Sunday, January 15, 2012

၂၀၁၂-နှင့် မြန်မာနိုင်ငံ ဆိုင်ရာ သုတေသန။ အပိုင်း (၃) တိုင်းပြည်က နုနု၊ မုန်တိုင်းက ထန်ထန်။

လွတ်လပ်ရေး ရခဲ့သည်မှ ၆၄-နှစ်ကြာ ဖြတ်သန်းခဲ့ရသည့် မြန်မာပြည် သည် - ဘ၀ လမ်းကြောင်း တစ်လျှောက်တွင် - အနိမ့်အကျ ဘ၀ မုန်တိုင်းမျိုးစုံကို- အနာတရ များစွာဖြင့် ကျော်ဖြတ်ခဲ့ရ၏။
ထိုအထဲတွင် ထင်ရှားသည် တို့မှာ အရေးအခင်း အထိကရုဏ်းများ ဖြစ်၏။ စာဖတ်သူတို့ အနေဖြင့်- အရေးအခင်း အထိကရုဏ်း ဖြစ်ပွားလျှင်- မည်သည့် ကဏ္ဍများ ထိခိုက်သည် ကိုကြုံတွေ့ခဲ့ကြဘူးပြီး ဖြစ်၏။

  • နိုင်ငံ အုပ်ချုပ်သူ။ မင်းအစိုးများ၊ တရားရေး အုပ်ချုပ်မှု အာဏာ (တစ်နည်းအားဖြင့် တနင်္ဂနွေဂြိုဟ်)
  • ဖြစ်ပွားသော အရေးအခင်း တို့သည်- ကျောင်းသားများ နှင့် သက်ဆိုင်ပါက- (တစ်နည်းအားဖြင့် ဗုဒ္ဓဟူး ဂြိုဟ် နှင့် ကြာသပတေးဂြိုဟ်)
  • တိုင်းပြည်၏ တည်ညိမ်အေးချမ်းမှု။ ပြည်တွင်းရေး အနေအထား။ (တစ်နည်းအားဖြင့်- ၄-တန့်ဘာဝ)
  • တိုင်းပြည်၏ ယေဘူယျ အနေအထား (တစ်နည်းအားဖြင့် - ၁-တန့်ဘာဝ)
  • ပြည်ပ ဆက်ဆံရေး အနေအထားများ။ (တစ်နည်းအားဖြင့် - ၇-တန့်ဘာဝ)
  • ဆူပူ အထိကရုဏ်း ဖြစ်ပွားမှုများ၊ ထိခိုက် နှိမ်နင်းမှုများ။ (တစ်နည်းအားဖြင့် - ၆-တန့်ဘာဝ)
ထို့အပြင် ကြီးကျယ်သော ဖြစ်ပွားမှု ဖြစ်ပါက- သက်ဆိုင်ရာ ကဏ္ဍများစွာ တို့အား ဂြိုဟ်ဆိုးတို့၏ လွှမ်းမိုး ဖျက်ဆီးထားမှုတို့ များစွာ တစ်ပြိုင်နက် တည်ရှိ နေရမည် ဆိုသော အချက်ကိုလည်း မမေ့သင့်ပါပေ။
ဖြစ်ပွားသော အချိန်ကာလ တို့သည်- ဂြိုဟ်ဆိုးများ၏ ဒဿတွင်လည်းကောင်း၊ အင်အား နည်းပါးသော ဂြိုဟ်တို့၏ ဒဿာ များတွင်လည်းကောင်း ဖြစ်ပွားနိုင်သည် ကိုလည်း နက္ခတ် ပညာရှင်များ အနေနှင့် သိထားကြသည်ဖြစ်၏။
အောက်ပါ ဖြစ်ရပ် တို့သည် မြန်မာနိုင်ငံ သမိုင်းတွင် အထင်ရှားဆုံး ဖြစ်ရပ်များ ဖြစ်ခဲ့၏။ ဇာတာဖြင့် တွက်ချက် ရက်စွဲကို ယူရာတွင်- ဖြစ်ပွားနေသော ရက်များအတွင်း အထင်ရှားဆုံး- ဟု ဆိုရမည့် ရက်များကို အသုံးပြု၏။

