Wednesday, November 24, 2010

MOTAA နက္ခတ္တ ဝေဒ အကြံပေးခြင်းလုပ်ငန်း များ ကန့်သတ်ခြင်းဆိုင်ရာ ကြေညာချက်။

ကိစ္စများမြောင် လူတို့ဘောင် ဟူသော ဤလောကတွင် “လူတစ်ခု ပူမှုရယ် တဲ့ ဆယ်ကုဋေ” ဆိုသည့် အတိုင်း- အကြောင်း အမျိုးမျိုး၊ အခက်အခဲ ပြဿနာ အမျိုးမျိုးတို့ ရှိကြ စမြဲပင် ဖြစ်ပါသည်။
လူသားတို့၏ အခက်အခဲကို တစ်ထောင့် တစ်နေရာမှ မိမိတတ်နိုင်သမျှ ကူညီ ဆောင်ရွက် ပေးလိုသော စေတနာ ရှိသော်လည်း၊ တစ်နေ့လျှင် အချိန် ၂၄-နာရီသာ ပိုင်ဆိုင် ခွင့်ရသော သာမာန် လူသားတစ်ယောက် အနေဖြင့် တောင်းခံ လာသော အကူအညီ အားလုံး မှန်သမျှကို ကူညီ ပေးရန်မှာ မဖြစ်နိုင်ပါ။


ပြည်တွင်း၊ ပြည်ပမှ မြန်မာ လူမျိုးများ သာမက၊ အိန္ဒိယ နှင့် စင်္ကာပူ နိုင်ငံသားများ အပါအ၀င် အခြားသော နိုင်ငံများမှ အခက်အခဲ ရှိသူများကို အခမဲ့ သော်လည်းကောင်း၊ အခကြေးငွေ ဖြင့်သော်လည်းကောင်း၊ စေတနာ အလျှောက် ဥာဏ်ပူဇော်ခ ဖြင့် လည်းကောင်း အချိန် ကာလ အတိုင်း အတာ တစ်ခု တိုင်အောင် ကူညီခဲ့ပြီး ဖြစ်ပါသည်။

