Wednesday, April 20, 2011

ပါရမီရှင်၊ ပညာရှင် တို့၏ ဇာတာ (အပိုင်း ၂- လီယို နာဒို ဒါဗင်ချီ)

Photobucketမိုနာလီဇာ ပန်းချီကား ဆိုလျှင် လူတိုင်းလိုလို ကြားဘူးကြပါမည်။ ယခု အခါတွင် ဒေါ်လာ သန်းပေါင်း ရာနှင့် ချီ၍ ထိုက်တန် နေပြီ ဖြစ်သော ထိုပန်းချီကား ကို ရေးဆွဲခဲ့သူ ပန်းချီဆရာကြီး လီယို နာဒို ဒါဗင်ချီ၏ အကြောင်းကို မူ- အသေးစိတ် သိသူ အရေအတွက် က ပန်းချီကား ကို သိသူ အရေ အတွက်ထက် စာလျှင် များစွာ နည်းပါး ပါ၏။
  • သူသည် သူ၏ ဘ၀ တစ်သက်တာတွင် အံ့မခန်း လောက်သော တီထွင် ဒီဇိုင်း ရေးဆွဲမှုများကို ပြုခဲ့သည်။
  • သူ၏ မှတ်စု စာအုပ်သည် စာမျက်နှာပေါင်း တစ်သောင်း သုံးထောင် ခန့် အထိ ရှိခဲ့ရာတွင်- အထူးခြား ဆုံးမှာ သူ ရေးသားသော စာများကို လူအများ အနေဖြင့် မှန်ဖြင့် ကြည့်၍ ဖတ်မှသာ ဖတ်၍ရသော မှန်စာ အနေဖြင့် ဘယ်ဘက်မှ ညာဘက်သို့ ရေးသားခဲ့သည်။
  • သူသည် အဓိက အားဖြင့် ဘယ်သန် တစ်ဦး ဖြစ်သော်လည်း- ပုံဆွဲခြင်း၊ စာရေးခြင်း ပြုရာများတွင် အလျင်းသင့်သလို ဘယ်ဘက် နှင့် ဖြစ်စေ၊ ညာဘက်နှင့် ဖြစ်စေ ရေးဆွဲနိုင်သော ambidextrous ဖြစ်သည်။
  • သူသည် ဘ၀ တစ်လျှောက်လုံး သက်သတ်လွတ် စားခဲ့ရုံမျှမက- အခြားသော အနောက်နိုင်ငံသား သက်သတ်လွတ် စားသူများကဲ့သို့ နွားနို့ကိုပင် မသောက်သုံးပဲ- နွားနို့ သည် နွားကလေး၏ ရပိုင်ခွင့်ကို ခိုးယူခြင်း ဖြစ်သည်ဟု ယူဆ၍ နွားနို့ကိုပင် ရှောင်ကြဉ် ခဲ့သူ ဖြစ်၏။
  • သူသည်- ပန်းချီဆရာ အဖြစ်သာမက - အနုပညာ တီးမှုတ် သီဆိုခြင်းတွင်- တူရိယာ ပစ္စည်းအမျိုးမျိုးကို ကျွမ်းကျင်စွာ တီးနိုင်သည်သာမက- သီချင်း ရေးစပ်သီကုံးခြင်း၊ သီချင်း ဆို လွန်စွာကောင်းခြင်း တို့ပါ ထင်ရှားကြောင်းကို သူနှင့် ခေတ်ပြိုင်များက ဖေါ်ပြခဲ့သည့် အပြင်- အရပ် ၆ ပေ ၄ လက္မခွဲ ရှိပြီး၊ ထိုခေတ် တွင် အီတလီတွင် အချောဆုံး လူတစ်ယောက် ဖြစ်ခဲ့သည်ဟုလည်း ခေတ်ပြိုင်များက သူ့အကြောင်းကို ဖေါ်ပြခဲ့ ကြပါသည်။

