ဗေဒင် ပညာဖြင့် လူတစ်ဦး ဘ၀ကို သိရှိနိုင်ပါသလား။
ယခု ၂၀၁၁-ခုနှစ်၊ ဇန်န၀ါရီလ ၁၅-ရက်နေ့တွင် MOTAA မိုးတား နက္ခတ္တ သင်တန်း ပထမဆင့် စာမေးပွဲကို ကျင်းပခဲ့ပါသည်။
နက္ခတ္တ ပညာကို ယခင် ကတည်းက လေ့လာ ခဲ့ဘူးများ သာမက၊ ယခုမှ စတင် လေ့လာသည့် သင်တန်းသား များ အတွက်ပါ သင်တန်း စာမေးပွဲ ကို စစ်မေးခဲ့ပါသည်။
ယင်းသို့ စစ်မေးခဲ့ရာတွင်- နက္ခတ် ဆိုင်ရာ ဗဟုသုတများ ရှိပြီးသား သင်တန်းသားများ၊ လက်ရှိ တွင်လည်း ဟောပြော စစ်ဆေးခြင်း လုပ်ငန်းများကို လုပ်ကိုင်ပေး နေသူ သင်တန်းသားများ၏ အဆင့် နှင့် ယခု မှ အစိမ်း သက်သက် နက္ခတ် ပညာကို စတင်လေ့လာသည့် သင်တန်းသားများ ၏ အဆင့် ၂-မျိုးစလုံးကို ညီမျှစွာ ဖြေဆိုနိုင်ရေး အတွက် မေးခွန်းများကို အထူးအချိန်ပေး ပြင်ဆင်ခဲ့ရပါသည်။
တစ်ဖန် ထိုသို့ စစ်ဆေးရာတွင် - Open Book ခေါ် စာမေးပွဲဝင် သင်တန်းသားများ အနေဖြင့် မေးခွန်းပါ အချက်အလက်များကို မိမိလက်လှမ်း မီသလို ရှာဖွေ နိုင်ခြင်း ကို ပြုလုပ်ပေးသော စာမေးပွဲ ဖြစ်သောကြောင့်- ပညာရပ်၏ နောက်ကွယ် မှ သဘောတရားတို့ကို သင်တန်းသားတို့ ကိုယ်တိုင် သေသေ ချာချာ နားလည် သဘောပေါက်မှ သာလျှင် ဖြေဆိုနိုင်ရန်၊ ကျမ်းစာအုပ်များကို အလွယ်တကူ တိုက်ရိုက် မှီငြမ်းခြင်း မပြုနိုင်ရန်လည်း- မေးခွန်းထုတ်သူ ကျွန်တော့် အနေဖြင့် များစွာ အချိန်ပေး စဉ်းစားခဲ့ရသည်သာ မက၊ ဖြေဆိုသူ သင်တန်းသား တို့၏ ကိုယ်ပိုင် အစွမ်းကို ဖွင့်လှစ် ဖေါ်ပြနိုင်ခွင့် ရစေသော မေးခွန်း ဖြစ်စေရန်လည်း အားထုတ် ခဲ့ရပါသည်။
ဤဆောင်းပါးသည် - အဖြေများကို ပြန်လည် ရှင်းပြသည့် ဆောင်းပါး မဟုတ်ပါ။
သို့သော်-
သင်တန်းသား တို့၏ အစွမ်းကို လှစ်ပြနိုင်ရန် အတွက် လက်တွေ့ ဇာတာ ကို စစ်ဆေးခြင်း အပိုင်း ကို မေးမြန်းခဲ့ရာတွင် ထူးချွန်သူ သင်တန်းသား တို့၏ သုံးသပ်ချက် အဖြေကို ဖေါ်ပြယင်းဖြင့်- ယခု ဆောင်းပါး ခေါင်းစဉ် ဖြစ်သော “ဗေဒင် ပညာဖြင့် လူတစ်ဦး ဘ၀ကို သိရှိနိုင်ပါသလား” ဆိုသော မေးခွန်း၏ အဖြေ ကို- စာဖတ်သူ များကိုယ်တိုင် သိရှိသွားစေလိုပါသည်။
အောက်တွင် ဖေါ်ပြထားသည်မှာ မေးခွန်း ဖြစ်ပါသည်။ မေးခွန်း ၄၊ ၅၊ ၆ တို့သည် ဇာတာ တစ်ခုတည်း အတွက် မေးထားသော မေးခွန်းများ ဖြစ်ပါသည်။
မေးခွန်း (၄ မှ ၆ အထိ) တွင် ဖေါ်ပြပါဇာတာကို ပေးထားပြီး- အောက်ပါ အတိုင်းမေးထား ခဲ့ပါသည်။
(၄-၁) အောက်ဖေါ်ပြပါ ဇာတာတွင်- ဤဇာတာ မွေးဖွားချိန်၌ မိုးကုတ် စက်ဝိုင်းထက် ကောင်းကင်ပြင် အထက်တွင် တည်နေသော ဂြိုဟ်တို့ကို ချရေးပြပါ။ ရာဟုနှင့် ကိတ်တို့သည် အမှန်တကယ် ရုပ်သွင် မရှိသော ဂြိုဟ် မဟုတ်သောကြောင့် ဤအဖြေတွင် ထည့်စဉ်းစား စရာမလိုပါ။
