Wednesday, June 13, 2012

မမြင်နိုင်သော လက်ပိုင်ရှင် များနှင့် အမေရိကန်သမ္မတ ဂျွန်ဖက်ဖ် ကနေဒီ (၁)

မမြင်နိုင်သော လက်တို့ အကြောင်း။

လူတိုင်း ရုပ်ရှင်-ဗွီဒီယို ကြည့်ဘူးကြ၏။
သို့သော်- ဇတ်လမ်း အကြမ်းထည်၊ သရုပ်ဆောင်၏ အသွင် နှင့် အက်ရှင် တို့ကိုသာ အများစုက သတိထားမိတတ်ကြ၏။
ထို့ထက်ပို၍- သတိပြု မိသူများ အနေဖြင့်မူ- ထိုသရုပ်ဆောင် ၏ အက်ရှင် ကို ကြည့်နေယင်း- နောက်ခံ တီးလုံး Background Music ကို လည်းကောင်း၊ Scene ခေါ်- ရှုခင်း ရှုကွက် ကိုလည်းကောင်း၊ ကင်မရာ အနေဖြင့်- ထိုအခန်းကို ရိုက်ရာတွင် အပေါ်စီးမှ မိုး၍- ချိန်ရိုက်ခြင်းလား၊ ပင့်ရိုက်ခြင်းလား၊ စသည့်- View Angle အနေအထားများကို လည်းကောင်း၊ အလင်းအမှောင် အားအနည်း အများကို ထိုအခန်းတွင် မည်သို့ ပြုထား ပုံကိုလည်းကောင်း၊ သရုပ်ဆောင် ပြောသည့် Dialog နှင့်- စကား တစ်ခု နှင့် တစ်ခု အကြား- အနှေးအမြန် ပြောသွားပုံ စသည်များကို လည်းကောင်း- တစ်ခု မဟုတ် တစ်ခု စသည်တို့ကို သတိပြု မိတတ်ကြ၏။
ထိုအခြေအနေ တို့ကို - အသင့်တော်ဆုံး အနေအထား ဖြစ်အောင် ရိုက်ကူးထားသော ဇတ်ဝင်ခန်းသည် - ပရိဿတ် ၏ ရင်ကို စွဲညိသွားစေ၏။
သို့သော်- များစွာသော ရုပ်ရှင်ကြည့် ပရိဿတ် အနေဖြင့်- နောက်ကွယ်မှ ဖန်တီးပေးထားမှု တို့ကို- သတိပင်မပြုလိုက်မိပဲ- ထိုဇတ်ကားမှ ပေးဆက် လိုက်သော ခံစားမှု ရဿ ကို သာ ယူလိုက်မိသည်က များ၏။

  • ဇတ်ကွက်က ငိုအောင် ဖန်တီးလျှင် ငိုဖြစ်၏။
  • ရီအောင် ဖန်တီးလျှင် ရီဖြစ်၏။
ဆိုလိုသည်မှာ- ဖြစ်ရပ် တစ်ခုတွင် အပေါ်ယံ ကြည့်ယုံဖြင့်- ဇတ်လမ်း သိရုံနှင့် မမြင်သိနိုင်သော- ဖန်တီးမှု လက်ပိုင်ရှင်၊ အတွေးပိုင်ရှင်များ ဖြစ်သည့်- ဒါရိုက်တာ၊ ဇတ်ညွှန်းရေး ဆရာ Script writer မြင်ကွင်းရေး ဆရာ Screen Writer၊ အသံ နှင့် နောက်ခံ- ပညာရှင်များ၊ ဓါတ်ပုံပညာရှင်များစွာ၊ အ၀တ်အစား ဒီဇိုင်း နှင့် မိတ်ကပ် ပညာရှင် များစွာ တို့သည် - ထို ဇတ်ဝင်ခန်း လေး တစ်ခုချင်းစီ တို့၏ နောက်ကွယ်တွင် ရှိနေကြခြင်း ဖြစ်၏။

ဖြစ်ရပ်တစ်ခု ဆိုပါတော့- ကမ္ဘာ့သမိုင်း ဖြစ်စေ၊ မြန်မာ့ သမိုင်းဖြစ်စေ၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ အထုပ္ပတ္တိ ဖြစ်စေ- များစွာသော စာဖတ်သူတို့ သည်- ဖြစ်ရပ်တို့၏ အစီအစဉ်၊ Sequence တစ်နည်းအားဖြင့် ဖြစ်စဉ် မျှကိုသာ ကြည့်မိတတ်ကြ၏။ နောက်ကွယ်မှ- အနေအထားများ၊ မည်သည့် အတွက်ကြောင့်- ဤသို့ ဖြစ်ရ သနည်းကို ထိုးဖေါက် စဉ်းစားသူတို့ လွန်စွာ နည်း၏။

ထို့ကြောင့်လည်း- သမိုင်းတွင်- ဤသူအား လူကောင်းဟု ရေးထားလျှင်- လူကောင်းဟု ထင်မှတ်ကြသလို၊ လူဆိုးဟု ရေးလျှင် လည်း လူဆိုးကြီးဟု အလွယ်တကူ သတ်မှတ် လိုက်၏။

