို မေးရမလဲ။ ဘာကို မေးစရာ မလိုဘူးလဲ ရှင်းရှင်း မသိထားပါ။ ဗေဒင် ဆရာကသိမယ် လို့ ယူဆ တတ်ကြ ပါတယ်။ နတ်ကတော်- အကြားအမြင် ဆိုသူများကတော့- သူတို့က အားလုံးသိလို့ ဆိုတတ် ပေမယ့်- ဗေဒင် ဆရာက တော့ မသိပါ။ ဇာတာရှင် ဒီနေ့ ဘာဟင်း နဲ့ စားလာခဲ့သလဲ၊ လမ်းထိပ်မှာ ဘယ်သူနဲ့ ရန်ဖြစ်လာခဲ့သလဲ၊ စတာ တွေ မသိ နိုင်ပါ။)
  • နံပါတ် နှစ်- ပညာရှင် ဘယ်သူလဲ နဂိုတည်းက ကြိုတင် စုံစမ်းထားတယ်။ (သူဌေးကြီးများ နှင့် နိုင်ငံခေါင်းဆောင်များ ကတော့- ဘယ်သူက ဘာလဲ ကြိုတင် သိအောင်လုပ်ထားကြပါတယ်။ ပါကစ္စတန် ၀န်ကြီးချုပ် ဘနာဇီယာ ဘူတိုဟာ- ဆရာကြီး ကေအင်န် ရောင်ဆီ မှာသာ ကြည့်ခဲ့ ပါတယ်။ ပုံမှန် အားဖြင့် မူဆလင် နိုင်ငံ ခေါင်းဆောင် တစ်ဦးဟာ ဗေဒင် သွားကြည့် လေ့မရှိတတ်ပါ။)
  • နံပါတ်သုံး- ဗေဒင်သည် ကိုယ့်ကို မလွှမ်းမိုး- ကိုယ်က ဗေဒင်ရဲ့ အစွမ်းကို ကိုယ့်အစွမ်းနဲ့ ပေါင်းစပ် အသုံးချမယ် (သာမန်လူ အများစုက ဗေဒင် ဆရာ ဆီက ယတြာတောင်းမယ် လို့ ခံယူထားပါတယ်။) လို့သာ ခံယူတယ်။
ကဲ- ဗေဒင်မေးတယ် ဆိုတာကိုက- ပညာပါနေပါပြီ။
နောက်တစ်ခုက ဗေဒင်ကို အသုံးချတဲ့ ကိစ္စ ဖြစ်ပါတယ်။
အလွန်အရေးပါသူတွေ၊ VIP တွေ အနေနဲ့- ၁၂-ရာသီ ဟောကိန်း ဖတ်တာမျိုး လုပ်မယ်လို့ စာဖတ်သူ ထင်ပါသလား။
သူတို့ အနေနဲ့- ဗေဒင် မေးခြင်းဟာ ဗေဒင်ကို အသုံးချဘို့ အဓိက ဖြစ်ပါတယ်။
- ဘယ်အချိန်မှာ ဘာကိစ္စကို လုပ်ရမလဲ- ဘာကို ကြိုတင် ပြင်ဆင် ထားရမလဲ ဆိုတာကို ဗေဒင် ဆရာဆီက အကြံဥာဏ် တောင်းခံခြင်း အတွက် သာ မေးခြင်း၊ တစ်နည်းအားဖြင့်- လောဂျစ် နည်း အရ- အဖြေရှာမရ တဲ့ ကိစ္စတွေ ပေါ်လာယင်- ဗေဒင် ရဲ အကြံကို ယူသုံးဘို့ အဓိက ဖြစ်ပါတယ်။
- ရှေးခေတ်က- အိန္ဒိယ၊ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား စတဲ့ နိုင်ငံတွေမှာ- မင်္ဂလာ အခါ တွေ ရွေးချယ် ဘို့ အတွက် ဗေဒင် ပညာရှိ က၀ိကျော် တွေကို ဘုရင်တွေက မေးမြန်းကြ ရပါတယ်။
မင်္ဂလာ အခါလို့- ပြောယင်- မင်္ဂလာဆောင်တဲ့ အခါ ရွေးတယ်လို့ ထင်နိုင်ကြသလို- ထီးတင်တဲ့ အခါ၊ အုတ်မြစ်ချတဲ့ အခါ စ-တဲ့ အခါတွေ နဲ့ ရောထွေး သွားနိုင်တဲ့ အတွက်- အားလုံးအတွက် သင့်တော်အောင် အကြုံးဝင်အောင်လို့ ကောင်းမြတ်သော အခါ လို့ပဲ သုံးစွဲပါရစေ။