(၄-၂) အထက်ပါ ဇာတာရှင် မွေးဖွားသော အချိန်ကာလ ကို အနီးစပ်ဆုံး ခန့်မှန်း ကြည့်ပါ။ တိကျရန် မလိုပါ။ ခန့်မှန်း တန်ဘိုးမျှသာ ဖြစ်ပါသည်။
မေးခွန်း (၅)
(၅-၁) အထက်ပါ မေးခွန်း (၄-၁) အတွက် ဘာဝစက် ဇာတာခွင်ကို မိုးတား M.O.T.A.A မူ (ဘာဝတို့ကို အညီအမျှ ပိုင်းခြားသော စနစ်ဖြင့်) ရေးဆွဲ ဖေါ်ပြပေးပါ။
(၅-၂) ဆက်လက်၍ မည်သည့်ဂြိုဟ်သည် မည်သည့် ဘာဝ၏ သခင် (မူလ တြိဂေါဏ အိမ်ရှင်) ဖြစ်လျှက် မည်သည့် ဘာဝတွင် ရပ်တည် သည်ကို ဇယားဖြင့် ဖေါ်ပြပေးပါ။ (မှတ်ချက်- စနေ ဂြိုဟ်သည် ကုမ်ရာသီတွင် သခင် ဖြစ်သည်ဟု ယူတွက်ပါ။)
မေးခွန်း (၆)
အထက်မှ ရလာသောဂြိုဟ်တစ်လုံးချင်းစီတို့ အနေဖြင့် ဘာဝ ရပ်တည်မှု အနေအထား၊ ရာသီ ရပ်တည်မှု အနေအထား တို့ကို လေ့လာ၍- မိုးတား သင်ခန်းစာ များတွင် ပါရှိသော ဂြိုဟ်တို့၏ အဓိပ္ပါယ်၊ ရာသီနှင့် ဘာဝတို့၏ အဓိပ္ပါယ် ကို အသုံးပြု၍ အထက်ပါ မေးခွန်း ၅-တွင် ဖေါ်ပြထားသော ဇာတာ အား ဂြိုဟ်တစ်လုံးချင်းစီ အတွက် လေ့လာ မြင်တွေ့နိုင်သော စရိုက်၊ စိတ်ဓါတ်၊ အရည်အချင်း၊ ဘ၀ အနေအထား၊ ပညာရေး စသည်တို့ကို သုံးသပ် ဆန်းစစ် ပေးပါ။ ဂြိုဟ်တို့၏ အင်အား ဆန်းစစ်ရန် မလိုပါ။
တနင်္လာ-
ဇာတာရှင်၏ အေးချမ်းမှု၊ စိတ်ခံစားမှုတို့ကို ဖေါ်ပြသော တနင်္လာသည် (ရာသီအိမ်ရှင်မှ မိတ်ပြုရာ) ဗြိစ္ဆာရာသီတွင် တည်သဖြင့် အေးချမ်းသော ငြိမ်းအေးသော စိတ်ခံစားမှုကို ဖြစ်စေသည်။ တဖန် ရေရာသီတွင်တည်သဖြင့် ပေါ့ပါးလွတ်လပ်သော စိတ်သဘောထားကိုလည်း မွေးမြူစေနိုင်လေသည်။ စုဆောင်းမှု ပိုင်ဆိုင်မှုဆိုင်မှုဆိုင်ရာ ၂ တန့်ဘာဝ၏ သခင်သည် ရန်အတန့် ၆ တန့်တွင်တည်သဖြင့် ဥစ္စာပစ္စည်းများစွာ စုဆောင်းပိုင်ဆိုင်မည့်သူမဟုတ်။ အေးချမ်းသော စိတ်သဘာဝအရ မက်မောတွယ်တာလိမ့်မည်မဟုတ်ပေ။
လက်တွေ့အကောင်အထည်ဖေါ်မှု၊ သတ္တိ၊ စွန့်စားမှုဆိုင်ရာ အင်္ဂါသည် (ရာသီအိမ်ရှင်မှ ရန်ပြုရာ) မကာရတွင်တည်သဖြင့် အပြင်ပမ်းအားဖြင့် စွန့်စားလွန်းသူ သတ္တိကောင်းသူတစ်ယောက် မဟုတ်ပေ။ အင်္ဂါသည် လာဘ်လာဘဆိုင်ရာ ၁၁ တန့် အိမ်ရှင်ဖြစ်ကာ အပြောင်းအလဲနှင့်လျှို့ဝှက်ချက်ဆိုင်ရာ မရဏ ၈ တန့်ဘာဝတွင် တည်သဖြင့် လျှို့ဝှက်စွာ စွန့်စားရမှုများ၊ ဘ၀ရပ်တည်မှုအတွက် အပြောင်းအလဲဖန်တီးရမှုများကို ဖေါ်ပြနေသည်။ သို့တစေ မြေရာသီတွင်တည်သဖြင့် ခိုင်ကြည်သော အပြောင်းအလဲရပ်တည်မှုများ အဆုံးတွင် ရယူနိုင်မည်ဖြစ်သည်။
အသိဥာဏ်အတွေးအခေါ် အတွက်အချက်ကို ဖေါ်ပြသော ဗုဒ္ဓဟူးသည် (ရာသီအိမ်ရှင်မှ ရန်ပြုရာ) မိန်ရာသီတွင်ရပ်တည်သောကြောင့် ပုံမှန်မဟုတ်သော တွေးနည်းခေါ်နည်းများ ပိုင်ဆိုင်မည်။ ရေရာသီတွင်တည်သဖြင့် ပြောင်းလဲလှည့်ယူတွေးခေါ်နိုင်သော ပညာစွမ်းကိုလည်း ပြဆိုသည်။ အတွင်းစိတ်သဏ္ဍန်ကို ညွှန်းဆိုသော ၄ တန့် သခင်ဖြစ်သည့်အပြင် အများသို့ထုတ်ဖေါ်ပြနိုင်သော သဘာဝရှိသည့် ၁၀ တန့်အလုပ်ဘာဝသို့ ကိန်းမှကိန်းချင်းတည်သဖြင့် ပညာစွမ်းအား ထွန်းတောက်မည့်သူ အများက လေးစားရသူဖြစ်မည်။
