Saturday, February 18, 2012

မြန်မာ့ ငလျင်ကြီးများ နှင့် မြန်မာ နိုင်ငံ ဇာတာ ၂-စောင်။

မြန်မာ့ ငလျင်ကြီးများ အကြောင်းကို ယခင် ဆောင်းပါးတွင် ဖေါ်ပြခဲ့ပြီး ဖြစ်ပေရာ- ယခု ဆောင်းပါးတွင်- မြန်မာ့ ဇာတာ ၂-စောင် ဖြစ်သော- (၁) မြန်မာ့ လွတ်လပ်ရေး အက်ဥပဒေ အရ- ဇန်န၀ါရီလ ၄-ရက် နေ့သို့ ရောက်လျှင် ရောက်ချင်း အချိန် ၀း၀၀ နာရီကို မူတည် ဖွဲ့စည်းထားသော ဇာတာ နှင့် (၂) မင်္ဂလာ အခါ အဖြစ် ရွေးချယ် ထားခဲ့သော အလံတင် အလံချ အခမ်း အနား ဇာတာတို့ ကို ငလျင်ဖြစ်ရပ်များ နှင့် ယှဉ်တွဲ ဖေါ်ပြပါမည်။ (ပြီးခဲ့သော ဆောင်းပါး ၂၀၁၂-နှင့် မြန်မာနိုင်ငံ ဆိုင်ရာ သုတေသန။ အပိုင်း (၁) မှ စတင်၍ ပြန်လည် လေ့လာ နိုင်ပါသည်။)

လွတ်လပ် မတိုင်မီက ဖြစ်ပွားခဲ့သော သမိုင်းဝင် ငလျင်ကြီးများကိုမူ- ဤဇာတာ တို့ဖြင့် စိစစ်ခြင်း မပြုလုပ်ပါ။ အခြားသော နည်းစနစ်များ ရှိသော်လည်း- ယခု ဆောင်းပါးတို့ နှင့် မဆက်စပ် သေးသဖြင့် နောင် အလျင်းသင့်သော အခါမှသာ ရေးသား ပေးမည် ဖြစ်ပါသည်။

တစ်ဆက်တည်းတွင် ထင်ရှားအောင် ပြဆိုလိုသည်မှာ- ယခု ဆောင်းပါးပါ သုံးသပ်ချက်များသည် ငလျင်များကို တွက်ချက် ခန့်မှန်း ခြင်း အတွက် နည်းအကုန် အစင် မဟုတ်ပဲ- အမှန်တကယ် တွက်ချက်မည် ဆိုပါက- ယခုကဲ့သို့ မွေးဇာတာ သာမက- “သရောဒယ ကျမ်းလာ သဗ္ဗတော ဘဒြ စက်၊ မြန်မာ အခေါ် လိပ်စက် ကုရုမ စက္ကရ” စသော နည်းများ ဖြင့်ပါ ကုန်စင်အောင် တွက်ချက်ရမည် ဖြစ်ပါသည်။ ယခု ဆောင်းပါးသည်- မည်သည့် ဇာတာခွင် က ပို၍ ထင်ရှားသနည်း ဆိုသည်ကို သမိုင်း ဖြစ်ရပ်များ နှင့် လေ့လာခြင်း သက်သက် မျှသာ ဖြစ်၍- ငလျင် တွက်နည်းများ မဟုတ်သေးပါပေ။
ပထမ ဦးစွာ အထက်ပါ ငလျင်ကြီးများ ဖြစ်ပွားခဲ့သော နေ့များတွင်- ကောဇာ ဂြိုဟ်ဆိုးများမှ- ဇာတာခွင်ရှိ အခြား ဂြိုဟ်များကို လွှမ်းမိုး နေမှုမျာကို တွက်ချက် ထားပြီး၊ ဘယ်ဘက် တွင် ဇာတာ (၁) နှင့် ညာဘက်တွင်ဇာတာ (၂) တို့ကို ယှဉ်တွဲ ဖေါ်ပြပါသည်။
မည်သည့် ဇာတာတွင် ဂြိုဟ်ဆိုးများ လွှမ်းမိုးမှုက ထင်ရှားနေပါသနည်း။ ဆက်လက်၍ မူလ ဇာတာ၏ ဘာဝများ အပေါ်သို့ ကောဇာ ဂြိုဟ်ဆိုး များ၏ လွှမ်းမိုး မှုကို လေ့လာ လိုက်ပါလျှင်လည်း- အောက်ပါ အတိုင်း ဆက်တွေ့ကြရပါဦးမည်။

