Tuesday, April 26, 2011

ပါရမီရှင်၊ ပညာရှင် (အပိုင်း ၃- လီယို နာဒို ဒါဗင်ချီ-၂)

လီယိုနာဒို ဒါဗင်ချီ၏ မွေးနေ့။

အင်တာနက် စာမျက်နှာများကို ကြည့်လိုက်လျှင်- အများဆုံး တွေ့ကြရမည်မှာ လီယိုနာဒို ဒါဗင်ချီ၏ မွေးနေ့ကို April 15, 1452 ဖြင့်လည်းကောင်း၊ April 23, 1452 ဟူ၍ လည်းကောင်း မတူညီသော မွေးချိန် တို့ကို တွေ့ကြ ရမည် ဖြစ်ပါသည်။
၎င်းတို့ တစ်ခုမှ မမှားကြပါ။ မှားနေသည်က ပြက္ခဒိန် စနစ် ဖြစ်ပါ၏။ လီယိုနာဒို၏ အဘိုး ဖြစ်သူသည် သူ၏ နေ့စဉ် မှတ်တမ်း တွင် “ငါ့မြေး ကို April 15 ရက် စနေနေ့၊ နေ၀င်ပြီး ၃-နာရီ အကြာ ညဘက်တွင် မွေးခဲ့သည်” ဟု ရေးသား ခဲ့၏။
တကယ့် အမှန်မှာ- ထိုအချိန်က လီယိုနာဒို မွေးဖွားရာ အီတလီ နိုင်ငံ၊ ဖလော့ရင်း ဒေသတွင် အသုံးပြုသည်က ဖလောရင့်တိုင်း ပြက္ခဒိန် (Florentine calendar) ဖြစ်၏။


  • ပထမ အချက် အနေဖြင့် ဖလောရင့်တိုင်း ပြက္ခဒိန် (Florentine calendar) စနစ်အရ- ညနေ -နေ၀င် သွားပြီ ဆိုသည် နှင့် နောက်တစ်နေ့ အနေဖြင့် သတ်မှတ်လိုက်၏။ အဘိုးဖြစ်သူ မှတ်ထားခဲ့သော- April 15 ရက် စနေနေ့ ဆိုသည်မှာ- ယခု အနေအားဖြင့် ဆိုလျှင် April 14 ရက် သောကြာနေ့ ညပင် ရှိသေး၏။ ဤအချက်ကို http://en.wikipedia.org/wiki/Florentine_calendar တွင် လေ့လာနိုင်ပါ၏။
  • ဒုတိယ အချက် အနေဖြင့်- ထို ဖလောရင့်တိုင်း ပြက္ခဒိန် (Florentine calendar) သည် - ယခုခေတ် ပြက္ခဒိန် စနစ်ဖြစ်သော ဂရီဂိုရီယန် ပြက္ခဒိန် (Gregorian Calendar) စနစ်မဟုတ်ပဲ၊ ဂျူလီယာ ဆီဇာ ပြဌာန်းခဲ့သော ဂျူလီယန် ပြက္ခဒိန် စနစ် (Julian Calendar) ဖြစ်၏။ ထို ဂျူလီယန် ပြက္ခဒိန် အရ April 14, 1452 ကို ယခုခေတ် ပြက္ခဒိန် စနစ်ဖြစ်သော ဂရီဂိုရီယန် ပြက္ခဒိန် (Gregorian Calendar) သို့- ပြန်ပြောင်းလိုက်သော အခါ- April 23, 1452 ဖြစ်၏။

ထို့ကြောင့်- လီယိုနာဒို မွေးဖွားခဲ့သည်ကို ဂရီဂိုရီယန် ပြက္ခဒိန် (Gregorian Calendar) စနစ်- တစ်နည်း အားဖြင့် - ယခုခေတ် ပြက္ခဒိန် စနစ် အားဖြင့် ဆိုသော် April 23, 1452 သောကြာနေ့ ဖြစ်၍၊ ဂျူလီယန် ပြက္ခဒိန် စနစ် (Julian Calendar) စနစ် အရ ဆိုသော်- April 14, 1452 သောကြာနေ့ ည ၉ နာရီ ကျော် ဖြစ်၏။

ဇာတာဖွဲ့သော ပရိုဂရမ် အမျိုးမျိုး ရှိ၏။ အချို့သော အဆင့်မြင့်သည့် ပရိုဂရမ်များ တွင် သူ့အလို အလျောက် ပြက္ခဒိန် စနစ်ကို ပြောင်းပေး နိုင်သော စနစ် ပါဝင်၏။ (အရှေ့တိုင်း စနစ်ဖြင့် ထိုသို့ ပြောင်း ပေးနိုင်သော ပရိုဂရမ်ကိုမူ မတွေ့ဘူးသေးပါ။) ကွန်ပျူတာကို သုံး၍ ဇာတာဖွဲ့သည် ဆိုသော သုတေသီများ အနေဖြင့်- ရှေးနှစ်ပေါင်း များစွာက ဇာတာများကို စစ်ဆေးရာတွင် အထူးသတိပြုရန် ဖြစ်ပါသည်။ သို့မဟုတ်ပါက - မှားယွင်းသော ဂြိုဟ်တို့၏ အနေအထားကို ပြသော ဇာတာခွင်ကိုသာ ဖြစ်ပါ၏။

ဂရီဂိုရီယန် ပြက္ခဒိန် (Gregorian Calendar) ဆိုသည်မှာ- ယခု ခေတ်တွင် လူတိုင်း သုံးစွဲနေကြသော နိုင်ငံတကာသုံး အနောက် တိုင်း ပြက္ခဒိန် စနစ်ဖြစ်ပြီး- ၁၅၈၂ ခုနှစ် ၊ ဖေဖေါ်ဝါရီ ၂၄ ရက်နေ့တွင်၊ ပုပ် ရဟန်း မင်းကြီး ဖြစ်သူ ဂရီဂိုရီ Pope Gregory XIII မှ - မူလ ပြက္ခဒိန် စနစ်ဖြစ်သော ဂျူလီယန် ပြက္ခဒိန် ကို ဂရီဂိုရီယန် ပြက္ခဒိန် ဖြင့် ပြောင်းလဲ သုံးစွဲ ရန် ဥပဒေထုတ် ပြဌာန်းလိုက်သော ပြက္ခဒိန် ဖြစ်သောကြောင့်- အဆင့်မြင့် ဗေဒင် ဆော့ဖ်ဝဲယား အချို့ (အထူးသဖြင့် အနောက်တိုင်း ပရိုဂရမ် အချို့) သည်- ပေးသွင်း လိုက်သော ရက်စွဲ အနေဖြင့်- ထိုရက်ထက် စောနေပါက အလိုအလျောက် ဂျူလီယန် ပြက္ခဒိန် စနစ်သို့ ပြောင်းပေး၍ ထိုရက်အရ- ဂြိုဟ်တို့၏ တည်နေရာကို ရှာပေးနိုင်သည်။
သို့သော်- ပုံမှန် အများစု ဆော့ဖ်ဝဲယားများမှာမူ- ထိုသို့ မပြောင်းပေး နိုင်သဖြင့်- လီယို နာဒို၏ ဇာတာမျိုးကို ပြန်စစ်လျှင်- မိမိရွေးချယ်သော ပြက္ခဒိန် စနစ်ဖြင့် ဟုတ်မဟုတ်ကို - သေချာအောင် ဆန်းစစ်ထားရန် သတိပေး လိုပါသည်။

ဂျူလီယန် ပြက္ခဒိန် စနစ် (Julian Calendar) စနစ် နှင့် ဂရီဂိုရီယန် ပြက္ခဒိန် (Gregorian Calendar) စနစ် ကို ပြောင်းရန် လိုအပ်ခဲ့ပါလျှင်- အောက်ပါ ဆိုက် တွင် သွားရောက် တွက်ချက်နိုင်ပါသည်။ အခြားသော ဆိုက်များလည်း ရှိပါသေးသည်။
http://din-timelines.com/calendar_converter.shtml

