Tuesday, June 15, 2010

Your Luck in July 2010

ဇူလိုင်လ အတွင်း - လူတိုင်းအတွက်-ကံကြမ္မာ။
တစ်လတာ ကာလ အတွက် -မိမိ၏ ကံကြမ္မာ ကိုသိလိုသူ အားလုံးတို.အတွက်- MOTAA နည်းစနစ်ကို အသုံးပြု၍ လဂ်တစ်ခုချင်းစီ အတွက် တွက်ချက် ပြထားပါသည်။
ဇာတာမရှိ သူများ အတွက် - မိမိသည် မည်သည့် လဂ်ပိုင်ရှင် ဖြစ်သည်ကို သိနိုင်ရန် အတွက်- ဤစာမျက်နှာ တွင်လေ့လာလိုက်ပါ။
ထိုသို. တွက်ချက်ရာတွင်-
(၁) ဇာတာရှင်၏ ကံကြမ္မာကို ဖော်ဆောင်သော ဂြိုဟ်တို. - ဇူလိုင်လ အတွင်း ရပ်တည်နေသော ရာသီ၊ ဘာဝ၊ နက္ခတ် တို.၏ အနေအထား၊
(၂) အခြားသော ဂြိုဟ်တို.မှ- ဇာတာရှင် နှင့်သက်ဆိုင်ရာ ဂြိုဟ်များ ဆီသို. ကောင်းသော အင်အား၊ ဆိုးသော အင်အားတို.ဖြင့် လွှမ်းမိုးနေမှု အနေအထား။
(၂) အခြားသော ဂြိုဟ်တို.မှ- ဇာတာရှင် နှင့်သက်ဆိုင်ရာ ဘာဝများ ဆီသို. ကောင်းသော အင်အား၊ ဆိုးသော အင်အားတို.ဖြင့် လွှမ်းမိုးနေမှု အနေအထား။
တို.ကို အခြေပြု၍ တွက်ချက်ထားသည်။
ဤတစ်လတာ ဟောစာတမ်းသည်- လူတိုင်းအတွက် မိမိဘာသာ- စစ်ဆေးနိုင်ရန် သာ ဟောကြားထားခြင်း ဖြစ်သဖြင့် - မူလ မွေးဇာတာရှိ ဂြိုဟ်များ၏ အနေအထား မပါရှိခြင်း ကြောင့်-
(၁) ဒဿာ ခေါ် ကံကြမ္မာ လမ်းကြောင်း အနိမ့် အမြင့် အခြေ အနေ၊
(၂) မူလဇာတာရှိ ဂြိုဟ်များ ပေါ်သို. ကောဇာ ဂြိုဟ်ခေါ် ဇူလိုင်လ ကာလ တွင် ကောင်းကင် တွင် တည်နေသော ဂြိုဟ်များမှ အင်အား သက်ရောက်နေမှု၊
(၃) မူလဇာတာရှိ ဂြိုဟ်များ မှ ကောဇာ ဂြိုဟ်ခေါ် ဇူလိုင်လ ကာလ တွင် ကောင်းကင် တွင် တည်နေသော ဂြိုဟ်များဆီသို. အင်အား သက်ရောက်နေမှု၊
တို.ကို တွက်ချက်ခြင်း မပြုနိုင်ပါ။