သို့သော်လည်း- ဆက်စပ် နေတဲ့ အတွက် “မင်္ဂလာ” လို့ အများ ပြောကြတဲ့- ဘုရားဟော ၃၈-ဖြာ မင်္ဂလာ နဲ့ မဆိုင်တဲ့ လောကီ မင်္ဂလာ ၁၂-ပါး ကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။
  • ၁။ ဝိဇာတ မင်္ဂလာ - ဆိုတာက- ပဋိသန္ဓေမှ ဖွားမြောက် အောင်မြင်ခြင်း။ (ဒီနေရာမှာ- တစ်ချို့က ကလေး သန္ဓေတည်တဲ့ အခါနဲ့ ဆိုင်တဲ့ ဂဗ္ဘ သာဝက မင်္ဂလာ က စတင် တတ်ပါတယ်။)
  • ၂။ မုခ ဒဿန မင်္ဂလာ- ဆိုတာက- ဖွားပြီး သုံးရက်မြောက်တဲ့ ရက်မှာ ရတနာသုံးပါးနဲ့ ဘိုးဘွား နတ်များကို ပူဇော်တဲ့ မင်္ဂလာ (ဒီနေရာမှာ- အချို့က ဂဗ္ဘ သာဝက မင်္ဂလာ ပြီးယင်၊ မုခ ဒဿန မင်္ဂလာ ကို သီးသန့် မပြုပဲ- ဝိဇာတ မင်္ဂလာ နဲ့ တွဲပြုပါတယ်။)
  • ၃။ ကေသစ္ဆ ဒန မင်္ဂလာ- ဆိုတာက- မွေးစ ကလေး (၇) ရက်မြောက်သောနေ့မှာ ကလေးငယ်ကို ဆံပင်ရိတ်ပေးတဲ့ မင်္ဂလာပါ။ (ဒီနေရာမှာ တိဘက် မင်းမျိုးနွယ် တွေ ကျတော့- အဲဒီနေ့မှာ တိဘက် ဘုန်းကြီးတွေကို အိမ်ကို ဆွမ်းဖိတ်ပြီး- ဆွမ်းစား အပြီးမှာ ဘုန်းကြီးတွေ ဆီကနေ ဗျာဒိတ် တောင်းပါတယ်။ ဒီကလေး ကြီးယင် ဘာဖြစ်မှာ လည်းပေါ့၊ တကယ်လို့ ဘုန်းကြီးရဟန်း ဖြစ်မယ် ဆိုယင် အဲဒီ ကတည်းက ဘုန်းကြီးကို လှူလိုက်ကြရတယ်လို့ ကြားဘူးပါတယ်။)
  • ၄။ ဒေါဠာ ကရဏ မင်္ဂလာ - ဆိုတာက- ကောင်းမြတ်သောနေ့ကို ရွေးချယ်ပြီး ပုခက် ဧယာဉ် တင်ပေးတဲ့ မင်္ဂလာပါ။
  • ၅။ တမ္ဗုလ ဘတ္တ မင်္ဂလာ - ဆိုတာက- မွေးပြီး (၇၅) ရက်မြောက်သောနေ့မှာ ကွမ်းဦး ခွံ့တဲ့ မင်္ဂလာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်- ကွမ်းမှာ စောင့်တယ် လို့ ယုံကြည်တဲ့ ကုဝေရ နတ်မင်း (ဝေဿ၀ဏ် နတ်မင်းကြီး) ကို အပ်နှင်း တဲ့ သဘော မင်္ဂလာ ဖြစ်ပါတယ်။
  • ၆။ ရဝိန္ဒု ဒဿန မင်္ဂလာ - ဆိုတာက- မွေးပြီး ရက် (၉၀) မြောက်သော နေ့မှာ နေ,လ တို့ကို ပြခြင်း။
  • ၇။ နာမ ကရဏ မင်္ဂလာ - ဆိုတာက- ရက်ပေါင်း ၁၀၀-မြောက်သောနေ့၌ အမည် ကင်ပွန်းတပ် မှည့်ခေါ်ခြင်း မင်္ဂလာပါ။ (အရေးကြီးတဲ့ မင်္ဂလာ ဖြစ်ပါတယ်။)
  • ၈။ ပထမ ဘတ္တ မင်္ဂလာ - ဆိုတာက- ခြောက်လပြည့်က ထမင်းဦး ခွံ့တဲ့ မင်္ဂလာပါ။
  • ၉။ ကေသဗန္ဒန မင်္ဂလာ - ဆိုတာက- သင့်တင့်လျောက်ပတ် အရွယ်၌ ဆံထုံး ဖွဲ့တဲ့ မင်္ဂလာပါ။
  • ၁၀။ ကဏ္ဏ ၀ိဇ္ဈန မင်္ဂလာ - ဆိုတာက- သင့်တင့်သောအရွယ်၌ နားထွင်း ရတဲ့ မင်္ဂလာ ဖြစ်ပါတယ်။ ရှင်ဘုရင် မျိုးနွယ်များ အတွက် အရေးကြီး မင်္ဂလာ တစ်ခု ဖြစ်ပါတယ်။
  • ၁၁။ သာသန နုဂ္ဂဟ မင်္ဂလာ - ဆိုတာက- အိမ်ထောင်မကျခင် အရွယ်- သားယောက်ျား လေးများကို သာသနာဘောင် သို့ သွတ်သွင်းခြင်း။ ဒါကို သာမဏေရ ပဗ္ဗဇ မင်္ဂလာ ရှင်ပြု မင်္ဂလာ လို့လည်း ခေါ်ပါတယ်။ ထိုင်းနိုင်ငံမှာ ဗုဒ္ဓဘာသာ မိသားစုတိုင်း အထူး လိုက်နာ ကြတဲ့ မင်္ဂလာပါ။
  • ၁၂။ အာဝါဟ ဝိဝါဟ မင်္ဂလာ - ဆိုတာက- အရွယ်ရောက်တဲ့ သားသမီး များကို မိဘ လူကြီးများ စုံလင်စွာ နဲ့ အကြင် လင်မယား အဖြစ် လက်ထပ် ထိမ်းမြား ပေးရတဲ့ မင်္ဂလာ ဖြစ်ပါတယ်။
ရှင်ဘုရင် ရဲ့ ပုရောဟိတ် အကြံပေး ပုဂ္ဂိုလ်၊ နက္ခတ် ပညာရှင်များဟာ- ပုံမှန် ရက်အတိုင်း ဖြစ်ရမယ့် မင်္ဂလာတွေ အတွက်- ကြိုတင် စီစဉ် ပေးကြရ ပါတယ်။ ရက်ရွေးလို့ မရတော့တဲ့ မင်္ဂလာများ အတွက် အချိန်ကို ရွေးပေးကြရပါတယ်။
သို့သော် လည်း- ရှင်ဘုရင် တစ်ပါး အနေနဲ့-
  • နန်းတက် ဘိသိက် သွန်းခံမယ်။
  • မိဖုရားခေါင်ကြီး ကို ရွေးချယ်မယ်။
  • နန်းတော် ဆောက်မယ်။
  • မြို့သစ် တည်မယ်။
  • ဘုရားပုထိုး တည်ဆောက် ကိုးကွယ်မယ်။
  • ရန်သူနဲ့ စစ်တိုက်မယ်။
ဆိုတဲ့ အလွန် အရေးကြီးတဲ့ ကိစ္စများ အတွက် ကောင်းမြတ်တဲ့ အခါ ရွေးချယ် မှုများကိုတော့- ဘုရင် ကိုယ်တိုင် မှ လေးစား စွာ တောင်းဆို လာ တော့မှသာ - အချိန်ယူ တွက်ချက်ပြီးမှသာ ရွေးချယ် ပေးရပါတယ်။ တစ်ထိုင်တည်း တွက်- ချက်ချင်း ပေးနိုင်တဲ့ အခါ မျိုးများ မဟုတ်ပါ။ (အမေရိကန် နိုင်ငံ လွတ်လပ် ရေး ဘခင်ကြီး ဘင်ဂျမန် ဖရန် ကလင် ကလည်း- ရှေးမင်းများ- အရေးကြီးတဲ့ ကိစ္စတွေမှာ နက္ခတ် ပညာကို အသုံးချပုံ ကို ပြောထားခဲ့ပါတယ်။ http://www.motaa.info/2011/06/blog-post.html )
ဒါပေမယ့် - နောက်ပိုင်း ခေတ် မြန်မာ ဘုရင်အချို့ လက်ထက်မှာ- မိဖုရားက ပိုသြဇာ ညောင်းပြီး- ပညာရှင်ကို ရိုသေ ရမှန်း မသိ- “ငါက ဘုရင်ပဲ- နင်တို့က ငါ့ကျွန်ပဲ၊ ငါတောင်းယင် ချက်ချင်းပေးရမယ်။ ငါခိုင်းယင် ချက်ချင်း လုပ်ရမယ်” ဆိုတဲ့ သဘောမျိုးတွေ ထားလာ ကြတာ ကြောင့်- ပညာရှင် တွေကလည်း နောင်ခါလာ နောင်ဈေး- မြန်မြန် ပေးလို့ ရတဲ့ စနစ်တွေ တီထွင်- ဒါနဲ့ပဲ မူရင်း ပညာ မှေးမှိန် သွား၊ စသဖြင့် စသဖြင့် နဲ့ အခြေအနေ များ အကြီးအကျယ် ပျက်ပြားခဲ့ကြရပါတယ်။ ကြီးကြီး ကျယ်ကျယ် စစ်အင်အားကြီးတွေ ပြင်- ဘယ်နာရီ၊ ဘယ်ပါဒ် မှာ- နက္ခတ်၊ ပါဒ်၊ ဃဋီ၊ ၀ိဃဋီ၊ အနုဃဋီ စသဖြင့် ရွေးချယ်ပြီး- တစ်ခြား နိုင်ငံကို စစ်သွားတိုက်ပေမယ့်- ဘုရင်တောင် နန်းတော် ပြန်မရောက် နိုင်ပဲ- လမ်းမှာတင် နတ်ရွာစံခဲ့ရတဲ့ သမိုင်း ဖြစ်ရပ်တွေ- မင်္ဂလာ အခါရွေးချယ်ပြီး- တည်ဆောက်တဲ့ နန်းမြို့တွေ အဲဒီမင်း တစ်ဆက်တောင် မခံပဲ- ရန်သူ့ လက်ရောက်၊ မြို့ပျက်တာတွေ ကို သမိုင်းကို လေ့လာယင် တွေ့နိုင်ပါတယ်။
ဒီလို ဖြစ်ရတဲ့ အကြောင်းရင်း တွေက အများကြီးပဲ ဖြစ်ပါတယ်။
ဒါပေမယ့်-
ဟိုးနဂို ရှေးဘုရင် များစွာ အနေနဲ့တော့- နိုင်ငံတော်ရဲ့ အမြင့်ဆုံး ဂုဏ်ဆောင် ပညာရှင်များကို- နံ့သာ ရေချိုးစင်ကြယ် စေလျှက်၊ နေသားတကျ ထိုင်စေလျှက်- ဘုရင် ကိုယ်တိုင် လည်း သန့်ရှင်း စင်ကြယ်ပြီး- အာခံတွင်း သန့်ရှင်း စေပြီး မှသာ- မေးလိုတဲ့ အလွန် အရေးကြီးတဲ့ မေးခွန်းကို ရိုသေစွာ မေးမြန်း ရပါတယ်။ ဒီအစဉ်အလာ ဟာ အိန္ဒိယ မှာ အထူးထင်ရှား စွာရှိပါတယ်။ ဆရာသခင် ၀ါရဟ မိဟိရ တို့၊ ဆရာ ကာလီ ဒါသ တို့ ဟာ - ဒီလိုမျိုး အနေအထား နဲ့ မင်းအကြံပေး ဖြစ်ကြပါတယ်။
တစ်ခြား အချိန်တွေမှာ ဘုရင်ကို အမှုထမ်း အနေနဲ့ ခစား ရတာက တကဏ္ဍ၊ ဘုရင်က သူလိုအပ်တဲ့ ကိစ္စအတွက် ပညာရှိ ရဲ့ ကူညီမှု အတွက် ပညာရှိကို အရိုအသေ ပေးရတာက တကဏ္ဍ ဖြစ်တယ် ဆိုတာကို နောင်လူငယ်များ သိထားသင့်ပါတယ်။
ယခုခေတ်မှာတော့- ဗေဒင် ဆရာ ဆိုယင်- “ဗေဒင် မေးချင်လို့၊ ဥာဏ်ပူဇော်ခ ဘယ်လောက်လဲ” လို့ပဲ ဆက်ဆံ ခံရတတ်ပြီး- ပညာရှင် တန်ဘိုး မရှိတော့တဲ့ အဆင့်ကို ရောက်သွားတဲ့ အတွက်- ဗေဒင်ပညာရပ်ကြီး အတွက် အင်မတန်မှ စိတ်မချမ်းမသာ ဖြစ်ရပါတယ်။ ဒါကလည်း ငွေကြေး တစ်ခုတည်း အတွက် မဟုတ်တရုတ် လုပ်နေကြတဲ့ သရုပ်ပျက် လူတန်းစားတွေ ရှိနေကြလို့လည်း ဖြစ်တာမို့- ဒီလို မေးသူကိုလည်း ဗွေယူလို့ မရပါ။
ထားပါတော့- တကယ်တော့ ဘုရင် တစ်ပါး အတွက်- ဗေဒင် ပညာရှင် စစ်စစ်နဲ့ ကြုံတွေ့ ဆည်းကပ်ရမှု၊ တိုင်းပြည် အတွက် အရေးကြီးတဲ့ ဆုံးဖြတ်မှု တွေ ပြုဘို့ ဆိုတဲ့ ကိစ္စတွေမှာ ဗေဒင် ပညာကို အသုံးပြုသလို-
  • လူတစ်ယောက် အနေနဲ့- အရေးကြီးတဲ့ ပညာရပ် တစ်ခု ကို စတင်သင်ယူမယ်။
  • အိမ်ထောင်ပြုမယ်။
  • အိမ်တစ်လုံးတည်ဆောက်မယ်။
  • စီးပွားရေး လုပ်မယ်။
  • အလုပ်တစ်ခု ကို စတင်ဝင်ရောက်မယ်။
  • အလွန် အရေးကြီးတဲ့ ခရီးတစ်ခုကို သွားမယ်။
  • စီးပွားရေး ဆိုင်ရာ ကတိသဘောတူညီမှု လက်မှတ် တစ်ခုကို ထိုးမယ်။
  • ရောဂါ အတွက် အရေးကြီးတဲ့ ကုသမှု တစ်ခုကို ပြုမယ် ဆိုယင်-
ကျွမ်းကျင်သူ ပညာရှင် စစ်စစ် ကို ရိုသေစွာ အကြံဥာဏ် တောင်းခံရပါတယ်။ သို့သော်လည်း ပညာရှင်စစ်စစ် ရှားပါးချိန် ခေတ်မှာ အားလုံးကို အတူတူပဲ သဘောထား ခံကြရတဲ့အတွက် တကယ့် ပညာရှင် များ အနေနဲ့- သက်ဆိုင်ရာ အခက်အခဲ များစွာ ရှိနေကြရပါတယ်။

ကောင်းမြတ်သော အခါကို ရွေးချယ်ခြင်း။
ဒီနေရာမှာလည်း- ပညာရပ်မျိုးကွဲပေါင်း များစွာ ရှိကြသလို- ပညာရှင် အနေအထား များစွာလည်း ရှိတဲ့ အတွက်- မည်သည့် နည်းစနစ် က ပိုကောင်း မယ်၊ ပိုပြည့်စုံ မယ်ဆိုတာ ကို လေ့လာရာမှာ-
ရှေးကျမ်းဂန်များ နဲ့ လည်း ကိုက်ညီ- သီအိုရီ သက်သက် မဟုတ်ပဲ- မိမိနည်းစနစ်ကို သက်ဆိုင်ရာ လက်တွေ့ သုတေသနများစွာနဲ့ ဆန်းစစ် ထားတဲ့ နည်း ဟာ အကောင်းဆုံးပဲ ဖြစ်ပါ လိမ့်မယ်။
မိုးတား နက္ခတ် ပညာ အနေနဲ့ ဆိုယင်တော့- ကိုယ်ကျင့်နဲ့ စိတ်ဓါတ် မကောင်းသူများ လက်ရောက်ယင် - အင်မတန် အန္တရာယ် ရှိနိုင်တဲ့ အတွက် မိုးတား နောက်ဆုံး ဆရာ အဆင့်မှာ- မိုးတား စည်းကမ်း ကျင့်ဝတ်ကို လိုက်နာသူ ပညာရှင်များကိုသာ သင်ကြားပေးမှာ ဖြစ်ပါတယ်။ ဒီပညာရပ်ကို စာအုပ်ထုတ် ရောင်းမှာ မဟုတ်သလို- လူတိုင်းကို သင်ပြမှာလည်း မဟုတ်ပါ။ မဟာဘာရတ္တ စစ်ပွဲအပြီးမှာ- ခရစ်သျှနား သခင်ဟာ- ရန်သူ ဘက်က မင်္ဂလာ အခါ စနစ်ကို ရွေးချယ်ဘို့ ကြိုးစားတာကို ကြုံခဲ့ ရတဲ့ အတွက် အဲဒီက စပြီး- တစ်ချို့ပညာပိုင်းတွေကို ပယ်ဖြုတ်ဘို့ လုပ်ခဲ့ ရပါတယ်။
မိုးတား နက္ခတ် မှာ- ပထမဦးစွာ ရှေးကျမ်းများ နဲ့ ပဉ္စင်္ဂ သုဒ္ဓိ ဆိုတဲ့ အင်္ဂါ ၅-ပါး ညီညွတ်တဲ့-
  • တိထီ၊
  • ၀ါရ၊
  • နက္ခတ်၊
  • ယောဂ၊
  • ကာရဏ
စသည်တို့ကို သက်ဆိုင်ရာ နေ့ရဲ့ နေထွက်၊ နေ၀င် အချိန်က စ-လို့ စိစစ် ရွေးချယ် ရပါတယ်။ ဒီနောက် တာရာဗလ၊ စန္ဒရ ဗလ၊ ပဉ္စက များပါ စစ်ဆေး- နေ့အကြမ်းဖြစ်နိုင်ချေများကို ပြန်ရွေး- ပြီးနောက်-
ဖြစ်နိုင်စရာ သက်ဆိုင်ရာ နေ့များအလိုက်- မှာ ဇာတာရှင်ရဲ့ ဒဿာ အနေအထား၊ ကောဇာ ဂြိုဟ်များ တည်နေရာကို စစ်ဆေးပြီး- အောက်ပါ အတိုင်း အပိုင်း ၃-ပိုင်း ခွဲပြီး တစ်နေ့ချင်းစီ စိစစ်ပေးရပါတယ်။
  • အပိုင်း (က) ဇာတာရှင်၏ မူလ ဇာတာ အနေအထား အင်အားကောင်းမှုများကို စစ်ဆေးခြင်း။
  • အပိုင်း (ခ) လုပ်ငန်း စတင်လုပ်ဆောင်သော- နေ့ရက် ဇာတာတွင်- ဇာတာရှင်၏ လဂ် မှ တိုင်းတာ၍ ထိုလုပ်ငန်း၏ မွေးဇာတာကို တွက်ချက် ခြင်း၊ အင်အားများ စိစစ် လေ့လာရခြင်း။
  • အပိုင်း (ဂ) ထိုလုပ်ငန်းကို လုပ်ကိုင်သော နေ့ရက်တွင် ကောဇာ ဂြိုဟ်တို့မှ ဇာတာရှင်၏ ဘွားဇာတာ အပေါ်သို့ အင်အား လွှမ်းမိုးနေမှု များကို လေ့လာတွက်ချက် ရခြင်း။
တစ်ဖန် - အထက်က ပဉ္စင်္ဂ သုဒ္ဓိ နဲ့ အပြန်အလှန် စိစစ်ရပြန်ပါတယ်။ အင်မတန် အလုပ်များတာကြောင့်- လူအများကို လုပ်ကိုင် ပေးမှုများ အတွက် ရပ်ဆိုင်း ထားရပါတယ်။ ကုန်ကျ စရိတ်လည်း အင်မတန် ကြီးပါတယ်။