အကျင့်စာရိတ္တနှင့် ဂုဏ်သိက္ခာဆိုင်ရာ ကြာသာပတေးသည် (မိတ်ရန်မပြုရာ) မိန်ရာသီတွင်တည်သဖြင့် ဂုဏ်သိက္ခာစာရိတ္တအနာအဆာမရှိသည့် အဖြစ်ကို ရရှိမည်ဖြစ်သည်။ အပြန်အလှန်ဆက်ဆံရေးဆိုင် အိမ်ထောင်ရေးဆိုင်ရာ ၇ တန့်ဘာဝ၏ သခင်ဖြစ်ကာ ဂုဏ်ကျက်သရေ ၉ တန့်ဘာဝတွင်တည်သဖြင့် ပညာဂုဏ်ကြီးမားသူအဖြစ် အများတကာက လက်ခံကြမည်။ ၇ တန့်ဘာဝသည် အိမ်ထောင်ရေးကိုလည်း ညွှန်းဆိုကာ လေရာသီတွင်တည်သဖြင့် ပြောင်းလဲသော အိမ်ထောင်ရေးကိုလည်း(ဆက်ဆံရေး)ကိုလည်း ပြဆိုလေသည်။
ဇနီးအိမ်ထောင်ရေးကာမစည်းစိမ်ကို ညွှန်းဆိုသော သောကြာသည် (ရာသီအိမ်ရှင်မှ ရန်ပြုရာ) မိန်ရာသီတွင်တည်သဖြင့် စည်းစိမ်ဥစ္စာ ရုပ်ရေရူပကာ ဟန်ပန်အမူအယာအားဖြင့် တင့်တယ်လွန်းသူမဟုတ်ပေ။ ပညာရေးသင်ကြားမှုသားသမီးဆိုင်ရာ ၅ တန့်ဘာဝ၏ သခင်ဖြစ်ကာ အလုပ်အကိုင်ကမ္မဘ၀ ၁၀ တန့်တွင်တည်သဖြင့် ပညာသင်ကြားခြင်းဖြင့် အသက်မွေးနိုင်မည်။ တပည့်တပမ်းလည်း ပေါများနိုင်သည်။ သို့သော် အောင်မြင်သော ထည်ဝါသောအသွင်သဏ္ဍန်ကိုတော့ ပိုင်ဆိုင်မည့်သူတစ်ယောက်မဟုတ်ပေ။
အပင်ပမ်းခံနိုင်မှု၊ ဇွဲ၊ ကျင့်ဝတ်တရားတို့ကို ဖေါ်ပြသောစနေသည် (ရာသီအိမ်ရှင်မှ မိတ်ရန်မမူဘဲ) မိန်ရာသီတွင် တည်သဖြင့် သင့်တင့်သော သဘောရှိသည်။ ဂုဏ်သိက္ခာအမြော်အမြင်ကို ဖေါ်ပြညွှန်းဆိုသော ၉ တန့်ဘာဝ၏ သခင်ဖြစ်ပြီး၊ အများအလယ်တင့်တယ်မှု အလုပ်ဆိုင်ရာ ၁၀ တန့်တည်သဖြင့် ကြီးမြတ်သော အများရိုသေခံရနိုင်သော ဇာတာရှင်အဖြစ်ကို ညွှန်ဆိုနေတော့သည်။
အချုပ်အားဖြင့်ဆိုသော် ပညာမှလွဲ၍ တခြားဘာမျှထည့်မတွက်သော ဂုဏ်သိက္ခာရှိ ပုဂ္ဂိုလ်တစ်ဦးအဖြစ်ပြဆိုလျှက်ရှိသည်။
အမှန် အားဖြင့် ဤဇာတာရှင် သည်-
၁၉-ရာစုနှင့် ၂၀-ရာစု တွင် အလွန် ထူးချွန်သော၊ သိပ္ပံပညာရှင် ဆိုငြား သော်လည်း၊ သူ၏ ဦးဏှောက် သည်သာ ၄င်း၏ သုတေသန ပြုလုပ်ရာ ကိုယ်ပိုင် ဓါတ်ခွဲခန်းကြီး ဖြစ်ခဲ့ပြီး ဂျူတီကုဒ်ကြီးတစ်ဖားဖားနှင့် ပြင်ပ ဓါတ်ခွဲခန်း တို့တွင် အချိန်ကုန် တတ်သော သိပ္ပံ ပညာရှင် တို့တွင် မပါဝင်သူ ဖြစ်သော၊ လူ့သမိုင်းကြောင်း ကို အပြောင်းအလဲ ကြီး တစ်ခု ဖြစ်စေနိုင်သော ရူပ ဗေဒ နိုဘယ် ဆုရှင် ဖြစ်သော်လည်း- သိပ္ပံပညာရှင် ဆိုသော အမည်ထက်- တယောထိုး ဆရာကြီး အိုင်းစတိုင်း ဆိုသော အမည်ကို ပို၍ နှစ်ခြိုက်သူ ဖြစ်၍၊ ပညာရှင် ဆိုသော မာန်မာန စိုးစိမျှ မရှိသော လူထူး လူဆန်း သိပ္ပံပညာရှင် ကြီး ဖြစ်သူ အယ်လ်ဘတ် အိုင်းစတိုင်း (Albert Einstein) ပင် ဖြစ်ပါတော့သည်။
စာမေးပွဲ မေးခွန်း (၄-၂) တွင် ဇာတာကို ကြည့်၍- ဇာတာရှင် မွေးဖွားသော အချိန်ကာလ ကို အနီးစပ်ဆုံး ခန့်မှန်း ထားစေခဲ့ ပါသည်။