ဤအကြောင်းတို့ကိုလည်း များစွာသော ရှေ့ဆောင်းပါးတို့တွင် ဖေါ်ပြခဲ့ပြီး ဖြစ်ပါ၏။

ပြီးခဲ့သော ဖြစ်ရပ်တို့၏ နောက်ကွယ် သဘောကို မသုံးသပ်နိုင်သေးသရွေ့- လိမ်သူကလည်း- ရှေ့ဆက် လိမ်နေကြဦးမည် ဖြစ်၍၊ အလိမ်ခံရသူ တို့ကလည်း- မျိုးဆက်သာ ပြောင်းလျှင် ပြောင်းသွားသော်ငြား- ဆက်လက် အလိမ်ခံရဦးမည် သာ ဖြစ်၏။

နောက်ကွယ် ဟု ဆိုရာတွင်-
  • နောက်ခံ- အခြေအနေ၊ အကြောင်း ချင်းရာ စသော သက်မဲ့ အနေအထားတို့ ရှိသကဲ့သို့- နောက်မှ- ဖန်တီး ပေးသူ သက်ရှိများစွာ တို့ ရှိနေ၏။
  • နောက်မှ- ဖန်တီး ပေးသူတို့၏ နောက်တွင် ထပ်မံ၍- ဇတ်ဆရာ ရှိ၏။
  • များစွာသော သမိုင်း ဖြစ်ရပ်များတွင် နောက်ကွယ် မှ ဖန်တီးသူ အချို့ကို သိလျှင်သော်မှ- ဇတ်ဆရာကို သိနိုင်ရန် လွန့်စွာ လွန်စွာ ခက်ခဲ၏။ သူတို့သည်ကား- မမြင်နိုင်သော လက်များ ဖြစ်တော့၏။
ခွေးအား တုတ်ဖြင့်- ပစ်ပေါက်သော အခါ- ခွေးသည် တုတ်အား လိုက်ကိုက်တတ်၏။
ခြင်္သေ့အား တုတ်ဖြင့်- ပစ်ပေါက်ပါက- ခြင်္သေ့သည် တုတ်ဖြင့် ပေါက်သူအား ကိုက်သတ်မည် ဖြစ်၍- တုတ်ကို လှည့်၍ပင် ကြည့်မည် မဟုတ်။

ဤသည်မှာ- ခွေး နှင့် ခြင်္သေ့ တို့၏ အဆင့် ကွာခြားမှု ကြောင့် ဖြစ်၏။ ခွေး၏ ဆင်ခြင် နိုင်စွမ်း နှင့် ခြင်္သေ့၏ ဆင်ခြင် နိုင်စွမ်းခြင်း မတူသောကြောင့် ဖြစ်၏။

ဇတ်ထုပ်တို့၏ နောက်တွင် ဇတ်ဆရာ ရှိရမည် ဆိုသောအခါ- အများစု မြင်ယောင် မိလိုက်နိုင် သည်က- ဟိုပြေးဒီလွှား ဟိုလူ့ခိုင်း ဒီလူ့ခိုင်း နှင့် အလုပ်ရှုပ်နေသော- သာမာန် ဇတ်ဆရာ မျိုးဖြစ်၏။

လွန်စွာ အရေးပါသော ခေါင်းဆောင် တိုင်းသည်- ဟိုပြေး၊ ဒီလွှား အလုပ်ရှုပ်ချင်ယောင်ဆောင်၊ အလုပ်များနေသော သူမျိုး မဟုတ်ပေ။

စာဖတ်သူကို အလွယ်ဆုံး မြင်သာအောင် ပြောရမည် ဆိုလျှင်- ပျားအုံ တစ်အုံ၏ အဓိက အသက်သည်ကား ပျားဘုရင်မ ဖြစ်၏။

ပျားဘုရင်မ သည်- လုပ်သားပျားများ၊ စစ်သားပျားများကို- ဟိုမှ ဒီမှ- ညွှန်ကြား ခိုင်းကြား နေခြင်း လုံးဝမရှိ။ သူလုပ်နေသည်က- လုပ်သား ဖြစ်မည့် ပျားနှင့် စစ်သားဖြစ်မည့် ပျားများကို- အချိုးကျကျ မွေးထုတ်ပေးနေခြင်းသာ ဖြစ်၏။ ဖြစ်လာသော ပျားတို့သည်- သူ့အလုပ် သူလုပ်သွားကြတော့၏။

လွန်စွာ တော်သော ဇတ်ဆရာကောင်း ဖြစ်စေ၊ အားကစား နည်းပြကောင်း ဖြစ်စေ- တို့သည်- မိမိ၏ Team အား မိမိ ဖြစ်လိုသည်ကို ခိုင်းစေခြင်း အစား- ထိုသူကိုယ်တိုင် ၏ စိတ်လို လက်ရ- ခိုင်းစရာမလိုပဲ လုပ်ဆောင်မှု ဖြစ်စေရန်၊ တိုက်ရိုက် မဟုတ်သော- စနစ်ဖြင့်- ပုံဖေါ် ယူသွားနိုင်၏။ Motivation ခေါ် စိတ်ဓါတ် အင်အား ဖြစ်စေခြင်း၊ Incentive ခေါ် မက်လုံး ဖန်တီး ပေးခြင်း၊ အခြားတစ်ဘက်တွင် အကြောက်တရား ဖန်တီးပေးခြင်း တို့ကို သုံး၍- ဖန်တီးသွားကြ၏။