ဒီနေရာမှာ- ထူးခြားချက် တစ်ခု ရှိတာက-
အချိန်အတွက် ဇာတာမှာ မိုးတား နည်းစနစ်အရ- ထိုအချိန် အရ ရရှိလာသော ကောဇာ လဂ်ကို မသုံးစွဲပဲ၊ ဇာတာရှင်၏ မူလ လဂ်ဖြင့်သာ သုံးစွဲ ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ Apple ဟာ စတိဗ် ဂျော့ ကြောင့် ဖြစ်လာ ရသလို၊  ဇာတာရှင် ဘီလ်ဂိတ်ကြောင့်- MS-DOS ဆိုတာ၊ Microsoft မိုက္ကရို ဆော့ဖ် ဆိုတာ တွေ ဖြစ်လာရခြင်း ဖြစ်ပါတယ်။ “၀” မရှိပဲ “၀ိ” လုပ်၍ မရပါချေ။ ဘီလ်ဂိတ် ရှိသော ကြောင့်- သူ၏ လုပ်ငန်းများ ဖြစ်တည် လာရခြင်း ဖြစ်၏။ ဒါကတော့- မိုးတား စနစ်၏ မူဖြစ်၏။

အခြားသော နည်းစနစ်များ- အခြားသော မူများသည်လည်း- သူနည်း နှင့် သူ ဖြစ်၍- ကျွန်တော့် အနေဖြင့် မည်သည့် နည်းက ပိုကောင်းသည် ဟု အငြင်းပွားဘွယ် မရှိပါ။ မိမိသုံးစွဲသော နည်းကို မိမိ စိတ်တိုင်းကျလျှင်- ထိုနည်း၊ ထိုမူကို ချသုံးကြည့်၍- လက်ရှိ သုတေသနများမှ တိကျသော အဖြေကိုပေးလျှင်- ထိုနည်းသည် သုတေသီ တစ်ဦး အတွက် အကောင်းဆုံးပင် ဖြစ်ပါ၏။ မိုးတား အနေဖြင့်မူ- တစ်သတ်မတ်တည်း ဖြစ်သော မိုးတားမူကိုသာ အသုံးပြုပါတယ်။
ယခုဆိုလျှင်- ကျွန်တော့် အနေဖြင့် ပြောသင့်သည်များ ပြောပြီး ဖြစ်လို့- စတိဗ် ဂျော့ဘ်စ် နဲ့ သူ့လုပ်ငန်းများ ရဲ့ အနေအထားကို လေ့လာကြပါစို့။

စတိဗ် ဂျော့ဘ်စ် နှင့် လုပ်ငန်း ဇာတာများ။
ယခု ဆောင်းပါး အနေနဲ့ အောက်ပါ အတိုင်း ခွဲခြား သုံးသပ် တင်ပြပေးထားပါတယ်။
  • အပိုင်း (က) Steve Jobs စတိဗ် ဂျော့ဘ်စ် ဘွား ဇာတာ တည်နေရာ နှင့် လွှမ်းမိုးမှု ဆန်းစစ်ချက်-
  •  ၁။ Steve Jobs နှင့် Apple စတင် မွေးဖွားခဲ့ရာ ဇာတာ ဆက်စပ်မှု
  •    - အပိုင်း (၁-ခ) Apple စတင် မွေးဖွားခဲ့ရာ ဇာတာ တည်နေရာ နှင့် လွှမ်းမိုးမှု ဆန်းစစ်ချက် အနှစ်ချုပ်
  •    - အပိုင်း (၁-ဂ) Apple အား ကနဦး စတင် မွေးဖွားသော နေ့ရက်တွင် ကောဇာ ဂြိုဟ်တို့မှ ဇာတာရှင် ၏ ဘွားဇာတာ အပေါ်သို့ အင်အား လွှမ်းမိုးနေမှု များကို လေ့လာတွက်ချက်ခြင်း
  • ၂။ Steve Jobs နှင့် Apple အား Incorporated လုပ်ခဲ့သော ဇာတာ ဆက်စပ်မှု-
  • - အပိုင်း (၂-ခ) Apple အား Incorporated လုပ်ခဲ့သော ဇာတာ တည်နေရာ နှင့် လွှမ်းမိုးမှု ဆန်းစစ်ချက် အနှစ်ချုပ်
  • - အပိုင်း (၂-ဂ) Apple အား Incorporation ပြုလုပ်သော နေ့ရက်တွင် ကောဇာ ဂြိုဟ်တို့မှ ဇာတာရှင် ၏ ဘွားဇာတာ အပေါ်သို့ အင်အား လွှမ်းမိုးနေမှု များကို လေ့လာတွက်ချက်ခြင်း
  • ၃။ Steve Jobs နှင့် Apple အား အများပိုင် ရှယ်ယာ ပထမဆုံး ရောင်းခဲ့သော ဇာတာ ဆက်စပ်မှု-
  •   - အပိုင်း (၃-ခ) Apple အား အများပိုင် ရှယ်ယာ ပထမဆုံး ရောင်းခဲ့သော ဇာတာ တည်နေရာ နှင့် လွှမ်းမိုးမှု ဆန်းစစ်ချက် အနှစ်ချုပ်။
  •   - အပိုင်း (၃-ဂ) Apple အား အများပိုင် ရှယ်ယာ ပထမဆုံး ရောင်းခဲ့သော နေ့ရက်တွင် ကောဇာ ဂြိုဟ်တို့မှ ဇာတာရှင် ၏ ဘွားဇာတာ အပေါ်သို့ အင်အား လွှမ်းမိုးနေမှု များကို လေ့လာတွက်ချက်ခြင်း
အပိုင်း (က) Steve Jobs စတိဗ် ဂျော့ဘ်စ် ဘွား ဇာတာ တည်နေရာ နှင့် လွှမ်းမိုးမှု ဆန်းစစ်ချက် အနှစ်ချုပ်