Photobucket

စိတ်မကောင်းစရာ တွေ့မြင်ရသည်က- ပြက္ခဒိန် စနစ် အကြောင်း မသိရှိကြသည့် - အထုပ္ပတ္တိ ဆိုက်များမှ အချက်မျှ ကိုသာ မူတည်၍- နိုင်ငံတကာ ဗေဒင် ဆိုက် အများစု အနေဖြင့် မည်သည့် ပြက္ခဒိန် စနစ်ဖြင့် တွက်ချက် ထားသည် ကိုပင် မိမိ ကိုယ်တိုင် မသိကြပဲ- တွေ့ရှိ ထားသော ရက်စွဲဖြင့် ပုံစံ ဖြင့်သာ ဇာတာဖွဲ့ တွက်ချက် ရေးသား နေကြ ခြင်းပင် ဖြစ်တော့၏။

လီယိုနာဒို ဒါဗင်ချီ၏ မွေးချိန် ကိစ္စ နှင့် ဇာတာ

မွေးနေ့ ကိစ္စ ရှင်းသွားပြန်တော့ မွေးချိန် ကိစ္စ ကို ပြန်လည် စိစစ်ရမည် ဖြစ်ပါ၏။ လီယိုနာဒို၏ အဘိုး မှတ်တမ်း အရ “ငါ့မြေး ကို April 15 ရက် စနေနေ့၊ နေ၀င်ပြီး ၃-နာရီ အကြာ ညဘက်တွင် မွေးခဲ့သည်” ဟု ရေးသား ခဲ့သည်ကို ပြန်ကောက် ရပါမည်။

ထိုရက်ပိုင်းတွင် လီယိုနာဒို မွေးရာ ဖလောရင့် ဒေသတွင် ညနေ ၆း၄၀ တွင် နေ၀င်၏။ နေ၀င်ပြီး ၃-နာရီ အကြာ ဖြစ်သည့် အတွက်- အချို့က ည ၉း၃၀ ဟု တွက်၏။ အချို့က ည ၉း၄၀ ဟု ယူဆတွက်၏။ အနောက်တိုင်း မူဖြစ်သော သာယနမူ ဖြင့် တွက်သူများ အတွက်မူ- အယာန အံသာ ကိစ္စသည် လည်းကောင်း၊ လဂ် ၏ တည်နေရာ တိကျမှု သည် လည်းကောင်း သိပ် အရေးပါခြင်း မရှိသဖြင့်- သူ့ဟာနှင့်သူ အဆင်ပြေနေသည် သာ ဖြစ်၏။

သို့သော်- MOTAA မိုးတား စနစ်တွင်မူ လဂ်၏ တည်နေရာ တိကျမှုသည် လွန်စွာ အရေးပါသဖြင့်- မိုးတား စနစ်အရ လီယိုနာဒို ၏ မွေးချိန်ကို ပြန်လည် စိစစ်ရာတွင် ည ၉း၁၀း၃၂ ဖြင့် တွက်ချက်ယူပါ၏။

Photobucket

Photobucket

လီယိုနာဒို ဒါဗင်ချီ၏ ထူးခြားသော ဇာတာပုံစံ အနေအထား။

ကျွမ်းကျင်သော လက္ခဏာ ပညာရှင် တစ်ယောက်သည်- လာရောက် မေးမြန်းသူ၏ လက်ဝါးပြင်၏ အရေး အကြောင်းများ၊ အမှတ်အသားများကို မကြည့်မီ- လက်၏ အနေအထားကို ဦးစွာ လေ့လာ၏။ ပထ၀ီ လက်လား၊ တေဇော လက် လား စသည်ဖြင့်- တစ်နည်းအားဖြင့် အနုပညာသည်လက်မျိုးလား၊ အဘိဓမ္မာ လက်မျိုးလား စသည် ဖြင့်- လက်ဝါးပြင် ပုံသဏ္ဌာန်၊ လက်ချောင်းများ တည်ဆောက်ပုံ၊ လက်ဝါးပြင် နှင့် လက်ချောင်း တို့၏ အချိုး အစား၊ လက်ဆစ်များ အနေအထား၊ လက်ဝါးပြင် အရောင် အဆင်း - စသည်တို့ကို လက်ဝါး မှောက်လျှက် အနေ အထား၊ ဘေးတိုက် အနေအထား တို့ပါ မကျန် ဦးစွာ စစ်ဆေး၏။ လက်ဝါးပြင် အထူအပါး၊ အပျော့အမာ၊ လက်မ၏ တည်နေရာ အနိမ့်အမြင့်၊ လက်ချောင်းများ ပျော့ပြောင်း ကွေးညွတ်မှု၊ တောင့်တင်းမှု၊ လက်ရေဇာ ကြမ်းတမ်းမှု၊ နူးညံ့မှု၊ ဂြိုဟ်ခုံများ စသည်တို့ကို ဆန်းစစ်၏၏။ ထိုသူ၏ လက် အနေအထား တည်ဆောက်မှု structure ကို ကောင်းစွာ သဘောပေါက်သွားပြီး နောက်တွင်- လက်ဝါးပြင်မှ - ဂြိုဟ်ခုံများ၊ အရေး အကြောင်း၊ အဖြတ် အတောက် များဖြင့် တွဲဘက် ကောက်ချက်ချ ဟောပြော၏။ ဥပမာ အားဖြင့် ဆိုသော်- တင်းပုတ် လက်မ မြင်တိုင်း- လူသတ် လက် ဖြစ်သည် ဆိုသော အချက်ကို အလွယ်တကူ ကောက်ချက် မချပဲ- အထက်တွင် ဖေါ်ပြခဲ့သည့် အတိုင်း လက်ဝါးပြင် အနေအထား၊ လက်ချောင်း၊ လက်ဆစ်၊ လက်သည်းခွံ အနေအထား တို့ပါ မကျန် ပူးပေါင်း ဆန်းစစ်ပြီးမှ- ဟောကိန်းကို ထုတ်တတ်ကြ ပါ၏။

ထိုနည်းတူပင်- ကျွမ်းကျင်သော နက္ခတ်ပညာ တို့သည်- ဂြိုဟ်ပူး၊ ဂြိုဟ်မြင် တို့ကို မစစ်ဆေးသေးခင်- ဂြိုဟ်တို့၏ ဖြန့်ကျက် တည်ရှိပုံကို ဦးစွာ စစ်ဆေးရ၏။ နောက်တစ်ဆင့် အနေဖြင့်- ထိုဂြိုဟ်တို့ တည်နေသော- ရာသီ၊ အတန့် ဘာဝ တို့ဖြင့် တည်ဆောက်ထားပုံ အခြေအနေ တို့ကို ထပ်မံ စစ်ဆေးရ၏။ တစ်ဖန်- တည်နေရာ နက္ခတ် တို့မှ တစ်ဆင့်- ဤဇာတာရှင်သည် လူ့ဘောင် လူ့လောကသို့ မည်သည့် အတွက် ရောက်ရှိလာရသနည်း ဆိုသည့် Mission of Life ကို စစ်ဆေးရ၏။ ဤသည်ကို ရှေးကျမ်းများက- ရာဇ၊ တမ၊ သတွ စသည်ဖြင့် အုပ်စုများ ခွဲ၍ စစ်ဆေး၏။ ထိုသို့ မစစ်ဆေးပဲ- ဘယ်ဂြိုဟ်က ဥုစ်ရလို့- ဘာကောင်းတာ၊ ဘယ်ဂြိုဟ် နဲ့ ဘယ်ဂြိုဟ်ပူးယင်- ဘာဖြစ်ကို ဖြစ်မယ် ဟု ပြောဆို ဟောပြော ချင်းမှာမူကား- လွန်စွာမှ အကြမ်းထည် ဆန်လှပါ၏။ (ဤစစ်ဆေးနည်း များသည် မိုးတား MOTAA သင်တန်း ဒုတိယ အဆင့်တွင် ပါဝင်သော သင်ခန်းစာများ ဖြစ်ပါသည်။)