အလံတင် အလံချ အခမ်းအနား ဇာတာ- နံနက် ၄း၂၀ အရေးအခင်းများ ကို စစ်ဆေးခြင်း။

ဤဇာတာ အရ- စနေဂြိုဟ်သည် အရေးအခင်း ကာလများ အတွင်း - ကောဇာ ဂြိုဟ်ဆိုးများ၏ လွှမ်းမိုးမှုကို အကြိမ် အရေအတွက် အများဆုံး ခံထားရသော ဂြိုဟ် ဖြစ်၏။ တစ်ဆက်တည်း- ၄င်းသည်- ၄-တန့် ဘာဝ၏ မူလတြိဂေါဏ သခင်လည်း ဖြစ်၏။ စနေ ၏ သဘာဝ ပရိယာယ် နှင့် ၄-တန့် သခင် အဖြစ် တာဝန် ယူထားရသော ကာရက အဓိပ္ပါယ်ကို ပြန်ကြည့်လိုက်ပါ။ စနေသည်- “နိုင်ငံတော် အောက်ခြေ၀န်ထမ်းများ၊ ဆင်းရဲသူ လူတန်းစားများ၊ အောက်ခြေ လုပ်ငန်းများ နှင့် သတ္တုတွင်း တူးဖေါ်ရေးများ၊ ဥပဒေ ထိမ်းသိမ်းရေး ဆောင်ရွက်ရသူများ၊ အသက်အရွယ် ကြီးရင့်သူများ၊ အများပြည်သူပိုင် အဆောက်အဦများ၊ ရှေးဟောင်း အမွေအနှစ်များ။” ကို တာဝန်ယူ၍- ၄-တန့် သခင် အဖြစ်ဖြင့်- “စာသင်ကျောင်း၊ စသည့် ပညာရေး အဖွဲ့အစည်းများ၊ နိုင်ငံတော် မြေယာ ကဏ္ဍ၊ ကုန်သွယ်ရေး နှင့် စိုက်ပျိုးရေး။ လူထု အုပ်စု၊ သဘာဝ သယံဇာတ၊ သတ္တုတွင်း၊ ငြိမ်းချမ်း သာယာ အေးချမ်းမှု၊ နိုင်ငံရေး တည်ညိမ်မှု။” ကို တာဝန်ယူ၏။
ဆင်းရဲသား ပြည်သူများ နှင့်- နိုင်ငံတော် အေးချမ်းမှုများကို ထိခိုက်ကြောင်း ပြဆိုနေမှုကို တွေ့မြင်ရ၏။ ယခု ဆက်လက်၍- ထိုကာလများ အတွင်း မူလ ဇာတာ၏ ဘာဝများ အပေါ်တွင် ကောဇာ ဂြိုဟ်ဆိုးများ၏ ဖျက်ဆီးထားခဲ့မှုများကို လေ့လာကြပါအံ့။

အောက်ဖေါ်ပြပါ ဂရပ် အနေအထားအရ- ထိုအရေးအခင်းများ ဖြစ်ပွားမှုများ အတွင်း အများဆုံး ထိခိုက် ဖျက်ဆီးခြင်း ခံရသော ဘာဝများမှာ- ၅-တန့်၊ ၆-တန့် နှင့် ၁၂-တန့် တို့ဖြစ်ကြ၏။
တစ်ဆက်တည်း ဒဿာ အနေအထားများကိုပါ လေ့လာကြပါအံ့။

အရေးအခင်း ဖြစ်ပွားသော ကာလများကို ဒဿာ စနစ်ဖြင့် လေ့လာလိုက်သော အခါ- ကြာသပတေး ထူလ ဒဿာ နှင့် စနေ အန္တရ ဒဿာ သည် အထင်ရှားဆုံး ဖြစ်၏။ ကြာသပတေးသည် Mundane ဥပဒေသ အရ- “သံတမာန်များ၊ နိုင်ငံတော် အကြီးအကဲသို့ အကြံပေးသူများ၊ ဆရာများ၊ ဥပဒေ ပညာရှင်များ၊ ဘဏ်လုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ငြိမ်းချမ်းရေးနှင့် ပြည့်စုံ ကြွယ်ဝမှု။” ကို ပြဆို၏။ တစ်ဆက်တည်း ၂-တန့် သခင် တာဝန်ကို ယူထား၏။ ၂-တန့် သခင်၏ မန်ဒိန်း (Mundane) တာဝန်သည်- “တိုင်းပြည်၏ နိုင်ငံတော် ဘဏ္ဍာရေး၊ ပြည်သူ လူထု၏ ကြွယ်ဝမှု၊ သုံးစွဲ နိုင်မှု၊ ငွေကြေး တည်ငြိမ်မှု၊ နိုင်ငံတော် ဘတ်ဂျက်။” တို့ ဖြစ်၏။