  • ဇာတာရှင်သည် သိဟ် လဂ်- မိန် စန်း ဖြစ်သည်။
  • ဘွား ဒဿာ အားဖြင့် စနေ ထူလ၊ ရာဟု အန္တရ၊ တနင်္ဂနွေ ပြတန္တရ ဖြစ်သည်။
  • ၁-တန့် (လဂ်) သခင် ဖြစ်သော-တနင်္ဂနွေ ဂြိုဟ် သည် ရန်ဖြစ်သော ကုမ် ရာသီ (၆-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် စနေ ပိုင်သော မကာရ န၀င်း ဖြစ်ကာ-ရာဟု ပိုင်သော သတ္တဘိသျှ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 169% ရှိကာ၊ -89% ဂြိုဟ်ဆိုး လွှမ်းမိုးမှု ရှိသည်။ ဂြိုဟ်ကောင်းလွှမ်းမိုးမှု မရှိထားပဲ ကိတ် ဂြိုဟ်၏ အမြင်ကို ရထားခြင်း၊ ဒုဌာန ဖြစ်သော ၆-တန့် တွင် ရပ်တည် ခြင်း တို့ ဖြစ်နေသော ဂြိုဟ် သည် ဇာတာ ရှင်၏ အသက်နှင့် ကိုယ်ကာယ ကို ကိုယ်စားပြုသော လဂ် သခင် လည်းဖြစ်၊ အသက်ဓါတ် စွမ်းအား ကို ပေးသော တနင်္ဂနွေလည်း ဖြစ်နေခြင်းသည် အသက် ၅၆-နှစ် အရွယ်တွင် သေဆုံးရခြင်း၏ အကြောင်း တစ်ချက် ဖြစ်သော် လည်း- အခြားတစ်ဘက် အားဖြင့် အင်အားကောင်းသော တနင်္ဂနွေသည် - ကမ္ဘာကျော် ဘီလျံနာ အဆင့်၊ ထူးခြား အောင်မြင်သော လုပ်ငန်း ရှင် အဆင့်ကိုလည်း ပို့ပေး နေသည်ကို လေ့လာသူများ ခွဲခြား နားလည် ကြရန် လိုအပ်ပါသည်။
  • ၁၂-တန့် ဘာဝ သခင် ဖြစ်သော-တနင်္လာ ဂြိုဟ် သည် မိတ်ဖြစ်သော မိန် ရာသီ (၈-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် အင်္ဂါ ပိုင်သော ဗြိစ္ဆာ န၀င်း ဖြစ်ကာ-စနေ ပိုင်သော ဥတ္တရာဘဒြပိုဒ် နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 152% ရှိကာ၊ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
  • ၉-တန့် ဘာဝ သခင် ဖြစ်သော-အင်္ဂါ ဂြိုဟ် သည် သခင်၊-ဖြစ်သော မိဿ ရာသီ (၈-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် သောကြာ ပိုင်သော ပြိဿ န၀င်း ဖြစ်ကာ-ကိတ် ပိုင်သော အာသာဝဏီ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 102% ရှိကာ၊ -68% ဂြိုဟ်ဆိုး လွှမ်းမိုးမှု ရှိသည်။ ဂြိုဟ်ကောင်းလွှမ်းမိုးမှု မရှိပါ။
  • ၂-တန့် ဘာဝ သခင် ဖြစ်သော-ဗုဒ္ဓဟူး ဂြိုဟ် သည် မိတ်ဖြစ်သော မကာရ ရာသီ (၆-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် တနင်္လာ ပိုင်သော ကရကဋ် န၀င်း ဖြစ်ကာ-တနင်္လာ ပိုင်သော သရ၀ဏ် နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 41% ရှိကာ၊ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
  • ၅-တန့် ဘာဝ သခင် ဖြစ်သော-ကြာသပတေး ဂြိုဟ် သည် ဥဒါသိမ် ဖြစ်သောမေထုန် ရာသီ (၁၁-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ဗုဒ္ဓဟူး ပိုင်သော မေထုန် န၀င်း ဖြစ်ကာ-ကြာသပတေး ပိုင်သော ပုဏ္ဏဖုသျှ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 527% ရှိကာ၊ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
  • ၃-တန့် ဘာဝ သခင် ဖြစ်သော-သောကြာ ဂြိုဟ် သည် ရန်ဖြစ်သော ဓနု ရာသီ (၅-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ကြာသပတေး ပိုင်သော ဓနု န၀င်း ဖြစ်ကာ-တနင်္ဂနွေ ပိုင်သော ဥတ္တရာသဠ် နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 517% ရှိကာ၊ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
  • ၇-တန့် ဘာဝ သခင် ဖြစ်သော-စနေ ဂြိုဟ် သည် ဥုစ်၊မိတ်ဖြစ်သော တူ ရာသီ (၃-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ဗုဒ္ဓဟူး ပိုင်သော မေထုန် န၀င်း ဖြစ်ကာ-ကြာသပတေး ပိုင်သော ၀ိသာခါ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 422% ရှိကာ၊ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
  • ရာဟု ဂြိုဟ် သည် ဖြစ်သော ဓနု ရာသီ (၄-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် တနင်္လာ ပိုင်သော ကရကဋ် န၀င်း ဖြစ်ကာ-ကိတ် ပိုင်သော မူလ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 266% ရှိကာ၊ ကိတ်မှ အပ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
  • ကိတ် ဂြိုဟ် သည် ဖြစ်သော မေထုန် ရာသီ (၁၀-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် စနေ ပိုင်သော မကာရ န၀င်း ဖြစ်ကာ-ရာဟု ပိုင်သော အဒြ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 4% ရှိကာ၊ ရာဟု မှ အပ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
(ဘွားဇာတာ ရာသီစက် အားဖြင့်) ဘွားဂြိုဟ်များ အချင်းချင်း လွှမ်းမိုးမှု အားဖြင့်-
  • မူလ တနင်္ဂနွေ ဂြိုဟ်အား မူလ ကိတ်- မှ (-88.9) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ အင်္ဂါ ဂြိုဟ်အား မူလ ရာဟု- မှ (-67.9) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ ကြာသပတေး ဂြိုဟ် (၅-တန့် ဘာဝ ၏ သခင်) အားမူလ သောကြာ (၃-တန့် ဘာဝ ၏ သခင်) မှ (99) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ သောကြာ ဂြိုဟ် (၃-တန့် ဘာဝ ၏ သခင်) အားမူလ ကြာသပတေး (၅-တန့် ဘာဝ ၏ သခင်) မှ (99) % ဖြင့် လွှမ်းမိုးထားသည်။မူလ စနေ (၇-တန့် ဘာဝ ၏ သခင်) မှ (100) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ စနေ ဂြိုဟ် (၇-တန့် ဘာဝ ၏ သခင်) အားမူလ ကြာသပတေး (၅-တန့် ဘာဝ ၏ သခင်) မှ (99.1) % ဖြင့် လွှမ်းမိုးထားသည်။
(ဘွားဇာတာ ရာသီစက် အားဖြင့်) ဘွားဂြိုဟ်များ မှ ဘာဝ များအပေါ် လွှမ်းမိုးမှု အားဖြင့်-
  • ၃-တန့် ဘာဝ အလယ်မှတ်အား မူလ ကြာသပတေး (၅-တန့် ဘာဝ ၏ သခင်) မှ (93.3) % ဖြင့် လွှမ်းမိုးထားသည်။မူလ စနေ (၇-တန့် ဘာဝ ၏ သခင်) မှ (97.3) % ဖြင့် လွှမ်းမိုးထားသည်။
  • ၅-တန့် ဘာဝ အလယ်မှတ်အား မူလ ကြာသပတေး (၅-တန့် ဘာဝ ၏ သခင်) မှ (93.3) % ဖြင့် လွှမ်းမိုးထားသည်။မူလ သောကြာ (၃-တန့် ဘာဝ ၏ သခင်) မှ (97.3) % ဖြင့် လွှမ်းမိုးထားသည်။မူလ စနေ (၇-တန့် ဘာဝ ၏ သခင်) မှ (97.3) % ဖြင့် လွှမ်းမိုးထားသည်။
  • ၇-တန့် ဘာဝ အလယ်မှတ်အား မူလ ကြာသပတေး (၅-တန့် ဘာဝ ၏ သခင်) မှ (93.3) % ဖြင့် လွှမ်းမိုးထားသည်။
  • ၉-တန့် ဘာဝ အလယ်မှတ်အား မူလ စနေ (၇-တန့် ဘာဝ ၏ သခင်) မှ (97.3) % ဖြင့် လွှမ်းမိုးထားသည်။
  • ၁၁-တန့် ဘာဝ အလယ်မှတ်အား မူလ ကြာသပတေး (၅-တန့် ဘာဝ ၏ သခင်) မှ (93.3) % ဖြင့် လွှမ်းမိုးထားသည်။မူလ သောကြာ (၃-တန့် ဘာဝ ၏ သခင်) မှ (97.3) % ဖြင့် လွှမ်းမိုးထားသည်။
  • ၁၂-တန့် ဘာဝ အလယ်မှတ်အား မူလ စနေ (၇-တန့် ဘာဝ ၏ သခင်) မှ (97.3) % ဖြင့် လွှမ်းမိုးထားသည်။ 
ဒီဇာတာ အနေနဲ့- အလွန်ထူးခြားစွာ အင်အားကောင်း နေတဲ့ ဂြိုဟ်များကို တွေ့ရပါတယ်။ ကြာသပတေး၊ သောကြာ၊ စနေ ရာဟု တို့ အနေနဲ့ - အလွန့်အလွန် ကြောက်ခမ်း လိလိ အင်အားကောင်းနေတဲ့ ပမာဏ - သူတို့ နဲ့ ယှဉ်ယင် နိမ့်သယောင် ဖြစ်နေသော်လည်း- အင်အား ၁၀၀ ကျော် - ၂၀၀ ရှိတဲ့ တနင်္ဂနွေ ၊ တနင်္လာ၊ အင်္ဂါ တို့ အနေအထား တို့ဟာ သမိုင်းဝင် လူသား တစ်ဦး၊ ကမ္ဘာသိ လူသား တစ်ဦး ရဲ့ အခြေအနေ ကို ပြဆိုနေပါတော့တယ်။

ဒုဌာန ဆိုတဲ့ ၆-တန့် နဲ့ ၈-တန့်မှာ ရောက်နေတဲ့ တနင်္ဂနွေ နဲ့ တနင်္လာ အနေအထား၊ ဘွားဒဿာ မှာ စကတည်း ကိုက- ပင်ပန်းခြင်း ခက်ခဲခြင်း ကို ဖြစ်စေတဲ့ စနေ- (၇-တန့် သခင်ဖြစ်၍ မိုးတား မူအရ- ကာရက ပါပ မဟုတ်သောကြောင့်- ဆိုးကျိုးမပြု သော်လည်း စနေ၏ သဘောအရ အခက်အခဲ ကိုဖြစ်စေခြင်း၊) နဲ့- အရေးအကြီးဆုံး အန္တရ ဒဿာ သခင်က ရာဟု ဖြစ်နေခြင်း- ပြတန္တရ ဒဿာ သခင်က- ၆-တန့် သခင် ဖြစ်နေခြင်း၊ အားလုံးတို့ဟာ သဘာဝ ပါပ ဂြိုဟ်များ ဖြစ်နေခြင်းတို့ကြောင့်- မိခင် ဘခင်တို့ တရားဝင် အိမ်ထောင်က မွေးဖွားခွင့် မရခဲ့ပဲ- မွေးစား မိဘ ဆီကို ရောက်ခဲ့ရပါတယ်။

ဒါပေမယ့်- စနေ၊ ရာဟု၊ တနင်္ဂနွေ တို့အားလုံးဟာ အင်မတန် အင်အားကောင်းတဲ့ အတွက်လည်း- စတိဗ် ဂျော့ဘ် ကိုယ်တိုင်က- “သူတို့ဟာ ကျွန်တော့် အတွက် ၁၀၀၀% မိဘတွေပါ” လို့ ပြောရလောက်အောင် မွေးစားသား အပေါ် ချစ်မြတ်နိုးတဲ့ မွေးစား မိဘ နဲ့ ကြုံတွေ့ ခဲ့ရပါတယ်။

အခါကောင်းကို ရွေးသူတို့ အနေနဲ့-
အခါကောင်းရွေး လုပ်ယင် လူတိုင်း အောင်မြင်မလား လို့ မေးစရာ ရှိပါတယ်။
လူတစ်ယောက် မှာ- ၁-လီတာဝင် ရေသန့် ဘူးတစ်ခုပဲ ရှိထားယင်- ရေသန့် ၁၀-ဂါလံကိုသွားထည့်လို့ မရပါဘူး။
ဒါဖြင့်ယင်- ထူးထူး ခြားခြား ကံမပါ သူ- သူလိုကိုယ်လို လူမျိုး တွေ အတွက် အခါကောင်းရွေးတာ အလုပ်မဖြစ် ဘူးလားလို့ မေးပြန် ယင်လည်း- ပြည့်စုံ တဲ့ အခါကောင်းကို ရွေးချယ် နိုင်စွမ်း ရှိသူတို့ အနေနဲ့- ကိုယ့်မှာ ရှိတဲ့ ရေသန့်ဘူး အရွယ်ရှိသလောက်တော့- ရေခံလို့ ရနိုင် ပါတယ် လို့ပြောရ ပါလိမ့်မယ်။

ဒီနေရာမှာ- ကျွန်တော့် အနေနဲ့ ကြုံတွေ့ဘူးတာတွေက- ဂြိုဟ်တော်တော် များများ အားနည်းနေသူ- ကာရက ပါပ သခင်တွေက- ရာဟု နဲ့ ကိတ် အပါအ၀င်- ဒုဌာန သခင် ကြာသပတေး တို့လိုမျိုး သက်တမ်း ကြာတဲ့ ဂြိုဟ်တွေ ဖြစ်နေယင်- သူအလုပ်လုပ်လိုတဲ့ အချိန်ကလည်း အဲဒီ ကာလ အပိုင်းအခြားမှာ ဖြစ်နေယင်- အင်မတန် ရွေးချယ်ဘို့ ခက်ခဲပါတယ်။