အမှန်အားဖြင့် ဤသို့ စစ်ဆေးရခြင်းသည်လည်း ထူးထူးထွေထွေ အသစ်အဆန်းတော့ မဟုတ်ပါချေ။ ကျွမ်းကျင်သော သမားတော် တစ်ဦးထံသို့- လူနာ တစ်ယောက်ပြသသော အခါ- ဗိုက်အောင့်သည်ဟု ပြောတိုင်း- အစာအိမ် ရောဂါ ဖြစ်ရမည်ဟု စသော- ရောဂါ သွင်ပြင် လက္ခဏာ symptom တစ်ခု - ၂ခု မျှ မြင်ရုံမျှဖြင့်- မည်သို့ ရောဂါ ဖြစ်သည်ဟု တစ်ထစ်ချ အလွယ်တကူ မဆုံးဖြတ်ပဲ- အခြေ အနေအားလုံးကို မေးမြန်းရ၏။ လိုအပ်သော ဆီး၊ သွေး စစ်ဆေးရ၏။ လိုအပ် သေးပါက- CT scan MRI san များဖြင့် စစ်သင့်လျှင် စစ်ရ၏။ လိုအပ်သေးပါက တစ်သျှူး နမူနာ ယူပြီး ဓါတ်ခွဲ စစ်ဆေးရန် လိုက စစ်ဆေးရ၏။ သို့မဟုတ်ပါက- ရောဂါ ကောက်ချက် ချ လွဲမှားခြင်းဖြင့်- မှားယွင်းသော ကုထုံးများ၊ ဆေးဝါးများကို ပေးမိခြင်းဖြင့်- နောက်ဆက်တွဲ ဆိုးကျိုးများကို ဖြစ်စေ တတ်သော ကြောင့် ဖြစ်၏။

ထို့ကြောင့်- မည်သည့် ကိစ္စတွင်မဟူ- အရေးပါသော ဆုံးဖြတ်ချက်များ Judgement မချသေးခင် - Diagnosis များ ပြုလုပ်ရခြင်းသည် လိုအပ်သော ကိစ္စဖြစ်၏။

ဂြိုဟ်များ ဖြန့်ကျက် တည်နေပုံကို စစ်ဆေး ခြင်းကို အနောက်တိုင်း ပညာရှင်များ အနေဖြင့် အထူး ဂရုစိုက် လေ့လာ ကြသလောက်- ယခု မျက်မှောက်ခေတ် အရှေ့တိုင်း ပညာရှင် အများစု အနေဖြင့် ဦးစားပေး လေ့လာ သည်ကို သိပ်မတွေ့ရပါ။ သို့သော်လည်း- ယခု အရှေ့တိုင်း ပညာရှင်များ လျစ်လျူရှုထားသော - ဂြိုဟ်တို့၏ တည်နေရာ ဖြန့်ကျက် တည်ရှိ နေပုံကို ရှေးကျမ်း တို့တွင် ယောဂ ခေါ် ယုဂ် များ- များစွာ ဖြင့် ဖော်ပြထား ခဲ့ပါ၏။

အချို့သော အလွန်ရှားပါးသော ဇာတာများတွင် ဂြိုဟ်များသည် ရာသီ တစ်ခု၊ သို့မဟုတ်၊ ၂- ခုတွင်သာ စုပြုံ ကျရောက် နေတတ်သည်။ မွန်ဂို အင်ပါယာ ကြီးကို တည်ထောင်ခဲ့သော ဂျင်ဂစ်ခန် တွင်မူ ဂြိုဟ်အားလုံး တို့သည် ရာသီ တစ်ခုတည်းတွင်သာ ကျရောက်နေသည် ဟု သိရပါသည်။

အနောက်တိုင်း ပညာရှင်တို့ အနေဖြင့် ယူရေးနပ်စ်၊ နက်ပ်ကျွန်း၊ ပလူတို နှင့် တနင်္လာမှ စနေ အပါအ၀င် ဂြိုဟ်တို့ကို ပေါင်းစု၍ စုစုပေါင်း ဂြိုဟ် ၁၀-လုံး အနေဖြင့် ၁၂-ရာသီခွင်တည် ဖြန့်ကျက် တည်ရှိနေမှုကို ပုံစံ အုပ်စု ခွဲသော်လည်း- မိုးတား MOTAA စနစ် အနေဖြင့် ရှေးကျမ်းလာ အတိုင်း တနင်္လာမှ စနေ အထိ (ရာဟု၊ ကိတ် မပါ) ဂြိုဟ် ၇-လုံးကိုသာ အသုံးပြုရာ- အနောက်တိုင်း ပုံစံနှင့် မတူသော အနေအထား အုပ်စုများ ဖြစ်ပါသည်။ ထိုသို့ ဆိုရာ၌- ယူရေးနပ်စ်၊ နက်ပ်ကျွန်း၊ ပလူတို တို့၏ အင်အား အနေအထားများသည် လွှမ်းမိုးမှု လုံးဝ မရှိဟု မဆိုသည်ကို သတိပြုရန် ဖြစ်ပါသည်။

အောက်တွင် ဖေါ်ပြထားသည်ကား- ရှေးကျမ်းတို့၏ အဆိုအရ- ဂြိုဟ်တို့၏ ဖြန့်ကျက်တည်နေပုံကို အုပ်စု ခွဲထားသော ယောဂ ခေါ် ယုဂ်များ ဖြစ်ကြပါသည်။ ရှေးကျမ်းတို့တွင် ဤစစ်ဆေးနည်းများ ရှိသည့် အချက်ကို ဖေါ်ပြထားခြင်းသာ ဖြစ်ပြီး- ထိုယောဂ များ၏ အကျိုးသက်ရောက်မှုများကိုမူ မိုးတား MOTAA ဒုတိယဆင့်တွင် သင်ကြား ပို့ချပေးမည် ဖြစ်၏။

သံခရ ကောလ ယောဂ
တနင်္လာမှ အစ၊ စနေအဆုံး ဂြိုဟ် ၇-လုံး (ရာဟု၊ ကိတ်နှင့် ယူရေးနပ်စ်၊ နက်ပ်ကျွန်း၊ ပလူတို့တို့မပါ) တို့ သည် ဘာဝ တစ်ခုတည်း တွင် သာ ရပ်တည်ကြသည်။

သံခရ ယုဂ ယောဂ
တနင်္လာမှ အစ၊ စနေအဆုံး ဂြိုဟ် ၇-လုံး (ရာဟု၊ ကိတ်နှင့် ယူရေးနပ်စ်၊ နက်ပ်ကျွန်း၊ ပလူတို့တို့မပါ) တို့ သည် ဘာဝ နှစ်ခုတည်း တွင် သာ ရပ်တည်ကြသည်။

သံခရ သျှုလ ယောဂ
တနင်္လာမှ အစ၊ စနေအဆုံး ဂြိုဟ် ၇-လုံး (ရာဟု၊ ကိတ်နှင့် ယူရေးနပ်စ်၊ နက်ပ်ကျွန်း၊ ပလူတို့တို့မပါ) တို့ သည် ရာသီတွင် ၃-ခုတည်း တွင်သာ ရပ်တည်ခြင်း ဖြစ်သော်၊ သံခယသျှူလ ယောဂ ကိုရရှိသည်။

သံခရ ကဒယ ယောဂ
တနင်္လာမှ အစ၊ စနေအဆုံး ဂြိုဟ် ၇-လုံး (ရာဟု၊ ကိတ်နှင့် ယူရေးနပ်စ်၊ နက်ပ်ကျွန်း၊ ပလူတို့တို့မပါ) တို့ သည် ရာသီတွင် ၄-ခုတည်း တွင်သာ ရပ်တည်ခြင်း ဖြစ်သော်၊ ဤ ယောဂ ကိုရရှိသည်။

သံခရ ဖဿ ယောဂ
တနင်္လာမှ အစ၊ စနေအဆုံး ဂြိုဟ် ၇-လုံး (ရာဟု၊ ကိတ်နှင့် ယူရေးနပ်စ်၊ နက်ပ်ကျွန်း၊ ပလူတို့တို့မပါ) တို့ သည် ရာသီတွင် ၅-ခု တွင်သာ ရပ်တည်ခြင်း ဖြစ်သော်၊ ဤ ယောဂ ကိုရရှိသည်။

သံခရ ဓမ္မ ယောဂ (ဓမ္မိဏိ ယုဂ်)
တနင်္လာမှ အစ၊ စနေအဆုံး ဂြိုဟ် ၇-လုံး (ရာဟု၊ ကိတ်နှင့် ယူရေးနပ်စ်၊ နက်ပ်ကျွန်း၊ ပလူတို့တို့မပါ) တို့ သည် ရာသီတွင် ၆-ခု တွင် သာ ရပ်တည်ခြင်း ဖြစ်သော်၊ ဤ ယောဂ ကိုရရှိသည်။

သံခရ ၀ိန ယောဂ (ဝေလာကိ ယုဂ်)
တနင်္လာမှ အစ၊ စနေအဆုံး ဂြိုဟ် ၇-လုံး (ရာဟု၊ ကိတ်နှင့် ယူရေးနပ်စ်၊ နက်ပ်ကျွန်း၊ ပလူတို့တို့မပါ) တို့ သည် ရာသီတွင် ၇-ခု တွင် ဖြန်.ကျက် ရပ်တည်ခြင်း ဖြစ်သော်၊ ဤ ယောဂ ကိုရရှိသည်။