သာမာန် အဆင့် ဖြစ်သော၊ ဇတ်ဆရာ- သာမာန် အဆင့် ဖြစ်သော အားကစား နည်းပြသည်- သူ၏ အဖွဲ့သား တို့အား ဖြစ်စေသည်ကို တိုက်ရိုက် ခိုင်းရ၏။ သာမာန် ထက်ထူးချွန်သော၊ သာမာန် ထက် ဥာဏ်ကြီးသူတို့သည်- တိုက်ရိုက် ခိုင်းမည့် အစား- ဖြစ်လာစေရန် အနေအထားနှင့်- လုပ်မည့်သူများကို သူ့နေရာ သူချပေးထားလိုက်ခြင်းမှ အပ- တိုက်ရိုက် ပါဝင်မှု မရှိ သလောက်ပင် ရှိနေကြ၏။ မမြင်ရသော လက်များသည် အစွမ်းကြီးမားသော လက်များ ဖြစ်ကြောင်းကို- အမေရိကန် သမ္မတ ဟောင်း တစ်ဦး ဖြစ်ခဲ့သူ- ၀ုဒ်ရိုး ၀ီလ်ဆင် Woodrow Wilson က အောက်ပါ အတိုင်း ဆိုခဲ့၏။

“There is a power somewhere so organized, so subtle, so watchful, so interlocked, so complete, so pervasive, that they better not speak above their breath when they speak in condemnation of it."

 “အလွန် စနစ်တကျ ဖွဲ့စည်းထားတဲ့၊ နုညံ့လွန်းလို့ ရှိလို့ ရှိမှန်းတောင် မသိနိုင်တဲ့၊ အလွန်တရာ စောင့်ကြည့်နေတတ်တဲ့၊ အလွန်တရာ အပြန်အလှန် ချိတ်ဆက် နေတဲ့- အလွန် ပြည့်စုံတဲ့၊ အလွန် ပျံ့နှံ့ ထိုးဖေါက် နိုင်တဲ့ စွမ်းအင် ကြီး တစ်ခု တစ်နေရာရာ မှာရှိနေပါတယ်။ သူတို့ က တစ်စုံ တစ်ခုကို မနှစ်သက် ရှုံ့ချဘို့ ပြောယင်တောင်- အသက်ရှုတဲ့ အနေအထားထက် ပိုပြောစရာ မလိုလောက် အောင်ပါပဲ "

အမေရိကန် သမ္မတ ဂျွန်ဖက် ကနေဒီ ဆိုလျှင်- လူတိုင်း ကြားဘူးကြ ပါလိမ့်မည်။
  • သူသည် လွန်စွာ စကားပြောကောင်းသူ၊ စကား အတတ် ကျွမ်းကျင်သူ ဖြစ်၏။ (စကားပြောကောင်းသူ ရစ်ချတ် နစ်ဆင်သည် စကားစစ်ထိုးပွဲတွင် သူ့အား ရှံးနိမ့်ခဲ့ရသည်။)
  • သူသည် လွန်စွာ သတ္တိကောင်းသူ ဖြစ်၏။ (စစ်ပြန်-သူရဲကောင်း ဖြစ်ရုံမက- မည်သည့် အမေရိကန် သမ္မတ ကမျှ မပြောခဲ့သော မိန့်ခွန်းမျိုး ပြောခဲ့သူ ဖြစ်၏။)
  • သူသည် လွန်စွာ လူစိတ် ရှိသူ ဖြစ်၏။ (မတရားသော ဗီယက်နာမ် စစ်ပွဲကို မဆင်နွှဲဖြစ်စေရန်- တပ်များကို ပြန်ရုပ်သိမ်းရန် ကြိုးစားနေယင်း သေဆုံးခဲ့ရ၏။)
  • သူသည် ကောက်ကျစ်မှု ကို ဆန့်ကျင်သူ၊ မှန်ကန် မှုကို မြတ်နိုးသူ ဖြစ်၏။ (Operation Northwoods ခေါ် ကျူးဘားအား သိမ်းပိုက်ရန် ကောက်ကျစ်သည့် အစီအစဉ်ကို ကန့်ကွက်ခဲ့၏။)
  • သို့သော် သူသည် လှပသော မိန်းမ တို့နှင့် ပတ်သက်၍ စိတ်ပျော့တတ်သော အားနည်းချက် ရှိသူလည်း ဖြစ်၏။ (ထိုခေတ် အခါက အချောဆုံး မိန်းမ ဖြစ်သူ ဂျက်ကလင်း ကနေဒီ နှင့် အိမ်ထောင်ပြုထားသော်လည်း- ရုပ်ရှင် မင်းသမီး မွန်ရိုးနှင့် ပတ်သက်ခဲ့၏။ သူနှင့် ပတ်သက်မိ လိုက်ခြင်းသည် မွန်ရိုး တစ်ယောက် အသက်တို ရခြင်း၏ အကြောင်း တစ်ခုလည်း ဖြစ်နိုင်စရာ ရှိ၏။)
  • သူသည် မမြင်နိုင်သော စွမ်းအား ကြီး၏ အလိုကို ဆန့်ကျင်ခဲ့၏။ မမြင်နိုင်သော စွမ်းအားကြီး၏ မြင်သာသော အစိတ်အပိုင်း တို့ကို တိုက်ခိုက်ခဲ့ခြင်းဖြင့်- သူသည် လူ့ဘ၀မှ စောစီးစွာ ထွက်ခွာသွားခဲ့ရသော်လည်း- မည်သို့ မည်ပုံ ထွက်ခွာခဲ့ရပုံကိုပင်- လွတ်လပ် မှန်ကန်ပါသည် ဆိုနေတတ်ကြသော Main Stream Media များ၏ ရေငုံ နှုတ်ပိတ်ခြင်း၊ စောဒက မတတ်ခြင်း များကို အများစု သိရှိနိုင်မည် မဟုတ်။