တစ်နည်းအားဖြင့် စနေသည် ၄-တန့် ဘာဝ၏ မူလတြိဂေါဏ သခင်လည်း ဖြစ်၏။ စနေ ၏ သဘာဝ ပရိယာယ် နှင့် ၄-တန့် သခင် အဖြစ် တာဝန် ယူထားရသော ကာရက အဓိပ္ပါယ်ကို ပြန်ကြည့်လိုက်ပါ။ စနေသည်- “နိုင်ငံတော် အောက်ခြေ၀န်ထမ်းများ၊ ဆင်းရဲသူ လူတန်းစားများ၊ အောက်ခြေ လုပ်ငန်းများ နှင့် သတ္တုတွင်း တူးဖေါ်ရေးများ၊ ဥပဒေ ထိမ်းသိမ်းရေး ဆောင်ရွက်ရသူများ၊ အသက်အရွယ် ကြီးရင့်သူများ၊ အများပြည်သူပိုင် အဆောက်အဦများ၊ ရှေးဟောင်း အမွေအနှစ်များ။” ကို တာဝန်ယူ၍- ၄-တန့် သခင် အဖြစ်ဖြင့်- “စာသင်ကျောင်း၊ စသည့် ပညာရေး အဖွဲ့အစည်းများ၊ နိုင်ငံတော် မြေယာ ကဏ္ဍ၊ ကုန်သွယ်ရေး နှင့် စိုက်ပျိုးရေး။ လူထု အုပ်စု၊ သဘာဝ သယံဇာတ၊ သတ္တုတွင်း၊ ငြိမ်းချမ်း သာယာ အေးချမ်းမှု၊ နိုင်ငံရေး တည်ညိမ်မှု။” ကို တာဝန်ယူ၏။

နောက်ဇာတာတွင် တွေ့ရှိမှု နှင့် ထပ်နှိုင်းယှဉ်လိုက်ပါဦး။

လွတ်လပ်ရေး ဥပဒေ ဇာတာ- နံနက် ၀း၀၀ နှင့် အရေးအခင်းများ ကို စစ်ဆေးခြင်း။



တနင်္ဂနွေ နှင့် ဗုဒ္ဓဟူး တို့သည် ဂြိုဟ်ဆိုးများ၏ လွှမ်းမိုးမှုကို - ထိုအရေးအခင်း ကာလများတွင် - အခြားသော ဂြိုဟ်များထက် ထင်ရှားစွာ ခံစားရလိုက်၏။ တနင်္ဂနွေသည်- တရား ဥပဒေ စိုးမိုးရေး။ ဥပဒေပြု အဖွဲ့အစည်း။ နိုင်ငံတော် အစိုးရ တို့ကို ကိုယ်စားပြုသကဲ့သို့- ဤဇာတာ အရ- ၁၂-ဘာဝ၏ မူလ တြိဂေါဏ အိမ်ရှင် (သခင်) ဖြစ်၏။ မန်ဒိန်း မူ အရ- ၁၂-တန့် သခင်သည်- “ငွေကြေး ဆုံးရှုံးမှုများ၊ နိုင်ငံတော် အသုံးစရိတ်၊ မှောင်ခို စသော လျှို့ဝှက် ရာဇ၀တ်မှုများ၊ ဆေးရုံ၊ စစ်ရေး နှင့် ဆုံးရှုံးမှုများ။ သောက ပူပန် ခြင်း၊ တိုင်းပြည် အနေအထား အရ စိုးရိမ်ကြောင့်ကျရမှုများ။” ထိုဖြစ်ရပ်နှင့် ဆိုင်သော တနင်္ဂနွေ အား ဂြိုဟ်ဆိုးများမှ တိုက်ဖျက်ခြင်း ခံရခြင်းသည် ဖြစ်ပျက်သော ကိစ္စနှင့် ပို၍ ဆီလျော်သည် ဟု ထင်မြင်မိပါသလား။