ဇယားများ၏ ဆိုလိုချက် အသေးစိတ် တွက်ချက်ထားချက် အားလုံးကို တင်ပြပါက- စာဖတ်သူများ အနေဖြင့်- များစွာ ရှုပ်ထွေးစေမည် ဖြစ်သဖြင့်- ထိုဖြစ်ရပ်များ အနက်မှ- ငလျင် အချို့ကိုသာ အောက်တွင် အသေးစိတ် ရှင်းပြပေးမည် ဖြစ်ပါသည်။

စစ်ကိုင်း ငလျင် ၁၉၅၆ ကို လေ့လာခြင်း။

စစ်ကိုင်း ငလျင်သည် အင်အား အနေအထား အားဖြင့် ၇.၈ ပင် ရှိခဲ့ပြီး၊ အဆောက်အဦ အချို့ နှင့် ဘုရား စေတီ အများ အပြား ပျက်စီး ကာ - သေဆုံးသူ ၄၀-ဦး မှ ၅၀ ဦး ခန့် အထိ ရှိခဲ့သည် ဟု ဆိုပါသည်။
ထိုငလျင် ကာလတွင် ဂြိုဟ်ဆိုးများ လွှမ်းမိုးနေမှုကို ဇာတာ ၂-စောင် စလုံးတွင် ပြဆိုနေ၏။ ကောဇာ မှ မူလဂြိုဟ်များ ကို လွှမ်းမိုးမှုတွင်- လွတ်လပ်ရေး ဥပဒေ ဇာတာ က မူလ ဇာတာ၏ တနင်္လာ၊ စနေ၊ ရာဟု၊ ကိတ်များအား - ကောဇာ ဂြိုဟ်ဆိုးများ လွှမ်းမိုး နေမှုကို ပြထားသော်လည်း- အလံတင် အလံချ အခမ်း အနား ဇာတာကမူ မူလ တနင်္လာဂြိုဟ် ကို ကောဇာ ဂြိုဟ်ဆိုးများက လွှမ်းမိုးခြင်း တစ်ခုတည်း ကိုသာ ပြနိုင်၏။

သို့သော် မူလ ဘာဝများ၏ အလယ်မှတ်များကို လွှမ်းမိုးမှုတွင် ၁-တန့်၊ ၃-တန့်၊ ၅-တန့်၊ ၇-တန့်၊ ၉-တန့်၊ ၁၁-တန့် များကို ကောဇာ ဂြိုဟ်ဆိုး များ လွှမ်းမိုးနေမှုသည် ထထပ်တည်း နီးပါး တူညီနေ၏။