သင်တန်းသား အားလုံးတို့သည်- လဂ် ခေါ် Ascendant နှင့် တနင်္ဂနွေ Sun ၏ တည်နေရာ အကွာအဝေးကို တွက်ချက်၍၊ လဂ် အနေဖြင့် တစ်ရာသီလျှင် ၂-နာရီ တည်ရှိသည် (တစ်နည်းအားဖြင့် ၃၀ ဒီဂရီ ကို ၂-နာရီ၊ ထို့ကြောင့် လဂ်သည် တစ်နာရီလျှင် ၁၅-ဒီဂရီ နှုန်းဖြင့် ရွေ.လျား နေသည် ဆိုသော အချက်ကိုသာ မူတည်၍ ဖြေဆိုခဲ့ကြပါသည်။
သို့သော်-
အမှန်အားဖြင့်- ၂၃း၂၇ စောင်းနေသည့် စက်လုံး ပုံသဏ္ဍာန် ရှိသော ကမ္ဘာကြီး၏ အီကွေတာ အနီးတစ်ဝိုက် ဒေသများ တွင်သာ ထိုပျမ်းမျှသွားနှုန်း တစ်နာရီလျှင် ၁၅-ဒီဂရီ နှုန်းသည် နီးစပ်မှု ရှိ၍၊ ယခု ဇာတာရှင် မွေးဖွားရာ ဒေသဖြစ်သော ကမ္ဘာ့ မြောက်ဘက်ခြမ်း - မြောက်လတ္တီတွဒ် ၄၈း၂၄ တွင်မှု၊ နွေရာသီ၊ ဆောင်းရာသီပေါ် မူတည်၍ လဂ်သွားနှုန်း သည် နေ့တာနှင့် ညတာပါ ကွာခြားသွားခြင်းကြောင့် ဤနည်းဖြင့် တွက်၍ ရလာသော အဖြေများမှာ မမှန်ပါ။
မည်သို့ပင် ဆိုစေ-
စကြာဝဠာနှင့် ပတ်သက်သော ဂြိုဟ်များ၏ တည်နေရာကို တွက်ချက်ကြရာတွင်လည်း ထိုသို့ပင် ဖြစ်ပါသည်။ စောင်းနေသော ဂြိုဟ်ပါတ်လမ်းကြောင်းများ၊ နေကိုပတ်နေသော ဂြိုဟ်များကို ကမ္ဘာမှ မှီငြမ်း ၍ ပျမ်းမျှ နှုန်းဖြင့် ခန့်မှန်း တွက်ချက်ခြင်းသည်- အမှန်တကယ် သွားလာနှုန်း မဟုတ်သည်ကို သင်တန်းသားများ အနေဖြင့် ထင်ရှား စေလိုသောကြောင့် ဤမေးခွန်းကို မေးခဲ့ခြင်း ဖြစ်ပါသည်။
အထက်ပါ သင်တန်းသား ဖြေဆိုသွားသော အချက်များကို လေ့လာကြည့်ပါအံ့-
- အောင်မြင်ကျော်ဇောမှု ရှိသူဖြစ်သည်။ ထို ကျော်ဇောမှုသည် အနိုင့်အထက်ဖြင့် ရရှိမှုမျိုးမဟုတ်ဘဲ အေးချမ်းသောနည်းလမ်းဖြင့် မျှတစွာဖန်းတီးယူနိုင်မည်ဖြစ်သည်။ စွန့်စား တီထွင်ခြင်းဖြင့် အောင်မြင် ကျော်ဇောသူအဖြစ် ရောက်ရှိနိုင်မှုကို ဖေါ်ပြသည်။
- အေးချမ်းသော ငြိမ်းအေးသော စိတ်ခံစားမှုကို ဖြစ်စေသည်။ တဖန် ရေရာသီတွင်တည်သဖြင့် ပေါ့ပါး လွတ်လပ်သော စိတ်သဘောထားကိုလည်း မွေးမြူစေနိုင်လေသည်။ ဥစ္စာပစ္စည်းများစွာ စုဆောင်းပိုင်ဆိုင်မည့်သူမဟုတ်။ အေးချမ်းသော စိတ်သဘာဝအရ မက်မော တွယ်တာ လိမ့်မည်မဟုတ်ပေ။
- လျှို့ဝှက်စွာ စွန့်စားရမှုများ၊ ဘ၀ရပ်တည်မှုအတွက် အပြောင်းအလဲဖန်တီးရမှုများကို ဖေါ်ပြနေသည်။ ခိုင်ကြည်သော အပြောင်းအလဲရပ်တည်မှုများ အဆုံးတွင် ရယူနိုင်မည်ဖြစ်သည်။
- ပုံမှန်မဟုတ်သော တွေးနည်းခေါ်နည်းများ ပိုင်ဆိုင်မည်။ ရေရာသီတွင်တည်သဖြင့် ပြောင်းလဲလှည့်ယူတွေးခေါ်နိုင်သော ပညာစွမ်းကိုလည်း ပြဆိုသည်။ ပညာစွမ်းအား ထွန်းတောက်မည့်သူ အများက လေးစား ရသူဖြစ်မည်။
- ဂုဏ်သိက္ခာ စာရိတ္တအနာအဆာ မရှိသည့် အဖြစ်ကို ရရှိမည်ဖြစ်သည်။ အပြန်အလှန်ဆက်ဆံရေး၊ ပညာဂုဏ်ကြီးမားသူ အဖြစ် အများတကာက လက်ခံကြမည်။