လဂ္ဂဏ မလ္လိက (မာလာ) ယောဂ
တနင်္လာမှ အစ၊ စနေအဆုံး ဂြိုဟ် ၇-လုံး (ရာဟု၊ ကိတ်နှင့် ယူရေးနပ်စ်၊ နက်ပ်ကျွန်း၊ ပလူတို့တို့မပါ) တို့ သည် လဂ်မှ စ၍ ဆက်တိုက် အတန့်ဘာဝ များတွင် တည်ရှိနေသော် ဤယောဂကို ရသည်။

ဓနု မလ္လိက (မာလာ) ယောဂ
တနင်္လာမှ အစ၊ စနေအဆုံး ဂြိုဟ် ၇-လုံး (ရာဟု၊ ကိတ်နှင့် ယူရေးနပ်စ်၊ နက်ပ်ကျွန်း၊ ပလူတို့တို့မပါ) တို့ သည် ၂-တန့်မှ စ၍ ဆက်တိုက် အတန့်ဘာဝ များတွင် တည်ရှိနေသော် ဤယောဂကို ရသည်။

ဝိကာရာမ မလ္လိက (မာလာ) ယောဂ
တနင်္လာမှ အစ၊ စနေအဆုံး ဂြိုဟ် ၇-လုံး (ရာဟု၊ ကိတ်နှင့် ယူရေးနပ်စ်၊ နက်ပ်ကျွန်း၊ ပလူတို့တို့မပါ) တို့ သည် ၃-တန့်မှ စ၍ ဆက်တိုက် အတန့်ဘာဝ များတွင် တည်ရှိနေသော် ဤယောဂကို ရသည်။

သုခ မလ္လိက (မာလာ) ယောဂ
တနင်္လာမှ အစ၊ စနေအဆုံး ဂြိုဟ် ၇-လုံး (ရာဟု၊ ကိတ်နှင့် ယူရေးနပ်စ်၊ နက်ပ်ကျွန်း၊ ပလူတို့တို့မပါ) တို့ သည် ၄-တန့်မှ စ၍ ဆက်တိုက် အတန့်ဘာဝ များတွင် တည်ရှိနေသော် ဤယောဂကို ရသည်။

ပုတ္တရ မလ္လိက (မာလာ) ယောဂ
တနင်္လာမှ အစ၊ စနေအဆုံး ဂြိုဟ် ၇-လုံး (ရာဟု၊ ကိတ်နှင့် ယူရေးနပ်စ်၊ နက်ပ်ကျွန်း၊ ပလူတို့တို့မပါ) တို့ သည် ၅-တန့်မှ စ၍ ဆက်တိုက် အတန့်ဘာဝ များတွင် တည်ရှိနေသော် ဤယောဂကို ရသည်။

သတ္တရု မလ္လိက (မာလာ) ယောဂ
တနင်္လာမှ အစ၊ စနေအဆုံး ဂြိုဟ် ၇-လုံး (ရာဟု၊ ကိတ်နှင့် ယူရေးနပ်စ်၊ နက်ပ်ကျွန်း၊ ပလူတို့တို့မပါ) တို့ သည် ၆-တန့်မှ စ၍ ဆက်တိုက် အတန့်ဘာဝ များတွင် တည်ရှိနေသော် ဤယောဂကို ရသည်။

ကလတြ မလ္လိက (မာလာ) ယောဂ
တနင်္လာမှ အစ၊ စနေအဆုံး ဂြိုဟ် ၇-လုံး (ရာဟု၊ ကိတ်နှင့် ယူရေးနပ်စ်၊ နက်ပ်ကျွန်း၊ ပလူတို့တို့မပါ) တို့ သည် ၇-တန့်မှ စ၍ ဆက်တိုက် အတန့်ဘာဝ များတွင် တည်ရှိနေသော် ဤယောဂကို ရသည်။

ရဏ္ဍရ မလ္လိက (မာလာ) ယောဂ
တနင်္လာမှ အစ၊ စနေအဆုံး ဂြိုဟ် ၇-လုံး (ရာဟု၊ ကိတ်နှင့် ယူရေးနပ်စ်၊ နက်ပ်ကျွန်း၊ ပလူတို့တို့မပါ) တို့ သည် ၈-တန့်မှ စ၍ ဆက်တိုက် အတန့်ဘာဝ များတွင် တည်ရှိနေသော် ဤယောဂကို ရသည်။

ဘဂျ မလ္လိက (မာလာ) ယောဂ
တနင်္လာမှ အစ၊ စနေအဆုံး ဂြိုဟ် ၇-လုံး (ရာဟု၊ ကိတ်နှင့် ယူရေးနပ်စ်၊ နက်ပ်ကျွန်း၊ ပလူတို့တို့မပါ) တို့ သည် ၉-တန့်မှ စ၍ ဆက်တိုက် အတန့်ဘာဝ များတွင် တည်ရှိနေသော် ဤယောဂကို ရသည်။

ကမ္မ မလ္လိက (မာလာ) ယောဂ
တနင်္လာမှ အစ၊ စနေအဆုံး ဂြိုဟ် ၇-လုံး (ရာဟု၊ ကိတ်နှင့် ယူရေးနပ်စ်၊ နက်ပ်ကျွန်း၊ ပလူတို့တို့မပါ) တို့ သည် ၁၀-တန့်မှ စ၍ ဆက်တိုက် အတန့်ဘာဝ များတွင် တည်ရှိနေသော် ဤယောဂကို ရသည်။

လာဘ မလ္လိက (မာလာ) ယောဂ
တနင်္လာမှ အစ၊ စနေအဆုံး ဂြိုဟ် ၇-လုံး (ရာဟု၊ ကိတ်နှင့် ယူရေးနပ်စ်၊ နက်ပ်ကျွန်း၊ ပလူတို့တို့မပါ) တို့ သည် ၁၁-တန့်မှ စ၍ ဆက်တိုက် အတန့်ဘာဝ များတွင် တည်ရှိနေသော် ဤယောဂကို ရသည်။

ဗျာယ မလ္လိက (မာလာ) ယောဂ
တနင်္လာမှ အစ၊ စနေအဆုံး ဂြိုဟ် ၇-လုံး (ရာဟု၊ ကိတ်နှင့် ယူရေးနပ်စ်၊ နက်ပ်ကျွန်း၊ ပလူတို့တို့မပါ) တို့ သည် ၁၂-တန့်မှ စ၍ ဆက်တိုက် အတန့်ဘာဝ များတွင် တည်ရှိနေသော် ဤယောဂကို ရသည်။
ထိုမျှ မကသေး- ဂြိုဟ်တို့သည် ကိန်းအိမ်များတွင်သာတည်လျှင်- မည်သို့၊ တြိဂေါဏ အိမ်များ၊ အပ္ပေါကလိမ အိမ်များ၊ ပဏာ ပရ အိမ်များ တွင်သာ တည်လျှင် -မည်သို့သော ယောဂ ရပြီး၊ မည်သို့ ဖြစ်မည် ဆိုသော ဟောချက်များလည်း ရှိပါသေးသည်။

လီယိုနာဒို၏ ဇာတာ တည်ဆောက်မှု အနေအထား။
လီယိုနာဒို ဒါဗင်ချီ၏ ဇာတာ တည်ဆောက်ထားမှုသည် ထူးခြားသော အနေအထားတွင် ရှိနေပါ၏။ စနေဂြိုဟ်သည်- ကန်ရာသီတွင် တစ်လုံးတည်း သီးသန့် ရပ်တည်နေလျှက်- အခြားဂြိုဟ် ၆-လုံးတို့သည် မကာရ - ရာသီမှ ပြိဿ ရာသီ အထိ ဆက်တိုက် တစ်ဆက်တည်း တည်နေခြင်း ဖြစ်ပါ၏။ မြင်သာစေရန် စက်ဝိုင်းပုံစံဖြင့် ဖေါ်ပြထားသည်ကို ကြည့်ပါ။

