Tuesday, September 14, 2010

Google Group Help for Members

(သင်တန်းသား အချို.ရဲ. အကြံပြုချက်အရ- မြန်မာပြည်က သင်တန်းသားများ Google Group ကို ၀င်ရောက် သုံးစွဲရာမှာ လွယ်ကူရေးအတွက်- Google Group Help အနေနဲ့ ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။ ဒီဘက်မှာ ဆိုယင်- မြန်မာပြည်က အင်တာနက် သုံးစွဲသူတွေရဲ. အခက်အခဲကို မသိနိုင်တဲ့ အတွက်- MOTAA အဖွဲ့ဝင် တစ်ဦး ဖြစ်သူ ညီမငယ် တစ်ယောက်ကို အကူအညီ လှမ်းတောင်းရပါတယ်။ (ညီမငယ်ရဲ. အမည်ကို - ကာယကံရှင် ရဲ. ခွင့်ပြုချက် မရသေးတဲ့အတွက် နာမည်မဖေါ်ပြတာပါ။ ညီမငယ် ရေးသား ပေးပို့တဲ့ အတိုင်း ညီမငယ်ရဲ. ရှင်းပြချက်များ ကို အောက်မှာ ဖေါ်ပြပြီး- ပုံများတွင်- ညီမငယ်ပေးပို့သော ပုံများပေါ်တွင် မြန်မာလို ထပ်ရှင်းပြပေးထားပါတယ်။ အများအကျိုးအတွက်- အချိန်ကုန်ခံပြီး စိတ်ရှည်စွာ ကူညီပေးတဲ့ ညီမငယ်ကို- MOTAA တစ်ဖွဲ.လုံးရဲ.ကိုယ်စား အထူးကျေးဇူးတင်ပါတယ်။ နျူမာန်)

Google Group ကိုဝင်မယ်ဆိုလဲ https://gmail.google.com or https://www.google.com/account/servicelogin လို့ Firefox ရဲ. address bar မှာ ရိုက်ပေးရပါတယ်။ ပုံမှန် ကတော့ Google account ကို မြန်မာတွေ အသုံးများကြတဲ့ အတွက် ၀င်ပုံ ၀င်နည်းကို ဆရာတို့ သိပြီး ဖြစ်မှာပါ။ ရေးမယ့်ရေး အစအဆုံး ရေးတာ ကောင်းတယ်လို့ စဉ်းစားမိမလို့ ထည့်ရေးလိုက်တာပါရှင်။
အောက် က အတိုင်း Log in page တက်လာရင် User Name and Password ရိုက်ပြီး gmail ထဲကို ၀င်လိုက် ယုံပါပဲ။


gmail ထဲရောက်ရင်တော့ အောက် က ပုံလေးအတိုင်း account ရဲ. အပေါ် ဘယ်ဘက် ထိပ်နား အလယ် လောက်မှာ “more” ဆိုတဲ့ menu လေးရှိပါတယ် အဲဒီ ဘေးက Down arrow လေးကို နှိပ်လိုက်ရင် အောက်က sub menu ထပ်ကျ လာပါတယ်။

အဲထဲက Group ဆိုတာလေးကိုရွေးပေး လိုက်ရင် နောက်ထပ် Tab အသစ်တစ်ခုနဲ့ အောက်က လို page လေး ကျလာပါတယ်။
ညာဘက်မှာ ရှိနေတဲ့ MOTAA Vedic System ဆိုတာလေးက MOTAA Group Home page ကိုသွားတဲ့ Link လေးပါ။နှိပ်လိုက်ရင် အောက် ကပြထားတဲ့ MOTAA Home page ကိုရောက်ပါတယ်။
“File” menu ကနေ ဆရာတင်ပေးထားတဲ့ သင်ခန်းစာတွေ၊ လေ့ကျင့်ခန်းတွေ၊ အဖြေတွေ နဲ့ tools တွေကို download လုပ်နိုင်ပါတယ်။ အဲကနေ မသွားချင်ရင်တော့ scroll down နဲ့ page အောက် ဆုံးရောက်တဲ့ အထိ ဆင်းလိုက်ပါ။ အဲ အောက်ဆုံးနားမှာ အောက် က ပြထားတဲ့ ပုံ အတိုင်း အဆင်သင့် Click နှိပ်ပြီး ကြည့်နိုင် ပါတယ် ရှင်။

[+/-] show/hide this post

No comments:

Post a Comment