- စည်းစိမ်ဥစ္စာ ရုပ်ရေရူပကာ ဟန်ပန်အမူအယာအားဖြင့် တင့်တယ်လွန်းသူမဟုတ်ပေ။ ပညာ သင်ကြားခြင်းဖြင့် အသက်မွေးနိုင်မည်။ တပည့်တပမ်းလည်း ပေါများနိုင်သည်။ သို့သော် အောင်မြင်သော ထည်ဝါသော အသွင်သဏ္ဍန်ကိုတော့ ပိုင်ဆိုင်မည့်သူ တစ်ယောက်မဟုတ်ပေ။
- သင့်တင့်သော သဘောရှိသည်။ ကြီးမြတ်သော အများရိုသေခံရနိုင်သော ဇာတာရှင်အဖြစ်ကို ညွှန်ဆိုနေတော့သည်။
- အချုပ်အားဖြင့်ဆိုသော် ပညာမှလွဲ၍ တခြားဘာမျှထည့်မတွက်သော ဂုဏ်သိက္ခာရှိ ပုဂ္ဂိုလ်တစ်ဦးအဖြစ်ပြဆိုလျှက်ရှိသည်။
အထက်ပါ အချက်များ အားလုံးသည် ဇာတာရှင် ဖြစ်သော အယ်လ်ဘတ် အိုင်းစတိုင်း၏ ဘ၀၊ အခြေအနေနှင့် စိတ်ဓါတ်၊ စရိုက်တို့ အတိအကျပင် ဖြစ်၍ ရာနှုန်းပြည့် မှန်နေပါတော့သည်။
ဆက်လက် နောက် မေးခွန်းတစ်ခု နှင့် ၄င်းကို ဖြေဆိုထားသော သင်တန်းသား၏ အဖြေကို ကြည့်ပါရန်။
မေးခွန်း ၇-နှင့် ၈ တွင် မေးထားသော ဇာတာ
- (၁) ပကတိ တည်နေရာအင်အား (ရာသီစက်၊ န၀င်းစက်) (Absolute Positional Strength)
- (၂) လဂ်မှ တည်နေရာအင်အား၊ (ဘာဝစက်) (Relative Positional Strength)
- (၃) နေရောင် လွှမ်းမိုးမှု အနေအထား၊ (Combust)
- (၄) ထိုဂြိုဟ်ပိုင်ဆိုင်သော မူလတြိဂေါဏ ရာသီ၏ အလယ်ဗဟိုချက်မှတ် ဆီသို့ အခြားသော ဂြိုဟ်များ၏ လွှမ်းမိုးမှု၊
- (၅) ထိုဂြိုဟ်ရပ်တည်သော ရာသီ၏ အလယ်ဗဟိုချက်မှတ် ဆီသို့ အခြားသော ဂြိုဟ်များ၏ လွှမ်းမိုးမှု၊
- (၆) ထိုဂြိုဟ် ရပ်တည်ရာ ရာသီ၏ ပိုင်ရှင်တွင် ရှိနေသော အင်အား။ (နယ်မြေ တာဝန်ခံ ဂြိုဟ်၏ အင်အား)
(၇-၁) အောက်ဖေါ်ပြပါ တည်နေရာများ ရှိနေသော ဇာတာ အတွက် ရာသီစက်နှင့် ဘာဝ စက် ၂-ခုကို ရေးဆွဲပါ။
(၇-၃) ဤဇာတာ အတွက် ဘာဝ တို့၏ အင်အား အသီးသီးကို ရှာပါ။။
မေးခွန်း (၈)
အထက်ပါ ဇာတာရှင်သည် မည်သို့သော အခြေအနေမျိုး မှ မွေးဖွားလာ၍- မည်သည့် အခြေအနေ မျိုးနှင့် ဘ၀ လမ်းကို လျှောက်လမ်း နိုင်သည်ကို သင်မြင်မိသနည်း။ သူ၏ အောင်မြင်မှု၊ ပညာရေး၊ အသက်ရှည်နိုင်မှု များကို သင်ခန်းစာတွင် ပါဝင်သော အချက်များကို ကိုးကား၍ အကြောင်းရင်း ပြည့်စုံစွာဖြင့် ဆောင်းပါး တစ်ပုဒ်သဖွယ် ရေးသားပါ။
သင်တန်းသား တစ်ဦး၏ အဖြေ ရှင်းပြချက်
အဖြေ (၈)
ဇာတာဝေဖန်ချက်
ဇာတာရှင်၏စရိုက် သဘာဝ
တနင်္ဂနွေနှင့်ကြာသာပတေး အားများသက်ရောက်မှုအရ ပညာအရည်အချင်းဖြင့် ဦးဆောင်နိုင်စွမ်းရှိသည့် စရိုက်သဘာဝကို ဖေါ်ပြသည်။
အနှုတ်ပြသော အားများဖြစ်သည့် တနင်္လာ၊ အင်္ဂါ ဗုဒ္ဓဟူး၊ စနေတို့အရ မအေးချမ်းသော၊ မ၀ံရဲသော၊ မပွင့်လင်းသော(ဆက်ဆံရေးမကြေညက်သော)၊ ရေရှည်မစွဲမြဲသော အတွေးအယူအဆများရှိနေနိုင်သည်။
ဇာတာရှင်၏ အကျိုးပေး