လူအများစုသည်- ထင်ရှားသော အသံလွှင့်ဌာန ကြီးများ၊ သတင်းစာ ကြီးများကိုသာ ယုံစား နေမိတတ်ပြီး၊ ၄င်းတို့ ထံမှ အသံမကြားရပါက- သိပ်စိတ်ဝင်စားခြင်း မရှိတတ်ချေ။

အမှန်အားဖြင့်- သူတစ်ဦးတည်း သေဆုံးခဲ့ခြင်း မဟုတ်။
သူ့အား လုပ်ကြံမှု ၏ ရှေ့နှင့် နောက် ကာလ များတွင် သူသေဆုံးခြင်း နှင့် တိုက်ရိုက်ပတ်သက်သော ထူးဆန်းစွာ သေဆုံးခြင်းများ ၂၁-ဦး အထိ ရှိခဲ့၍၊ စုစုပေါင်း သေဆုံးသူ ပေါင်း ၁၀၃-ဦး အထိ ရှိခဲ့ပါ၏။

ကနေဒီ ၏ လုပ်ရပ်များကို လေ့လာကြည့်ပါစို့-

သူသည်- ၁၉၆၁-ခုနှစ်၊ ဧပြီလ-၂၇-ရက်တွင် သတင်းစာ ဆရာများအား အောက်ပါ စကားကို အလွန်ရဲရင့်စွာ ပြောခဲ့၏။


“လျှို.၀ှက်ချက်’ - ဆိုတဲ့ စကားလုံး ဟာ ကျွန်တော် တို. နေထိုင် နေတဲ့ လွတ်လပ်ပြီး- ပွင့်လင်း တဲ့ လူ့အခွင့် အရေးအတွက် နားကြားပြင်းကပ် စရာပါပဲ။ ကျွန်တော်တို့ တတွေ- လူသား ဆိုတဲ့ အနေနဲ.- မွေးရာပါ တာဝန် အရရော၊ သမိုင်းပေး တာဝန် အရပါ၊ လျှို.၀ှက် အဖွဲ.အစည်း တွေ၊ လျှို.၀ှက် သစ္စာခံ ကျိန်ဆိုထား ချက်တွေ၊ လျှို.၀ှက် လုပ်ဆောင်မှု တွေ အားလုံးကို ဆန့်ကျင် ခဲ့ကြပါတယ်။ .. - မိမိတို.ရဲ. သြဇာ လွှမ်းမိုးမှု ကြီးထွားနိုင် သမျှ ကြီးထွား နိုင်မှု၊ အတွက် လူသိခံ လို.မရတဲ့ လုပ်ရပ်တွေ အပေါ်မှာ အဓိက အားပြုထားတဲ့၊ အင်မတန် အင်အား တောင့်တင်းတဲ့ ကြင်နာ မှု ကင်းမဲ့တဲ့ အကွက်ချ ကြံစည် လုပ်ဆောင်မှု တွေ နဲ. ကမ္ဘာတစ်ခုလုံးကို ၀ိုင်းရံထားပြီး၊ ကျွန်တော်တို.ကို ဆန့်ကျင် ထားကြတယ်။ သူတို.ဟာ- ကျူးကျော် ၀င်ရောက် မှု အစား၊ တစ်စိမ့်စိမ့် ထိုးဖေါက် ၀င်ရောက်မှု ကို သုံးတယ်၊ ရွေးချယ် နိုင်ခွင့် အစား၊ မလိုတမာ အောက်လမ်းနည်းကို သုံးတယ်၊ လွတ်လပ် စွာ ရွေးချယ်နိုင်ခွင့် အစား၊ အကြောက် တရား နဲ. ရွေးချယ် လာအောင် လုပ်တယ်။ အဲဒီ စံနစ်ကြီးဟာ- လူအမြောက် အများနဲ. ရုပ်ပိုင်း ဆိုင်ရာ ပိုင်ဆိုင်မှု တွေကို စနစ်တကျ တိကျစွာ ပေါင်းစပ် ထားပြီး၊ စစ်ရေး၊ သံတမာန် ရေး၊ ထောက်လှမ်းရေး၊ စီးပွားရေး၊ သိပ္ပံပညာ၊ နဲ. နိုင်ငံရေး ဆိုင်ရာ လုပ်ငန်းတွေကို ထိထိရောက်ရောက် ဖော်ဆောင်နိုင် တဲ့ စံနစ်ကြီး ဖြစ် နေတယ်။ သူတို. ရဲ.ပြင် ဆင် ထားမှုတွေကို လုံခြုံစွာ ဖုံးဖိထားတယ်။ အများ ပြည်သူ သိခွင့် မရှိဘူး၊ သူ.လုပ်မိတဲ့ အမှားတွေ ဆိုယင် တစ်ခါတည်း မြေမြုပ် သင်္ဂြီုဟ် လိုက်တယ်၊ သတင်းစာ မှာ မပါလာ ဘူး၊ ဒီ စံနစ်ကို မနှစ်သက်သူ တွေကို အသံတိတ်ပစ်လိုက်တယ်၊ သူတို.ရဲ. အသုံးစရိတ် အပေါ်မှာ အစစ် အမေးမခံရဘူး၊ ဘယ်လို လျှို.၀ှက် ချက်ကိုမှ ဖေါ်မပြဘူး၊ .. အမေရိကန် ပြည်သူ တွေကို အသိပေး၊ နိုးကြားစေဘို. ဆိုတဲ့ ကြီးမားတဲ့ တာန်ကို ၀ိုင်းကူ ပေးဘို. အခု ကျွန်တော် အနေနဲ. ခင်ဗျားတို.ရဲ. အကူအညီကို တောင်း နေပါတယ်၊ .. ”