လွန်စွာ ထူးခြားသော ဥာဏ်ရည် ရှိသူ ဖြစ်၍ - မှန်စာ ရေးခြင်းလား၊ သူ၏ မှတ်တမ်းကို အခြားသူများ အလွယ် တကူ ဖတ်မရစေရန် လျှို့ဝှက်သည့် အနေဖြင့် ရေးသားခြင်းလား၊ ထိုခေတ်အခါက မှင်တို့ပြီး ကလောင်ဖြင့် စာရေး ရာတွင် လက်ဖြင့် ရေးထားသော စာကို ပြန်မထိမိစေရန် ဘယ်သန် တစ်ယောက် အနေဖြင့် ဘယ်မှ ညာသို့ မှန်စာ ပြန်ရေးခြင်း ဖြစ်သည်လား ဆိုသည်တို့ကိုတော့- မည်သူမျှ အတိအကျ မသိရပါပေ။
လူတို့၏ ဥာဏ်စွမ်း အရည်အသွေးကို အိုင်ကျူ I.Q ဖြင့် တိုင်းတာကြရာတွင်-
  • အိုင်ကျူ I.Q တန်ဘိုး ၈၅-မှ ၁၁၄ အတွင်း ရှိသူတို့ သည် ပျမ်းမျှ ပုံမှန် အနေအထားဖြစ်၍ အထက်တန်း ပညာ အဆင့် အထိ သင်ကြား နိုင်သူတို့ ဖြစ်သည်။
  • အိုင်ကျူ I.Q တန်ဘိုး ၁၁၅-မှ ၁၂၄ အတွင်း ရှိသူတို့ သည် ပုံမှန် ထက်သာသော ဥာဏ်စွမ်း အနေအထားဖြစ်၍ ကောလိပ် ပညာတန်း အထိ သင်ကြားနိုင်သူတို့ ဖြစ်သည်။
  • အိုင်ကျူ I.Q တန်ဘိုး ၁၂၅-မှ ၁၃၄ အတွင်း ရှိသူတို့ သည် Gifted ခေါ် ထူးချွန်သော အနေအထားဖြစ်၍ တက္ကသိုလ် ပညာ အဆင့် သင်ကြားနိုင်သူတို့ ဖြစ်သည်။
  • အိုင်ကျူ I.Q တန်ဘိုး ၁၃၄-မှ ၁၄၄ အတွင်း ရှိသူတို့ သည် Highly gifted ခေါ် အလွန် ထူးချွန်သော အနေအထားဖြစ်၍ နိုင်ငံတကာ တက္ကသိုလ် မဟာပညာ အဆင့် သင်ကြားနိုင်သူတို့ ဖြစ်သည်။
  • အိုင်ကျူ I.Q တန်ဘိုး ၁၄၄-မှ ၁၅၄ အတွင်း ရှိသူတို့ သည် Genius ခေါ် ပါရမီရှင် အနေအထားဖြစ်၍ နိုင်ငံတကာ တက္ကသိုလ် ပရော်ဖက်ဆာ များ အဆင့် ရောက်နိုင်သူများ ဖြစ်သည်။
  • အိုင်ကျူ I.Q တန်ဘိုး ၁၅၄-မှ ၁၆၄ အတွင်း ရှိသူတို့ သည် genius ခေါ် ပါရမီရှင် အနေအထားဖြစ်၍ ကမ္ဘာကျော် နိုဘယ်လ် ဆုရှင့် အဆင့် ရောက်နိုင်သူများ ဖြစ်သည်။
  • အိုင်ကျူ I.Q တန်ဘိုး ၁၆၅-မှ ၁၇၉ အတွင်း ရှိသူတို့ သည် High genius ခေါ် အဆင့်မြင့် ပါရမီရှင် အနေအထားဖြစ်၍ အလွန်ထူးချွန် သူများ ဖြစ်သည်။
  • အိုင်ကျူ I.Q တန်ဘိုး ၁၈၀-မှ ၂၀၀ အတွင်း ရှိသူတို့ သည် Highest genius ခေါ် အလွန် အဆင့်မြင့် ပါရမီရှင် အနေအထားဖြစ်၍ အလွန့် အလွန် ထူးခြားသော ဥာဏ်စွမ်းရည် ပိုင်ရှင်တို့ ဖြစ်သည်။
  • အိုင်ကျူ I.Q တန်ဘိုး ၂၀၀ ထက် ကျော်လွန်သူတို့မှာမူ - ထိုသူတို့၏ ဥာဏ်စွမ်းကို တိုင်းတာ၍ မရလောက် အောင် ထူးခြားသော ပါရမီရှင် ပညာရှင်များ ဖြစ်ကြသည်။
အောက်ပါ ပုဂ္ဂိုလ်များသည် အိုင်ကျူ I.Q ၁၆၀ ရှိကြသူများ ဖြစ်၏။
