Friday, August 6, 2010

မြန်မာ့သမိုင်းနှင့် နက္ခတ်ပညာကဏ္ဍ(၁)

မြန်မာ သမိုင်းနှင့် နက္ခတ္တပညာ။
ကျွန်တော်အနေဖြင့်- နက္ခတ္တ ပညာကို စိတ်ဝင်စား ခြင်း ဖြစ်အောင် ပေးပို့ ခဲ့သော အခြေအနေများ ရှိခဲ့ပါသည်။ ထိုအချက် များစွာတို.အထဲမှ- အချက်တစ်ခုမှာ- မြန်မာ့ သမိုင်းနှင့် နက္ခတ္တ ပညာ တို.ဆက်စပ်နေမှု ပင် ဖြစ်ပါသည်။
မြန်မာ့သမိုင်းတွင်- တနည်းအားဖြင့် ရာဇ၀င်တို့ တွင်- နက္ခတ္တပညာ၏ အခန်းတွင် လွန်စွာ မှ အရေးပါသော နေရာမှ ရပ်တည်ခဲ့ပါသည်။

ယင်းတို.အနက်- စိတ်ဝင်စားစရာ ကောင်းသော အချက်တို့မှာ-
ပေါက္ကံ (ပုဂံ) ဘုရင် အနော်ရထာမင်း- (အမှန်အား ဖြင့် အနော်ရထာ ဆိုသော မြန်မာ အမည်သည် “အနုရုဒ္ဓါ” ကို မြန်မာမှု ပြုထားခြင်း ဖြစ်သည်။) သည် နတ်ရွာ စံခါနီး အချိန်တွင်- နန်းတော် ရှိ ဗေဒင် ပညာရှိ အပေါင်းတို့က ဘုရင်၏ စန်းပြတ်၊ လွန်းပြတ် ဖြစ်နေသည်ကို သတိပြုမိ၍ (စန်း ခေါ် တနင်္လာကိုလည်းကောင်း၊ လဂ်ကို လည်းကောင်း ဂြိုဟ်ဆိုးများ၏ အင်အား သက်ရောက် မှု များ ထင်ရှားနေ၍) ဘုရင် ဖြစ်သူအား- သတိပေးထားချိန် တွင်- နန်းတော် ယာယီတိုင် တူးရာတွင်- သေနေသော ဖားဖိုအား၊ ဖားမ က ပိုးထားသည်ကို တွေ့ရ၍ - အတိတ်နိမိတ် များ မကောင်းဟု စိုးရိမ်နေခဲ့ကြရပါသည်။

ထိုအချိန်တွင်ပင်- ကျွဲတစ်ကောင်- သောင်းကျန်း လွန်းသည်၊ မည်သူမျှ- ဖမ်းဆီး၍ မရဟူသော သတင်းဘုရင့် ထံသို့- ရောက်ရှိလာပါသည်။ အနော်ရထာ မင်းမြတ်သည်- နောင်တော် စုက္ကတေးမင်းကို လှံချင်းယှဉ်၊ စီးချင်းထိုးခဲ့သော လက်ရုံး ရည်၊ နှလုံးရည် နှင့် ပြည့်ဝသည့် ဘုရင်ဖြစ်သည်။
သာမာန်ကိစ္စ ဟု၍ အပေါ့အတန်-သဘောထားကာ အခြား တစ်ယောက် ယောက်ကို စေခိုင်းရမည့် အစား- ဤကိစ္စကို ငါကိုယ်တိုင် လုပ်မှ ဖြစ်မည်ဟု ရာဇ မာန်ဖြင့် ကိုယ်တိုင် ဖမ်းဆီး ခဲ့ရာမှ- ဘုရင့် ဆင်တော် ပင်လျှင် ကျွဲရိုင်း၏ ဒဏ်ကို မခံနိုင်ပဲ- အူအခွေလိုက် ပွင့်ထွက် သဖြင့်- ဆင်, က-ကို ခါချခဲ့သဖြင့် ဘုရင်ကိုယ်တိုင် ဆင်ပေါ်မှ ကျကာ- အနိစ္စ ရောက် နတ်ရွာ စံခဲ့ရပါသည်။