"The very word ‘secrecy’ is repugnant in a free and open society, and we are as a people, inherently and historically, opposed to secret societies, secret oaths, and secret proceedings … For we are opposed around the world by a monolithic and ruthless conspiracy that relies primarily on covert means for expanding its sphere of influence. It depends on infiltration instead of invasion, on subversion instead of elections, on intimidation instead of free choice. It is a system which has conscripted vast human and material resources into the building of a tightly knit, highly efficient machine that combines military, diplomatic, intelligence, economic, scientific, and political operations. Its preparations are concealed, not published, its mistakes are buried, not headlined, its dissenters are silenced, not praised, no expenditure is questioned, no secret is revealed ... I am asking your help in the tremendous task of informing and alerting the American people.”
ထိုမျှ မကသေး- ၁၉၆၃-ခုနှစ်၊ နိုဝင်ဘာလ ၁-ရက်နေ.၊ ကိုလံဘီယာ တက္ကသိုလ် တွင်

“အမေရိကန် သမ္မတ ဆိုတဲ့ အမြင့် ဆုံး အနေအထား ကို အမေရိကန် လူမျိုးတွေရဲ. တကယ့် လွတ်လပ်ခွင့်ကို ဖျက်ဆီး ပစ်ဘို.၊ မွှေနှောက် ဘို. အတွက် အသုံးချ နေကြတယ်။ ကျွန်တော် အနေနဲ့ သမ္မတ ရာထူးက မဆင်းခင် သမ္မတ အနေနဲ့ ခံစား နေရတဲ့ အခြေအနေ တွေကို ပြည်သူတွေကို တင်ပြပေး ဘို. လိုပါတယ်”
“The high office of President has been used to foment a plot to destroy the American's freedom, and before I leave office I must inform the citizen of his plight.”

ဟူ၍ လည်းကောင်း- ထူးခြားသော မမျှော်လင့် သည့် ရဲရဲတောက် စကားများကို ပြောကြား ခဲ့မိခြင်း ကြောင့်- ထို ဒုတိယ မိန်.ခွန်း ပြောပြီး- ၂၁-ရက် အကြာ၊ ပထမ မိန်.ခွန်း ပြော အပြီး၊ ၂-နှစ် နှင့် ၆-လ အကြာတွင် ရက်စက် စွာ အလုပ်ကြံ ခံလိုက်ရသူမှာ- အမေရိကန် သမ္မတ ဟောင်း ဂျွန်ဖက် ကနေဒီ ပင် ဖြစ်ပါ တော့သည်။

http://www.atlanteanconspiracy.com/2008/06/secret-society-network-part-2.html http://loveforlife.com.au/node/7245 http://www.hermes-press.com/jfk1.htm