အနှုတ်စွမ်းအားကြီးမားလွန်းသော ရာဟု၏ သက်ရောက်မှုသည် ဘ၀တစ်ခုလုံးကမောက်ကမဖြစ်အောင် ပေးဆပ်ရတတ်သည်။ ဇာတာရှင်၏ ဦးဆောင်မှုရည်ရွယ်ချက် အတွေးအခေါ်၊ နာမည်ကြီးမှုတို့မှအပ၊ ကျန်ကဏ္ဍအားလုံး အနှုတ်သဘော သက်ရောက်ကြသဖြင့် မိမိဥာဏ်စွမ်းရှိသမျှ မခံစားရသော ဘ၀အကျိုးပေးကို ပြဆိုသည်။ ကောင်းသောအရာအားလုံး (ကြီးမားသော ရာဟုအစွမ်းဖြင့်) ရုတ်ခြည်းပျောက်ကွယ် သွားတတ်သည်။
အဆိုးအားများမှုများအရ တနင်္လာ အနှုတ်သဘောသည်၊ စိတ်မအေးချမ်းရခြင်းကိုပြဆိုသည်။
အင်္ဂါအနှုတ်သဘောသည် လက်နက်စက်ပစ္စည်းတို့ကြောင့် ထိခိုက်ဒဏ်ရာရနိုင်သည်ကို ပြဆိုသည်။
ဗုဒ္ဓဟူးအနှုတ်သဘောသည် ပေါင်းသင်းဆက်ဆံရေးတွင် စကားအတိုက်အခိုက် အရေးအသားဖြင့် အတိုက်အခိုက်များခံစားရနိုင်သည်။
အသက်အနေကို ဖေါ်ပြသော စနေသည် ကူသူမရှိ အနှုတ်ပြနေသောကြောင့် အသက်မရှည်နိုင်ပေ(သို့) တည်ငြိမ်သော ဘ၀အခြေကို ကြာရှည်စွာ ခံစားရဖွယ်မရှိချေ။
အကောင်းအဆိုးရောသော သောကြာသည် အတက်အကျများသော ဘ၀စည်းစိမ်အခြေအနေကိုပြဆိုသည်။
အနှောင့်အယှက်မရှိသော တနင်္ဂနွေသဘောအရ ဂုဏ်သတင်းကျော်ဇော်မှုကို ရရှိမည်ဖြစ်သည်။ မိသားစုတွင်း အကြီးအကဲများ၏ မဆမှုလည်းရရှိနိုင်သည်။ ခေါင်းဆောင်အဖြစ် အကြီးအကဲအဖြစ်ကိုလည်း ရရှိစေမည်ဖြစ်သည်။
ကဏ္ဍအလိုက် ဝေဖန်ရပါလျှင်
၁ တန့်သဘာဝအရ-
ဇာတာရှင်၏ ပင်ကိုယ်စရိုက်သဘော ကိုယ်ကာယသည် ဆိုးရွားလျှက်ရှိသည်။ အားနည်းသော စနေသဘောအရ ကျမ်းမာရေးအထိအခိုက်ကို ခံစားရနိုင်ပြီး၊ စရိုက်မှာမူ အားရှိသော တနင်္ဂနွေ ကြာသာပတေးတို့သဘောအရ ကျင့်ဝတ်သိက္ခာ လေးမြတ်မှုတို့အလို့ငှာ စောင့်ထိန်းနိုင်မည်ဖြစ်သည်။
၂ တန့်သဘာဝအရ-
ဥစ္စာစုဆောင်းပိုင်ဆိုင်မှုနှင့်ပတ်သတ် ကောင်းကျိုးခံစားရမည်။ အလိုပြည့်မှုနှင့် ဆိုင်သော သောကြာတွင် အဆိုးအကောင်းရောမွှေနေသဖြင့် ပြီးပြည့်စုံသောဘ၀ဟု မဆိုနိုင်ပေ။
၃ တန့်သဘောအရ-
ဇာတာရှင်၏ ၀န်းကျင်ပတ်သတ်နေရမှုနှင့်ပတ်နေရမှုသည် ကောင်းကျိုးမရှိပေ။ ခိုင်မာသောဆုံးဖြတ်ချက်၊ လုပ်ငန်းထူထောင်မှုများသည် အသုံးမ၀င်ဖြစ်မည်။ ၃ တန့်သည် အသက်ဓာတ်ရှင်သန်လိုစိတ်ကိုလည်း ကိုယ်စားပြုကာ အင်အားအဆိုးပြဆိုနေသဖြင့် စိုးရိမ်ဖွယ် ကျန်းမာရေး/ပတ်ဝန်းကျင် ကြုံရမည်။
၎ တန့်သဘာဝအရ-
အေးငြိမ်းသော မေတ္တာရှင်သဘောသဘာဝရှိတတ်ကာ မိသားစုဝန်းကျင်အကျိုးပေးကောင်းသူ သနားကြင်နာတတ်သူ၊ မိသားစုအရှိန်အ၀ါကြီးသူဟု ကောက်ချက်ပြုနိုင်ပါသည်။
၅ တန့်သဘာဝအရ-
ပညာရေး မေတ္တာရေးတို့တွင် သာမန်အကျိုးပေးရှိသည်။ အခြားဂြိုဟ်များ၏ အဆိုးသဘောသက်ရောက်မှုအရ ၄င်းကဏ္ဍများ ညံ့ဆင်းသွားနိုင်သည်။
၆ တန့်သဘာဝအရ-
ပကတိအနှုတ်သဘောသက်ရောက်ကာ အကောင်းအဆိုးလည်း ရောမွှေလျှက်ရှိသည်။ ရန်များသော အပြိုင်အဆိုင်များသော ဘ၀လမ်းကို ပြဆိုကာ၊ မဖြစ်ဖြစ်အောင် ဇွတ်လုပ်ချင်သောဇွတ်လုပ်တတ်သော ဇာတာရှင်၏ စရိုက်ကိုလည်း ပြဆိုလေသည်။