ပထမ မြန်မာနိုင်ငံတော် တည်ထောင်ခဲ့သူ အနော်ရထာ မင်းမြတ် ၏ ကံကြမ္မာကို နတ်ရွာစံ မသေဆုံးခင်ကပင်- သူ၏ ဇာတာက ဖေါ်ပြ နေပါတော့ ၏။

ဘုရင့်နောင် မင်းတရားနှင့် သူ၏ဇာတာ
အင်မတန်- စိတ်ဝင်စား စရာကောင်းသော အခြားဇာတာ နှင့် ဖြစ်ရပ်မှာကား- ဘုရင့်နောင် မင်းတရား၏ ဇာတာ ဖြစ်ပါသည်။ ဘုရင့်နောင်တွင်- ရှင်ဘုရင် ဘွဲ.မပါ- အမည် သုံးမျိုး ရှိပါသည်။ ၄င်းတို.မှာ- သျှင်ရဲထွဋ်၊ ကျော်ထင် နော်ရထာ နှင့် ဘုရင့်နောင် တို့ ဖြစ်ပါသည်။
တောင်ငူဘုရင် မင်းကြီးညို၏ သား ဖြစ်သူ- တပင်ရွှေထီး မင်းသား၏ အထိန်းတော်မှ မွေးလာသော ဘုရင့်နောင်သည်- တပင်ရွှေထီး၏ ညီအကို သဘွယ် လေးစား ချစ်ခင်မှု၊ ယုံကြည် အားကိုးမှုကို ရခဲ့ပါသည်။ ထို့ကြောင့်လည်း နန်းတော်တွင် တံခါးမရှိ၊ ဓါးမရှိ ၀င်နိုင် ထွက်နိုင်သော အနေအထားတွင် နေခဲ့ရာမှ- တပင်ရွှေထီး၏ အမတော် ဖြစ်သူ- ခင်ခင်ကြီး နှင့် ချစ်ကျွမ်းဝင် ခဲ့ပါတော့သည်။

တစ်နေ့တွင်- ချစ်သူတို့ဘာဝ တစ်ဦးနှင့် တစ်ဦး ကျီစားယင်း- ခင်ခင်ကြီး မှ- ၄င်းတို့ မှ သျှင်ရဲထွဋ် တို့ အား ကျေးဇူးပြုထားပုံ တို့ကို သျှင်ရဲထွဋ် မခံချင်အောင် ပြောလိုက်မိသည်။

ဤသည်တွင်- ဘုရင့်နောင် ဖြစ်လာမည့် သျှင်ရဲထွဋ် မှ- သူ့ အနေဖြင့် ဘုန်းရှိ၍ ခင်ခင်ကြီး တို့မှ- ကျေးဇူးပြု ကူညီရခြင်း ဖြစ်ကြောင်းပြောရာ- ခင်ခင်ကြီး မှ- မှူးမျိုး မတ်မျိုး အဆင့်သာ ရှိသော သျှင်ရဲထွဋ် တို့နှင့် ဘုရင့်သမီးတော် - မည်သူက ဘုန်းရှိပါမည် နည်းဟု ချေပ ခဲ့ပါသည်။

ထိုအခါ- သျှင်ရဲထွဋ် မှ- ခင်ခင်ကြီးအား- ခမည်းတော် ဖြစ်သူ မင်းကြီးညို၏ ဇာတာ၊ တပင်ရွှေထီး၏ ဇာတာနှင့် သျှင်ရဲထွဋ် ဇာတာ (၃) ခုကို ယူ ဆရာတော်အား စစ်ဆေး ကြည့်ခိုင်းရန် မှာလိုက်ပါသည်။
နောက်နေ့တွင် ဆရာတော်မှ စစ်ဆေးပြီးနောက်- “ဤဇာတာသည် မင်းဧကရာဇ် ပင် ဖြစ်ရမည်။ ကောင်းလှသည်။ - ဤဇာတာသည် ဘုန်းတန်ခိုးကြီးသော ဘုရင် ဖြစ်၍၊ ရန်ဟူသမျှ အောင်မြင် လိမ့်မည် မှန်သော်လည်း၊ အသက်မရှည်။ လက်နက် ဓားလှံ ထိပါးတတ်သည်။ - ဤဇာတာကား အထက် ဇာတာ နှစ်စောင် တို.ထက် မြင့်မြတ် ကောင်းမွန် လှသည် ဖြစ်၍ ဇာတာရှင်သည် အပြည်ပြည် ထောင်သော မင်းတို့ကို အစိုးရသော မင်းဧကရာဇ် ကြီး ဖြစ်၍၊ သားစဉ် မြေးဆက် မင်းချည်း နှင်နှင် ဖြစ်လိမ့်မည်။ ဤဇာတာ များကို မည်သူအားမျှ မပြလေနှင့်၊ ယခု အခါ ပြလျှင် ပျက်စီးတတ်သည်။ ဟု သတိပေး စကား မိန်.ကြား ခဲ့ပါသည်။