ဂျွန်အက်ဖ် ကနေဒီ ရဲ့ အမြင် နှင့် လုပ်ရပ်များ။

သူသည် အောက်ပါ လုပ်ငန်းရပ်တို့ကို အလွန် ရဲရင့်စွာ လုပ်ဆောင်ခဲ့၏။
  • အမေရိကန် ထောက်လှမ်းရေး အဖွဲ့အစည်း စီအိုင်အေ CIA အား ပြန်လည် ဖွဲ့စည်းရန် ကြိုးစားခဲ့ခြင်း။ (ကျူးဘားသို့ မတရား ကျူးကျော်ရန်- ကောက်ကျစ်စွာ အကွက်ချသည့်- Operation Northwoods ကို လုပ်ဆောင်ခဲ့သူ - CIA အကြီးအကဲ- အယ်လင် ဒါးလက်စ် Allen Welsh Dulles အား ရာထူးမှ ထုတ်ပယ်ခဲ့၏။ ထူးဆန်းသည်က- သူထုတ်ပယ်ခဲ့သော အယ်လင် ဒါးလက်စ် သည် - ကနေဒီ အသတ်ခံရမှုကို ဖေါ်ထုတ်ရသည့် Warren Commission အဖွဲ့ ၇-ဦးတွင် တစ်ဦး အဖြစ် ပြန်ပါဝင်ခဲ့၏။ နောက်ဆောင်းပါး တွင်- ထို ကောက်ကျစ် အကွက်ချ သည့် ကိစ္စ အကြောင်းကို ဖေါ်ပြပေးပါမည်။)
  • ထို့အပြင် - ကောက်ကျစ်စွာ အကွက်ချသည့်- Operation Northwoods တွင် ပါဝင်သူ - Joint Chiefs of Staff ဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်ချုပ်ကြီး လမ်နစ်ဇာ Lemnitzer အားလည်း ရာထူးမှ ထုတ်ပယ်ခဲ့၏။ သူထုတ်လိုက်သော လမ်နစ်ဇာ သည် ကနေဒီ မသေမီ- ၁၀-လ အလို- ၁၉၆၃-ခုနှစ် ဇန်န၀ါရီလတွင်- နေတိုး NATO အဖွဲ့ကြီး၏ မဟာမိတ် တပ်ပေါင်းစု အကြီးအကဲ ရာထူး Supreme Allied Commander ကို ရသွား၏။ စာဖတ်သူ အနေဖြင့်- ထူးဆန်းသည်ဟု ထင်မြင်မိပါသလော။ တစ်ဘက်တွင် သမ္မတ အနေဖြင့် အလုပ်ဖြုတ်လိုက်သော်လည်း- အခြားတစ်ဘက် တွင် အလွန်မြင့်မားသော ရာထူးကို သမ္မတ မပေးပဲ နှင့် ရနိုင် သည် မှာ- မည်သို့ ဖြစ်မည် ထင်ပါသနည်း။
  • ထိုမျှ မကသေး- အာဏာ ရှိသူတို့မှ နိုင်ငံ၏ ငွေကြေး ကိစ္စကို လှည့်ပတ် ကစားခြင်း မပြု နိုင်စေရန်- နိုင်ငံတော် အရန် ဘဏ္ဍာ ဌာန ကြီး Federal Reserve System ကို ပြုပြင် ပြောင်းလဲရန် ကြိုးစားခဲ့၏။ (မကြာခင်က ကမ္ဘာတစ်ဝှမ်း လုံးတွင် ဖြစ်ခဲ့သော Economic Crisis များ၊ ယခု လက်ရှိ ဥရောပ နှင့် အမေရိကန် စီးပွားရေး ပြဿနာ များ၏ နောက်ကွယ်မှ- အကြောင်းရင်းသည် Federal Reserve System ၏ မရိုးသားမှု၊ နှင့် လောဘကြီး Finance ကုမ္ပဏီများကြောင့် ဖြစ်၏၊ subprime crisis အမေရိကန် ပြည်သူများစွာ တို့၏ စုဆောင်းငွေများ- ကို စီးပွားရေး သမားများက- အပိုင်စီး သွားနိုင်သော်လည်း- မည်သည့် ပုဂ္ဂိုလ် ကြီးကြီးမားမား မှ အပြစ်ကျ ခံခဲ့ရခြင်း မရှိပါ။ နောက်ကြုံကြိုက်ပါက- ဤအကြောင်းကို သီးသန့် ရေးသားပေးပါမည်။ ထိုသို့ ဖြစ်ပေါ်လာနိုင်စရာများကို ကနေဒီသည် ထိုစဉ် ကတည်းပင် သိရှိထားသောကြောင့်- အမှန်တကယ် တန်ဘိုး ရေရေ ရာရာ မရှိသော ငွေကြေး စနစ်မှ- ယခင် မူလ စနစ်ဖြစ်ခဲ့သော- ရွှေနှင့် တန်ဘိုး ညီသည့် စနစ်ကို ပြန်လည် တည်ဆောက်ရန် ကြိုးစားခဲ့၏။ အကယ်၍ ထိုစနစ် ပြန်ပေါ်လာပါမူ- Federal Reserve System မရှိတော့ပေ။ ဤအကြောင်း နှင့် ပတ်သက်၍- ဗိုလ်မှူးကြီး ဂျိမ်းစ် ဂရစ်တ်ဇ် Colonel James Gritz ဆိုသူက- ပြောခဲ့သည်မှာ- “ကနေဒီ က အမေရိကန် ငွေကြေး စနစ်ကို ရွှေစံ ထားတဲ့ စနစ်ကို ပြန်သွားဘို့ ပြောလိုက်တာဟာ- Federal Reserve System ကို ဖြုတ်ချ လိုက်တာပါပဲ။ အကြွေး မဟုတ်တဲ့- ငွေမှာ Federal Reserve အမှတ်အသား ပါလာစရာ မရှိတော့ပါဘူး။ ဒါကို သူက- အမေရိကန် အခြေခံ ဥပဒေ ကနေ- ဦးဆောင် သူအနေနဲ့ တကယ် လုပ်ဆောင်ရဲ ခြင်းဟာ- သူ့ကိုယ်သူ သေဒဏ် ချလိုက်တာပါပဲ။ အခု အချက် နဲ့တင် သူ့ကို ရှင်းပစ်ဘို့ အခါ ရောက်သွားတာပါပဲ” ("When Kennedy called for a return of America's currency to the gold standard, and the dismantling of the Federal Reserve System -- he actually minted non-debt money that does not bear the mark of the Federal Reserve; when he dared to actually exercise the leadership authority granted to him by the U.S. Constitution. Kennedy prepared his own death warrant. It was time for him to go." 
  • ကနေဒီသည်- မတရားသော စစ်ပွဲ ဖြစ်သည့် ဗီယက်နာမ် စစ်ပွဲကို အဆုံးသတ်၍- တပ်များ ပြန်ခေါ်ရန် စီစဉ်ခဲ့၏။ ထိုစစ်ပွဲသည် လက်နက်တန်ဘိုး ဒေါလာ ဘီလျံ ၅၀၀ အရောင်းအ၀ယ် ဖြစ်သော ပွဲဖြစ်၏။ သူသေလျှင် - စစ်ကို လိုလားသော ဒု-သမ္မတ ဂျွန်ဆင် က တက်မည် ဖြစ်၏။ (၉၁၁ အရေးအခင်း ဖြစ်သော အခါ- ဘုရှ် မိသားစု အကြံပေး အဖြစ် တစ်ဘက်မှ လုပ်ကိုင် သော- အမေရိကန် ကာကွယ်ရေး ပစ္စည်း ထောက်ပံ့ရေး ကုမ္ပဏီ Carlyle Group သည်- ရှယ်ယာ ၇၀၀% (၇-ဆ) တက်သွား၏၊။) 
  • တစ်ဘက်တွင် ရုရှား နှင့် စစ်အေး တိုက်ပွဲ ဖြစ်နေပြီး- အမေရိကန် သမ္မတဟောင်း အိုင်ဆင် ဟောင်ဝါ ၏ နောက်ဆုံး နှုတ်ဆက် မိန့်ခွန်းတွင် ပြောခဲ့သည့် အတိုင်း military-industrial complex ကြီးအနေဖြင့်- စစ်အေး ကာလ အတွင်း- သုံးစွဲရမည့် စုစုပေါင်း ငွေကြေးမှာ ဒေါ်လာ ၆-ထရီလျန် (ဘီလျံ ၆၀၀၀) အထိ ရှိနိုင်၏။ ကနေဒီ အနေဖြင့်- ထိုကိစ္စများကို ရပ်တန့်ရန် ကြိုးစားခြင်းသည်- သူ့အား လူ့ပြည်မှ ပယ်ရှားရန် အတွက် လုံလောက်သော အကြောင်း တစ်ချက်လည်း ဖြစ်နေ၏။