တစ်ခုမဟုတ်၊ တစ်ခု ဆိုသလို ညိနေတတ်တာမို့ အခါကောင်း ရှာရခက် တဲ့ အတွက်- အခါကောင်း ကို တကယ် ရွေးလိုသူများ အတွက်က- ပညာရှင် နဲ့ တိုင်ပင် တဲ့အခါမှာ- အချိန် ၆-လ အနည်းဆုံးလောက် ရှိထားပေးနိုင်ဘို့ လိုအပ်ပါတယ်။

ဂြိုဟ်တွေ အများစုက အင်အားကောင်း နေတဲ့သူများ အတွက် ကျတော့- အနည်းနဲ့ အများသဘောလောက်ပဲ ကွာနေတတ်လို့- သူတို့အတွက် အခါပေးရတာ သိပ်မခက်လှပါဘူး။

အခု ဆောင်းပါးကို ဖတ်တဲ့ အခါမှာ- နက္ခတ် နဲ့ မနီးစပ်သူများ အနေနဲ့တော့- ဝေါဟာရများ အတွက် စိတ်ညစ် ခံစရာမလိုပဲ- ဂရပ်တွေ ရဲ့ အင်အား အနေအထား များပြားမှု ကနေ - ဂြိုဟ်တွေ ရဲ့ အင်အား ပမာဏတွေ ကို ကြည့်ယင်း- ကောင်းမြတ်တဲ့ အခါ ဖြစ်ဘို့ အတွက်- ဂြိုဟ်တွေ အင်အား ကောင်းနေ ဘို့ လိုတယ် ဆိုတာ သဘောပေါက်ယင် အတိုင်းအတာ တစ်ခု အထိ လုံလောက်ပါပြီ။

၁။ Steve Jobs နှင့် Apple စတင် မွေးဖွားခဲ့ရာ ဇာတာ ဆက်စပ်မှု။
အပိုင်း (၁-ခ) Apple စတင် မွေးဖွားခဲ့ရာ ဇာတာ တည်နေရာ နှင့် လွှမ်းမိုးမှု ဆန်းစစ်ချက် အနှစ်ချုပ်

Apple ကို စတင်မွေးဖွား ခဲ့တာကတော့- The Formation of Apple – April 1, 1976, Santa Clara, California ဖြစ်ပါတယ်။

ကျွန်တော်တို့ Apple အစုစပ် လုပ်ငန်း အတွက် စာရွက် စာတမ်း ကိစ္စတွေ စာခဲ့တာ အဲဒီနေ့ပါပဲ လို့ "The paperwork for Apple the partnership was most definitely dated April 1," Linzmayer က ပြောကြား ခဲ့ပါတယ်။ အချိန်က ည ၈-နာရီလောက် ပါ။ မိုးတား နည်းအရ- အဲဒီ အချိန်ရဲ့ လဂ်ကို မသုံးပဲ- ဇာတာရှင် ရဲ့ လဂ်ကနေ သုံးတာ ဖြစ်တဲ့ အတွက် အဲဒီ အချိန်ပိုင်းကို မူတည်ပြီး တွက်လို့ ရပါတယ်။

  • Apple စတင် မွေးဖွားခဲ့ရာ ဇာတာ သည် သိဟ် လဂ် (စတိဗ်ဂျော့၏ ၏ မွေးလဂ် အရ) - မိဿ စန်း ဖြစ်သည်။
  • Apple စတင် မွေးဖွားခဲ့ချိန် တွင် Apple ၏ ဘွားဒဿာ သည် သောကြာ ထူလ၊ သောကြာ အန္တရ၊ ကိတ် ပြတန္တရ ဖြစ်သည်။ Apple ၏ ထူလ နှင့် အန္တရ ဘွားဒဿာ သခင် ဖြစ်သော သောကြာသည် အင်အား ၁၉၄% ရှိနေသည် ကို ထူးခြားစွာ တွေ့နိုင်၏။ ဤကာလတွင် စတိဗ် ဂျော့ အနေဖြင့် ကိတ် ထူလ၊ သောကြာ အန္တရ၊ ကြာသပတေး ပြတန္တရ ဒဿာ ရောက်ရှိနေသော ကာလ ဖြစ်သည်။
  •  ၁-တန့် (လဂ်) သခင် ဖြစ်သော-တနင်္ဂနွေ ဂြိုဟ် သည် မိတ်ဖြစ်သော မိန် ရာသီ (၈-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ကြာသပတေး ပိုင်သော ဓနု န၀င်း ဖြစ်ကာ-ဗုဒ္ဓဟူး ပိုင်သော ရေ၀တီ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 322% ရှိကာ၊ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
  • ၁၂-တန့် ဘာဝ သခင် ဖြစ်သော-တနင်္လာ ဂြိုဟ် သည် မိတ်ဖြစ်သော မိဿ ရာသီ (၉-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် တနင်္ဂနွေ ပိုင်သော သိဟ် န၀င်း ဖြစ်ကာ-သောကြာ ပိုင်သော ဘရဏီ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 81% ရှိကာ၊ -152% ဂြိုဟ်ဆိုး လွှမ်းမိုးမှု ရှိသည်။ ဂြိုဟ်ကောင်းလွှမ်းမိုးမှု မရှိပါ။
  • ၉-တန့် ဘာဝ သခင် ဖြစ်သော-အင်္ဂါ ဂြိုဟ် သည် ဥဒါသိမ် ဖြစ်သောမေထုန် ရာသီ (၁၀-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် စနေ ပိုင်သော မကာရ န၀င်း ဖြစ်ကာ-ရာဟု ပိုင်သော အဒြ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 67% ရှိကာ၊ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
  • ၂-တန့် ဘာဝ သခင် ဖြစ်သော-ဗုဒ္ဓဟူး ဂြိုဟ် သည် နိစ်၊ရန်ဖြစ်သော မိန် ရာသီ (၈-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ကြာသပတေး ပိုင်သော ဓနု န၀င်း ဖြစ်ကာ-ဗုဒ္ဓဟူး ပိုင်သော ရေ၀တီ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် -50% ရှိကာ၊ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
  • ၅-တန့် ဘာဝ သခင် ဖြစ်သော-ကြာသပတေး ဂြိုဟ် သည် မိတ်ဖြစ်သော မိဿ ရာသီ (၈-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ဗုဒ္ဓဟူး ပိုင်သော မေထုန် န၀င်း ဖြစ်ကာ-ကိတ် ပိုင်သော အာသာဝဏီ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 120% ရှိကာ၊ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
  • ၃-တန့် ဘာဝ သခင် ဖြစ်သော-သောကြာ ဂြိုဟ် သည် မိတ်ဖြစ်သော ကုမ် ရာသီ (၇-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ဗုဒ္ဓဟူး ပိုင်သော မေထုန် န၀င်း ဖြစ်ကာ-ကြာသပတေး ပိုင်သော ပြုဗ္ဗာဘဒြပိုဒ် နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 194% ရှိကာ၊ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
  • ၇-တန့် ဘာဝ သခင် ဖြစ်သော-စနေ ဂြိုဟ် သည် ဥဒါသိမ် ဖြစ်သောကရကဋ် ရာသီ (၁၁-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် တနင်္လာ ပိုင်သော ကရကဋ် န၀င်း ဖြစ်ကာ-ကြာသပတေး ပိုင်သော ပုဏ္ဏဖုသျှ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 157% ရှိကာ၊ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
  • ရာဟု ဂြိုဟ် သည် ဖြစ်သော တူ ရာသီ (၃-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ကြာသပတေး ပိုင်သော မိန် န၀င်း ဖြစ်ကာ-ရာဟု ပိုင်သော သွာတိ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 89% ရှိကာ၊ -176% ဂြိုဟ်ဆိုး လွှမ်းမိုးမှု ရှိသည်။ ဂြိုဟ်ကောင်းလွှမ်းမိုးမှု မရှိပါ။
  • ကိတ် ဂြိုဟ် သည် ဖြစ်သော မိဿ ရာသီ (၉-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ဗုဒ္ဓဟူး ပိုင်သော ကန် န၀င်း ဖြစ်ကာ-သောကြာ ပိုင်သော ဘရဏီ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 37% ရှိကာ၊ -176% ဂြိုဟ်ဆိုး လွှမ်းမိုးမှု ရှိသည်။ ဂြိုဟ်ကောင်းလွှမ်းမိုးမှု မရှိပါ။
(ဘွားဇာတာ ရာသီစက် အားဖြင့်) ဘွားဂြိုဟ်များ အချင်းချင်း လွှမ်းမိုးမှု အားဖြင့်-
  • မူလ တနင်္ဂနွေ ဂြိုဟ် (၁-တန့် (လဂ်) ၏ သခင်) အားမူလ ဗုဒ္ဓဟူး (၂-တန့် ဘာဝ ၏ သခင်) မှ (99.6) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ တနင်္လာ ဂြိုဟ်အား မူလ ရာဟု- မှ (-76.2) % ဖြင့် လွှမ်းမိုးထားသည်။မူလ ကိတ်- မှ (-76.2) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ ဗုဒ္ဓဟူး ဂြိုဟ် (၂-တန့် ဘာဝ ၏ သခင်) အားမူလ တနင်္ဂနွေ (၁-တန့် (လဂ်) ၏ သခင်) မှ (99.6) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ ရာဟု ဂြိုဟ် ( ၏ သခင်) အားမူလ တနလာင်္ (၁၂-တန့် ဘာဝ ၏ သခင်) မှ (-76.2) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ ကိတ် ဂြိုဟ် ( ၏ သခင်) အားမူလ တနလာင်္ (၁၂-တန့် ဘာဝ ၏ သခင်) မှ (-76.2) % ဖြင့် လွှမ်းမိုးထားသည်။
(ဘွားဇာတာ ရာသီစက် အားဖြင့်) ဘွားဂြိုဟ်များ မှ ဘာဝ များအပေါ် လွှမ်းမိုးမှု အားဖြင့်-
  • ၁-တန့် (လဂ်) အလယ်မှတ်အား မူလ သောကြာ (၃-တန့် ဘာဝ ၏ သခင်) မှ (99.9) % ဖြင့် လွှမ်းမိုးထားသည်။မူလ စနေ (၇-တန့် ဘာဝ ၏ သခင်) မှ (77.6) % ဖြင့် လွှမ်းမိုးထားသည်။
  • ၅-တန့် ဘာဝ အလယ်မှတ်အား မူလ စနေ (၇-တန့် ဘာဝ ၏ သခင်) မှ (77.6) % ဖြင့် လွှမ်းမိုးထားသည်။
  • ၇-တန့် ဘာဝ အလယ်မှတ်အား မူလ သောကြာ (၃-တန့် ဘာဝ ၏ သခင်) မှ (99.9) % ဖြင့် လွှမ်းမိုးထားသည်။
  • ၈-တန့် ဘာဝ အလယ်မှတ်အား မူလ စနေ (၇-တန့် ဘာဝ ၏ သခင်) မှ (77.6) % ဖြင့် လွှမ်းမိုးထားသည်။
  • ၁၁-တန့် ဘာဝ အလယ်မှတ်အား မူလ စနေ (၇-တန့် ဘာဝ ၏ သခင်) မှ (77.6) % ဖြင့် လွှမ်းမိုးထားသည်။
အပိုင်း (၁-ဂ) Apple အား ကနဦး စတင် မွေးဖွားသော နေ့ရက်တွင် ကောဇာ ဂြိုဟ်တို့မှ ဇာတာရှင် ၏ ဘွားဇာတာ အပေါ်သို့ အင်အား လွှမ်းမိုးနေမှု များကို လေ့လာတွက်ချက်ခြင်း
-