ထိုအခါ ဇာတာကို လာပြသော- အစေအပါး ဖြစ်သူမှ-နောက်ဆုံး ဇာတာကို ထုံးနှင့် တို့ မှတ် ပေးတော်မူပါ ဘုရား” ဟု တင်လျှောက်သဖြင့် ဆရာတော်မှ- ထုံးဖြင့် မှတ်ပေး လိုက်သည်။ ထိုဇာတာသည်ကား- ဘုရင့်နောင် မင်းတရားကြီး ဖြစ်လာမည့် သျှင်ရဲထွဋ်၏ ဇာတာပင် ဖြစ်သည်။

ထို့နောက်တွင် တော့- ခင်ခင်ကြီး အနေဖြင့်- သျှင်ရဲထွဋ် ဖြင့် လူငယ်တို့ ဘာဝ အချစ်နယ် ကျွံလွန်ခဲ့မိသည်။ သမီးတော် အနေဖြင့်- အခြေအနေ မူမမှန်ကြောင်းကို ဘခင် ဖြစ်သူ မင်းကြီးညိုမှ မသင်္ကာ ဖြစ်ပြီး- မိခင် ဖြစ်သူ မိဖုရားကြီး (မိုးဗြဲ စော်ဘွားသမီး ခင်နွယ်) ကို မေးစစ်ရာမှ သိရှိပြီးနောက်- “သမီးတော် အား မိုက်မဲ စော်ကားသူ ငရဲထွဋ် အား ဖမ်းဆီး၍ သတ်စေရန်” အမိန့်တော် ချခဲ့သည်။
သို့သော်လည်း- ဆရာတော်များနှင့် ဥပုသ် ဆောက်တည် ခိုက်ဖြစ်၍- ဆရာတော်များက အမျက်ချုပ် သည်းခံရန် မှာကြားသဖြင့်- ခပ်မဆိတ် နေခဲ့၏။


ထိုအချိန်တွင် ကြက်တိုက် ပျော်မြူးနေသော- သျှင်ရဲထွဋ် မြင်တွေ.သော အိပ်ဖန်စောင့် တို့သည်- “သေပန်းပွင့်” နေသူဟု ပြောကာ- အခြေအနေကို ရှင်းပြ၍ ထွက်ပြေးရန် ပြောသော်လည်း- သျှင်ရဲထွဋ် အနေဖြင့် မျက်နှာ မပြောင်းသလို- ပြေးရန်စိတ်ကူးမရှိ။
မသေခင် ပျော်ပျော် နေမည်ဟု သဘောထားပြီး- ကြက်တိုက်မြဲ တိုက်နေခဲ့သည်။