ထင်ရှားသော မီဒီယာ ကြီးများ။

ထင်ရှားသော မီဒီယာ ကြီးများသည်- ဇတ်ဆရာ တီးခိုင်းသော တီးလုံးကို တီးပေးကြရ၏။ လွတ်လပ်၍- မှန်ကန်သည်ဟု အများယုံကြည် ထားသည်များကို အလွဲ သုံးစား လုပ်လျှက်- သဘာဝမကျ- ဇတ်ထုပ်ကြီး ဖြစ်သော- မှော်ဆန်ဆန် ကျည်တစ်တောင့် ဇတ်လမ်း Single Bullet Theory ကို သာ ဖေါ်ထုတ် ရေးသား ပြသ ခဲ့ကြ၏။ ထပ်မံ စစ်ဆေးချက်မှ - တစ်တောင့်ထက် မကသော ကျည် ဖြစ်သည် ဟု ထွက်လာသော အခါ- အသံမထွက် ကြတော့ပေ။

ထိုမီဒီယာ ကြီးများသည်- အများသိကြသည့် အတိုင်း ဘယ်တုန်းကမျှ မရှိ၊ ရှာ၍လည်း မတွေ့ရသော Weapon of Mass Destruction ကို တစ်ခမ်း တစ်နား ဖေါ်ပြ ခဲ့ကြပြီး- အီရတ် နိုင်ငံသို့ ကျူးကျော်ခြင်းကို ကမ္ဘာမှ လက်ခံလာအောင် တီးလုံးများ တီးခဲ့ပြန်သေး၏။