သို့သော် ယခု အခါ ဆရာနျူမာန် အနေဖြင့် - မျိုးဆက်သစ် မြန်မာလူငယ်များ၊ ၀ါသနာရှင်၊ ပညာရှင်များ အတွက် MOTAA နက္ခတ် သင်တန်းကို ဦးစားပေး ဆောင်ရွက် နေရချိန် ဖြစ်သဖြင့်- သင်ရိုး ညွှန်းတမ်းများ၊ သင်ကြားမှု အထောက်အကူ များ၊ ပညာပေး ဆောင်းပါးများ၊ သင်တန်း စာမေးပွဲများ၊ သုတေသန ကိစ္စရပ်များ အတွက် အချိန် များစွာကို ပေးထား ရပါသဖြင့်- အောက်ပါ လုပ်ငန်း များကို အချိန် အတိုင်းအတာ တစ်ခုအထိ ရပ်တန့်ထားရ မည် ဆိုသည်ကို စိတ်မကောင်းစွာဖြင့် ကြေငြာ အပ်ပါသည်။
၂၀၁၁-ခုနှစ်၊ ဇန်န၀ါရီလ ၁-ရက်နေ့မှ စတင်၍- ရပ်တန့်ထားမည် ဖြစ်သော နက္ခတ် အကြံပေး လုပ်ငန်း များမှာ-
  • Google talk မှ ဗေဒင် ဟောပြော၊ အကြံပေးခြင်း လုပ်ငန်းများအားလုံး (MOTAA သင်တန်းသားများ အတွက်သာ ပညာရပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုများ အတွက် ပြုလုပ် ပေးမည် ဖြစ်သည်။)
  • အခြားသော skype, Yahoo Group တို့မှ ပြည်ပနိုင်ငံသား တို့အတွက် ကူညီ အကြံပေး ဆောင်ရွက် ပေးနေသော လုပ်ငန်းများ အားလုံး၊
  • လူကိုယ်တိုင် မေးမြန်းခြင်းကို ဖြေဆိုပေးခြင်း လုပ်ငန်းများ အားလုံး၊(Personal Consultation)
  • MOTAA နည်းစနစ်ဖြင့် ဇာတာရှိ ဂြိုဟ်တို့၏ အင်အားကို စစ်ဆေး၍၊ နာမက္ခရ ဆန်း၊ Numerology တို့ဖြင့် ယှဉ်တွဲ၍ စစ်ဆေးပေးသော ကလေး အမည်ပေး ခြင်း၊ လုပ်ငန်း အမည်ပေးခြင်း လုပ်ငန်းများ အားလုံး၊
  • အောက်တွင် ဖေါ်ပြထားသော လုပ်ငန်းများမှ အပ- အခြား လုပ်ငန်းများအားလုံး၊
သို့သော်လည်း -အမှန်တကယ် လိုအပ်၍ အခက်အခဲ ရှိသူများကို ကူညီနိုင်ရေး အတွက် အောက်ပါ လုပ်ငန်း ၄-မျိုး ကိုသာ လက်ရှိကာလ အတွင်း ဆက်လက် ဆောင်ရွက် ပေးသွား ပါမည်။
ထိုသို့ နက္ခတ္တ အကြံပေးမှုများ ပြုလုပ်ရာတွင် လည်း အချိန် အခက်အခဲ ရှိသဖြင့် အရေအတွက် သတ်မှတ် ကန့်သတ် ထား ပါသည်။ ဦးစွာ မေးမြန်း အကူအညီ တောင်းခံသူများ အတွက် ဟောစာတမ်းကို ပုံမှန် အားဖြင့် ၂-ပါတ်မှ ၄-ပါတ်အတွင်း email ဖြင့် ပေးပို့ ပေးမည် ဖြစ်သည်။
  • MOTAA နည်းစနစ်ဖြင့် ဇာတာ စစ်ဆေး၍ ဟောစာတမ်း ရေးပေးခြင်း၊ (ပုံမှန် ဟောစာတမ်း၊ ဘ၀ တစ်သက်တာ အတွက် စစ်ဆေး ဟောပြောချက်များနှင့်၊ ၁-နှစ်စာ အသေးစိတ် ဟောကြား အကြံပေးချက်)
  • MOTAA နည်းစနစ်ဖြင့် ဇာတာ စစ်ဆေး၍ ဟောစာတမ်း ရေးပေးခြင်း၊ (အထူး ဟောစာတမ်း၊ ဘ၀ တစ်သက်တာ အတွက် စစ်ဆေး ဟောပြောချက်များနှင့်၊ ၃-နှစ်စာ အသေးစိတ် ဟောကြား အကြံပေးချက်)
  • MOTAA နည်းစနစ်ဖြင့် ဇာတာ စစ်ဆေး၍ - လုပ်ငန်းများ စတင်ရန် အတွက် အချိန်ကောင်း သတ်မှတ် အကြံပေးခြင်း။ (မေးမြန်းသော နေ့မှ အနည်းဆုံး ကာလ ၆-လ ဖြစ်ရန် လိုပါသည်။)
  • MOTAA နည်းစနစ်ဖြင့် ဇာတာ စစ်ဆေး၍ - ဇနီးမောင်နှံလောင်းတို့ အတွက် မင်္ဂလာ အချိန်ကောင်း သတ်မှတ် အကြံပေးခြင်း။ (မေးမြန်းသော နေ့မှ အနည်းဆုံး ကာလ ၆-လ ဖြစ်ရန် လိုပါသည်။)
မကြာခင် ကာလ တွင် MOTAA နက္ခတ်သင်တန်းဆင်း - MOTAA အသိ အမှတ်ပြု နက္ခတ္တ ဆရာဖြစ် အဆင့်ရှိသူများ (Certified MOTAA Astrologers) များ ပေါ်ထွန်း လာပြီးသည့် နောက်-
  • အတတ် ပညာ အရ အရည်အချင်း ပြည့်စွမ်းသော ပညာရှင်များ ဖြစ်သည် သာမက-
  • ဗေဒင် နက္ခတ် ဆရာတို့၏ သိက္ခာ စည်းကမ်း (Ethic of Professional Astrologer) ကို လိုက်နာ စောင့်ထိန်း သော ပညာရှင်များ။ (MOTAA အသိ အမှတ်ပြု နက္ခတ္တ ဆရာ များသည် MOTAA စည်းမျဉ်းများကို စောင့်သိကြသူများ ဖြစ်သဖြင့်- ယုံကြည်စိတ်ချ အပ်သူများ ဖြစ်သည်။)
  • ထိုမျှ မက- Certified MOTAA Astrologers များသည် နက္ခတ္တ ပညာကို လေးနက်စွာ လိုက်စား ထားပြီး- လူသားတို့ကို ကူညီရန် စေတနာ အပြည့်အ၀ ထားသူများ ဖြစ်သဖြင့်-
ယခင် ဆောင်ရွက် ပေးနေသော လုပ်ငန်းများ သာမက- အကူအညီ လိုအပ် သူများ အတွက် လိုအပ်သော လုပ်ငန်းများကို ထပ်မံ၍ အင်အားဖြည့် ဆောင်ရွက် ပေးသွား နိုင်မည် ဖြစ်ပါသည်။