  • လွတ်လပ်ရေး ဥပဒေ ဇာတာ အရ- မြန်မာ နိုင်ငံသည် ကန်လဂ် ၁၇း၂၃ တွင် တည်သဖြင့်- အင်္ဂါ သည် ပျက်စီး ဆုံးရှုံးမှုများကို ဖြစ်စေသော ၈-တန့် မရဏ ဘာဝ သခင် ကာရက ဂြိုဟ်ဆိုး ဖြစ်၏။ စနေသည်လည်း- မတော်တစ်ဆ ဖြစ်ရပ်များ၊ ရန်သူ၏ တိုက်ခိုက်ခြင်း၊ အန္တရာယ်များကို ဖြစ်စေသော အာရီ ခေါ် ၆-တန့် အိမ်ရှင် ကာရက ပါပ ဂြိုဟ်ဆိုး ဖြစ်၏။ ၄င်းတို့သည် ပင်ကိုယ်ကပင် သဘာဝ အားဖြင့် ဂြိုဟ်ဆိုးများ ဖြစ်ကြ၏။
  • စစ်ကိုင်း ငလျင်ကြီး လှုပ်သော နေ့တွင်- ထိုဂြိုဟ်ဆိုးများ ဖြစ်ကြသော အင်္ဂါသည် ကုမ်ရာသီ ၂၆း၁၄ တွင် (326.25 ဒီဂရီ) တည်ခြင်းအားဖြင့်- ၄င်း၏ ၈-တန့် ကန် ၂၂း ၂၃ (172.39) တွင် တည်နေသော မူလ ဇာတာမှ တနင်္လာဂြိုဟ် အား တိုက်ခိုက် ဖျက်ဆီးလိုက်၏။
  • အသေးစိတ် ရှင်းပြရမည် ဆိုပါက- ကောဇာ အင်္ဂါ တည်နေရာ 326.25+210 (၈-တန့် အမြင်) = 536.25 ဒီဂရီ ဖြစ်၏။ ၄င်းသည် ၃၆၀ ထက်ပိုသော ကြောင့်- ၃၆၀ ကို ပြန်နှုတ်ပေးပါက- 536.25 – 360= 176.25 ဒီဂရီ ရ၏။ မြန်မာ နိုင်ငံ လွတ်လပ်ရေး ဥပဒေ ဇာတာ၏ တနင်္လာသည် 172.39 တွင် တည်နေသောကြောင့်- ကောဇာ အင်္ဂါ၏ သမသတ် အမြင် စက်ကွင်း အလည်တည့်တည့် မှ ၄ ဒီဂရီ (အံသာ) သာ ကွာဝေး ခြင်းဖြင့် မူလ တနင်္လာအား ထိခိုက်စေ၏။
  • ထိုနည်းတူ ဗြိစ္ဆာ:3:5 (213.08) တွင် တည်သော Retro သွားနေသည့် ကောဇာ စနေ သည် ကရကဋ်:28:43 (118.72) တွင် တည်သော မူလ စနေ နှင့် - မိဿ:29:5 (29.08) တွင် တည်သော ရာဟု၊ နှင့် တူ:29:5 (209.08) တွင် တည်သော ကိတ် တို့ကိုပါ လွှမ်းမိုး ထားလိုက်၏။
ဇာတာခွင်တွင် မျက်နှာချင်းဆိုင် ရှိလျှင် သမသတ် မြင်သည်။ ရာသီ တစ်ခုတည်းတွင် တည်လျှင် ပူးသည် ဟု သမားရိုးကျ အစွဲများနှင့် နားလည်မှု မလွဲစေပဲ- ဒီဂရီ တန်ဘိုးများ အရ ကြည့်စေလိုပါသည်။ (ဆရာသခင် ၀ါရဟ မိဟိရ၊ အရိယ ဘတ္တ စသူ တို့သည် စကြာဝဠာ တြီဂို နိုမေထြီ နှင့် သင်္ချာ ဖေါ်မြူလာကို သုံးစွဲသွားကြသူများ ဖြစ်သည် ကို နားလည် ထားသင့်ပါသည်။ မိုးတား မှ အဆန်းတကြယ် တီထွင် နေခြင်း မဟုတ်ပါပေ။)
ကောဇာ စနေ တည်ရာသည်- 213.08 ဖြစ်ရာ- 209.08 တွင် တည်သော မူလ ကိတ်ကို နီးစပ်စွာ ပူး၏။ ထို့ကြောင့် ရာဟုကို သမသတ် လှမ်းမြင်၏။
စနေသည် ၁၀-တန့် အမြင်ပြုသည် ဆိုခြင်းမှာ- နာရီ လက်တံ ပြောင်းပြန် အတိုင်း ၂၇၀ ဒီဂရီ အကွာကို မြင်ခြင်း ဖြစ်သဖြင့် =213.08 +270 = 483.08 ဖြစ်သဖြင့်- ၃၆၀ ကို နှုတ်ပါက- 123.08 ဖြစ်လေရာ- 118.08 မှ 128.08 အတွင်းသည် ၅ ဒီဂရီ စက်ကွင်း ကျရောက် နေခြင်းဖြင့်- ထိုအထဲတွင် ကျရောက်နေသော - ကရကဋ်:28:43 (118.72) တွင် တည်သော မူလ စနေ ကို မြင်ခြင်း ဖြစ်၏။