အချိန်ကုန်မှ အိမ်ပြန်ပြီး- နောက်နေ့ စောစောတွင် ဘုရင်မျက်နှာသစ် တော်အကျကို စောင့်ဆိုင်း၍ ဘုရင်အား ခစားလေတော့သည်။
ဤနေရာတွင်- ဘုရင်အား သျှင်ရဲထွဋ် တင်လျှောက်ပုံမှာလည်း- စိတ်ဝင်စားစရာ ကောင်းပါသည်။
“ဘုန်းတော်ကြီးသော အရှင်မြတ် ဖြစ်ပါ၍-ရာဇ၀တ် ဘေးမှ ပုန်းရှောင် သော်လည်း လွတ်ကင်းနိုင်မည် မဟုတ်သဖြင့်၊ အရှင်မင်းမြတ်၏ မိန့်တော်သံကို နာခံရန် ရှေ.တော်သို. ၀င်လာခြင်း ဖြစ်ပါသည်။ ကျွန်တော်၏ ဇာတာကို ကြည့်၍ ဆုံးဖြတ်တော် မူစေလိုပါသည်
 ဟု လျှောက်တင် ၍ ဇာတာကို ဆက်သ လိုက်သည်။
“ဤဇာတာသည် ဘုန်းသမ္ဘာကြီးလှသော ဘုရင် ဧကရာဇ် ဇာတာ မျိုး ဖြစ်ချေသည်။ ငါ၏ သားတော် တပင်ရွှေထီးသည် ငရဲထွဋ်ကို ညီအစ်ကို အရင်းမက ချစ်ကြည် လေးမြတ် ပေသည်။ ငရဲထွဋ်အား ရာဇ၀တ် အပြစ်ဒဏ် ပေးလိုက်လျှင် ငါ၏ သားတော်မှာ စိတ်ဒုက္ခ ကြီးစွာ ရောက်ပေတော့မည်။ ထိုမှ တစ်ပါး- ငါ၏ သားတော် ထီးနန်း အုပ်ချုပ် မင်းလုပ်သော အခါ၌ ငရဲထွဋ် ကဲ့သို.သော ဖွားဖက် လူယုံတော် ရှိမှ ဖြစ်ချေမည်။ ငါ့သားတော် တွင် လည်း အခြား ညီတော် နောင်တော် သီးခြားမရှိ၊ တပင် ရွှေထီး ဆိုသည့် အတိုင်း တစ်ပါး ထီးထီး ရှိချေတော့မည်။ ငါ၏ သားတော် ၏ အားကိုးရာ ဖြစ်စေတော့။ သင်း၏ ဇာတာသည်လည်း လွန်စွာ ကောင်းသည် ဖြစ်၍ အားကိုးလောက်သော အာဇာနည် တစ်ယေက် ဖြစ်ချိမ့်မည်။ သမီးတော်မှာ- တပင် ရွှေထီးထက်ပင် အသက်ကြီးပေသည်။ ငရဲထွဋ် နှင့်မှ သက်တူရွယ်မျှ ဖြစ်သည်။ ငရဲထွဋ်လည်း ဧကရာဇ် တစ်ဆူ ဖြစ်မည့်သူပင်၊ ငါ၏ သမီးတော် သားတော်များ ဒုက္ခမရောက်စေသင့်- ၄င်းတို. အလိုရှိသည့် အတိုင်း ပြည့်စုံစေတော့ အံ့ 

ဘုရင် မင်းကြီးညိုသည်- ဗေဒင် လွန်စွာ တတ်ကျွမ်းသူ ဖြစ်ရာ- ဇာတာကို ကြည့်လိုက်သည် နှင့်- ဟု နှလုံးဖြူသော အလား “ငရဲထွဋ် နင့်ဇာတာ ကောင်းလှသည်။ ကောင်းမွန်စွာ သိမ်းဆည်းထား လေ” ဟု မိန့်ဆိုလျှက် ဇာတာကို လှမ်းပေးလိုက်သည် သည်ဟု ဆိုထားပါသည်။