  • သိပ္ပံပညာရှင် ကြီး အိုင်းစတိုင်း
  • ဘင်ဂျမင် ဖရန် ကလင်
  • ကမ္ဘာကျော် သူဌေးကြီး ဘီလ်ဂိတ်
  • ဘီလ် ဂိတ်၏ သူငယ်ချင်း ပေါလ် အယ်လင်
  • သိပ္ပံပညာရှင် ကြီး စတီဖင် ဟောကင်း
လီယို နာဒို ဒါဗင်ချီ မှာမူ အိုင်ကျူ I.Q တန်ဘိုး ၂၂၀ ရှိ၍- သမိုင်းတွင်- လူ့ဘောင် ခေတ် တစ်ခုလုံးတွင်- အမြင့်ဆုံး အနေအထား တွင် ရှိခဲ့သော အနေအထား ဖြစ်သည်။
အောက်ဖေါ်ပြပါ ဂရပ်ဖ်သည် ပုံမှန် လူအများစု တို့၏ အိုင်ကျူ အနေအထားပြ ဂရပ်ဖြစ်သည်။ လူအများစုသည် ပုံမှန် ဥာဏ်ရည် ၁၀၀ ပတ်ဝန်းကျင်တွင်သာ ရှိပါ၏။
Photobucket
အလွယ်အားဖြင့် ဆိုသော အိုင်ကျူ I.Q ဆိုသည်မှာ- ဇာတာရှင်၏ စိတ်သက် Mental Age အား- ဇာတာသက် ခေါ် အသက်အမှန် Chronological Age ဖြင့် စား၍ ရလာသော အချိုးကို ၁၀၀ ဖြင့် မြှောက်တွက်၍ တိုင်းတာ သော နည်းဖြစ်ပါသည်။
တွက်ပုံ မျိုးကွဲများ ရှိသော်လည်း- အများစု အနေဖြင့် လက်ခံထား သော စနစ်မှာ အထက်တွင် ဖေါ်ပြခဲ့သည့် အတိုင်း အိုင်ကျူ တန်ဘိုး ၂၀၀ အထိသာ ရှိပါသည်။ ဆိုလိုသည်မှာ အသက်အားဖြင့် ၅-နှစ် အရွယ်ရှိသော ကလေးငယ် တစ်ဦး အနေဖြင့်- ၁၀-နှစ်သားတစ်ဦး၏ ဥာဏ်စွမ်းမျိုး ရှိနေပါက- စိတ်သက် Mental Age ဖြစ်သော ၁၀ ကိုတည်၊ ဇာတာသက် ခေါ် အသက်အမှန် ဖြစ်သော Chronological Age ဖြစ်သည့် ၅-နှစ်ဖြင့် စားပြီး၊ ၁၀၀ ဖြင့် မြှောက်လိုက်ပါက- ထိုကလေးငယ်သည် အိုင်ကျူ I.Q ၂၀၀ ရှိသည်ဟု ဆိုရပါသည်။
ထိုခေတ်အခါက လီယိုနာဒို ဒါဗင်ချီ၏ ဥာဏ်ပညာ စွမ်းရည်သည် လူတိုင်းထက် နှစ်ပေါင်း ရာချီ စော၍ ရှေ့သို့ ရောက်နေခဲ့သည်။
သူ၏ တီထွင် ဖေါ်ထုတ်ထားခဲ့မှုများကို သူသေဆုံးပြီး နောက်- အနှစ် ၃၀၀-ခန့်ကြာမှသာ အခြားသူတို့ နားလည် သဘောပေါက် နိုင်ခဲ့ပါ၏။ သူသည် ပန်းချီ ဆရာ၊ ပန်းပု ဆရာ၊ အဖြစ်သာ မက- တန်ချိန် များစွာ လေးသော ပစ္စည်း တို့ကို ကရိန်း မရှိပဲ မ-တင် နိုင်သော စက်သီး pulley system စနစ်ကို တည်ထွင်ခဲ့သော၊ ရေပန့် စသည် တို့ကို တည်ထွင်ခဲ့သော စက်မှု အင်ဂျင်နီယာ ဖြစ်သည်သာမက လေကြောင်း ပျံသန်း ရေးကိုပါ တီထွင် ခဲ့သော ပါရမီ ထူးရှင် တစ်ယောက်ဖြစ်ခဲ့သည်။
သူသည်- အောက်ပါ ပညာရပ်များကို တက္ကသိုလ်မတက်၊ ဆရာမရှိပဲ- မိမိဘာသာ လေ့လာ တတ်ကျွမ်းခဲ့သည်။
  • လေကြောင်း အင်ဂျင်နီယာ ပညာရပ် Aeronautics
  • ခန္ဓာဗေဒ ပညာရပ် Anatomy
  • ရုက္ခဗေဒ ပညာရပ် Botany
