ယခု လက်ရှိ မိုးတား နက္ခတ္တ ဝေဒ သင်တန်း တက်ရောက်နေလျှက် ရှိသော သင်တန်းသားများ အနေဖြင့်သာမက- သင်တန်း တက်ရန် စိတ်ဝင်စား သူများအတွက်- အဆင်ပြေ စေရန် အတွက်- သင်တန်း စာမေးပွဲ ကို တစ်နှစ်လျှင် (၂) ကြိမ် ကျင်းပပေးပါမည်။
သင်တန်းသား များအနေဖြင့် မိမိတို့ အဆင်သင့် ဖြစ်သည့် အချိန် ကိုရွေးချယ်၍ စာမေးပွဲ ဖြေဆို နိုင်စေရန် ဖြစ်ပါသည်။
စာမေးပွဲနေ့ အဖြစ် သတ်မှတ်ထားသော နေ့တွင် သင်တန်းသား တို့ထံသို့ E-mail ဖြင့် မေးခွန်းကို ပေးပို့ ပေးမည် ဖြစ်ပြီး- သင်တန်းသား အနေဖြင့်- မိမိ၏ အဖြေလွှာကို ၃-ရက် အတွင်း ပြန်လည် ပေးပို့ ရပါမည်။
သင်တန်း စာမေးပွဲ မဖြေဆိုမီ- သင်တန်းသား တို့ အနေဖြင့် အောက်ပါတို့ကို သတိပြု ထားရန် လိုအပ်ပါသည်။
- လက်ခံရရှိထားသော သင်တန်းသား လက်ခံစာ တွင် မိမိ၏ အမည် မှန်ကန်မှု ရှိ၊ မရှိ။ (စာမေးပွဲ အောင်လက်မှတ်တွင်- ထိုအမည် အတိုင်းပါဝင်မည် ဖြစ်သည့် အတွက် အမည် မှန်ကန်မှု ရှိရန် အရေးကြီးပါသည်။)
- မိမိတို့ ၏ E-mail များကို ထိုရက်များအတွင်း အဆင်ပြေ နေစေရန် စစ်ဆေးထားရန်။
- စာမေးပွဲ ဖြေဆိုရန် အတွက် လျှောက်လွှာကို စာမေးပွဲ မတိုင်မီ တစ်လ ကြိုတင် ၍ ပေးပို့ထားရန်-
- သတ်မှတ်ရက် နောက်ဆုံးထား၍ စာမေးပွဲ ကြေးပေးသွင်းရန်။ (ပေးသွင်းပြီးပါက- အကြောင်းကြားရန်)
- နှစ်စဉ်- ဇန်န၀ါရီလ ၁၅-ရက် တွင် တစ်ကြိမ် (စာမေးပွဲကြေး- သွင်းရန် နောက်ဆုံးရက်- ဒီဇင်ဘာလ- ၁၅)
- နှစ်စဉ်- ဇူလိုင်လ ၁၅-ရက် တွင် တစ်ကြိမ် (စာမေးပွဲကြေး- သွင်းရန် နောက်ဆုံးရက်- ဇွန်လ- ၁၅)
စာမေးပွဲ လျှောက်လွှာပုံစံ၊ စာမေးပွဲကြေး ပေးသွင်းရန် လိုအပ်သော အချက်အလက် များကို ဆက်လက် ကြေညာ ပေးမည် ဖြစ်သည်။
ဒုတိယဆင့် Level (2) စာမေးပွဲ နှင့်၊ (MOTAA Certified Professional Astrologer) MOTAA အသိ အမှတ်ပြု နက္ခတ္တ ဆရာဖြစ် အဆင့် စာမေးပွဲ နှင့် ဆိုင်သော သတင်းများကို လည်း - နောက်ပိုင်းတွင် ဆက်လက် ကြေညာပေးပါမည်။
No comments:
Post a Comment