MOTAA နက္ခတ် အကြံပေး အတွက် အကူအညီ တောင်းခံလိုပါက အောက်တွင် ဖော်ပြထားသော ပုံစံတွင် ဦးစွာ ဖြည့်သွင်းပေးရပါမည်။
(မိုးတား MOTAA အကြံဥာဏ် ကိစ္စအတွက် ငွေကြေး သတ်မှတ် ထားရသော်လည်း- အခက်အခဲကို လွန်စွာ ကြုံတွေ့နေရပြီး- ငွေကြေး အားဖြင့် မတတ်နိုင်ပါက- email ဖြင့် သီးသန့် အကူအညီ တောင်းခံနိုင်ပါသည်။)
ဤသတ်မှတ် နှုန်းထား များသည် မြန်မာများ အတွက်သာ သီးသန့် သတ်မှတ် ပေးထားသော နှုန်းထား များသာ ဖြစ်၍၊ နိုင်ငံခြားသားများ အတွက် မူ- ဤနှုန်းထား များထက် များစွာ ပိုမိုသည် သာမက ယခု ကာလ အတွင်း မြန်မာ မဟုတ်သူများ အတွက် လုံးဝ ရပ်တန့် ထားပါသည်။
တစ်ဖန် မွေးချိန်ကို မသိသူများ အတွက်- မွေးချိန် ပြန်လည် စိစစ်ပေးရသော လုပ်ငန်းသည် များစွာ အချိန်ကုန်သော လုပ်ငန်း ဖြစ်သဖြင့်- ယခုကာလ အတွင်း မကူညီ နိုင်သေးသဖြင့်- မွေးချိန်ကို မသိရှိသူများ အနေဖြင့် အခြားသော ပညာရှင်များ ထံတွင် အကူအညီ တောင်းခံစေလိုပါသည်။ မွေးချိန် အနီးစပ်ဆုံး သိသူများ အနေဖြင့်သာ မိုးတားတွင် ယခုကာလ အတွင်း အကူအညီ တောင်းခံနိုင်ပါသည်။

(အထူး သတိပေးချက်။ ဥာဏ်ပူဇော်ခ ငွေကို မလွှဲသေးခင်၊ အောက်တွင် ဖော်ပြထားသော ပုံစံတွင် ဦးစွာ ဖြည့်သွင်း ပေးပြီး Submit လုပ်ပြီးနောက်၊ ဇာတာ စစ်ဆေးပေးနိုင်ကြောင်း အတည်ပြု E-mail ကို လက်ခံရရှိပြီးမှသာ- ငွေပေးသွင်း စေလိုပါသည်။)

နျူမာန် (မိုးတား)


numan

[+/-] show/hide this post

No comments:

Post a Comment