(ကောဇာ ဇာတာ ရာသီစက် အားဖြင့်) 01/04/1976 နေ့ - ကောဇာဂြိုဟ်များ မှ စတိဗ် ဂျော့၏ မူလဘွားဂြိုဟ်များ အပေါ် လွှမ်းမိုးမှု အားဖြင့်-
  • မူလ တနလာင်္ ဂြိုဟ်အား ကောဇာ တနင်္ဂနွေ (H1 ၏ သခင်) မှ (73.4) % ဖြင့် လွှမ်းမိုးထားသည်။ကောဇာ ဗုဒ္ဓဟူး (H2 ၏ သခင်) မှ (76.4) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ အင်္ဂါ ဂြိုဟ်အား ကောဇာ တနလာင်္ (H12 ၏ သခင်) မှ (-93.1) % ဖြင့် လွှမ်းမိုးထားသည်။ကောဇာ ကြာသပတေး (H5 ၏ သခင်) မှ (91.5) % ဖြင့် လွှမ်းမိုးထားသည်။ကောဇာ စနေ (H7 ၏ သခင်) မှ (79) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ သောကြာ ဂြိုဟ်အား ကောဇာ စနေ (H7 ၏ သခင်) မှ (64.9) % ဖြင့် လွှမ်းမိုးထားသည်။
  •  မူလ ရာဟု ဂြိုဟ်အား ကောဇာ အင်္ဂါ (H9 ၏ သခင်) မှ (85.5) % ဖြင့် လွှမ်းမိုးထားသည်။ကောဇာ ကြာသပတေး (H5 ၏ သခင်) မှ (89.2) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ ကိတ် ဂြိုဟ်အား ကောဇာ အင်္ဂါ (H9 ၏ သခင်) မှ (85.5) % ဖြင့် လွှမ်းမိုးထားသည 
(ကောဇာ ဇာတာ ရာသီစက် အားဖြင့်) 01/04/1976 နေ့ - ကောဇာဂြိုဟ်များ မှ စတိဗ် ဂျော့၏ မူလဘွား ဘာဝ များ အပေါ် လွှမ်းမိုးမှု အားဖြင့်- 
  • ၁-တန့် (လဂ်) အလယ်မှတ်အား ကောဇာ သောကြာ (၃-တန့် ဘာဝ ၏ သခင်) မှ (97.6) % ဖြင့် လွှမ်းမိုးထားသည်။ကောဇာ စနေ (၇-တန့် ဘာဝ ၏ သခင်) မှ (77.7) % ဖြင့် လွှမ်းမိုးထားသည်။
  • ၅-တန့် ဘာဝ အလယ်မှတ်အား ကောဇာ စနေ (၇-တန့် ဘာဝ ၏ သခင်) မှ (77.7) % ဖြင့် လွှမ်းမိုးထားသည်။
  • ၇-တန့် ဘာဝ အလယ်မှတ်အား ကောဇာ သောကြာ (၃-တန့် ဘာဝ ၏ သခင်) မှ (97.6) % ဖြင့် လွှမ်းမိုးထားသည်။
  • ၈-တန့် ဘာဝ အလယ်မှတ်အား ကောဇာ စနေ (၇-တန့် ဘာဝ ၏ သခင်) မှ (77.7) % ဖြင့် လွှမ်းမိုးထားသည်။
  • ၁၁-တန့် ဘာဝ အလယ်မှတ်အား ကောဇာ စနေ (၇-တန့် ဘာဝ ၏ သခင်) မှ (77.7) % ဖြင့် လွှမ်းမိုးထားသည်။
၂။ Steve Jobs နှင့် Apple အား Incorporated လုပ်ခဲ့သော ဇာတာ ဆက်စပ်မှု ။

အပိုင်း (၂-ခ) Apple အား Incorporated လုပ်ခဲ့သော ဇာတာ တည်နေရာ နှင့် လွှမ်းမိုးမှု ဆန်းစစ်ချက် အနှစ်ချုပ်
Apple ကို Incorporation  အနေနဲ့ ပြုလုပ်တာကတော့-  စတင်ခဲ့ပြီး ၉-လ အကြာ January 3, 1977 – Cupertino, California ဖြစ်ပါတယ်။

မူလ ဇာတာ တည်နေရာ နှင့် လွှမ်းမိုးမှု ဆန်းစစ်ချက် အနှစ်ချုပ်
  • Apple အား Incorporation လုပ်သည့် ဇာတာ သည် သိဟ် လဂ် (စတိဗ်ဂျော့၏ ၏ မွေးလဂ် အရ) - မေထုန် စန်း ဖြစ်သည်။
  • စတိဗ် ဂျော့ အနေဖြင့် ကိတ် ထူလ၊ တနင်္ဂနွေ အန္တရ၊ စနေ ပြတန္တရ ဒဿာ ကာလ ဖြစ်ပြီး- Apple Incorporation ၏ ဘွားဒဿာ အနေဖြင့် အင်္ဂါ ထူလ၊ ဗုဒ္ဓဟူး အန္တရ၊ တနင်္ဂနွေ ပြတန္တရ ဖြစ်၏။ ဘွားဒဿာ သခင်ဂြိုဟ်များ၏ အင်အား အနေအထား ကို အထက်ရှိ ဂရပ်ဖ် တွင် ကြည့်လိုက်ပါ။ အလွန့် အလွန် အားကောင်း နေသည်ကို တွေ့ရ၏။
  • ၁-တန့် (လဂ်) သခင် ဖြစ်သော-တနင်္ဂနွေ ဂြိုဟ် သည် မိတ်ဖြစ်သော ဓနု ရာသီ (၅-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ဗုဒ္ဓဟူး ပိုင်သော ကန် န၀င်း ဖြစ်ကာ-သောကြာ ပိုင်သော ပြုဗ္ဗာသဠ် နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 352% ရှိကာ၊ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
  • ၁၂-တန့် ဘာဝ သခင် ဖြစ်သော-တနင်္လာ ဂြိုဟ် သည် ရန်ဖြစ်သော မေထုန် ရာသီ (၁၀-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် သောကြာ ပိုင်သော တူ န၀င်း ဖြစ်ကာ-အင်္ဂါ ပိုင်သော မိဂသီ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် -67% ရှိကာ၊ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
  • ၉-တန့် ဘာဝ သခင် ဖြစ်သော-အင်္ဂါ ဂြိုဟ် သည် မိတ်ဖြစ်သော ဓနု ရာသီ (၄-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ဗုဒ္ဓဟူး ပိုင်သော မေထုန် န၀င်း ဖြစ်ကာ-ကိတ် ပိုင်သော မူလ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 197% ရှိကာ၊ -97% ဂြိုဟ်ဆိုး လွှမ်းမိုးမှု ရှိသည်။ ဂြိုဟ်ကောင်းလွှမ်းမိုးမှု မရှိပါ။
  • ၂-တန့် ဘာဝ သခင် ဖြစ်သော-ဗုဒ္ဓဟူး ဂြိုဟ် သည် ရန်ဖြစ်သော ဓနု ရာသီ (၅-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် အင်္ဂါ ပိုင်သော ဗြိစ္ဆာ န၀င်း ဖြစ်ကာ-သောကြာ ပိုင်သော ပြုဗ္ဗာသဠ် နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 265% ရှိကာ၊ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
  • ၅-တန့် ဘာဝ သခင် ဖြစ်သော-ကြာသပတေး ဂြိုဟ် သည် မိတ်ဖြစ်သော မိဿ ရာသီ (၉-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ကြာသပတေး ပိုင်သော ဓနု န၀င်း ဖြစ်ကာ-တနင်္ဂနွေ ပိုင်သော ကြတ္တိကာ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 197% ရှိကာ၊ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
  • ၃-တန့် ဘာဝ သခင် ဖြစ်သော-သောကြာ ဂြိုဟ် သည် မိတ်ဖြစ်သော ကုမ် ရာသီ (၆-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် အင်္ဂါ ပိုင်သော ဗြိစ္ဆာ န၀င်း ဖြစ်ကာ-အင်္ဂါ ပိုင်သော ဓနသိဒ္ဒ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 59% ရှိကာ၊ -94% ဂြိုဟ်ဆိုး လွှမ်းမိုးမှု ရှိသည်။ ဂြိုဟ်ကောင်းလွှမ်းမိုးမှု မရှိပါ။
  • ၇-တန့် ဘာဝ သခင် ဖြစ်သော-စနေ ဂြိုဟ် သည် ဥဒါသိမ် ဖြစ်သောကရကဋ် ရာသီ (၁၂-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် စနေ ပိုင်သော မကာရ န၀င်း ဖြစ်ကာ-ဗုဒ္ဓဟူး ပိုင်သော အသလိဿ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် -19% ရှိကာ၊ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
  • ရာဟု ဂြိုဟ် သည် ဖြစ်သော တူ ရာသီ (၂-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ကြာသပတေး ပိုင်သော ဓနု န၀င်း ဖြစ်ကာ-ရာဟု ပိုင်သော သွာတိ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 52% ရှိကာ၊ ကိတ်မှ အပ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
  • ကိတ် ဂြိုဟ် သည် ဖြစ်သော မိဿ ရာသီ (၈-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ဗုဒ္ဓဟူး ပိုင်သော မေထုန် န၀င်း ဖြစ်ကာ-ကိတ် ပိုင်သော အာသာဝဏီ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 12% ရှိကာ၊ ရာဟု မှ အပ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
(ဘွားဇာတာ ရာသီစက် အားဖြင့်) ဘွားဂြိုဟ်များ အချင်းချင်း လွှမ်းမိုးမှု အားဖြင့်-
  • မူလ အင်္ဂါ ဂြိုဟ်အား မူလ ကိတ်- မှ (-96.6) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ ဗုဒ္ဓဟူး ဂြိုဟ် (၂-တန့် ဘာဝ ၏ သခင်) အားမူလ ကြာသပတေး (၅-တန့် ဘာဝ ၏ သခင်) မှ (89.5) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ သောကြာ ဂြိုဟ်အား မူလ ရာဟု- မှ (-94.4) % ဖြင့် လွှမ်းမိုးထားသည်။
(ဘွားဇာတာ ရာသီစက် အားဖြင့်) ဘွားဂြိုဟ်များ မှ ဘာဝ များအပေါ် လွှမ်းမိုးမှု အားဖြင့်-
  • ၁-တန့် (လဂ်) အလယ်မှတ်အား မူလ ကြာသပတေး (၅-တန့် ဘာဝ ၏ သခင်) မှ (97) % ဖြင့် လွှမ်းမိုးထားသည်။
  • ၃-တန့် ဘာဝ အလယ်မှတ်အား မူလ ကြာသပတေး (၅-တန့် ဘာဝ ၏ သခင်) မှ (97) % ဖြင့် လွှမ်းမိုးထားသည်။
  • ၄-တန့် ဘာဝ အလယ်မှတ်အား မူလ တနလာင်္ (၁၂-တန့် ဘာဝ ၏ သခင်) မှ (-94.2) % ဖြင့် လွှမ်းမိုးထားသည်။
  • ၅-တန့် ဘာဝ အလယ်မှတ်အား မူလ ဗုဒ္ဓဟူး (၂-တန့် ဘာဝ ၏ သခင်) မှ (77.6) % ဖြင့် လွှမ်းမိုးထားသည်။မူလ ကြာသပတေး (၅-တန့် ဘာဝ ၏ သခင်) မှ (97) % ဖြင့် လွှမ်းမိုးထားသည်။
  • ၉-တန့် ဘာဝ အလယ်မှတ်အား မူလ ကြာသပတေး (၅-တန့် ဘာဝ ၏ သခင်) မှ (97) % ဖြင့် လွှမ်းမိုးထားသည်။
  • ၁၀-တန့် ဘာဝ အလယ်မှတ်အား မူလ တနလာင်္ (၁၂-တန့် ဘာဝ ၏ သခင်) မှ (-94.2) % ဖြင့် လွှမ်းမိုးထားသည်။
  • ၁၁-တန့် ဘာဝ အလယ်မှတ်အား မူလ ဗုဒ္ဓဟူး (၂-တန့် ဘာဝ ၏ သခင်) မှ (77.6) % ဖြင့် လွှမ်းမိုးထားသည်။
အပိုင်း (၂-ဂ) Apple အား Incorporation ပြုလုပ်သော နေ့ရက်တွင် ကောဇာ ဂြိုဟ်တို့မှ ဇာတာရှင် ၏ ဘွားဇာတာ အပေါ်သို့ အင်အား လွှမ်းမိုးနေမှု များကို လေ့လာတွက်ချက်ခြင်း