ဗုဒ္ဓဟူးသည် “နည်းဗျူဟာ ပညာရှင်များ၊ ဥာဏ လုပ်သားများ၊ စာရေး ဆရာ စသော စာပေ ပညာရှင်များ၊
သယ်ယူ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဌာနများ၊ ပုံနှိပ်ရေး၊ ပညာရေး ၀န်ထမ်း၊ ပြောရေး ဆိုခွင့် ရှိသူများ၊ သတင်း နှင့် ပြန်ကြားရေး။ ” တို့ကို ကိုယ်စားပြု၏။ တစ်ဆက်တည်းပင်- ဇာတာ တစ်စောင် အတွက် အရေးအကြီးဆုံး တာဝန်ကို ယူထားသည့် - လဂ်သခင် ဖြစ်နေ၏။ လဂ်သခင် သည် မည်သည့် အချက်များကို ကိုယ်စားပြုနေပါသနည်း။ “တစ်တိုင်းပြည်လုံး၏ ယေဘူယျ အခြေအနေ၊ ပြည်သူလူထု ကျန်းမာရေး။ အုပ်ချုပ်မှု အနေအထား။ နိုင်ငံတော် တည်ညိမ်မှု၊ နိုင်ငံတော် အစိုးရ၏ ဂုဏ်သိက္ခာ၊ ကမ္ဘာမှ သတ်မှတ်သည့် အဆင့်အတန်း” စသည်တို့ကို လဂ်သခင်သည် ကိုယ်စားပြုကြောင်း အထက်တွင် ဖေါ်ပြခဲ့ပြီး ဖြစ်ပါ၏။

ဖြစ်ရပ်တို့ကို မည်သည့် ဇာတာက ပို၍ ပီပြင်စွာ ပြသနေပါသနည်း။

မပြီးသေးပါ - ကောဇာ ဂြိုဟ်ဆိုး များမှ - မူလ ဘာဝများကို လွှမ်းမိုး ဖျက်ဆီး ထားပုံကို ဆက်လက်၍ လေ့လာကြပါအံ့။

လွန်စွာ ထူးခြားစွာ စတင်မြင်တွေ့ရသည်က- ၁၉၆၂ နှင့် ၁၉၈၈ ကိစ္စများတွင် စုစုပေါင်း ဘာဝ ၁၂-ခု အနက်၊ ဘာဝ ၁၀-ခု အထိ အဆိုးဓါတ်တို့က အင်အား ကြီးမားစွာ လွှမ်းမိုး ထားပုံ ဖြစ်၏။

ထိုကိစ္စများသည် တိုင်းပြည်နှင့် အ၀ှမ်း- မည်ရွေ့မည်မျှ ခံစားခဲ့ရသည်ကို ပြဆိုနေခြင်း ဖြစ်၏။ တိုင်းပြည်၏ အရေးပါသော ကဏ္ဍများထိခိုက်သွားမှု နှင့် ဂြိုဟ်ဆိုးများ လွှမ်းမိုးထားမှု တို့မှာ- အလွန်ထူးခြားစွာ တိုက်ဆိုင်နေ၏။ အခြားသော ဖြစ်ရပ်တို့ကိုလည်း ကြည့်ပါလေ။

အကြိမ် အရေအတွက်အားဖြင့် အများဆုံး ထိခိုက်နေခဲ့သည်မှာ- ၄-တန့်၊ ၇-တန့်၊ ၁၀-တန့် နှင့် ၁၁-တန့် ဘာဝ တို့ ဖြစ်၏။ ၄င်းတို့သည် မည်သည် တို့ကို ကိုယ်စား ပြုပါသနည်း။ ၄-တန့်သည်- “စာသင်ကျောင်း၊ စသည့် ပညာရေး အဖွဲ့အစည်းများ၊ နိုင်ငံတော် မြေယာ ကဏ္ဍ၊ ကုန်သွယ်ရေး နှင့် စိုက်ပျိုးရေး။ လူထု အုပ်စု၊ သဘာဝ သယံဇာတ၊ သတ္တုတွင်း၊ ငြိမ်းချမ်း သာယာ အေးချမ်းမှု၊ နိုင်ငံတော် တည်ညိမ် အေးချမ်းမှု။” တို့ကို ကိုယ်စားပြုသလို- ၇-တန့်သည်- “နိုင်ငံတကာ ဆိုင်ရာ ဆက်ဆံရေး၊” တို့ကို ကိုယ်စားပြု၏။ ၁၀-တန့်သည်- “နိုင်ငံ၏ မြင်သာသော ကံကြမ္မာ။” ၁၁-တန့်သည်- “နိုင်ငံတကာ ဆက်ဆံရေး နှင့် အနာဂါတ် အစီအစဉ်များ။ တိုင်းပြည်၏ ဂုဏ်အဆင့် အတန်း။” တို့ကို ကိုယ်စားပြု၏။
ဆက်လက်၍ ဒဿာ စစ်ဆေးမှုများ ပြုကြည့်ကြပါစို့၊

