Wednesday, February 9, 2011

ဥုစ် ပိုင်ရှင် နှင့် အတိတ်ဝဋ်ကြွေး။

ဥုစ်ရလျှင် ကောင်းသည်၊ နိစ်ဖြစ်လျှင် မကောင်းဟုသော ဗေဒင် ပုံသေနည်းများကို- ၀ါသနာ ပါသူ အများတို့ ကြားဘူးကြမည် ဖြစ်ပါသည်။ ယခု ဇာတာသည် ဥုစ် ၃-ခု နှင့် မူလတြိဂေါဏ တစ်ခု ပိုင်ဆိုင်မှု (ကသစ်) ကို ရရှိထားသော်လည်း- multiple Organ failure ခေါ် ခန္ဓာကိုယ်တွင် ကျောက်ကပ်၊ အသည်း တို့ အလုပ် မလုပ်သည်သာ မက- blood infection ဖြစ်လျှက် အိန္ဒိယ ဆေးရုံတစ်ခု၏ ICU တွင် မိမိဘ၀၏ နောက်ဆုံးရက်ကို စောင့်စားနေရသော သမီးငယ်လေး တစ်ဦး၏ ဇာတာ ဖြစ်ပါသည်။

စိတ်ဝင်စားစရာ ဇာတာရှင် ဖြစ်သောကြောင့်- ပရိဝတ္တန ယုဂ်များအကြောင်း ရေးသား နေဆဲမှာပင်- အိန္ဒိယ ဗေဒင် မိတ်ဆွေ များထံမှ- ဤကလေးငယ် ၏ ဇာတာကို ရရှိလိုက်သဖြင့်- ဤဆောင်းပါးကို ရေးလိုက်ရပါသည်။

ဤကလေးငယ်ကို ၂၀၀၂-ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက် - သောကြာနေ့၊ မနက် ၉း၅၁ တွင် အိန္ဒိယ နိုင်ငံ မဒရပ်မြို့တွင် မွေးဖွားခဲ့ပါသည်။


ဗေဒင် ပညာကို လေ့လာဘူးသူတို့ အနေဖြင့်- ရှေးကျမ်းများ အရ-
  

ရာဟု သည် ပြိဿ၊
ကိတ် သည် ဗြိစ္ဆာ၊ တို့တွင် တည်လျှင်လည်း ဥုစ်ရသည်ဟု သတ်မှတ်ထားပါသည်။ (မိုးတား MOTAA စနစ်တွင် အသုံးမပြုပါ။)

ဤနည်းတို့ဖြင့် စစ်ဆေးလိုက်သော်- အထက်ပါ ဇာတာရှင် ကလေးငယ် အနေဖြင့်-
သောကြာ သည် - တူရာသီတွင် တည်ခြင်းဖြင့် မူလတြိဂေါဏ ရာသီအိမ်တွင် တည်၏
ကြာသပတေး သည် - ကရကဋ် ရာသီတွင် တည်ခြင်းဖြင့် ဥုစ် ရာသီအိမ်တွင် တည်၏
ရာဟု သည် - ပြိဿ ရာသီတွင် တည်ခြင်းဖြင့် ဥုစ် ရာသီအိမ်တွင် တည်၏
ကိတ် သည် - ဗြိစ္ဆာ၊ ရာသီတွင် တည်ခြင်းဖြင့် ဥုစ် ရာသီအိမ်တွင် တည်၏
သို့သော်- ထိုသမီးငယ် ကလေး အနေဖြင့် မွေးကတည်းကပင် အိပ်ယာထဲမှ မထနိုင်ခဲ့သော ကျောက်ကပ်၊ အသည်းနှင့် ကိုယ် ခန္ဓာ အစိတ်အပိုင်းများ ကောင်းစွာ အလုပ် မလုပ်သော ဝေဒနာကို ခံစားနေခဲ့ရသူ ကလေးငယ် ဖြစ်၍- ယခု ရက်ပိုင်းတွင် အိန္ဒိယ ဆေးရုံတစ်ခု၏ ICU တွင် မိမိဘ၀၏ နောက်ဆုံးရက်ကို စောင့်စားနေရသော ကလေးငယ် ဖြစ်ပါသည်။
သို့ဆိုလျှင်- ဥုစ်ရတိုင်း၊ ကသစ်ရတိုင်း ကောင်းပါ၏လော။ မကောင်းဟု ဆိုလျှင်- ဥုစ်၊ ကသစ်တို့ပါလျှင် ကောင်းသည်၊ နိစ် မိလျှင် မကောင်းဟူသော ဗေဒင် အယူအဆများသည် မှားနေပါသလော။

