Tuesday, March 15, 2011
ကမ္ဘာမြေ ဖျားနာ နေတယ်.
ယခုရက်များ အတွင်း - အင်အားကြီးမားသော ငလျင်ကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသော ဆူနာမီ လှိုင်းလုံးကြီးများကြောင့် ဂျပန် နိုင်ငံတွင် လူပေါင်းများစွာ အတိဒုက္ခရောက် နေကြရပါသည်။ ထပ်မံ၍လည်း- နျူကလီယား ယိုစိမ့်မှု ပြဿနာက ဆက်တိုက် ဖြစ်လာပြန်ပါသည်။
ဤဆောင်းပါးသည်- ၂၀-ရာစု ကာလများမှ ယခု ဂျပန် ဆူနာမီ ဖြစ်ပေါ်ချိန်အထိ ဖြစ်ပွားခဲ့သော ငလျင်များကို စုစည်း တင်ပြထားရုံမျှသာ ဖြစ်ပါသည်။ ဘာကြောင့် ဖြစ်သည်။ ဘာတွေ ဖြစ်နိုင်သည် များကို ဆွေးနွေးခြင်း မဟုတ်ပါ။ သို့သော်- လူအများအနေဖြင့် အလွယ်တကူ မြင်နိုင်စေရန် ဂရပ်များဖြင့် စုစည်း တင်ပြရုံ မျှသာ ဖြစ်ပါသည်။
၂၀-ရာစု အစမှ- ယခု အချိန်အထိ ငလျင်များ စာရင်းကို အောက်ပါ လင့်ခ်များတွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။ 
http://en.wikipedia.org/wiki/List_of_20th_century_earthquakes
http://en.wikipedia.org/wiki/List_of_21st-century_earthquakes
အောက်ပါ ဂရပ်ဖ် သည် အင်အား ၇-နှင့် အထက် ငလျင်ကြီးများ ဖြစ်ပွားခဲ့သော အကြိမ် အရေအတွက်များ နှင့် လူဦးရေ ၁၀၀၀ ထက်ပို၍ သေကြေ ပျက်စီးခဲ့ရသော အကြိမ် အတွက် အနေအထားများကို ဖေါ်ပြထားခြင်း ဖြစ်သည်။
ဆက်ကြည့် ကြပါစို့။
အောက်ပါ ပုံသည် ၁၉၀၁ ခုနှစ်မှ- ၂၀၁၁-ခုနှစ်၊ မတ်လ ၁၃-ရက် အထိ၊ နှစ်အလိုက်.. အင်အား ၄-နှင့် ၅ အထက်ရှိသော ငလျင်များ၏ အရေ အတွက် ကို ပြထားခြင်း ဖြစ်ပါသည်။
၂၀-ရာစုတွင် ဖြစ်ပွားခဲ့သော ငလျင်များ၏ အရေအတွက်.. နှင့် ယခု ၂၁-ရာစု အရောက်တွင် ဖြစ်ပွားသော ငလျင်ကြီးများ၏ ပြင်းအား နှင့် အကြိမ် အရေအတွက် ကွာခြားမှုကို သတိပြုမိ နိုင်မည် ထင်ပါသည်။
ယခု ၂၁-ရာစု အတွင်းတွင် -ဖြစ်သော ၂၀၀၁ ခုနှစ်မှ- ၂၀၁၁ ခုနှစ် မတ်လ ၁၃-ရက်နေ့ အထိ ကို အသေးစိတ် ကြည့်လိုက်ပါစို့။ 
အင်အား ၅-ထက် ကြီးမားသော ငလျင်တို့၏ အကြိမ် အရေတွက် သည် ထူးခြားစွာ အတက်အနေအထား ပြနေသည်ကို မြင်ရပါမည်။ 
အင်အား ၇-နှင့်အထက် ငလျင်များကို အသေးစိတ်ကြည့်မည် ဆိုပါလျှင်လည်း.
၂၀-ရာစုကာလများနှင့် ယှဉ်ကြည့်လျှင် ထူးခြားလာသော အနေအထားများကို ပြဆိုရုံ သက်သက်မျှသာ ဖြစ်ပါသည်။
အချိန်ရပါက ဆက်လက် ရေးသားပါဦးမည်။
ချမ်းမြေ့ကြပါစေ..
နျူမာန် (မိုးတား)
[+/-] show/hide this post
No comments:
Post a Comment