၇ တန့်သဘာဝအရ-
အားမရှိသောကြောင့် ဆက်ဆံရေး အိမ်ထောင်ရေး စသည်တို့သည် ဇာတာရှင်အတွက် အရေးမပါပေ။ ထူးခြားသော အပြောင်းအလဲကို မပြဆိုပေ။
၈ တန့်သဘာဝအရ-
ပကတိအနှုတ်အားပြလျှက်ရှိကာ ပြင်ပအကောင်းသဘောများလည်းသက်ရောက်သည်။ အနှုတ်သဘောအရ ဆိုးဝါးသော အပြောင်းအလဲ ကြုံရမည်။ ၈ တန့်သည် သေဆုံးခြင်းကို ပြဆိုကာ အသက်ရှည်မှုနှင့်ဆိုင်သော စနေသည်အားနည်းခြင်း၊ ကိုယ်ခံစွမ်းအားကို ဖေါ်ပြသော ၃ တန့် အနှုတ်သဘောရောက်ခြင်း၊ ရာဟုဖျက်အားကြီးခြင်းကြောင့်၊ ယှဉ်ပြိုင်ဖက် ၆ တန့် အနှုတ်သဘောဆောင်ခြင်း စသည်တို့ကြောင့် အသက်အန္တရာယ်ကြုံနိုင်သော အခြေအနေကိုပြဆိုသည်။ ပြင်ပအကောင်းသဘောသက်ရောက်မှုအရ နာမည်ကျော်ကြားသော အပြောင်းအလဲကိုလည်း ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
၉ တန့်သဘာဝအရ-
မူလအားမဲ့ကာ အနှုတ်သဘောများကျရောက်နေသည်။ ဇာတာရှင်၏ ဂုဏ်သိက္ခာတင့်တယ်မှုများ အဆိုးသဘောဖြင့် ကျော်ဇောသွားမည်။
၁၀ တန့်သဘာဝအရ-
အရည်အချင်းကို ဖေါ်ထုတ်ပြနိုင်စွမ်းတို့လည်း အားသက်ရောက်မှုနည်းသည်။ အောင်မြင်သော အလုပ်တစ်ခု အရည်အချင်းတစ်ခုကို ကိုယ်ပိုင်အစွမ်းဖြင့် ဖေါ်ထုတ်မပြနိုင်ဖြစ်မည်။
၁၁ တန့်သဘာဝအရ-
ဆိုးရွားလွန်းသော အမုန်းများလက်ခံရတတ်သည်။ အသိမိတ်ဆွေများတွင် မိမိအား ဒုက္ခပေးလိုသူများ ကြုံရနိုင်သည်။
၁၂ တန့်သဘာဝအရ-
စိတ်သဘောထားအနေဖြင့် မူလသဘောအရ အေးချမ်းသူဖြစ်မည်။ သက်ရောက်လာသော ကောင်းဆိုးအားများအရ သောကများရသော ဘ၀အခြေကို ပြဆိုသည်။
အချုပ်အားဖြင့်ဆိုသော်
မိသားစုအရိပ်အမြုံအကျိုးပေးကောင်းသူ၊ ဦးဆောင်နိုင်စွမ်း ပညာစွမ်းကြီးသူ၊ လူမုန်းများသူ၊ အသက်အန္တရာယ်ရှိသူ၊ ဆိုးရွားသောအပြောင်းအလဲကို ကြုံရသူဟု ကောက်ချက်ချနိုင်ပါသည်။
အိန္ဒိယ နိုင်ငံ၏ သတ္တမမြောက် ၀န်ကြီးချုပ် ဖြစ်သူ ရာဂျစ် ဂန္ဒီ အား ၁၉၄၄ ခုနှစ်၊ သြဂုတ် ၂၀-ရက်၊ နံနက် ၉း၅၀ တွင် မဟာရချတ္တရ ပြည်နယ်၊ ဘုံဘေ မြို့ (ယခု အခေါ် မွန်ဘိုင်း မြို့တွင်) မွေးဖွားခဲ့ပါသည်။
ရာဂျစ် ဂန္ဒီ လုပ်ကြံ ခံရခြင်း။
ဇာတာရှင်၏ ဘ၀တွင်- မထင်မှတ်ပဲ ညီဖြစ်သူ သေဆုံးခဲ့ခြင်းကြောင့်- စိတ်မပါသော နိုင်ငံရေး စင်မြင့်သို့ တက်ခဲ့ရ၏။ မထင်မှတ်ပဲ မိခင် သေဆုံးမှုကြောင့်- ရုတ်တစ်ရက် ၀န်ကြီးချုပ် ဖြစ်ခဲ့ရ၏။ မထင်မှတ်ပဲ အလစ်လုပ်ကြံ ဗုံးခွဲမှုကြောင့် အသက်သေဆုံးခဲ့ရ၏။
ဆက်လက်၍- သင်တန်းသားသည် “အင်္ဂါအနှုတ်သဘောသည် လက်နက် စက်ပစ္စည်းတို့ကြောင့် ထိခိုက်ဒဏ်ရာရနိုင်သည်” ဟု ထောက်ပြခဲ့နိုင်၏။
