Tuesday, May 29, 2012

အင်္ဂလိပ်-မြန်မာ နှစ် ၃၀၀ ပြက္ခဒိန်

ပြီးခဲ့တဲ့ ဆောင်းပါး မှာ- မြန်မာ ရက်စွဲကနေ အင်္ဂလိပ် ရက်စွဲကို ပြောင်းနိုင်တဲ့ အနှစ် ၃၀၀ ပြက္ခဒိန် လေးကို တင်ဆက်ခဲ့ပါတယ်။

ရည်ရွယ်ချက်ကတော့- သမိုင်း လေ့လာသူ၊ သုတေသီ များ အတွက်- အကျိုးရှိစေနိုင်ဘို့ သာမက- လူကြီး မိဘ များရဲ့- ရှေးထုံးစံ အတိုင်း မြန်မာလို မှတ်သားခဲ့ကြတဲ့ မွေးနေ့ ကို ခရစ်ရက်စွဲ နဲ့ သိနိုင်ဘို့ ကူညီတဲ့ သဘောဖြစ်ပါတယ်။

မှတ်ပုံတင်- လုပ်ကြတဲ့ ကျေးလက်တောရွာက- ဦးကြီးများ၊ လူကြီးသူမ များရဲ့ ရက်စွဲအမှန်ကို သေသေချာချာ မစစ်ဆေးမိယင်- မှတ်ပုံတင်မှာ အသက် တစ်နှစ် ကြီးနေတာ စတဲ့- အမှားများကို စာဖတ်သူများ တွေ့ကြုံကြဘူးမှာ အမှန်ပါပဲ။

မိုးတား နက္ခတ် အဖွဲ့ဝင် ကိုအောင်ဟိန်းအေး ပြုစုခဲ့တဲ့- ဒီ မြန်မာ အင်္ဂလိပ် ပြက္ခဒိန်၊ နဲ့ အခု တင်ဆက်တဲ့ အင်္ဂလိပ် မြန်မာ ပြက္ခဒိန် တို့ဟာ- ယခု ဆောင်းပါး လာဖတ်ကြသူ ညီအကို မောင်နှမ များ အတွက် အထောက်အကူ ဖြစ်မယ် ဆိုယင်- ကိုအောင်ဟိန်းအေး အနေနဲ့ အပင်ပန်းခံ ပြုစုပေးရကျိုး နပ်မှာပါ။

ယခု ပြက္ခဒိန်မှာလည်း- အ၀ါရောင် ဖေါ်ပြထားတဲ့ နေရာတွေမှာ သက်ဆိုင်ရာ ခရစ် ပြက္ခဒိန် ရက်စွဲလေးတွေ ထည့်ပေးလိုက်ယင်- မြန်မာ ရက်စွဲ နဲ့တကွ- အများမြင်သာအောင်- သင်္ကြန် ရက်အပြောင်း အလဲ ကိုသာမက- ကလိယုဂ် နှစ်၊ မဟာသက္ကရာဇ်၊ သာသနာ သက္ကရာဇ် စတာတွေကို ပါ သိရှိ ကြရပါမယ်။

အနှစ် ၃၀၀ ပြက္ခဒိန် ကို မည်သူမဆို အမြဲတမ်း လာရောက် ကြည့်လို့ ရအောင်- ဒီဆိုက်မှာ အမြဲတင်ပေးထားမှာ ဖြစ်ပါတယ်။

အားလုံး အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

နျူမာန် (မိုးတား)

[+/-] show/hide this post

No comments:

Post a Comment