MOTAA မိုးတား နည်းစနစ်- အရ လေ့လာကြည့်မည် ဆိုပါလျှင်-

ဂြိုဟ်တို့အား လေ့လာခြင်း။

တနင်္ဂနွေဂြိုဟ်သည် မူလ ပဓာန တာဝန် အားဖြင့်- အလင်းရောင်ဓါတ်၊ အသက်ဓါတ်၊ ကို တာဝန်ယူ၏။ ယခု ဇာတာရှင် မကာရ လဂ်အတွက်မူ- အသက်ရှည်မှု နှင့် ဆိုင်သော- တနည်းအားဖြင့် မရဏ ဘာဝဟု လူသိများသည့် ၈-တန့် ဘာဝ၏ သခင် ဖြစ်၏။

တနည်းအားဖြင့်- တနင်္ဂနွေဂြိုဟ်သည် ဤဇာတာရှင်၏ ကျန်းမာရေး၊ အသက်ရှည်ရေး အတွက် အရေးအကြီးဆုံး ဂြိုဟ်ဖြစ်၏။ ထိုတနင်္ဂနွေမှာ- ဗြိစ္ဆာ ရာသီတွင် တည်၏။ ကောင်းသော ဘာဝ အတန့် ဘာဝ (၁၁-တန့်) တွင် တည်ခြင်းဖြစ်ပါ၏။
သို့သော်.. ၄င်းရပ်တည်ရာ ၁၁-တန့်ဘာဝ ၏ အလယ်မှတ် တည့်တည့် (ဗြိစ္ဆာ ၁၆း၃၈) အား - ရာဟုသည် သမသတ် အမြင် အားဖြင့် နီးကပ်စွာ ဖျက်ဆီး၏။ ကိတ်သည် အပူးအားဖြင့် နီးကပ်စွာ ဖျက်ဆီး၏။ ဂြိုဟ်တစ်လုံးသည် မိမိသွားရောက် ရပ်တည်ရာ ဘာဝ ပျက်စီးခြင်းဖြင့် မိမိကိုယ်တိုင်ပါ အင်အား ပျက်စီးသွား၏။
ထိုမျှ မကသေး- ထိုသို့ အင်အား ချိနည့်သွားသော တနင်္ဂနွေ ဂြိုဟ် (ဗြိစ္ဆာ ၂၇း၀၄) အား၊ ကရကဋ် ရာသီ ၂၄း၀၅ တွင် တည်သော ကြာသပတေးမှ ၅-တန့် အမြင်ဖြင့် တိုက်ခိုက် ဖျက်ဆီးလိုက်ပြန်၏။ ကြာသပတေးသည် မူလ သဘာဝ အားဖြင့် သဘာဝ သောမဂြိုဟ်ပင် ဖြစ်သော်ငြားလည်း- ဤဇာတာရှင် အတွက်မူ ပျက်စီး ဆုံးရှုံးခြင်းကို အစိုးရသော ၁၂-တန့် သခင် ဖြစ်နေ၏။

ဤနည်းဖြင့် အသက်ရှင်သန်ခြင်း၊ ကျန်းမာခြင်းတို့ကို ကိုယ်စားပြုသော တနင်္ဂနွေဂြိုဟ် (Medical Astrology အရ ဆိုလျှင်- သွေးကိုလည်း ကိုယ်စားပြုသော တနင်္ဂနွေဂြိုဟ်) သည် အဖတ်ဆယ် မရအောင် ထိခိုက် ပျက်စီးသွားရသည်။

တနင်္လာဂြိုဟ် ခေါ် စန်းအား ဆက်ကြည့်ပါလျှင်- မိန်:13:43 တွင် တည်သော တနင်္လာအား ၄င်းပိုင်ဆိုင်ရာ ဘာဝ ဖြစ်သော ကရကဋ် ရာသီ၏ အလယ်မှတ် ၁၆း၃၈ အား- ကိတ်မှ ၉-တန့် အမြင်ဖြင့် နီးစပ်စွာ ဖျက်ဆီးလိုက်ပြန်၏။ မိမိ၏ မူလတြိဂေါဏ အိမ် ပျက်စီးသွားသော ဂြိုဟ်သည် အင်အား ပျက်စီးသွားပြန်၏။ ထိုမျှ မကသေး ကိတ်သည် တနင်္လာဂြိုဟ်အား ၅-တန့် အမြင်ဖြင့် ထပ်မံ ရန်ပြု တိုက်ခိုက် ထားခြင်းဖြင့် တနင်္လာဂြိုဟ်မှာလည်း အကြီးအကျယ် ပျက်စီးသွားရပြန်ပါသည်။