Photobucket

ဂြိုဟ်တို့ ဖြန့်ကျက်တည်နေပုံ အားဖြင့် ဤသို့ အနေအထားကို အနောက်တိုင်း ပညာရှင်များက- ကန်တော့ပုံ ဇာတာ၊ ရေပုံး ပုံ ဇာတာခွင်မျိုးဟု ခေါ်လေ့ ရှိပါသည်။ အဘယ်ကြောင့် ဆိုသော်- တစ်ဘက်တည်းတွင် စုစည်းနေကြသော ဂြိုဟ်များ၏ ဆန့်ကျင်ဘက် တွင် တစ်လုံးတည်း ခွဲထွက် တည်ရှိနေသော ဂြိုဟ် အနေဖြင့်- ကန်တော့၏ နှုတ်သီး အနေဖြင့်သော်လည်းကောင်း၊ ရေပုံး၏ လက်ကိုင် အနေဖြင့် သော်လည်းကောင်း - တည်နေခြင်းကြောင့် ဖြစ်၏။

ယူရေးနပ်စ်၊ နက်ပ်ကျွန်း၊ ပလူတို အပါအ၀င် - ဖြစ်သော ဂြိုဟ် ၁၀-လုံးကို ဖြန့်ကျက်မှု အရ ဖွဲ့စည်းသော အနောက်တိုင်း စနစ် ပုံစံတို့သည်- ဂြိုဟ် ၇-လုံးသာ ရှိသော အရှေ့တိုင်း နိယာယန မူ ဇာတာများနှင့် အတန်ငယ် ကွဲလွဲမှုများ ရှိ၏။

Photobucket
Photobucket

ဂြိုဟ်တို့၏ ဖြန့်ကျက် တည်ရှိနေပုံ ဆင်တူသော်ညားလည်း- လီယိုနာဒို ၏ ဇာတာတွင်- တစ်လုံးတည်း သီးသန့် တည်နေသော ဂြိုဟ်သည် - စနေဖြစ်၏။ ရေပုံး လက်ကိုင်သည်- ပုံးထဲတွင် ထည့်ထားသော ရေနှင့် တကွ ပုံးတစ်ခုလုံးကို ကိုင်တွင် ထိမ်းသိမ်း နိုင်သော- တောင့်တင်း ခိုင်မာရန် လိုသည် ဆိုသော အချက်ကို အားလုံး သိထားသကဲ့သို့- ကန်တော့ တွင်လည်း- ထည့်လိုက်သော အရာအားလုံးသည် နှုတ်သီးမှ ထွက်မည် ဖြစ်သည့် အတွက်- ထိုနှုတ်သီး၏ ခိုင်မာမှု အရေးကြီးသည်မှာ ထင်ရှားပါသည်။
ဂြိုဟ်တို့တွင်- ဆုံးဖြတ်ချက် ခိုင်မာခြင်း၊ သည်းခံ နိုင်ခြင်း၊ ဇွဲကောင်းခြင်း၊ သုတေသန တို့ကို အရှုံးမပေးပဲ- စူးစူး စိုက်စိုက် လေ့လာခြင်းတို့ကို ကြီးစွာ အထောက်အကူပေးခြင်း နှင့် ဆိုင်သော ဂြိုဟ်သည် စနေဂြိုဟ်ဖြစ်၏။ ထို့ကြောင့် တောင့်တင်း ခိုင်မာရန် လိုအပ်သော - ရေပုံး လက်ကိုင်နှင့် စနေမှာ အလွန်ပင် အံဝင်ခွင်ကျ ဖြစ်နေ၏။

အကယ်၍-သူသည်သာ ဘက်စုံ ထူးချွန်သူ မဟုတ်လျှင်- သူ့အား သိပ္ပံပညာရှင်ဟု ခေါ်ရလောက်အောင် ထူးခြားသော- အစွမ်းရှိသူ အတွက်- ဇာတာပုံစံ အနေအထားသည်လည်း- သတိမူသင့်သော အနေအထား ဖြစ်ကြောင်းကို ဖေါ်ပြထားခြင်း ဖြစ်ပါသည်။

လီယိုနာဒို ဒါဗင်ချီ ၏ အသက်ဘေး နီးသော စွပ်စွဲ အဖမ်းခံရမှု။
လီယိုနာဒို ဒါဗင်ချီအား- ဂျူလီယန် ပြက္ခဒိန် နှစ် 1476 ခုနှစ်၊ April 9 တွင်- မသမာသူများက- လိင်တူ ဆက်ဆံသည် ဆိုသော - ထိုစဉ်က ဘာသာရေး ဥပဒေ အရ- သေဒဏ် ပေးနိုင်သော စွဲချက်ဖြင့် ဖမ်းဆီးခဲ့ပါသည်။ သို့သော်- ဘခင်နှင့် ညီအကိုများအား မုန်းတီးမှု၊ လီယိုနာဒို အား မနာလိုမှုဖြင့် စွပ်စွဲ ခဲ့ခြင်းသာ ဖြစ်၍- ခိုင်မာသော အထောက်အထား မရှိခြင်းကြောင့်- အပြစ်ဒဏ် မကျခံရပဲ- တရားရုံးမှ 1476 ခုနှစ်၊ June 16 တွင် လွှတ်ပေး ခဲ့ရပါသည်။

ဂျူလီယန် ပြက္ခဒိန် နှစ် 1476 ခုနှစ်၊ April 9 သည်- ယခုခေတ် ဂရီဂိုရီ ပြက္ခဒိန် အားဖြင့် 1476 ခုနှစ်၊ April 18 ရက် ဖြစ်သည်။


Photobucket


Photobucket

Photobucket

လီယိုနာဒို မသိလိုက်သော အစွမ်းထက် ယတြာ။
လီယိုနာဒို အနေဖြင့် - ငွေကြေး မပြည်စုံသော - ငယ်စဉ် အရွယ် ကလေးငယ်ဘ၀ ကတည်းက - ကြုံတိုင်း ပြုမိနေခဲ့သော ယတြာဟုပင် သူကိုယ်တိုင် မသိခဲ့ရသော အလွန်ထူးခြားသည့် ယတြာ တစ်ရပ် ရှိခဲ့ပါ၏။ ကမ္မခေါ် ကံ၏ အကျိုးပေးကို- ဗုဒ္ဓဘာသာဝင်များကဲ့သို- သညာသိဖြင့် နားလည်ခြင်း မရှိခဲ့သော် ငြားလည်း အချုပ်အနှောင် ခံနေရသည့် ငှက်ကလေးများကို တွေ့တိုင်း- မရှိမဲ့ ရှိံမဲ့ ငွေဖြင့် ပေးဝယ်၍ လှောင်ချိုင့်မှ လွှတ်ပေးတတ်ခြင်း ဖြစ်ပါသည်။

အချုပ်အနှောင် ခံနေရခြင်း- ဒုက္ခ အကြီးအကျယ်ရောက်ခြင်းကို ကြုံတွေ့ချိန်တွင်- အတိတ်က ၀ဋ်ကြွေး အားဖြင့် သေကံ မကြုံ သေးသည်သာမက- ပစ္စုပ္ပန် ဘ၀ကံအားဖြင့်လည်း- ငှက်ငယ်လေးများကို ကြုံတိုင်း လွှတ်ပေးခဲ့သော သူကိုယ်တိုင် အနေဖြင့်ပင်- ယတြာ မှန်းမသိလိုက်သည့် သူ၏ ယတြာသည်- လည်း သူ၏ အသက်ကိုကယ်တင်ခဲ့သော အကြောင်း တစ်ခု ဖြစ်မည် ဟု ယုံကြည်ပါသည်။

အားလုံး ချမ်းမြေ့ပါစေ။
နျူမာန် (မိုးတား)

[+/-] show/hide this post

Wednesday, April 20, 2011

ပါရမီရှင်၊ ပညာရှင် တို့၏ ဇာတာ (အပိုင်း ၂- လီယို နာဒို ဒါဗင်ချီ)

