Tuesday, September 14, 2010

Yahoo Group Help for Members

(သင်တန်းသား အချို.ရဲ. အကြံပြုချက်အရ- မြန်မာပြည်က သင်တန်းသားများ Yahoo Group ကို ၀င်ရောက် သုံးစွဲရာမှာ လွယ်ကူရေးအတွက်- Yahoo Group Help အနေနဲ့ ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။ ဒီဘက်မှာ ဆိုယင်- မြန်မာပြည်က အင်တာနက် သုံးစွဲသူတွေရဲ. အခက်အခဲကို မသိနိုင်တဲ့ အတွက်- MOTAA အဖွဲ့ဝင် တစ်ဦး ဖြစ်သူ ညီမငယ် တစ်ယောက်ကို အကူအညီ လှမ်းတောင်း ရပါတယ်။ (ညီမငယ်ရဲ. အမည်ကို - ကာယကံရှင် ရဲ. ခွင့်ပြုချက် မရသေးတဲ့အတွက် နာမည်မဖေါ်ပြတာပါ။ ညီမငယ် ရေးသား ပေးပို့တဲ့ အတိုင်း ညီမငယ်ရဲ. ရှင်းပြချက်များ ကို အောက်မှာ ဖေါ်ပြပြီး- ပုံများတွင်- ညီမငယ်ပေးပို့သော ပုံများပေါ်တွင် မြန်မာလို ထပ်ရှင်းပြပေးထားပါတယ်။ အများအကျိုးအတွက်- အချိန်ကုန်ခံပြီး စိတ်ရှည်စွာ ကူညီပေးတဲ့ ညီမငယ်ကို- MOTAA တစ်ဖွဲ.လုံးရဲ.ကိုယ်စား အထူးကျေးဇူးတင်ပါတယ်။
အခက်အခဲ ရှိသေး၍ ညီမငယ်အား မေးမြန်းလိုပါက- ဆရာ နျူမာန် ထံဆက်သွယ် နိုင်ပါသည်။- နျူမာန်)

Yahoo group နဲ့ Google group ကို ဘယ်လို ၀င်ရလဲ ဆိုတာနဲ့ ပတ်သက်ပြီးဆရာက သမီးကူနိုင်ရင် help ဖိုင်အနေနဲ့ ရေးပေးပါလားဆိုတာနဲ့ ဒါလေးရေးဖြစ်လိုက်တာပါ။ သမီးလဲ စသုံးခါစက yahoo group ကို အကျွမ်းတ၀င်တော့ မရှိပါဘူးရှင့်။ ဒါပေမယ့် သိသလောက်လေး ပြန်ပြောပြခွင့်ရတဲ့ အတွက် ဆရာ့ကိုကော အားလုံးကိုကော ကျေးဇူးတင်ပါတယ်။

အဓိက yahoo group နဲ့ ပတ်သက်ပြီးမြန်မာမှာ ကြုံရတာက “Access Denied” message ပါ။ အဲဒါလေးကို ကျော်ဖို့ကတော့ google mail ကို သုံးသလို http မှာ “s” လေးထည့်ပေးရင် ရပါတယ်။
https://gmail.google.com
https://login.yahoo.com
အဲဒါဆိုရင် “log in” ၀င်လို့ရတဲ့ page လေးကျလာပါတယ်။ အောက်က ပုံအတိုင်းလေးပါ။

အကောင့် မရှိတဲ့သူတွေ အဖို့ အကောင့်ဖွင့်ဖို့တော့လိုပါလိမ့်မယ်။ အဲပုံထဲက နောက်ဆုံး button “Create New Account” ကနေပြီးတော့ account အသစ်ဖွင့်လို့ရပါတယ်။ Account ရှိပြီးသားလူကတော့ User Name and Password မှာ ကိုယ့် personal data လေးတွေ ရိုက်ထည့် ပြီးတော့ ၀င်ယုံပါပဲ။ ၀င်လိုက်ရင် အောက် ကပုံ အတိုင်း နောက် page တစ်ခု ကျလာပါတယ်။ တစ်ခါတစ်လေလဲ အောက် က ဒုတိယပုံ အတိုင်း ကျလေ့ရှိပါတယ်။


ဒုတိယပုံရဲ့ ဘယ်ဘက် အပေါ်နားလေးက “Mt Yahoo” ဆိုတဲ့ tab လေးကို နှိပ်လိုက်ရင်လဲ ပထမ ပုံက page လေးပြန်ပေါ်လာပါတယ်။
ဘေးက Menu Bar က Group ဆိုတဲ့ tab လေးကို နှိပ်လိုက်ရင် Yahoo group တွေရဲ့ page ကျလာပါတယ်။
အောက်က ပုံအတိုင်းပါ။

အဲထဲက My Group အောက်မှာ ပြထားတဲ့ motaa_vedic ဆိုတာလေးကို click လုပ်လိုက်ရင် MOTAA Personalized Home Page ကိုရောက်သွားပါတယ်။
အောက်က ပုံလေးအတိုင်းပါရှင်။

ဆရာနျူမာန် Post လုပ်ပေးထားတဲ့ သင်ခန်းစာတွေ၊ လေ့ကျင့်ခန်းတွေ၊ aid toolsတွေ အားလုံးကို “File” tab အောက်မှာ တွေ့နိုင်ပါတယ်ရှင်။အောက်က အတိုင်းလေးပါ။

motaa.net ကနေပို့တဲ့ message တွေကိုတော့ အောက် ကအတိုင်း “Message” Tab မှာတွေ့နိုင်ပါတယ်။

MOTAA members ညီအစ်ကိုမောင်နှမတွေကိုတော့ “Members” tab အောက်မှာ သူတို့ mail address နဲ့ နာမည်လေးတွေကိုတွေ့နိုင်ပါတယ်ရှင်။
သမီး ရေးနေကျ မဟုတ်လို့ မရှင်းလင်းတာများရှိရင် သမီး တောင်းပန်ပါတယ်။ သမီးဆီမေးလ်ပို့ပြီးလဲ မေးလို့ရပါတယ်။

[+/-] show/hide this post

No comments:

Post a Comment