ဇာတာ တစ်စောင်တွင် တနင်္ဂနွေနှင့် တနင်္လာတို့သည် အလွန်အရေးကြီးသော ဂြိုဟ်များပင် ဖြစ်၏။ ထိုဂြိုဟ်များ ပျက်စီး ထိခိုက်ခံရခြင်းသည် ဇာတာရှင် အတွက် အလွန်ဆိုးသော အနေအထား ဖြစ်၏။

အသက်ရှည်မှုကို သဘာဝ တာဝန် ယူလေ့ရှိသော စနေမှာလည်း ၈-တန့်သခင် ဖြစ်သော တနင်္ဂနွေ၏ ရန်မူ တိုက်ခိုက်ခြင်းကို ရထားပြန်၏။

ဘာဝ တို့အား လေ့လာခြင်း။

ဤဇာတာတွင် လဂ်သခင် မရှိပါ။ စနေ သည် လဂ်အိမ်ရှင်သာ ဖြစ်သဖြင့်- ဇာတာရှင်၏ ကိုယ်ကာယ ကျန်းမာရေး အတွက် လဂ်ကို ကြည့် သောအခါ- လဂ် (မကာရ ၁၆း၃၈) အား ရာဟု မှ ၉-တန့် အမြင်ဖြင့် ဖျက်ဆီး ထားပြန်ပါသည်။ အံသာ နီးစပ်နေမှုကို မြင်နိုင် ပါသည်။
ထိုနည်းတူပင် များစွာသော ဘာဝ တို့အား ရာဟုနှင့် ကိတ်တို့မှ ပူးပေါင်း ဖျက်ဆီးထားခြင်းဖြင့်- ဇာတာရှင် အနေဖြင့် အသက်ရှည်၊ ကျန်းမာမှုမှာ အလားအလာ လုံးဝ မရှိတော့သည်ကို တွေ့ရပါတော့သည်။

ဥုစ် နှင့် မူလ တြိဂေါဏများ ရထားသော်လည်း-

ဥုစ်ရလျှင် ကောင်းသည်၊ နိစ်ရလျှင် မကောင်းဆိုသော ဥပဒေသ သည် မှန်ပါသည်။ သို့သော် အချက်များစွာ အနက်မှ အချက် တစ်ခုသာ ဖြစ်သောကြောင့်- အခြားသော အချက်များသည် ဆိုးရွားသော အခြေအနေ တို့ကို တွန်းပို့ နေပါလျှင်- ဥုစ်လည်း မကယ်နိုင်ပါ။

ဆိုလိုသည်မှာ- စာဖတ်သူ ၀ါသနာ ရှင်တို့ အနေဖြင့် ဥုစ်ရပြီး ဆင်းရဲ နေသူများ၊ နိစ်ရသော်လည်း ချမ်းသာ အောင်မြင်နေကြသူများကို တွေ့သော အခါ- မိမိတို့ သိနားလည် ထားသည်များ မှားများ မှားနေပြီလား ဆိုသော သံသယများ ၀င်လာတတ်ပါသည်။

ထိုဥပဒေသ များ မမှားပါ။ သို့သော် လိုအပ်သော အခြား အချက် တို့ကို ထပ်မံ စစ်ဆေးခြင်းဖြင့် - အဖြေမှန်ကို နီးစပ်အောင် လေ့လာနိုင်လာပါလိမ့်မည်။

အားလုံး ချမ်းမြေ့ပါစေ။
နျူမာန် (မိုးတား)

[+/-] show/hide this post

1 comment:

ကိုပခန်း said...

မှတ်သားလျှက်ပါဆရာ။ န၀င်းစက်မှာ ဥစ် နိစ်များတည်ခြင်း အကျိုးကိုလည်း ဖေါ်ပြဝေဖန် ပေးစေလိုပါတယ်ဆရာခင်ဗျား။

ကိုပခန်း

Post a Comment