Photobucketမိုနာလီဇာ ပန်းချီကား ဆိုလျှင် လူတိုင်းလိုလို ကြားဘူးကြပါမည်။ ယခု အခါတွင် ဒေါ်လာ သန်းပေါင်း ရာနှင့် ချီ၍ ထိုက်တန် နေပြီ ဖြစ်သော ထိုပန်းချီကား ကို ရေးဆွဲခဲ့သူ ပန်းချီဆရာကြီး လီယို နာဒို ဒါဗင်ချီ၏ အကြောင်းကို မူ- အသေးစိတ် သိသူ အရေအတွက် က ပန်းချီကား ကို သိသူ အရေ အတွက်ထက် စာလျှင် များစွာ နည်းပါး ပါ၏။
  • သူသည် သူ၏ ဘ၀ တစ်သက်တာတွင် အံ့မခန်း လောက်သော တီထွင် ဒီဇိုင်း ရေးဆွဲမှုများကို ပြုခဲ့သည်။
  • သူ၏ မှတ်စု စာအုပ်သည် စာမျက်နှာပေါင်း တစ်သောင်း သုံးထောင် ခန့် အထိ ရှိခဲ့ရာတွင်- အထူးခြား ဆုံးမှာ သူ ရေးသားသော စာများကို လူအများ အနေဖြင့် မှန်ဖြင့် ကြည့်၍ ဖတ်မှသာ ဖတ်၍ရသော မှန်စာ အနေဖြင့် ဘယ်ဘက်မှ ညာဘက်သို့ ရေးသားခဲ့သည်။
  • သူသည် အဓိက အားဖြင့် ဘယ်သန် တစ်ဦး ဖြစ်သော်လည်း- ပုံဆွဲခြင်း၊ စာရေးခြင်း ပြုရာများတွင် အလျင်းသင့်သလို ဘယ်ဘက် နှင့် ဖြစ်စေ၊ ညာဘက်နှင့် ဖြစ်စေ ရေးဆွဲနိုင်သော ambidextrous ဖြစ်သည်။
  • သူသည် ဘ၀ တစ်လျှောက်လုံး သက်သတ်လွတ် စားခဲ့ရုံမျှမက- အခြားသော အနောက်နိုင်ငံသား သက်သတ်လွတ် စားသူများကဲ့သို့ နွားနို့ကိုပင် မသောက်သုံးပဲ- နွားနို့ သည် နွားကလေး၏ ရပိုင်ခွင့်ကို ခိုးယူခြင်း ဖြစ်သည်ဟု ယူဆ၍ နွားနို့ကိုပင် ရှောင်ကြဉ် ခဲ့သူ ဖြစ်၏။
  • သူသည်- ပန်းချီဆရာ အဖြစ်သာမက - အနုပညာ တီးမှုတ် သီဆိုခြင်းတွင်- တူရိယာ ပစ္စည်းအမျိုးမျိုးကို ကျွမ်းကျင်စွာ တီးနိုင်သည်သာမက- သီချင်း ရေးစပ်သီကုံးခြင်း၊ သီချင်း ဆို လွန်စွာကောင်းခြင်း တို့ပါ ထင်ရှားကြောင်းကို သူနှင့် ခေတ်ပြိုင်များက ဖေါ်ပြခဲ့သည့် အပြင်- အရပ် ၆ ပေ ၄ လက္မခွဲ ရှိပြီး၊ ထိုခေတ် တွင် အီတလီတွင် အချောဆုံး လူတစ်ယောက် ဖြစ်ခဲ့သည်ဟုလည်း ခေတ်ပြိုင်များက သူ့အကြောင်းကို ဖေါ်ပြခဲ့ ကြပါသည်။