ယခုတွေ့ရသည်က- ကြာသပတေး ထူလ ဒဿာ၊ ကြာသပတေး အန္တရများ တွင်- နိုင်ငံရေး ပြဿနာ၊ အရေးအခင်းများ ထင်ရှားစွာ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်၏။ ကြာသပတေးသည်- ပညာရေး နှင့် ပတ်သက်သူများ- “ဆရာများ၊ ဥပဒေ ပညာရှင်များ၊ ဘဏ်လုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ငြိမ်းချမ်းရေးနှင့် ပြည့်စုံ ကြွယ်ဝမှု။” တို့ကို ဖေါ်ပြသော ဂြိုဟ်ဖြစ်ကာ- ဤဇာတာ အရ- ၄-တန့် သခင်ဖြစ်၏။

အင်အားနည်းပါးသော ဂြိုဟ်တို့၏ ဒဿာ စားသော ကာလများတွင်- ကောဇာ ဂြိုဟ်ဆိုးများ၏ လွှမ်းမိုးမှု ထင်ရှားပါက- မကောင်းသော ဖြစ်ရပ်များ၊ အနိဋ္ဌာရုံများ ဖြစ်ပေါ် တတ်ကြောင်းကို မိုးတား ဆောင်းပါး များစွာတွင် ဖေါ်ပြခဲ့ပြီး ဖြစ်ပါ၏။ ဤဇာတာတွင် ကြာသပတေးသည်- ဂြိုဟ်များ အားလုံးတွင် အင်အား အနည်းဆုံးသော အခြေအနေတွင် တည်ရှိနေသည်ကို တွေ့နိုင်ပါသည်။
ထိုမျှ မကသေး- ပြတန္တရ ဒသာရှင် ဗုဒ္ဓဟူးသည် လဂ်သခင် ဖြစ်၍- ၄င်းသည်လည်း- အင်အား အနှုတ် ပြနေသည်သာမက- မူလ ဇာတာတွင် ဂြိုဟ်ဆိုးများ၏ လွှမ်းမိုးမှု ရှိထားခြင်းကိုလည်း တွေ့မြင်နိုင်၏။
စာဖတ်သူသည်- နက္ခတ်ဗေဒင် နှင့် အကျွမ်းတ၀င် အနည်းငယ်ရှိပါက- ယခု ကွာခြားမှုတို့ ထင်ရှားစွာမြင်မည်ဟု ယူဆပါသည်။


ပြီးခဲ့သော တွေ့ရှိမှုများကို ပြန်လည် ခြုံငုံ နှိုင်းယှဉ် စစ်ဆေးခြင်း။
ယခုတွေ့ရှိမှုများကို ပြန်လည် သုံးသပ် အမှတ်ပေး ယှဉ်ထိုးကြည့်ရာ အောက်ပါ အတိုင်း တွေ့ရပါသည်။ ဖြစ်ရပ် နှင့် ဗေဒင် သဘောသည် အလွန် သဘာဝကျ နေခြင်း ဖြစ်ပါက- ၃-မှတ် အထိ အများဆုံး ပေး၍၊ သက်ဆိုင်သည်ဟု မယူဆပါက- သုညမှတ် ပေးပါသည်။ စိတ်ဝင်စားသူများ မိမိသဘောကျသလိုလည်း အမှတ်ပေးကြည့် နိုင်ပါသည်။


ဤသုံးသပ်နည်း ကို စာရှူသူ အနေဖြင့် သိပ်သဘောမကျပါလျှင်- မိမိသုံးစွဲနေကြ နည်းများဖြင့်လည်း- ကြိုက်သလို စိစစ်၊ ဝေဘန် အမှတ်ပေးနိုင်ပါသေး၏။

