Friday, April 6, 2012

ရုရှား ဘုန်းကြီး ရူး ရပ်စ် ပြူတင် နှင့် ပတ်သက်သော- သံတမာန် တစ်ဦး၏ ဝေမျှမှု

ရုရှား ဘုန်းကြီး ရူး ရပ်စ် ပြူတင် (သို့မဟုတ်) မြေလျှိုးမယ့် တန်ခိုး။ (အပိုင်း ၂) ကို အချောသတ် ရေးသားမှု မပြီးစီးသေး သဖြင့် - ဆောင်းပါး မတင်ဆက် နိုင်သေးမီ- သံတမာန် အရာရှိကြီး တစ်ဦး ဖြစ်သူ- ဆရာဦးရဲမြင့်က ရပ်စ်ပြူတင် နှင့် ပတ်သက်၍ သူ၏ ငယ်စဉ်မှ သိကြုံခဲ့ရပုံ- သံတမာန် လောက တွင် ရပ်စ်ပြူတင် နှင့် ပတ်သက်၍- ခေါ်ဝေါ် သုံးနှုန်း ထားကြမှု တို့ကို ဗဟုသုတ အနေဖြင့် ဝေမျှ ပေးခဲ့ပါသည်။

ဆရာဦးရဲမြင့်သည်- အိန္ဒိယ နိုင်ငံမှ သံတမာန် အရာရှိကြီးလည်း ဖြစ်၊ နက္ခတ် ပညာရှင် တစ်ဦးလည်း ဖြစ်သော မစ္စတာ M.S. Mehta နှင့် လည်း ခင်မင် ရင်းနှီးသူ တစ်ဦး ဖြစ်သကဲ့သို့- မြန်မာ့ နက္ခတ်ပညာရှင်ကြီးများ နှင့်လည်း ရင်းနှီးကျွမ်းဝင်သူ - ကိုယ်တိုင်လည်း နက္ခတ်ဝေဒ ပညာကို ချစ်မြတ်နိုးသူ တစ်ဦး ဖြစ်ပါသည်။ အိန္ဒိယ သံတမာန်၊ နက္ခတ္တဝေဒ ပညာရှင် မစ္စတာ M.S. Mehta ၏ ဆရာ ဖြစ်သူ- ဆရာကြီး ကေအင် ရောင် K.N Rao သည် ကမ္ဘာတွင် ထင်ရှားသော အိန္ဒိယ နက္ခတ်ပညာရှင် ကြီး ဖြစ်ကာ- မိုးတား ဆောင်းပါး တစ်ခု တွင် ဖေါ်ပြခဲ့သော ပါကစ္စတန် ၀န်ကြီးချုပ် ဘနာဇီယာ ဘူတို http://numan-motaa.blogspot.com/p/benazir-bhutto.html ၏ ကံကြမ္မာကို ကြိုတင် ဟောပြောခဲ့သူလည်း ဖြစ်- အိန္ဒိယ နိုင်ငံတွင်- နိုင်ငံတော် စာရင်းကိုင်ချုပ် အဖြစ်လည်း နှစ်ပေါင်း များစွာ တာဝန်ထမ်းဆောင် ခဲ့သူ ဖြစ်ပါသည်။ ဘနာဇီယာ ဘူတို၏ မွေးရက် နှင့် မွေးချိန် အမှန်ကို သိရှိသူ နည်းပါးလျှက်- အနောက်တိုင်း ပညာရှင်များ နှင့် များစွာသော အိန္ဒိယ ပညာရှင် တို့သည်- အထုပ္ပတ္တိပါ မွေးချိန် ကို အသုံးပြု ဟောပြော ရေးသား ကြခြင်း ဖြစ်ကြလျှက်- ဆရာကြီး ကေအင် ရောင် အနေဖြင့်မူ- ဇာတာရှင် ကိုယ်တိုင်အား တွေ့ဆုံ စစ်ဆေး ဟောပြောခဲ့ခြင်းဖြင့်- ဖြစ်ရပ်မှန် ကို ကြိုတင် ဟောပြောပေးနိုင်ခဲ့ပါသည်။ ဆရာ ဦးရဲမြင့်၏ မိတ်ဆွေ ဖြစ်သူ- မစ္စတာ M.S. Mehta သည် ဆရာကြီး ကေအင် ရောင် K.N Rao ၏ ကြီးကြပ်မှုဖြင့်- “Time Tested Techniques of Mundane Astrology” စာအုပ်ကို ပြုစုခဲ့သူ အဆင့်မြင့် နက္ခတ် ပညာရှင်လည်း ဖြစ်ပါသည်။ အခြားသော ကျမ်းစာအုပ်များလည်း ရေးသားခဲ့သူ လည်း ဖြစ်သည်။

အောက်တွင် ဆရာဦးရဲမြင့်၏ မျှဝေ ကျေးဇူးပြုမှုကို ဖေါ်ပြပေးထားပါသည်။ ကျန်းမာရေး အတွက် ဂရုစိုက်နေရသော အနေအထားတွင် - အချိန်ပေး၍- မိမိ၏ အတွေ့ အကြုံ၊ အသိအမြင် တို့ကို ဝေမျှပေးသော ဆရာဦးရဲမြင့်အား များစွာ ကျေးဇူးတင်ရှိပါကြောင်း မိုးတား နက္ခတ် အဖွဲ့ အနေဖြင့် ပြောကြားလိုပါသည်။ (မြန်မာ စာလုံးဖွန့် အနေအထား နှင့်- စာကြောင်း အခြားတို့ကို နေရာယူမှု နည်းပါးစေရန် အနည်းငယ် ပြင်ဆင်ထားသည်မှ လွဲ၍- မူရင်း အတိုင်း ဖြစ်စေရန် JPG Format ဖြင့် တင်ပြပေးပါသည်။ ၄င်းကို နှိပ်ပေးလိုက်ပါက- အကြီးချဲ့ ဖတ်ရှု လေ့လာ နိုင်မည် ဖြစ်ပါသည်။)







[+/-] show/hide this post

No comments:

Post a Comment