Wednesday, June 16, 2010

How to find Your Ascendant (Lagna)?

“သင်” မည်သည့်လဂ်ပိုင်ရှင်လဲ?
မိမိ အနေနဲ. မည်သည့် လဂ် (Ascendant) ဖြစ်သည် ကို အလွယ်တကူ သိရှိနိုင်ရန် အတွက်- ဇာတာ ဖွဲ.ကြည့်ရန် လိုအပ်ပါသည်။ ယခု အခါ- ဇာတာဖွဲ.ပေးနိုင် သော Software များ အများ အပြား ရှိသည့် အနက်မှ- မြန်မာ များ အသုံးပြုသော ဇာတာ ကိုဖွဲ.ပေးနိုင်ပြီး- ငွေကြေး ကုန်ကျမှု လည်း မရှိသော Software တစ်ခုကို အသုံးပြုနိုင်ရန် အတွက်-
အောက်ပါ Website သို.သွားရောက်၍- Jagannatha Hora ပရိုဂရမ်ကို Download လုပ် လိုက်ပါ။ ထို.နောက် ကွန်ပျူတာ တွင် Install လုပ်ပါ။ ထူးထူး ခြားခြား လုပ်စရာ မလိုသဖြင့်- Install လုပ်ပုံကို အသေးစိတ် မဖေါ်ပြတော့ပါ။ သင်ကွန်ပျူတာ နှင့် ကိုက်ညီ မှု ရှိမရှိကို ထို Website တွင် ဖတ်ကြည့်ပါ။
http://www.vedicastrologer.org/jh/
(အကယ်၍ မိမိသုံးစွဲနေသော ကွန်ပျူတာတွင် Jagannatha Hora ပရိုဂရမ်ကို Install လုပ်ရန် အခက်အခဲ ရှိပါက- အောက်ဆုံးတွင် ဖေါ်ပြထားသော Online နည်းကို အသုံးပြုပါ။)
(၁) ၄င်းကို Install လုပ်ပြီးနောက်- File -> New ကို နှိပ်လိုက်ခြင်းဖြင့် အောက်ပါ အတိုင်း- မွေးနေ. မွေးချိန်- နှင့် မွေးဖွားရာ ဒေသ ကိုပေးသွင်းရန်- Dialog Box ပေါ်လာပါမည်။
(၂) အောက်တွင် ညွှန်ပြထားသည့် အတိုင်း- မိမိနှင့် သက်ဆိုင်သော အချက်များကို မှန်ကန်စွာ ဖြည့်သွင်းပေးပါ။ သက်ဆိုင်ရာ- Time Zone၊ လတ္တီ တွဒ်၊ လောင်ဂျီတွဒ် တန်ဘိုးများကို- အရှေ.၊ အနောက် မှန်ကန်စွာ ရွေးချယ် ပေးရပါမည်။ ၄င်း အချက် အလက်များကို မသိပါက- Google Map ကို အသုံးပြု၍ ရှာဖွေပါ။ မြန်မာပြည် သည် ဂရင်းနစ် စံတော်ချိန် မျဉ်း၏ အရှေ.ဘက်တွင် ကျရောက်ပြီး၊ အရှေ. လောင်ဂျီတွဒ်၊ မြောက်လတ္တီ တွဒ် ဖြစ်ပါသည်။
(၃) ထို.နောက် ဇာတာခွင်ကို မြန်မာ များအသုံးများသော ပုံစံ ဖြစ်သည့် အိန္ဒိယ အရှေ.တိုင်း ပုံစံ အနေဖြင့် တွေ.မြင် ရစေရန်၊ အောက်ပါ အတိုင်း လုပ်ဆောင် လိုက်ပါ။
(၄) ထို.နောက် ဇာတာခွင်ကို မြန်မာများအသုံးများသော ပုံစံလည်း ဖြစ်၊ MOTAA စနစ်တွင် အသုံးပြုသော လာဟီရိ ဂြိုဟ်သွား ပြက္ခဒိန်မှ အာယာန အံသာ ကို အသုံးပြု တွက်ချက် စေရန် အတွက်၊ ဖေါ်ပြထားသည့် အတိုင်း ရွေးချယ် ပေး လိုက်ပါ။
(၅) ယခု ဆိုလျှင် အောက်တွင် မြင်ရသည့် အတိုင်း၊ ဇာတာခွင် ရာသီစက်ကို မြင်ရပါလိမ့်မည်။ အခြားသော ချက် အလက်များ ကို ပညာရှင်များ အသုံးပြုရန် လိုအပ် သော်လည်း- MOTAA လစဉ် ဟောစာတမ်း များကို ဖတ်ရှုနိုင် စေရန် အတွက် ဆိုလျှင်- လဂ် (Ascendant) မည်သည့် ရာသီတွင် တည်နေသည် ကို သိလျှင်- ရပြီ ဖြစ်ပါသည်။
၆) အောက်တွင် ဖေါ်ပြထားသည်မှာ- ၁၂ ရာသီ စက် ဖြစ်ပြီး၊ လဂ် (Ascendant) အနေဖြင့် သက်ဆိုင်ရာ- ရာသီ တစ်ခုတွင် ကျရောက် နေပါက- ဇာတာရှင် သည် ထိုရာသီ လဂ် ဘွားဖြစ်သည်။ အောက်တွင် အသေးစိတ် တစ်ခုချင်း စီ ဖော်ပြထား ပေးပါသည်။



အကယ်၍ မိမိသုံးစွဲနေသော ကွန်ပျူတာတွင် Jagannatha Hora ပရိုဂရမ်ကို Install လုပ်ရန် အခက်အခဲ ရှိပါက-
အောက်ပါ Website (http://askastrologer.com/lagna.html) သို.သွားရောက်၍- စစ်ဆေးကြည့်နိုင်ပါသည်။ မိမိ၏ လဂ် ကို အင်္ဂလိပ် အမည် ဖြင့် ဖေါ်ပြမည် ဖြစ်သဖြင့်- ၄င်း၏ မြန်မာ အမည်ကို သိလိုပါက အထက်ပုံများနှင့် တိုက်ဆိုင်ကြည့်ပါ။


[+/-] show/hide this post

No comments:

Post a Comment