  • ပထ၀ီ ပညာရပ် Geology
  • မြို့ပြ အင်ဂျင် နီယာ ပညာရပ် Civil Engineering
  • ဓါတု ဗေဒ ပညာရပ် Chemistry
  • ဇီဝ ဗေဒ ပညာရပ် Biology
  • မြေပုံ ဆွဲ ပညာရပ် Cartography (ပထမဆုံးသော ဥရောပ မြေပုံကို ရေးဆွဲခဲ့သူလည်း ဖြစ်သည်။)
  • ဂျီသြ မေတြီ ပညာရပ် Geometry
  • ရေစွမ်းအင် ဖေါ်ထုတ်ရေး ပညာရပ် Hydrodynamics
  • သင်္ချာ ပညာရပ် Mathematics
  • စက်မှု အင်ဂျင်နီယာ ပညာရပ် Mechanical Engineering
  • အလင်း ရူပဗေဒ ပညာရပ် Optics
  • သတ္တဗေဒ ပညာရပ် Zoology
  • ရူပဗေဒ ပညာရပ် Physics
  • အာကာသ နက္ခတ္ထဗေဒ ပညာရပ် Astronomy
  • အဂ္ဂိရတ် ပညာရပ် Alchemy
  • Pyrotechnics
သူ အနေဖြင့် - ဒီဇိုင်း ဆွဲခဲ့ စက်ပစ္စည်း ကိရိယာများအနက် ထင်ရှားသော အရာများမှာ အောက်ပါ တို့ဖြစ်သည်။ ပုံဖြစ်ရုံ အလှ ဆွဲရုံမျှ မဟုတ်ပဲ- ထိုခေတ်အခါက အခြားသူများ အနေဖြင့် နားမလည် နိုင်သေးသော အင်ဂျင်နီယာ အမြင်များ- စက်မှု သဘောများ ဖြင့် ဒီဇိုင်း ရေးဆွဲခဲ့ခြင်း ဖြစ်သော်လည်း- သူ့ခေတ်က လူအများကမူ နားလည် တန်ဘိုး ထားရကောင်း မသိခဲ့ကြပါ။
  • Artillery Park ခေါ် အမြောက်
  • Stretching Device for Barrel Spring
  • Design for Boat လှေသင်္ဘော ဒီဇိုင်း
  • Ornithopter Flying Machine တောင်ပံ ခတ်ပျံသန်းမှုကို အခြေခံသော စက်။
  • Design for Flying Machine လေယာဉ်ပျံ၏ အခြေခံ တောင်ပံ သဘောများ ပါဝင်သောစက်။
  • Armoured Car သံချပ်ကာ ကား (နောင် အနှစ် ၄၀၀ ကြာမှသာ တင့်ကား ဟူ၍ ပေါ်ပေါက်လာသည်။)
  • Giant Crossbow (လူအားကို သုံးသော်လည်း အလွန်ကြီးမားသော ဒူးလေး လက်နက်)
  • Machine for Storming Wall (ရန်သူ မြို့ရိုးကို ထိုးဖေါက် နိုင်သော စက်)
  • Eight Barreled Machine Gun (ပြောင်း ၈-ပေါက် ပါသော စက်သေနတ်)
  • Automatic Igniting Device for Firearms (သေနတ်တွင် အလိုအလျောက် မီးဖေါက်ပေးသောစနစ်)
  • Parachute Drawing (လေထီး)
  • Crane Clocks (ကရိန်း နှင့် နာရီ၊ ပထမ ဆုံး နှိုးစက် ပုံစံကိုလည်း တီထွင်ခဲ့သည်။)
  • Drilling Machines လွန်တူးစက်
  • Grinding Convex Lenses မှန်ခုံး သွေးစက်
  • An Arsenal (စက်လက်နက် ထုတ်လုပ်ရာ စက်ရုံ)
  • Hydraulic Machine (ရေတင်စက်)
  • Horseless Carriage (မြင်းမပါသော ရထား)