“အနှုတ်သဘောအရ ဆိုးဝါးသော အပြောင်းအလဲ ကြုံရမည်။ ၈ တန့်သည် သေဆုံးခြင်းကို ပြဆိုကာ အသက်ရှည်မှုနှင့်ဆိုင်သော စနေသည်အားနည်းခြင်း၊ ကိုယ်ခံစွမ်းအားကို ဖေါ်ပြသော ၃ တန့် အနှုတ်သဘောရောက်ခြင်း၊ ရာဟုဖျက်အားကြီးခြင်းကြောင့်၊ ယှဉ်ပြိုင်ဖက် ၆ တန့် အနှုတ်သဘောဆောင်ခြင်း စသည်တို့ကြောင့် အသက်အန္တရာယ်ကြုံနိုင်သော အခြေအနေကိုပြဆိုသည်။ ပြင်ပအကောင်းသဘောသက်ရောက်မှုအရ နာမည်ကျော်ကြားသော အပြောင်းအလဲကိုလည်း ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။”)
စာရှုသူတို့ အနေဖြင့်- ထိုသင်တန်းသား မည်သူ ဖြစ်သည် ဟု ထင်ပါသနည်း။
- အွန်လိုင်း ဗေဒင် ပရိဿတ်ကြီးနှင့် ရင်းနှီးပြီးသား လည်း ဖြစ်၊
- နက္ခတ်ပညာကို ကိုယ်ရော စိတ်ပါ ကြိုးပမ်းဆောင်ရွက်နေသူလည်း ဖြစ်၊
- မိုးတား ဇာတာဖွဲ့ ပရိုဂရမ်ကို တည်ဆောက်နေသူလည်း ဖြစ်သော…
ကိုပခန်း (http://astro.technohalo.com/) ပင် ဖြစ်ပါတော့သည်။
ဤဆောင်းပါးဖြင့်- ထူးချွန်သူ သင်တန်းသား ကိုပခန်းအား ဂုဏ်ပြု မှတ်တမ်းအပ်ပါသည်။
MOTAA မိုးတား နက္ခတ္တ စနစ်ဖြင့် ရေးဆွဲထားသော - ၀န်ကြီးချုပ် ရာဂျစ် ဂန္ဓီ၏ ဂရပ်ကို အောက်တွင် ဖေါ်ပြထားပါသည်။
5 comments:
Dear Sayar Numan,
Congratulations!
- both for Ko Pakhan and his master respectful Sayar Numan, for his tactful modern teaching method, and Ko Pakhan for his zealous efforts he made.
I am really pleased to learn that Ko Pakhan has received the title of the most outstanding MOTAA student.
Proud for his wonderful achievement and I dare say and believe that Ko Pakhan is worth to get such a title with the proof of his skillful predicted remarks for those Horoscopes in questions.
Regards,
U Ye Myint
Kathmandu, Nepal
Dear Sayar Numan,
Congratulations!
Both for Sayar Numan for his modern day technique teaching method of Astrology and Ko Pakhan for his zealous efforts he made.
I dare say and believe that he is worth to get such a title of the most outstanding MOTAA student.
Proud for his wits and wonderful skills of his predicted remarks on the Horoscopes in question.
Wishing to be a successful and famous Astrologer in future who can serve for the benefit of all the people in this world we live!
Regards,
Uncle Ye Myint
Kathmandu, Nepal
ချီးကျူးတာ ကျေးဇူးပါခင်ဗျ။ သိသာပေါ်လွင်စေတဲ့ အင်အားတွေကို စီမံခဲ့တဲ့ ဆရာနျူမာန်အား ဦးခိုက်လျှက်။
ကိုပခန်း
ဂုဏ်ယူပါတယ် ကိုပခန်းရေ
စိတ်ဝင်စားစရာ အရမ်းကောင်းပါတယ်။ ကိုပခန်းကတော့ တကယ်တော်ပါတယ်။ ဆရာနျုူမန်ရဲ့ သင်တန်း ဒိထက်ပိုမိုအောင်မြင်ပါစေ။ သုတေသနပြုခြင်းဖြင့် ပညာများပိုမိုရှာဖွေတွေ့ရှိနိုင်ပါစေ။
Post a Comment