၎င်းတို့ကို ဇယား ဆွဲချ လိုက်ပါက အောက်ပါ အတိုင်းဖြစ်၏။
ထိုနည်းတူပင်- ကောဇာ ဂြိုဟ်ဆိုးများ ဖြစ်ကြသည့် ရာဟု နှင့် ကိတ်တို့သည် မူလ ဘာဝများအား အောက်တွင် တွေ့ရသည့် အတိုင်း လွှမ်းမိုး ထားကြ၏။

လေ့လာသူ ၀ါသနာရှင်များ အနေဖြင့်- ယခု ရှင်းပြခဲ့သည့် အတိုင်း- မြန်မာ နိုင်ငံ အလံတင် အချ အခမ်း အနား ဇာတာနှင့် အထက်ပါ စစ်ကိုင်း ငလျင် ရက်စွဲကို သုံးပြုကာ- ကောဇာ လွှမ်းမိုးမှုများကို အသေးစိတ် တွက်ချက် ကြည့်မည် ဆိုပါက အထက်တွင် ယှဉ်တွဲ ဖေါ်ပြခဲ့သည့် ဇယားမှ အဖြေနှင့် ထပ်တူပင် ရပါလိမ့်မည်။

ပညာရှင် ၀ါသနာရှင် တို့အား- ရှင်းလင်းစေရန် ဥပမာ ဆောင်ပါမည်။ အကယ်၍- တစ်ဦးတစ်ယောက် သည် ဗေဒင် ပညာရှင် ထံသို့ လာရောက်၍- အိမ်ထောင်ရေး အခြေအနေ ကို မေးသည် ဆိုပါအံ့။ ဗေဒင် ပညာရှင်သည် ထိုဇာတာရှင် အနေဖြင့်- မင်္ဂလာ အခါ ဟု သတ်မှတ်၍ မင်္ဂလာ ဆောင်ထားခဲ့သော ဇာတာကို မူတည်၍- အိမ်ထောင်ရေး အခြေအနေ ကို တွက်ချက်ပါသည်လား၊ သို့တည်းမဟုတ် ဇာတာရှင်၏ အမှန်တကယ် မွေးဘွားခဲ့သော ဘွားဇာတာ ကို မူတည်၍သာ တွက်ချက်ပါသည်လား။ သို့ဆိုလျှင် - မြန်မာပြည် အနေဖြင့် လွတ်လပ်ရေး ဥပဒေ အရ- လွတ်လပ်သော တိုင်းပြည် အဖြစ် မွေးဖွားခဲ့သော အချိန်ကို မူတည် တွက်ချက် သင့်ပါသည်လား၊ သို့မဟုတ်- မင်္ဂလာ အခါ အဖြစ် အလံတင် အလံချ အခမ်း အနား ကို မူတည် တွက်ချက်သင့်ပါသည် လား ဆိုသည်ကို ဥာဏ်ဖြင့် ယှဉ်၍ ရမည် ဟု ယူဆပါသည်။ စကားလက်ဆောင် သာ ဖြစ်ပါသည်။ လက်ခံ သုံးစွဲရန်မှာကား ပညာရှင် တို့၏ သဘောသာ ဖြစ်ပါသည်။

မိုးတား နည်းစနစ်သည် မြန်မာ နက္ခတ်ပညာရှင် သုတေသီ စစ်စစ် များ- ပေါ်ပေါက်၍- မြန်မာ့ လူ့ဘောင်၊ ကမ္ဘာ့လူ့ဘောင် အကျိုးကို ထမ်းဆောင် နိုင်သူ များ ပေါ်ထွန်းစေရန် သာ ရည်ရွယ်ပါသည်။ မြန်မာ နိုင်ငံ အခြားခြားသော ဘေးအန္တရယ်များ နှင့် ပတ်သက်၍ နောင်ဆောင်းပါးများတွင် လည်း ဆက်လက် ဖေါ်ပြပါဦးမည်။

ချမ်းမြေ့ပါစေ။
နျူမာန် (မိုးတား)

[+/-] show/hide this post

No comments:

Post a Comment