PhotobucketPhotobucket


Photobucketဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါ။ လက်ရှိ မျက်မှောက်ခေတ် ဆေးပညာတွင် အရေး အကြီးဆုံး ဖြစ်သော ခန္ဓာ ဗေဒ ဘာသာရပ် အတွက်-
  • လူ၏ လက်တစ်ချောင်း လှုပ်ရှားမှု တည်ဆောက်ပုံ။
  • မိခင်ဝမ်းတွင် ရှိနေသော သန္ဓေသား ၏ အနေအထား။
  • ဦးခေါင်း နှင့် လည်ပင်းတို့၏ အတွင်းပိုင်း တည်ဆောက်ပုံ။
  • အမျိုးသမီး တို့၏ အတွင်း ကိုယ်ခန္ဓာ အစိတ်အပိုင်းများ။ စသည်ဖြင့် များစွာ ရှိပါသေးသည်။



လီယိုနာဒို ဒါဗင်ချီ၏ ဘ၀ ဇတ်ကြောင်း အကျဉ်း။
ကျွန်တော်တို့ လူအများစုသည်- မိမိတို့ ကဖြင့် ကျောင်းကောင်းကောင်း မတက်ခဲ့ရလို့၊ ပညာရေး စနစ်က ဘာမို့၊ ညာမို့၊ ဆရာကောင်း မကြုံတွေ့ရလို့- စသဖြင့် အကြောင်းအမျိုးမျိုးပြ၍ တစ်ဘက်မှ မိမိကိုယ်မိမိ ကာကွယ် ပြောဆိုကြသကဲ့သို့၊ အခြားတစ်ဘက် ကလည်း သူများနိုင်ငံတွေက တီထွင်မှုကို အားပေးတယ်။ တို့က အားပေး မခံရလို့ ဟူ၍လည်းကောင်း၊ အထောက်အကူ ပစ္စည်း မပြည့်စုံဘူး ဟူ၍ လည်းကောင်း၊ သူတို့က အားနေလို့ တီထွင် နိုင်တာပေါ့၊ ငါတို့က ထမင်းစားဘို့ အလုပ်လုပ်နေကြရတာ - အားမှ မအားပဲ ဟူ၍ လည်းကောင်း ပြောဆို နေကြချိန် တွင်- လီယိုနာဒို သည်-
  • ချမ်းသာ၍ အာဏာရှိသော ဘခင်နှင့် တောသူ ဆင်းရဲသား မိခင်တို့မှ တရားဝင် လက်ထပ်ထားခြင်း မရှိပဲ- အဖေ မည်သူ မှန်း သိသော်လည်း တရားဝင် သား အဖြစ် မရရှိခဲ့ရသော မိမစစ်၊ ဘမစစ်ကောင် bastard ဆိုသော ဘ၀ဖြင့် ကြီးပျင်းလာခဲ့ရသည်။
  • ကလေး ဘ၀ တွင်ပင်-မိခင်က ဘ၀တူ တောသား တစ်ယောက်ဖြင့် အိမ်ထောင်ပြုသွားသော အခါတွင်- ဘခင် ဖြစ်သူက ခေါ်ယူ ကျွေးမွေးခဲ့သော်လည်း- တရားဝင် သား မဟုတ်သဖြင့် ဘခင်၏ အမည်ကို ဆက်ခံ ခွင့် မရပဲ- Leonardo Da Vinci ဆိုသော အမည်- တနည်းအားဖြင့် Vinci ဗင်ချီ မြို့မှ Leonardo လီယို နာဒို ဆိုသော အမည်ဖြင့်သာ ကြီးပျင်းခွင့် ရခဲ့သည်။
  • ဘခင် နှင့် လုပ်ငန်း ပြိုင်ဘက်၊ အာဏာ ပြိုင်ဘက် တို့မှ ဘခင် သေဆုံးပြီးနောက် - ၄င်းတို့ မိသားစု အား နည်းမျိုးစုံဖြင့် အမြစ်ပြုတ် ချေမှုန်းရန် အဆင့်ဆင့် စီစဉ် လုပ်ကြံခဲ့ကြရာတွင်- ပုပ်ရဟန်းမင်း အထောက် အကူဖြင့် သူ၏ အကို နှင့် ညီဖြစ်သူတို့အား တရားစွဲဆို၍ တရားရုံးတွင်- ညီဖြစ်သူအား ဓါးဖြင့် ၁၉-ချက် မသေမချင်း ထိုး၍ လုပ်ကြံခဲ့ပြီး- အကို ဖြစ်သူမှာ ဓါးဒဏ်ရာဖြင့် ထွက်ပြေး လွတ်မြောက်ခဲ့ရသည်။