(ကောဇာ ဇာတာ ရာသီစက် အားဖြင့်) 03/01/1977 နေ့ - ကောဇာဂြိုဟ်များ မှ စတိဗ် ဂျော့၏ မူလ ဘွားဂြိုဟ်များ အပေါ် လွှမ်းမိုးမှု အားဖြင့်-
  • မူလ အင်္ဂါ ဂြိုဟ်အား ကောဇာ ရာဟု- မှ (-94.9) % ဖြင့် လွှမ်းမိုးထားသည်။ကောဇာ ကိတ်- (မှ -94.9) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ ဗုဒ္ဓဟူး ဂြိုဟ်အား ကောဇာ စနေ (H7 ၏ သခင်) မှ (97.7) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ ကြာသပတေး ဂြိုဟ်အား ကောဇာ ဗုဒ္ဓဟူး (H2 ၏ သခင်) မှ (98.2) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ သောကြာ ဂြိုဟ်အား ကောဇာ ဗုဒ္ဓဟူး (H2 ၏ သခင်) မှ (94.7) % ဖြင့် လွှမ်းမိုးထားသည်။ကောဇာ ကြာသပတေး (H5 ၏ သခင်) မှ (100) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ စနေ ဂြိုဟ်အား ကောဇာ ကြာသပတေး (H5 ၏ သခင်) မှ (100) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ ရာဟု ဂြိုဟ်အား ကောဇာ အင်္ဂါ (H9 ၏ သခင်) မှ (90.8) % ဖြင့် လွှမ်းမိုးထားသည်။မူလ ရာဟု ဂြိုဟ်အား ကောဇာ ကိတ်- (မှ -84.9) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ ကိတ် ဂြိုဟ်အား ကောဇာ အင်္ဂါ (H9 ၏ သခင်) မှ (90.8) % ဖြင့် လွှမ်းမိုးထားသည်။မူလ ကိတ် ဂြိုဟ်အား ကောဇာ ရာဟု- မှ (-84.9) % ဖြင့် လွှမ်းမိုးထားသည်။
(ကောဇာ ဇာတာ ရာသီစက် အားဖြင့်) 03/01/1977 နေ့ - ကောဇာဂြိုဟ်များ မှ စတိဗ် ဂျော့၏ မူလဘွား ဘာဝ များ အပေါ် လွှမ်းမိုးမှု အားဖြင့်- 
  • ၁-တန့် (လဂ်) အလယ်မှတ်အား ကောဇာ ကြာသပတေး (၅-တန့် ဘာဝ ၏ သခင်) မှ (97.1) % ဖြင့် လွှမ်းမိုးထားသည်။
  • ၃-တန့် ဘာဝ အလယ်မှတ်အား ကောဇာ ကြာသပတေး (၅-တန့် ဘာဝ ၏ သခင်) မှ (97.1) % ဖြင့် လွှမ်းမိုးထားသည်။
  • ၅-တန့် ဘာဝ အလယ်မှတ်အား ကောဇာ ဗုဒ္ဓဟူး (၂-တန့် ဘာဝ ၏ သခင်) မှ (85.6) % ဖြင့် လွှမ်းမိုးထားသည်။ကောဇာ ကြာသပတေး (၅-တန့် ဘာဝ ၏ သခင်) မှ (97.1) % ဖြင့် လွှမ်းမိုးထားသည်။
  • ၉-တန့် ဘာဝ အလယ်မှတ်အား ကောဇာ ကြာသပတေး (၅-တန့် ဘာဝ ၏ သခင်) မှ (97.1) % ဖြင့် လွှမ်းမိုးထားသည်။
  • ၁၁-တန့် ဘာဝ အလယ်မှတ်အား ကောဇာ ဗုဒ္ဓဟူး (၂-တန့် ဘာဝ ၏ သခင်) မှ (85.6) % ဖြင့် လွှမ်းမိုးထားသည်။
၃။ Steve Jobs နှင့် Apple အား အများပိုင် ရှယ်ယာ ပထမဆုံး ရောင်းခဲ့သော ဇာတာ ဆက်စပ်မှု။

အပိုင်း (၃-ခ) Apple အား အများပိုင် ရှယ်ယာ ပထမဆုံး ရောင်းခဲ့သော ဇာတာ တည်နေရာ နှင့် လွှမ်းမိုးမှု ဆန်းစစ်ချက် အနှစ်ချုပ်။
-



မူလ ဇာတာ တည်နေရာ နှင့် လွှမ်းမိုးမှု ဆန်းစစ်ချက် အနှစ်ချုပ်
  • Apple ၏ ပထမဆုံး အစုရှယ်ယာကို အများပိုင် အဖြစ် ရောင်းချခဲ့သော ဇာတာ သည် သိဟ် လဂ် (စတိဗ်ဂျော့၏ ၏ မွေးလဂ် အရ) - လဂ်- မကာရ စန်း ဖြစ်သည်။
  • Apple ၏ ပထမဆုံး အစုရှယ်ယာကို အများပိုင် အဖြစ် ရောင်းချခဲ့သော ဇာတာ Apple ၏ IPO ဘွားဒဿာ သည် အင်္ဂါ ထူလ၊ ကြာသပတေး အန္တရ၊ ကြာသပတေး ပြတန္တရ ဖြစ်၏။ လူအနေဘက်မှ ကြည့်ပါမူ- ဤကာလသည် စတိဗ် ဂျော့ အနေဖြင့် ကိတ် ထူလ၊ စနေ အန္တရ၊ ရာဟု ပြတန္တရ စားနေသော ကာလ ဖြစ်သည်။
  • ၁-တန့် (လဂ်) သခင် ဖြစ်သော-တနင်္ဂနွေ ဂြိုဟ် သည် မိတ်ဖြစ်သော ဗြိစ္ဆာ ရာသီ (၄-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ကြာသပတေး ပိုင်သော မိန် န၀င်း ဖြစ်ကာ-ဗုဒ္ဓဟူး ပိုင်သော ဇေဋ္ဌ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 162% ရှိကာ၊ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
  • ၁၂-တန့် ဘာဝ သခင် ဖြစ်သော-တနင်္လာ ဂြိုဟ် သည် ရန်ဖြစ်သော မကာရ ရာသီ (၆-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် တနင်္ဂနွေ ပိုင်သော သိဟ် န၀င်း ဖြစ်ကာ-အင်္ဂါ ပိုင်သော ဓနသိဒ္ဒ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် -21% ရှိကာ၊ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
  • ၉-တန့် ဘာဝ သခင် ဖြစ်သော-အင်္ဂါ ဂြိုဟ် သည် မိတ်ဖြစ်သော ဓနု ရာသီ (၅-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် သောကြာ ပိုင်သော တူ န၀င်း ဖြစ်ကာ-သောကြာ ပိုင်သော ပြုဗ္ဗာသဠ် နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 98% ရှိကာ၊ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
  • ၂-တန့် ဘာဝ သခင် ဖြစ်သော-ဗုဒ္ဓဟူး ဂြိုဟ် သည် ရန်ဖြစ်သော ဗြိစ္ဆာ ရာသီ (၄-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ကြာသပတေး ပိုင်သော ဓနု န၀င်း ဖြစ်ကာ-ဗုဒ္ဓဟူး ပိုင်သော ဇေဋ္ဌ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 94% ရှိကာ၊ -95% ဂြိုဟ်ဆိုး လွှမ်းမိုးမှု ရှိသည်။ 93% ဂြိုဟ်ကောင်း လွှမ်းမိုးမှု ရှိသည်။
  • ၅-တန့် ဘာဝ သခင် ဖြစ်သော-ကြာသပတေး ဂြိုဟ် သည် ဥဒါသိမ် ဖြစ်သောကန် ရာသီ (၁-တန့် (လဂ်)) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် သောကြာ ပိုင်သော ပြိဿ န၀င်း ဖြစ်ကာ-တနင်္လာ ပိုင်သော ဟဿတ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 71% ရှိကာ၊ -67% ဂြိုဟ်ဆိုး လွှမ်းမိုးမှု ရှိသည်။ 98% ဂြိုဟ်ကောင်း လွှမ်းမိုးမှု ရှိသည်။
  • ၃-တန့် ဘာဝ သခင် ဖြစ်သော-သောကြာ ဂြိုဟ် သည် သခင်၊-ဖြစ်သော တူ ရာသီ (၃-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ဗုဒ္ဓဟူး ပိုင်သော မေထုန် န၀င်း ဖြစ်ကာ-ကြာသပတေး ပိုင်သော ၀ိသာခါ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 270% ရှိကာ၊ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
  • ၇-တန့် ဘာဝ သခင် ဖြစ်သော-စနေ ဂြိုဟ် သည် ဥဒါသိမ် ဖြစ်သောကန် ရာသီ (၂-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် သောကြာ ပိုင်သော ပြိဿ န၀င်း ဖြစ်ကာ-တနင်္လာ ပိုင်သော ဟဿတ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 82% ရှိကာ၊ -78% ဂြိုဟ်ဆိုး လွှမ်းမိုးမှု ရှိသည်။ 98% ဂြိုဟ်ကောင်း လွှမ်းမိုးမှု ရှိသည်။
  • ရာဟု ဂြိုဟ် သည် ဖြစ်သော ကရကဋ် ရာသီ (၁၂-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ကြာသပတေး ပိုင်သော ဓနု န၀င်း ဖြစ်ကာ-ဗုဒ္ဓဟူး ပိုင်သော အသလိဿ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 30% ရှိကာ၊ ကိတ်မှ အပ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
  • ကိတ် ဂြိုဟ် သည် ဖြစ်သော မကာရ ရာသီ (၆-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ဗုဒ္ဓဟူး ပိုင်သော မေထုန် န၀င်း ဖြစ်ကာ-တနင်္လာ ပိုင်သော သရ၀ဏ် နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် -91% ရှိကာ၊ ရာဟု မှ အပ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
(ဘွားဇာတာ ရာသီစက် အားဖြင့်) ဘွားဂြိုဟ်များ အချင်းချင်း လွှမ်းမိုးမှု အားဖြင့်-  
  • မူလ ဗုဒ္ဓဟူး ဂြိုဟ် (၂-တန့် ဘာဝ ၏ သခင်) အားမူလ စနေ (၇-တန့် ဘာဝ ၏ သခင်) မှ (92.9) % ဖြင့် လွှမ်းမိုးထားသည်။မူလ ဗုဒ္ဓဟူး ဂြိုဟ်အား မူလ ရာဟု- မှ (-94.6) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ ကြာသပတေး ဂြိုဟ် (၅-တန့် ဘာဝ ၏ သခင်) အားမူလ စနေ (၇-တန့် ဘာဝ ၏ သခင်) မှ (97.9) % ဖြင့် လွှမ်းမိုးထားသည်။မူလ ကြာသပတေး ဂြိုဟ်အား မူလ ကိတ်- မှ (-66.8) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ စနေ ဂြိုဟ် (၇-တန့် ဘာဝ ၏ သခင်) အားမူလ ကြာသပတေး (၅-တန့် ဘာဝ ၏ သခင်) မှ (97.9) % ဖြင့် လွှမ်းမိုးထားသည်။မူလ စနေ ဂြိုဟ်အား မူလ ကိတ်- မှ (-77.9) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ ရာဟု ဂြိုဟ် ( ၏ သခင်) အားမူလ အင်္ဂါ (၉-တန့် ဘာဝ ၏ သခင်) မှ (74.8) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ ကိတ် ဂြိုဟ် ( ၏ သခင်) အားမူလ ကြာသပတေး (၅-တန့် ဘာဝ ၏ သခင်) မှ (66.8) % ဖြင့် လွှမ်းမိုးထားသည်။
(ဘွားဇာတာ ရာသီစက် အားဖြင့်) ဘွားဂြိုဟ်များ မှ ဘာဝ များအပေါ် လွှမ်းမိုးမှု အားဖြင့်-
  • ၃-တန့် ဘာဝ အလယ်မှတ်အား မူလ သောကြာ (၃-တန့် ဘာဝ ၏ သခင်) မှ (99.8) % ဖြင့် လွှမ်းမိုးထားသည်။
  • ၄-တန့် ဘာဝ အလယ်မှတ်အား မူလ တနင်္ဂနွေ (၁-တန့် (လဂ်) ၏ သခင်) မှ (92.6) % ဖြင့် လွှမ်းမိုးထားသည်။
  • ၆-တန့် ဘာဝ အလယ်မှတ်အား မူလ တနလာင်္ (၁၂-တန့် ဘာဝ ၏ သခင်) မှ (-85.4) % ဖြင့် လွှမ်းမိုးထားသည်။
  • ၉-တန့် ဘာဝ အလယ်မှတ်အား မူလ သောကြာ (၃-တန့် ဘာဝ ၏ သခင်) မှ (99.8) % ဖြင့် လွှမ်းမိုးထားသည်။
  • ၁၀-တန့် ဘာဝ အလယ်မှတ်အား မူလ တနင်္ဂနွေ (၁-တန့် (လဂ်) ၏ သခင်) မှ (92.6) % ဖြင့် လွှမ်းမိုးထားသည်။
  • ၁၂-တန့် ဘာဝ အလယ်မှတ်အား မူလ တနလာင်္ (၁၂-တန့် ဘာဝ ၏ သခင်) မှ (85.4) % ဖြင့် လွှမ်းမိုးထားသည်။
အပိုင်း (၃-ဂ) Apple အား အများပိုင် ရှယ်ယာ ပထမဆုံး ရောင်းခဲ့သော နေ့ရက်တွင် ကောဇာ ဂြိုဟ်တို့မှ ဇာတာရှင် ၏ ဘွားဇာတာ အပေါ်သို့ အင်အား လွှမ်းမိုးနေမှု များကို လေ့လာတွက်ချက်ခြင်း