လွန်စွာ ထူးခြားသော ဥာဏ်ရည် ရှိသူ ဖြစ်၍ - မှန်စာ ရေးခြင်းလား၊ သူ၏ မှတ်တမ်းကို အခြားသူများ အလွယ် တကူ ဖတ်မရစေရန် လျှို့ဝှက်သည့် အနေဖြင့် ရေးသားခြင်းလား၊ ထိုခေတ်အခါက မှင်တို့ပြီး ကလောင်ဖြင့် စာရေး ရာတွင် လက်ဖြင့် ရေးထားသော စာကို ပြန်မထိမိစေရန် ဘယ်သန် တစ်ယောက် အနေဖြင့် ဘယ်မှ ညာသို့ မှန်စာ ပြန်ရေးခြင်း ဖြစ်သည်လား ဆိုသည်တို့ကိုတော့- မည်သူမျှ အတိအကျ မသိရပါပေ။
လူတို့၏ ဥာဏ်စွမ်း အရည်အသွေးကို အိုင်ကျူ I.Q ဖြင့် တိုင်းတာကြရာတွင်-
  • အိုင်ကျူ I.Q တန်ဘိုး ၈၅-မှ ၁၁၄ အတွင်း ရှိသူတို့ သည် ပျမ်းမျှ ပုံမှန် အနေအထားဖြစ်၍ အထက်တန်း ပညာ အဆင့် အထိ သင်ကြား နိုင်သူတို့ ဖြစ်သည်။
  • အိုင်ကျူ I.Q တန်ဘိုး ၁၁၅-မှ ၁၂၄ အတွင်း ရှိသူတို့ သည် ပုံမှန် ထက်သာသော ဥာဏ်စွမ်း အနေအထားဖြစ်၍ ကောလိပ် ပညာတန်း အထိ သင်ကြားနိုင်သူတို့ ဖြစ်သည်။
  • အိုင်ကျူ I.Q တန်ဘိုး ၁၂၅-မှ ၁၃၄ အတွင်း ရှိသူတို့ သည် Gifted ခေါ် ထူးချွန်သော အနေအထားဖြစ်၍ တက္ကသိုလ် ပညာ အဆင့် သင်ကြားနိုင်သူတို့ ဖြစ်သည်။
  • အိုင်ကျူ I.Q တန်ဘိုး ၁၃၄-မှ ၁၄၄ အတွင်း ရှိသူတို့ သည် Highly gifted ခေါ် အလွန် ထူးချွန်သော အနေအထားဖြစ်၍ နိုင်ငံတကာ တက္ကသိုလ် မဟာပညာ အဆင့် သင်ကြားနိုင်သူတို့ ဖြစ်သည်။
  • အိုင်ကျူ I.Q တန်ဘိုး ၁၄၄-မှ ၁၅၄ အတွင်း ရှိသူတို့ သည် Genius ခေါ် ပါရမီရှင် အနေအထားဖြစ်၍ နိုင်ငံတကာ တက္ကသိုလ် ပရော်ဖက်ဆာ များ အဆင့် ရောက်နိုင်သူများ ဖြစ်သည်။
  • အိုင်ကျူ I.Q တန်ဘိုး ၁၅၄-မှ ၁၆၄ အတွင်း ရှိသူတို့ သည် genius ခေါ် ပါရမီရှင် အနေအထားဖြစ်၍ ကမ္ဘာကျော် နိုဘယ်လ် ဆုရှင့် အဆင့် ရောက်နိုင်သူများ ဖြစ်သည်။
  • အိုင်ကျူ I.Q တန်ဘိုး ၁၆၅-မှ ၁၇၉ အတွင်း ရှိသူတို့ သည် High genius ခေါ် အဆင့်မြင့် ပါရမီရှင် အနေအထားဖြစ်၍ အလွန်ထူးချွန် သူများ ဖြစ်သည်။
  • အိုင်ကျူ I.Q တန်ဘိုး ၁၈၀-မှ ၂၀၀ အတွင်း ရှိသူတို့ သည် Highest genius ခေါ် အလွန် အဆင့်မြင့် ပါရမီရှင် အနေအထားဖြစ်၍ အလွန့် အလွန် ထူးခြားသော ဥာဏ်စွမ်းရည် ပိုင်ရှင်တို့ ဖြစ်သည်။
  • အိုင်ကျူ I.Q တန်ဘိုး ၂၀၀ ထက် ကျော်လွန်သူတို့မှာမူ - ထိုသူတို့၏ ဥာဏ်စွမ်းကို တိုင်းတာ၍ မရလောက် အောင် ထူးခြားသော ပါရမီရှင် ပညာရှင်များ ဖြစ်ကြသည်။
အောက်ပါ ပုဂ္ဂိုလ်များသည် အိုင်ကျူ I.Q ၁၆၀ ရှိကြသူများ ဖြစ်၏။
  • သိပ္ပံပညာရှင် ကြီး အိုင်းစတိုင်း
  • ဘင်ဂျမင် ဖရန် ကလင်
  • ကမ္ဘာကျော် သူဌေးကြီး ဘီလ်ဂိတ်
  • ဘီလ် ဂိတ်၏ သူငယ်ချင်း ပေါလ် အယ်လင်
  • သိပ္ပံပညာရှင် ကြီး စတီဖင် ဟောကင်း
လီယို နာဒို ဒါဗင်ချီ မှာမူ အိုင်ကျူ I.Q တန်ဘိုး ၂၂၀ ရှိ၍- သမိုင်းတွင်- လူ့ဘောင် ခေတ် တစ်ခုလုံးတွင်- အမြင့်ဆုံး အနေအထား တွင် ရှိခဲ့သော အနေအထား ဖြစ်သည်။
အောက်ဖေါ်ပြပါ ဂရပ်ဖ်သည် ပုံမှန် လူအများစု တို့၏ အိုင်ကျူ အနေအထားပြ ဂရပ်ဖြစ်သည်။ လူအများစုသည် ပုံမှန် ဥာဏ်ရည် ၁၀၀ ပတ်ဝန်းကျင်တွင်သာ ရှိပါ၏။
Photobucket
အလွယ်အားဖြင့် ဆိုသော အိုင်ကျူ I.Q ဆိုသည်မှာ- ဇာတာရှင်၏ စိတ်သက် Mental Age အား- ဇာတာသက် ခေါ် အသက်အမှန် Chronological Age ဖြင့် စား၍ ရလာသော အချိုးကို ၁၀၀ ဖြင့် မြှောက်တွက်၍ တိုင်းတာ သော နည်းဖြစ်ပါသည်။
တွက်ပုံ မျိုးကွဲများ ရှိသော်လည်း- အများစု အနေဖြင့် လက်ခံထား သော စနစ်မှာ အထက်တွင် ဖေါ်ပြခဲ့သည့် အတိုင်း အိုင်ကျူ တန်ဘိုး ၂၀၀ အထိသာ ရှိပါသည်။ ဆိုလိုသည်မှာ အသက်အားဖြင့် ၅-နှစ် အရွယ်ရှိသော ကလေးငယ် တစ်ဦး အနေဖြင့်- ၁၀-နှစ်သားတစ်ဦး၏ ဥာဏ်စွမ်းမျိုး ရှိနေပါက- စိတ်သက် Mental Age ဖြစ်သော ၁၀ ကိုတည်၊ ဇာတာသက် ခေါ် အသက်အမှန် ဖြစ်သော Chronological Age ဖြစ်သည့် ၅-နှစ်ဖြင့် စားပြီး၊ ၁၀၀ ဖြင့် မြှောက်လိုက်ပါက- ထိုကလေးငယ်သည် အိုင်ကျူ I.Q ၂၀၀ ရှိသည်ဟု ဆိုရပါသည်။
ထိုခေတ်အခါက လီယိုနာဒို ဒါဗင်ချီ၏ ဥာဏ်ပညာ စွမ်းရည်သည် လူတိုင်းထက် နှစ်ပေါင်း ရာချီ စော၍ ရှေ့သို့ ရောက်နေခဲ့သည်။
သူ၏ တီထွင် ဖေါ်ထုတ်ထားခဲ့မှုများကို သူသေဆုံးပြီး နောက်- အနှစ် ၃၀၀-ခန့်ကြာမှသာ အခြားသူတို့ နားလည် သဘောပေါက် နိုင်ခဲ့ပါ၏။ သူသည် ပန်းချီ ဆရာ၊ ပန်းပု ဆရာ၊ အဖြစ်သာ မက- တန်ချိန် များစွာ လေးသော ပစ္စည်း တို့ကို ကရိန်း မရှိပဲ မ-တင် နိုင်သော စက်သီး pulley system စနစ်ကို တည်ထွင်ခဲ့သော၊ ရေပန့် စသည် တို့ကို တည်ထွင်ခဲ့သော စက်မှု အင်ဂျင်နီယာ ဖြစ်သည်သာမက လေကြောင်း ပျံသန်း ရေးကိုပါ တီထွင် ခဲ့သော ပါရမီ ထူးရှင် တစ်ယောက်ဖြစ်ခဲ့သည်။
သူသည်- အောက်ပါ ပညာရပ်များကို တက္ကသိုလ်မတက်၊ ဆရာမရှိပဲ- မိမိဘာသာ လေ့လာ တတ်ကျွမ်းခဲ့သည်။
  • လေကြောင်း အင်ဂျင်နီယာ ပညာရပ် Aeronautics
  • ခန္ဓာဗေဒ ပညာရပ် Anatomy
  • ရုက္ခဗေဒ ပညာရပ် Botany
  • ပထ၀ီ ပညာရပ် Geology
  • မြို့ပြ အင်ဂျင် နီယာ ပညာရပ် Civil Engineering
  • ဓါတု ဗေဒ ပညာရပ် Chemistry
  • ဇီဝ ဗေဒ ပညာရပ် Biology
  • မြေပုံ ဆွဲ ပညာရပ် Cartography (ပထမဆုံးသော ဥရောပ မြေပုံကို ရေးဆွဲခဲ့သူလည်း ဖြစ်သည်။)
  • ဂျီသြ မေတြီ ပညာရပ် Geometry
  • ရေစွမ်းအင် ဖေါ်ထုတ်ရေး ပညာရပ် Hydrodynamics
  • သင်္ချာ ပညာရပ် Mathematics
  • စက်မှု အင်ဂျင်နီယာ ပညာရပ် Mechanical Engineering
  • အလင်း ရူပဗေဒ ပညာရပ် Optics
  • သတ္တဗေဒ ပညာရပ် Zoology
  • ရူပဗေဒ ပညာရပ် Physics
  • အာကာသ နက္ခတ္ထဗေဒ ပညာရပ် Astronomy
  • အဂ္ဂိရတ် ပညာရပ် Alchemy
  • Pyrotechnics
သူ အနေဖြင့် - ဒီဇိုင်း ဆွဲခဲ့ စက်ပစ္စည်း ကိရိယာများအနက် ထင်ရှားသော အရာများမှာ အောက်ပါ တို့ဖြစ်သည်။ ပုံဖြစ်ရုံ အလှ ဆွဲရုံမျှ မဟုတ်ပဲ- ထိုခေတ်အခါက အခြားသူများ အနေဖြင့် နားမလည် နိုင်သေးသော အင်ဂျင်နီယာ အမြင်များ- စက်မှု သဘောများ ဖြင့် ဒီဇိုင်း ရေးဆွဲခဲ့ခြင်း ဖြစ်သော်လည်း- သူ့ခေတ်က လူအများကမူ နားလည် တန်ဘိုး ထားရကောင်း မသိခဲ့ကြပါ။
  • Artillery Park ခေါ် အမြောက်
  • Stretching Device for Barrel Spring
  • Design for Boat လှေသင်္ဘော ဒီဇိုင်း
  • Ornithopter Flying Machine တောင်ပံ ခတ်ပျံသန်းမှုကို အခြေခံသော စက်။
  • Design for Flying Machine လေယာဉ်ပျံ၏ အခြေခံ တောင်ပံ သဘောများ ပါဝင်သောစက်။
  • Armoured Car သံချပ်ကာ ကား (နောင် အနှစ် ၄၀၀ ကြာမှသာ တင့်ကား ဟူ၍ ပေါ်ပေါက်လာသည်။)
  • Giant Crossbow (လူအားကို သုံးသော်လည်း အလွန်ကြီးမားသော ဒူးလေး လက်နက်)
  • Machine for Storming Wall (ရန်သူ မြို့ရိုးကို ထိုးဖေါက် နိုင်သော စက်)
  • Eight Barreled Machine Gun (ပြောင်း ၈-ပေါက် ပါသော စက်သေနတ်)
  • Automatic Igniting Device for Firearms (သေနတ်တွင် အလိုအလျောက် မီးဖေါက်ပေးသောစနစ်)
  • Parachute Drawing (လေထီး)
  • Crane Clocks (ကရိန်း နှင့် နာရီ၊ ပထမ ဆုံး နှိုးစက် ပုံစံကိုလည်း တီထွင်ခဲ့သည်။)
  • Drilling Machines လွန်တူးစက်
  • Grinding Convex Lenses မှန်ခုံး သွေးစက်
  • An Arsenal (စက်လက်နက် ထုတ်လုပ်ရာ စက်ရုံ)
  • Hydraulic Machine (ရေတင်စက်)
  • Horseless Carriage (မြင်းမပါသော ရထား)