  • တရားမ၀င်သား ဖြစ်သော လီယိုနာဒို အားလည်း ချမ်းသာ မပေးခဲ့။ ပန်းချီလုပ်ငန်းဖြင့် နာမည် ရလာသော အသက် ၂၀-ကျော် အရွယ်- လီယိုနာဒို အား - ထိုစဉ်က ဘာသာရေး ဥပဒေ အရ သေဒဏ် ပေးနိုင်သော ရာဇ၀တ်မှု ဖြစ်သည့် ယောက်ျားချင်း လိင်တူ ဆက်ဆံသည်ဟု စွဲချက်တင်၍ အပြတ်ရှင်းရန် ကြံခဲ့ သော်လည်း- ကံကောင်း ထောက်မစွာ လွတ်မြောက်လာခဲ့ရသည်။
  • မိမိတို့ နယ်မြေကို ကျူးကျော်လာသူ ရန်သူအား- သံတမာန် နည်းဖြင့် တစ်ဦးတည်း သွားရောက်ခဲ့သည့် ဖလော့ရန့် ဒေသ ခေါင်းဆောင် အကိုဖြစ်သူ လော်ရန်ဇိုး ပြန်ရောက်မလာသည့် ၃-လ တာ ကာလတွင် မိမိ နယ်မြေကို ရန်သူ့ လက်ချက် မှ ကာကွယ်ရန် - စဉ်းစားယင်းဖြင့်- စက်လက်နက် ပစ္စည်းများ၊ မြို့ကာကွယ် ရေး အစီအစဉ် များ ကို ဒီဇိုင်း ရေးဆွဲ တီထွင်ခဲ့ရသည်။
  • စက်လက်နက် ပစ္စည်း များ ကျွမ်းကျင်သူ အနေဖြင့် - နယ်မြေ အာဏာ ရှိသူ အမျိုးမျိုးထံသို့ ချဉ်းကပ် ၍ စက်လက်နက် ဒီဇိုင်း ဆွဲရန် အလုပ်ရှာခဲ့သော်လည်း- စက်မှု နည်းပညာကို နားမလည်သော ခေါင်းဆောင် များသည်- ပန်းချီ ဆရာအဖြစ် သူတို့ နားလည် ထားသော လီယိုနာဒို အား- ၄င်းတို့၏ ဇနီး မယားတို့၏ ပုံတူ ရေးဆွဲခိုင်းခြင်းကို စိတ်မပါစွာဖြင့် ရေးဆွဲ ပေးခဲ့ရသေးသည်။
အောက်ပါ စကားသည်ကား လီယိုနာဒို၏ မှတ်တမ်း စကားပင် ဖြစ်တော့သည်။
“ဒုက္ခရောက်နေချိန်မှာ ပြုံးနိုင်တဲ့သူတွေ၊ ဆုံးရှုံး စိတ်ပျက်စရာတွေထဲက အင်အားကို ရသွားနိုင်သူတွေ၊ တုန့်ပြန်မှု ကြောင့် ရဲရင့် သွားသူတွေကို ကျွန်တော် ချစ်တယ်။ သေးငယ်တဲ့ စိတ်ဓါတ် တွေဟာ - ရှုံ့ဝင် သေးငယ်သွား တတ်ပေမယ့်- နှလုံးသား ခိုင်မာသူတွေ၊ စဉ်းစား ချင့်ချိန် နိုင်မှုနဲ့ လုပ်ဆောင်မှုကို ဦးစီးသူတွေ ကတော့- မသေမချင်း သူတို့ရဲ့ ရည်ရွယ်ချက်နဲ့ ဥပဒေသ တွေကို ဆက်လက် ဖွေရှာ ရအောင်လုပ်ဆောင်သွားကြတာပါပဲ”
I love those who can smile in trouble, who can gather strength from distress, and grow brave by reflection. 'Tis the business of little minds to shrink, but they whose heart is firm, and whose conscience approves their conduct, will pursue their principles unto death.’ - Leonardo Da Vinci
လီယိုနာဒို အပိုင်း (၂) ကို ဆက်လက် တင်ပြပေးပါမည်။
အားလုံး ချမ်းမြေ့ပါစေ။

နျူမာန် (မိုးတား)

[+/-] show/hide this post

1 comment:

ကိုပခန်း said...

ဗဟုသုတများစွာရပါတယ်ဆရာ။ မှတ်သားလျှက်
ကိုပခန်း

Post a Comment