(ကောဇာ ဇာတာ ရာသီစက် အားဖြင့်) 12/12/1980 နေ့ - ကောဇာဂြိုဟ်များ မှ မူလဘွားဂြိုဟ်များ အပေါ် လွှမ်းမိုးမှု အားဖြင့်-
  • မူလ တနလာင်္ ဂြိုဟ်အား ကောဇာ ကြာသပတေး (H5 ၏ သခင်) မှ (99.3) % ဖြင့် လွှမ်းမိုးထားသည်။ကောဇာ စနေ (H7 ၏ သခင်) မှ (99.6) % ဖြင့် လွှမ်းမိုးထားသည်။မူလ တနလာင်္ ဂြိုဟ်အား ကောဇာ ရာဟု- မှ (-72.6) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ ဗုဒ္ဓဟူး ဂြိုဟ်အား ကောဇာ တနလာင်္ (H12 ၏ သခင်) မှ (-99.8) % ဖြင့် လွှမ်းမိုးထားသည်။မူလ ဗုဒ္ဓဟူး ဂြိုဟ်အား ကောဇာ ရာဟု- မှ (-85.5) % ဖြင့် လွှမ်းမိုးထားသည်။ကောဇာ ကိတ်- (မှ -85.5) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ စနေ ဂြိုဟ်အား ကောဇာ သောကြာ (H3 ၏ သခင်) မှ (98.1) % ဖြင့် လွှမ်းမိုးထားသည်။
  • မူလ ကိတ် ဂြိုဟ်အား ကောဇာ စနေ (H7 ၏ သခင်) မှ (62.5) % ဖြင့် လွှမ်းမိုးထားသည်
(ကောဇာ ဇာတာ ရာသီစက် အားဖြင့်) 12/12/1980 နေ့ - ကောဇာဂြိုဟ်များ မှ မူလဘွား ဘာဝ များ အပေါ် လွှမ်းမိုးမှု အားဖြင့်-
  • ၃-တန့် ဘာဝ အလယ်မှတ်အား ကောဇာ သောကြာ (၃-တန့် ဘာဝ ၏ သခင်) မှ (99.9) % ဖြင့် လွှမ်းမိုးထားသည်။
  • ၄-တန့် ဘာဝ အလယ်မှတ်အား ကောဇာ တနင်္ဂနွေ (၁-တန့် (လဂ်) ၏ သခင်) မှ (89.2) % ဖြင့် လွှမ်းမိုးထားသည်။
  • ၉-တန့် ဘာဝ အလယ်မှတ်အား ကောဇာ သောကြာ (၃-တန့် ဘာဝ ၏ သခင်) မှ (99.9) % ဖြင့် လွှမ်းမိုးထားသည်။
  • ၁၀-တန့် ဘာဝ အလယ်မှတ်အား ကောဇာ တနင်္ဂနွေ (၁-တန့် (လဂ်) ၏ သခင်) မှ (89.2) % ဖြင့် လွှမ်းမိုးထားသည်။ 

နိဂုံးချုပ် အားဖြင့် ..

ယခု ဆောင်းပါးမှာ- အားလုံးကို အချက်အလက် များ အနေနဲ့သာ ချရေးထားပြီး- စကားပြေ အနေနဲ့ ဖြေချရမယ် ဆိုယင် စာမျက်နှာ ရာကျော် သွားပါလိမ့်မယ်။
နက္ခတ် ပညာကို လေ့လာနေသူ၊ နက္ခတ် ဝေါဟာရများ နဲ့ မစိမ်း သူများ အနေနဲ့- ဖေါ်ပြထားတဲ့ အချက်တွေက နေ- လေ့လာစရာ အများအပြား ရပါလိမ့်မယ်။
နက္ခတ် နဲ့ မနီးစပ်သူများ အနေနဲ့တော့- ဝေါဟာရများ အတွက် စိတ်ညစ် ခံစရာမလိုပဲ- ဂရပ်တွေ ရဲ့ အင်အား အနေအထား များပြားမှု ကနေ - အမြင် နဲ့ လေ့လာ နိုင်မယ်လို့ ထင်ပါတယ်။

ဇာတာရှင်ရဲ့ မူလ ဂြိုဟ်များ အနေအထား၊ ကောဇာ ကာလ များတွင် ဖြစ်တည်နေ သော ဂြိုဟ်တို့ ၏ အင်အား အနေအထားများ- အားလုံးဟာ တိုက်တိုက် ဆိုင်ဆိုင် ကိုပဲ- အောင်မြင်ဘို့ ဖြစ်လာရပါတယ်။
သို့သော်- Apple ရဲ့ ဇာတာများ ဟာ- စတိဗ် ဂျော့ဗ် ရဲ့ လဂ် နဲ့ ဆက်ကြည့်မှာသာ အဲဒီ အင်အားများ ရနေတာ ဖြစ်နေပြီး- သက်ဆိုင်ရာ ရက်စွဲက လဂ်တွေ ကနေ တွက်ကြည့်ယင်တော့- (တစ်နည်းအားဖြင့်- စတိဗ် ဂျော့ဗ် နဲ့ မဆက်စပ်တဲ့ Apple အနေအထား) ကတော့ တစ်မျိုး ဖြစ်ပါတယ်။ ဒီအနေအထား အရ Apple ရဲ့ ကံကြမ္မာ ကို တော့ မကြာခင် နှစ်အနီးငယ်မှာ မြင်လာကြရပါလိမ့်မယ်။

နောက်ဆောင်းပါး တွေ ဖြစ်တဲ့- 
  • ဘီလ်ဂိတ် နဲ့ မိုက္ကရိုဆော့ဖ် ဇာတာ ဆက်စပ် နေသော မင်္ဂလာ အခါများ-
  • ဖေ့စ်ဘွတ် နဲ့ Mark Zuckerberg မာ့ခ် ဇူကာဘာ့ဂ်ျ ဇာတာ ဆက်စပ် နေသော မင်္ဂလာ အခါများ -
  • အခြားသော ဇာတာရှင်များ နဲ့ ၄င်းတို့ရဲ့ အလုပ်ဆိုင်ရာ ဇာတာများ
အကြောင်းကို ဆက်ရေးပေးပြီးယင်- မပြီးပြတ်သေးတဲ့ ကာလ သပ္ပ ဆောင်းပါး ကို နိဂုံးချုပ်ရေးပေးပါ့မယ် ပြောယင်း၊ ဘ၀ တစ်ပါး ပြောင်းသွားပြီ ဖြစ်တဲ့ စတိဗ် ဂျော့ဘ် အနေနဲ့လည်း နောင်သံသရာမှာ အေးချမ်း ပါစေ ဆုတောင်းလျှက် ဒီဆောင်းပါးကို နိဂုံးချုပ် လိုက်ရပါတယ်။
နျူမာန် (မိုးတား)

[+/-] show/hide this post

No comments:

Post a Comment