ဤမျှ ထူးခြားသော ဇာတာပိုင်ရှင်- သျှင်ရဲထွဋ် သည်-

- သာမာန် အဆင့်တွင်- မင်း၏ သေဒဏ်ကို ချမှတ်ခြင်း ခံရသော်လည်း- ကြောက်လန့် တကြား ထွက်ပြေးခဲ့သူ မဟုတ်။
-တိုက်ပွဲ တစ်ပွဲတစ်ပွဲတွင်- ပေါင်ကို ထုတ်ချင်းပေါက် အောင် ထိုးစိုက်နေသော လှံကို မနှုတ်ပဲ- ဖြတ်ရုံသာ ဖြတ်၍- တိုက်ပွဲကို ဆက်လက် ဆင်နွှဲခဲ့သည်။
-တပင်ရွှေထီး- နားသ မင်္ဂလာအတွက် -ရန်သူ. နယ်မြေ ဖြစ်သော ပဲခူး-ရွှေမော်ဓော ဘုရားကို သွားရန်- သူရဲကောင်းရွေးရာတွင် လက်သည်းခွံ အကြား-တို.သံစိုက်ကာ တူနှင့် ရိုက်သွင်း၍ သွေးမတွန့် ကြောင်း ကိုယ်တိုင် အစစ်ခံ၍- သူရဲကောင်းတို.ကိုလည်း ထိုနည်း အတိုင်း ရွေးကာ- အစီအရင်ကို အောင်မြင်အောင် ခေါင်းဆောင် ဆောင်ရွက်ခဲ့သည်။
- မိမိထက် အဆမတန် များသော ရန်သူတို့ကို တိုက်ခိုက်ရန် အတွက်- နောက်ကြောင်း ပြန်လှည့် လိုသော စိတ်များ ပျောက်စေရန် ဖောင်ဖျက် တိုက်ပွဲ ၀င်ပြီး အောင်လံထူခဲ့သည်။
- ငယ်ရွယ်၍- ရူးမိုက်မှုတို.ကြောင့် သေရည် အရက်၏ ကျေးကျွန်ဖြစ်ပြီး- တိုင်းပြည် ကိစ္စကို အာရုံမစိုက်သော- ဘုရင်ဖြစ်သူ တပင်ရွှေထီးကို နန်းချပြီး ဘုရင်လုပ်ရန်- မှူးကြီး မတ်ရာတို့က ကြိမ်ဖန်များစွာ တိုက်တွန်းသော်လည်း- မိမိ၏ အောင်မြင်မှု အတွက်- သစ္စာမဖေါက်ခဲ့။
-မင်းမျိုးမဟုတ်သော အနွယ်မှ- မင်းဖြစ်လာခဲ့သည်။
- တောင်ငူ မြို.ကို အုပ်ချုပ်သော မင်း အဖြစ်မှ- ထိုင်းနိုင်ငံ (ဆူကိုထိုင်း- (မြန်မာ အခေါ် သောက္ကတဲ) - ဇင်းမယ်၊ အယုဒ္ဓယ တို့သာမက၊ ကမ္ဘောဒီးယား၊ လာအို တို့အပါ အ၀င် မဲခေါင်မြစ်၏ အနောက်ဘက် တစ်ခြမ်းလုံးကို အုပ်ချုပ်နိုင်ခဲ့သော ဧကရာဇ် မင်း အဖြစ်ကို ရောက်ခဲ့သည်။
- တိုင်းပြည်ကို တည်ထောင်ရန် အတွက် စစ်တိုက်ရသော်လည်း- ရန်သူတို.အပေါ်တွင် မရက်စက်သည့် အပြင်- သိမ်းပိုက်ရာ နိုင်ငံမှ ဘုရင်တို့၏ သားသမီးများကို မွေးစားကာ ပညာ သင်ပေးခဲ့သဖြင့်- ထိုင်းနိုင်ငံမှ ၄င်းအား “ဖုကျနာ ဆစ်ဗ် (အရပ် - ဆယ်မျက်နှာ နှင့် ပြည့်စုံသောသူ)” ဟု ခေတ်အဆက်ဆက် ရိုသေ လေးစားခဲ့ရသည်။

ဤသည်ကား မြန်မာ့ သမိုင်းတွင်- မြန်မာ့ နက္ခတ္တ ပညာသည်- မည်မျှ တိကျ မှန်ကန်ခဲ့သနည်း ဆိုသည်ကို ဖေါ်ပြနေသော အချက်ပင် ဖြစ်ပါသည်။
ထူးခြားသော သူတို့တွင်- ထူးခြားသော စိတ်ဓါတ် ရှိသည်။ ထူးခြားသော လက်ရုံးရည်၊ နှလုံးရည် ရှိသည်။ ထိုအချက်တို.၏ နောက်ကွယ်တွင်ကား- ထူးခြားသော ဇာတာ ရှိနေပါ တော့သည်။
နျူမာန် (မိုးတား)

[+/-] show/hide this post

1 comment:

Anonymous said...

ငယ်၂ကတည်းကပင် တပင်ရွှေထီး အရေးတော်ပုံ ကျမ်းဖတ်မိသည်မှစ၍ လွန်စွာပင် လေးစား အားကျမိသော မင်းတစ်ပါး ဖြစ်ပါသည်။

Post a Comment