ရှက်စရာ အကောင်းဆုံး ကိစ္စရပ် များစွာ အနက်မှ- တစ်ခုတွင်- နာရီယာ မိန်းကလေး အစစ် ခံချက် ဖြစ်၏။ ၁၉၉၀-ခု - အီရတ် နိုင်ငံမှ ကူဝိတ်သို့ ကျူးကျော် ချိန်တွင်- ကူဝိတ် ဆေးရုံသို့ အီရတ် စစ်သားများ ၀င်ရောက်ပြီး- မွေးပြီး ကလေးငယ်များကို ထားသည့် Incubator များမှ- ကလေးများကို - သံမံတလင်း ကြမ်းပြင် သို့ ချပြီး- သေစေခဲ့သည်ဟု တစ်ရှုံ့ရှုံ ငို၍- ရုပ်မြင်သံကြားမှ အစစ်ခံခဲ့သော- ကူဝိတ်- လုပ်အားပေး သူနာပြု နာရီယာ ဆိုသည့် မိန်းကလေး၏ အစစ်ခံချက်ကို - စာရေးသူ ကိုယ်တိုင် ကြည့်ခဲ့ရ၏။ အင်မတန် ရက်စက်ပါလားဟု ကမ္ဘာ့ရုပ်မြင် သံကြား ပရိဿတ်ကြီးမှ- အီရတ် အား ဒေါသ ဖြစ်အောင် - သရုပ်ဆောင် နိုင်ခဲ့သော ထိုမိန်းကလေးငယ်သည် အမှန် အားဖြင့်- အမေရိကန် နိုင်ငံတွင် နေထိုင်နေသော အမေရိကန် နိုင်ငံဆိုင်ရာ- ကူဝိတ သံအမတ်ကြီး၏ သမီး ဖြစ်မှန်း ဘူးပေါ်သလို ပေါ်ခဲ့သော်လည်း- ထိုမီဒီယာ ကြီးများသည်- သူ့တို့ နှင့် မပတ်ခဲ့သလို ခပ်တည်တည်ပင် နေလိုက်ကြ၏။

ထိုအကြောင်း အသေးစိတ်ကို http://en.wikipedia.org/wiki/Nayirah_(testimony) တွင် လေ့လာ နိုင်ပါ၏။ လိမ်သူကလည်း လိမ်၏။ လိမ်ခိုင်းသူကလည်း လိမ်ခိုင်း၏။



ဖြစ်လာသော နောက်ဆက်တွဲ ကြောင့် အခြားသူများ နစ်နာမှု များ အတွက် သူတို့ စိတ်မ၀င်စားပါချေ။
  • မြှားနှင့် ပစ်သူက- သောနုတ္ထိုရ်။
  • စေခိုင်းသူက- ရှင်ဘုရင်။
  • လိုချင်သူက- မိဘုရား။
  • အစွယ် ဖြတ်ခံ၍- အသက်ပေး လိုက်ရသည် ကတော့ - ဆဒ္ဒန် ဆင်မင်း ပင် ဖြစ်တော့၏။
တကယ် လက်တွေ့တွင်- ယခု အဆင့်ထက်မက- များစွာ ရှုပ်ထွေးကာ- သောနုတ္ထိုရ် အဆင့်ဆင့် ရှိနေတော့၏။

(အပိုင်း (၂) ကို ဆက်လက် ဖတ်ရှုရန်။) 

[+/-] show/hide this post

3 comments:

Thein Tun Oo said...

Bravo! Very impressive presentation and as result of this, even as a layman, I am eagerly looking forward to the technical part of this article. (Not sure if I can digest the technical part though! :)

TTT said...

great article!! Thank you so much.

Wai Lin Aung said...

Dear Sayar,

Thank you so much for your great article. It has enlightened me and also have me more questions which I don’t know the answers.

I wonder why they are so secretive and so powerful. For money? No, it can’t be, although they manipulate certain policies for their financial gains. They already might have been personally rich enough for generations. For Power? They use it for their chess moves of world affairs but I wonder what their real purpose of holding this shadow power is? For their own benefit? Can’t be because they might have been conquered the world if they wish for their own fame and glory, but they remains in shadow and keep silent. Low to Medium ranked people of that organization may focus on money or power but what’s the real agenda of Top Bosses?

I guess that secret organization may share fundamental beliefs with Free Masons or other Judeo-Christian traditions who anticipate the rebuilding of the Third Temple of Solomon on current day’s Temple Mount and the Return of their Messiah. President G.W Bush once encouraged teaching of “Intelligent Design Theory” rather than “Evolution Theory” in US school Biology classes.

Like what you told me last time, founding of America itself had conspiracy links. Founding fathers like George Washington and Benjamin Franklin were Free Masons and Washington presided Masonic ceremonies when the Congress Building was laid foundation, revealed in a documentary by History Channel.

If “The Protocols of the Elders of Zion” was one of their created conditions for World War 2, it was a real cruel chess move. I heard that recent Rohingya riot might be a conspiracy plot by CIA to disturb or even terminate the construction of Oil & Gas pipe line from Kyauk Phyu (Rakhine State) to China so that China won’t have alternative energy route other than Malacca strait where US navy can block easily in the time of Crisis.

They might have been waiting for the time to be ripe according to their Prophecies. Their beliefs are nonsense in my point of view and it is sad to see the world is being killed slowly at the hands of religious fanatics. Please correct me if I am wrong, Sayar.

Sayar, all of your words and articles are really great and I have never seen like these before and never found like these anywhere else. It makes me more curious to know much more. Thank you so much Sayar!

With Warmest Regards,

Post a Comment