Sunday, October 10, 2010

ဗေဒင်ကို ယုံစရာမလို (Astrology Not a Matter of Faith)

ဗေဒင်ကို ယုံစရာမလိုပါ.....

(ဤဆောင်းပါးသည် ကမ္ဘာကျော် Matrix Astrology Software များကို ရေးသားခဲ့သူ၊ နက္ခတ်ပညာရှင် Michael Erlewine ၏ သင်ခန်းစာများမှ ကောက်နှုတ်ချက် တစ်ခု ဖြစ်ပါသည်။
မြန်မာများ အနေဖြင့် သိသင့်သိထိုက်သော အချက်များ ဖြစ်သဖြင့်- တစ်ဆင့် ဘာသာပြန် ဝေငှပေးလိုက် ရပါသည်။)

ဗေဒင် သည် ယုံကြည်ကိုးစား ရမည့် အရာမဟုတ်။လူအများ အနေဖြင့် ဗေဒင် ပညာရပ် ကို လွဲမှား စွာ နားလည် ထားသည့် အချက်တစ်ခုမှာ - ဗေဒင်ပညာရှင် ဖြစ်ရန် အတွက်- အတိုင်းအတာ တစ်ခုအားဖြင့် ဗေဒင်ကို ယုံထားရမည် ဆိုသော အချက်ဖြစ်ပါ၏။ ဗေဒင်ပညာ သည် စိတ်ပညာကို ကဲ့သို့ပင် ယုံစရာလား၊ မယုံစရာလား မေးခွန်းထုတ်ရမည့် ကိစ္စရပ်တစ်ခု မဟုတ်ချေ၊ အသုံးချရန် အရာသာ ဖြစ်၏။ကျွန်တော့် အနေဖြင့် ကျွန်တော် ဘယ်သူ ဘယ်ပုံဖြစ်မည်နည်း၊ ကျွန်တော့်ဘ၀ က ဘယ်လို ဘယ်လို အနေအထား ဖြစ်မည် နည်း၊ ကို ရှင်းရှင်း လွယ်လွယ် နားလည် သဘောပေါက် နိုင်ရေး အတွက် နည်းလမ်းတစ်ခု အနေဖြင့် မကြာခဏ အသုံးတည့်ကို ကြုံတွေ့ရသည်။
အကျဉ်းချုပ် ဆိုပါက-

ကျွန်တော် ဗေဒင်မယုံပါ။
ကျွန်တော့် အနေဖြင့် အသုံးတည့်သည်ဟု မြင်သော အခါတွင် သုံးလိုက်သည်။
ဗေဒင် အနေဖြင့် အသုံးမတည့် ဟု မြင်သော အခါ အခြားသော ကိရိယာများ ကဲ့သို့ပင် သူ့အား. မသုံးတော့။

ဗေဒင်ပညာသည် ကောင်းကင်တွင် ပုံမှန်၊ အချိန်မှန် ဖြစ်ပေါ်တတ်သော ဖြစ်ရပ်များ၊ စကြာဝဠာ ရောင်ခြည် စွမ်းအား များကြောင့် လူသားတို့ နေထိုင်ရာ ကမ္ဘာပေါ်တွင် ရိုက်ခတ် တုန့်ပြန် မှုတို့ကို လေ့လာသော ပညာဖြစ်ပြီး. အပြန်အလှန်အားဖြင့်လည်း လူသားတို့ ကမ္ဘာမှ ပြောင်းလဲမှု များကြောင့် စကြာဝဠာတွင် ပြန်လည် ရိုက်ခတ်မှု၊ တို့ကို လေ့လာခြင်း ဖြစ်သည်။
ဗေဒင် ပညာရှင်တို့သည် ဂြိုဟ်တို့၏ ဟန်ချက်ညီညီ ရွေ့လျားမှုကြောင့် ပေါ်ပေါက်လာသော စကြာဝဠာ ရောင်ခြည် စွမ်းအား တို့ အနေဖြင့်- လူတို့၏ နေ့စဉ်ဘ၀ ကို မှုန်ဝါးဝါး မီးမောင်းထိုးပြ နေခြင်း ဟု နားလည် လက်ခံ ထားကြသည်။
ဗေဒင် ပညာရှင်တို့သည် ကောင်းကင်ပေါ်တွင် ရေးသားထားသော သင်္ကတ စာတို့ကို ကမ္ဘာမြေမှ လူသားတို့ အကျိုးအတွက်သာလျှင် လေ့လာ ဖတ်ကြားကြခြင်းပင် ဖြစ်တော့သည်။

.(မူရင်းစာသား)
Astrology Not a Matter of Faith
----- astrology is that to be an astrologer, you have to somehow "believe" in astrology. Astrology is not a question of belief, any more than you believe in psychology. It is not a question of belief, but one of use. I often find astrology useful in my life as a way of understanding who I am and what my life is about, plain and simple. I don't "believe" in astrology. I use it when I find it useful, and leave it alone, when I don't, like any other tool. Astrology is useful or it is not.
In summary, astrology is a study of heavenly cycles and cosmic events as they are reflected in our earthly environment and vice versa -- a vast cosmic clock. Astrologers find the cosmic patterns revealed in the rhythmic motions of the planets useful in shedding light on the seeming helter-skelter of everyday life. Astrologers do study the sky writing in the heavens, but only to better live life here on the Earth

(Michael Erlewine)

[+/-] show/hide this post

No comments:

Post a Comment