စာဖတ်သူ နက္ခတ်သုတေသီသည် မိုးတားနည်းကို မသုံးလို ပဲ မိမိသုံးလို သည့် နည်းများဖြစ်သည့်-
- စနေ၊ နှင့် အင်္ဂါကို ပါပ ဂြိုဟ်ဆိုး အဖြစ်ယူဆမည် ဆိုပါက- တနင်္ဂနွေနှင့် ခိဏစန်း ကိုလည်းကောင်း၊ ပါပကတ္တရိ သင့်သော ဗုဒ္ဓဟူးသည် ပါပဂြိုဟ် ဖြစ်သွားသည်ကိုလည်းကောင်း ပယ်ချန်မထားသင့်။
- ထိုနည်းတူ- ၂-တန့်၊ ၇-တန့် တို့ကို မာရက အဖြစ်ယူမည် ဆိုပါက- ဒုဌာန အိမ်ရှင်များသည်လည်း ပါပ ဖြစ်သည်ကို မချန်လှပ်သင့်။
- ထိုနည်းတူ- နောက်တစ်ဆင့် တက်ပြီး- အနောက်တိုင်း အယူအဆ ဂြိုဟ်များ ဖြစ်သည့် ယူရေးနပ်စ်၊ နက်ပ်ကျွမ်း၊ ပလူတို တို့ကိုပါ ဂြိုဟ်ဆိုး အဖြစ် ဆက်ယူပါက- ၁၂-ရာသီခွင် တစ်ခုလုံး ဂြိုဟ်ဆိုးများဖြင့် ပြည့်နေသည့် နောက်တွင်- ထိုဂြိုဟ်ဆိုးတို့ ပူး၊မြင်၊ သော်လည်း- မကောင်းသော ဖြစ်ရပ်များ မဖြစ်သော နေ့စွဲများစွာကို လျစ်လျူ မပြုသင့်။
- မိမိသုံးစွဲသော နည်းစနစ်ကို တစ်မူတည်း မပြောင်းမလဲ- မချန်မလှပ်ပဲ- စစ်ဆေးပြီး သုတေသန ပြုကြရန် အကြံပြုပါသည်။

နောက်တစ်ပါတ် ဆောင်းပါးတွင်- သဘာဝ ဘေးအန္တရာယ်များ နှိုင်းယှဉ်ချက် တို့ကို ဖေါ်ပြပါမည်။


(နိုင်ငံရေး ဗေဒင် နှင့် မိုးတား ၏ ရပ်တည်ချက် တို့ကို “၂၀၁၂-နှင့် မြန်မာနိုင်ငံ ဆိုင်ရာ သုတေသန။ အပိုင်း (၁)” တွင် ဖတ်ရှု နိုင်ပါသည်။)
(ဗုံးပေါက်ကွဲမှု ဖြစ်ရပ်များ နှင့် မြန်မာ့ ဇာတာ ယှဉ်တွဲ ဆန်းစစ်ချက်များကို “၂၀၁၂-နှင့် မြန်မာနိုင်ငံ ဆိုင်ရာ သုတေသန။ အပိုင်း (၂)” တွင် ဖတ်ရှု နိုင်ပါသည်။)



မြန်မာ နက္ခတ်ဗေဒင် သုတေသီများ ထွန်းကား နိုင်ပါစေ။


နျူမာန် (မိုးတား)

[+/-] show/hide this post

2 comments:

YoungGun said...

ဆရာနျူမန်ခင်ဗျား မိုးတားနည်း မသိသူများ ဖတ်နိုင်သော၊ ဇယားများစွာ မပါဝင်ဘဲ သာမန် ဂြိုဟ်ခွင်လောက်ဖြင့်သာ အပေါ်ယံ လျှပ်သိနိုင်သော ဆောင်းပါးမျိုးဖြင့်လည်း ဖတ်ရှုလိုပါသည် သင်္ချာမပိုင်က ဆော့ဝဲလ် မရှိပါက ဗေဒင် မတတ်တော့ဟု အထင်ရောက်မိနေသော ကျွန်တော့်အတွက် ငဲ့ညှာသောအားဖြင့်ပါ

နျူမာန် (မိုးတား) said...

ကိုရမ်းဂန်း ရေ၊
အခုလို အကြံပြုပေးတာ ကျေးဇူးတင်ပါတယ်ဗျာ။ အချက်အလက်တွေက တစ်အားများတော့- စာနဲ့ ချရေးယင် တစ်အားကျယ်သွားမှာ မို့- ဇယားတွေနဲ့ အားလုံးကို တစ်ပြိုင်တည်း ဖေါ်ပြမိတာပါ။ အကြံပေးတဲ့ အတိုင်း- အပိုင်း တစ်ပိုင်း လောက်ကို စာသား သက်သက်နဲ့ ဆောင်းပါး ရေးဘို့ ကြိုးစားပါ့မယ်။
ချမ်းမြေ့ပါစေဗျာ။
နျူမာန် (မိုးတား)

Post a Comment