PhotobucketPhotobucket


Photobucketဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါ။ လက်ရှိ မျက်မှောက်ခေတ် ဆေးပညာတွင် အရေး အကြီးဆုံး ဖြစ်သော ခန္ဓာ ဗေဒ ဘာသာရပ် အတွက်-
  • လူ၏ လက်တစ်ချောင်း လှုပ်ရှားမှု တည်ဆောက်ပုံ။
  • မိခင်ဝမ်းတွင် ရှိနေသော သန္ဓေသား ၏ အနေအထား။
  • ဦးခေါင်း နှင့် လည်ပင်းတို့၏ အတွင်းပိုင်း တည်ဆောက်ပုံ။
  • အမျိုးသမီး တို့၏ အတွင်း ကိုယ်ခန္ဓာ အစိတ်အပိုင်းများ။ စသည်ဖြင့် များစွာ ရှိပါသေးသည်။



လီယိုနာဒို ဒါဗင်ချီ၏ ဘ၀ ဇတ်ကြောင်း အကျဉ်း။
ကျွန်တော်တို့ လူအများစုသည်- မိမိတို့ ကဖြင့် ကျောင်းကောင်းကောင်း မတက်ခဲ့ရလို့၊ ပညာရေး စနစ်က ဘာမို့၊ ညာမို့၊ ဆရာကောင်း မကြုံတွေ့ရလို့- စသဖြင့် အကြောင်းအမျိုးမျိုးပြ၍ တစ်ဘက်မှ မိမိကိုယ်မိမိ ကာကွယ် ပြောဆိုကြသကဲ့သို့၊ အခြားတစ်ဘက် ကလည်း သူများနိုင်ငံတွေက တီထွင်မှုကို အားပေးတယ်။ တို့က အားပေး မခံရလို့ ဟူ၍လည်းကောင်း၊ အထောက်အကူ ပစ္စည်း မပြည့်စုံဘူး ဟူ၍ လည်းကောင်း၊ သူတို့က အားနေလို့ တီထွင် နိုင်တာပေါ့၊ ငါတို့က ထမင်းစားဘို့ အလုပ်လုပ်နေကြရတာ - အားမှ မအားပဲ ဟူ၍ လည်းကောင်း ပြောဆို နေကြချိန် တွင်- လီယိုနာဒို သည်-
  • ချမ်းသာ၍ အာဏာရှိသော ဘခင်နှင့် တောသူ ဆင်းရဲသား မိခင်တို့မှ တရားဝင် လက်ထပ်ထားခြင်း မရှိပဲ- အဖေ မည်သူ မှန်း သိသော်လည်း တရားဝင် သား အဖြစ် မရရှိခဲ့ရသော မိမစစ်၊ ဘမစစ်ကောင် bastard ဆိုသော ဘ၀ဖြင့် ကြီးပျင်းလာခဲ့ရသည်။
  • ကလေး ဘ၀ တွင်ပင်-မိခင်က ဘ၀တူ တောသား တစ်ယောက်ဖြင့် အိမ်ထောင်ပြုသွားသော အခါတွင်- ဘခင် ဖြစ်သူက ခေါ်ယူ ကျွေးမွေးခဲ့သော်လည်း- တရားဝင် သား မဟုတ်သဖြင့် ဘခင်၏ အမည်ကို ဆက်ခံ ခွင့် မရပဲ- Leonardo Da Vinci ဆိုသော အမည်- တနည်းအားဖြင့် Vinci ဗင်ချီ မြို့မှ Leonardo လီယို နာဒို ဆိုသော အမည်ဖြင့်သာ ကြီးပျင်းခွင့် ရခဲ့သည်။
  • ဘခင် နှင့် လုပ်ငန်း ပြိုင်ဘက်၊ အာဏာ ပြိုင်ဘက် တို့မှ ဘခင် သေဆုံးပြီးနောက် - ၄င်းတို့ မိသားစု အား နည်းမျိုးစုံဖြင့် အမြစ်ပြုတ် ချေမှုန်းရန် အဆင့်ဆင့် စီစဉ် လုပ်ကြံခဲ့ကြရာတွင်- ပုပ်ရဟန်းမင်း အထောက် အကူဖြင့် သူ၏ အကို နှင့် ညီဖြစ်သူတို့အား တရားစွဲဆို၍ တရားရုံးတွင်- ညီဖြစ်သူအား ဓါးဖြင့် ၁၉-ချက် မသေမချင်း ထိုး၍ လုပ်ကြံခဲ့ပြီး- အကို ဖြစ်သူမှာ ဓါးဒဏ်ရာဖြင့် ထွက်ပြေး လွတ်မြောက်ခဲ့ရသည်။
  • တရားမ၀င်သား ဖြစ်သော လီယိုနာဒို အားလည်း ချမ်းသာ မပေးခဲ့။ ပန်းချီလုပ်ငန်းဖြင့် နာမည် ရလာသော အသက် ၂၀-ကျော် အရွယ်- လီယိုနာဒို အား - ထိုစဉ်က ဘာသာရေး ဥပဒေ အရ သေဒဏ် ပေးနိုင်သော ရာဇ၀တ်မှု ဖြစ်သည့် ယောက်ျားချင်း လိင်တူ ဆက်ဆံသည်ဟု စွဲချက်တင်၍ အပြတ်ရှင်းရန် ကြံခဲ့ သော်လည်း- ကံကောင်း ထောက်မစွာ လွတ်မြောက်လာခဲ့ရသည်။
  • မိမိတို့ နယ်မြေကို ကျူးကျော်လာသူ ရန်သူအား- သံတမာန် နည်းဖြင့် တစ်ဦးတည်း သွားရောက်ခဲ့သည့် ဖလော့ရန့် ဒေသ ခေါင်းဆောင် အကိုဖြစ်သူ လော်ရန်ဇိုး ပြန်ရောက်မလာသည့် ၃-လ တာ ကာလတွင် မိမိ နယ်မြေကို ရန်သူ့ လက်ချက် မှ ကာကွယ်ရန် - စဉ်းစားယင်းဖြင့်- စက်လက်နက် ပစ္စည်းများ၊ မြို့ကာကွယ် ရေး အစီအစဉ် များ ကို ဒီဇိုင်း ရေးဆွဲ တီထွင်ခဲ့ရသည်။
  • စက်လက်နက် ပစ္စည်း များ ကျွမ်းကျင်သူ အနေဖြင့် - နယ်မြေ အာဏာ ရှိသူ အမျိုးမျိုးထံသို့ ချဉ်းကပ် ၍ စက်လက်နက် ဒီဇိုင်း ဆွဲရန် အလုပ်ရှာခဲ့သော်လည်း- စက်မှု နည်းပညာကို နားမလည်သော ခေါင်းဆောင် များသည်- ပန်းချီ ဆရာအဖြစ် သူတို့ နားလည် ထားသော လီယိုနာဒို အား- ၄င်းတို့၏ ဇနီး မယားတို့၏ ပုံတူ ရေးဆွဲခိုင်းခြင်းကို စိတ်မပါစွာဖြင့် ရေးဆွဲ ပေးခဲ့ရသေးသည်။
အောက်ပါ စကားသည်ကား လီယိုနာဒို၏ မှတ်တမ်း စကားပင် ဖြစ်တော့သည်။
“ဒုက္ခရောက်နေချိန်မှာ ပြုံးနိုင်တဲ့သူတွေ၊ ဆုံးရှုံး စိတ်ပျက်စရာတွေထဲက အင်အားကို ရသွားနိုင်သူတွေ၊ တုန့်ပြန်မှု ကြောင့် ရဲရင့် သွားသူတွေကို ကျွန်တော် ချစ်တယ်။ သေးငယ်တဲ့ စိတ်ဓါတ် တွေဟာ - ရှုံ့ဝင် သေးငယ်သွား တတ်ပေမယ့်- နှလုံးသား ခိုင်မာသူတွေ၊ စဉ်းစား ချင့်ချိန် နိုင်မှုနဲ့ လုပ်ဆောင်မှုကို ဦးစီးသူတွေ ကတော့- မသေမချင်း သူတို့ရဲ့ ရည်ရွယ်ချက်နဲ့ ဥပဒေသ တွေကို ဆက်လက် ဖွေရှာ ရအောင်လုပ်ဆောင်သွားကြတာပါပဲ”
I love those who can smile in trouble, who can gather strength from distress, and grow brave by reflection. 'Tis the business of little minds to shrink, but they whose heart is firm, and whose conscience approves their conduct, will pursue their principles unto death.’ - Leonardo Da Vinci
လီယိုနာဒို အပိုင်း (၂) ကို ဆက်လက် တင်ပြပေးပါမည်။
အားလုံး ချမ်းမြေ့ပါစေ။

နျူမာန် (မိုးတား)

[+/-] show/hide this post