မိဿလဂ် ပိုင်ရှင် များအတွက်။ငွေကြေး ဥစ္စာ ပိုင်ဆိုင်မှု အနေအထား။အောင်မြင်မှု၊ ငွေကြေးတို.သည် ပြီးခဲ့သော လ, နှင့် နှိုင်းယှဉ်သော်- သိပ်အကောင်းကြီး မဟုတ် လှပါ။ သို.သော်လည်း ငွေရေး၊ ကြေးရေး နှင့်ပါတ်သက်၍ (၁၃-၇-၂၀၁၀) ရက် မှ (၁၆-၇-၂၀၁၀) ရက် ကာလ အတွင်း တွင် အဆင်ပြေလာ ပါလိမ့်မည်။
ဇူလိုင်လ- လကုန်ပိုင်းတွင်မူ မိဿ-လဂ်ပိုင်ရှင် တို.အတွက်- ထူးခြားစွာ အောင် မြင်များ ကြုံတွေ.လာရတတ်ပါသည်။
ပညာရေး။အခြေခံ ပညာသင်ကြား နေသူတို.အနေဖြင့် ဇူလိုင် လဆန်းပိုင်းတွင် ပုံမှန် အနေအထား မျှသာ ရှိသော်လည်း၊ (၁၂-၇-၂၀၁၀) နေ.ပိုင်း တွင် ပညာ ရေးတွင် ပို၍ ထူးခြားစွာ၊ စိတ်ဝင်စား လာခြင်း၊ စဉ်းစားဥာဏ် ပို၍ကောင်းမွန်လာခြင်း တို.ဖြစ်ပေါ်လာပါလိမ့်မည်။
တက္ကသိုလ် ပညာသင် ကျောင်းသား ကျောင်းသူ များအနေဖြင့်- ဇူလိုင် လ ဆန်းပိုင်းတွင် ပညာ ရေးနှင့် ပါတ်သက်သော အခက်အခဲ တို.ကို ကြုံတွေ.ရမည် ဖြစ်သော်လည်း၊ ဇူလိုင်လ နောက်ပိုင်း တွင် အားလုံး အဆင်ပြေလာပါလိမ့်မည်။ အသက်မွေး ၀မ်းကျောင်း ပညာ သင်ကြား သူများ အနေဖြင့်လည်း- မိမိသင်ကြားနေသော အတတ်ပညာ နှင့်ပါတ်သက်၍ (၂၅-၇-၂၀၁၀) နေ.- နောက်ပိုင်းတွင် မိမိလိုလားသော ပညာကို ရရှိခြင်း၊ မိမိ အနေဖြင့် ဆရာကောင်း နှင့် ကြုံတွေ.ရခြင်းတို. ဖြစ်လာပါလိမ့်မည်။
စီးပွားရေး နှင့် အလုပ်အကိုင်အနေအထား။ဇူလိုင်လ သည် ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်သူ များအတွက် သိပ်အားပေးသော ကာလ မဟုတ်ပါ။ အခြေအနေ တို.သည် အပြောင်းအလဲ အတက်အကျ များ ဖြစ်နေတတ်ပြီး၊ (၂၁-၇-၂၀၁၀) မှ (၂၂-၇-၂၀၁၀) ရက်ပိုင်း သည် အရေးကြီးသော စီးပွားရေး ဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ခြင်း ကို အထူးရှောင်ကြဉ်ရန် သင့်သော ကာလ ဖြစ်သည်။
ဝန်ထမ်း အလုပ်- လုပ်ကိုင်နေသူများ၊ အလုပ် ရှာဖွေနေသူများ အနေဖြင့် (၂၅-၇-၂၀၁၀) မှ (၃၀-၇-၂၀၁၀) ပိုင်းတွင် အဆင်ပြေမှုများ ကို ကြုံတွေ.ရပါလိမ့်မည်။ သို.သော်လည်း မိမိ မျှော်မှန်းထား သော အနေအထား ကိုမရောက်သေးပါ။
မည်သို.ပင် ဆိုစေ- အင်ဂျင်နီယာ၊ ကွန်ပျူတာ၊ စသော ပညာရှင် များ အတွက် (၃၀-၇-၂၀၁၀) ရက် ပိုင်းတွင် ငွေကြေး၊ အဆင့်အတန်း မြင့်မား တိုးတက်နိုင်သော အနေအထားကို တွေ.ရ ပါသည်။
မိသားစု ရေးရာ။မိသားစု ကိစ္စများနှင့် ပါတ်သက်၍ ဇူလိုင်လ နောက်ပိုင်းတွင် တိုးတက် ကောင်းမွန်မှု တို.ကို တွေ.ရ ပါသည်။ မိခင်၏ ကျန်းမာ ရေးကို စိတ်ပူနေရသူများ အဘို.၊ (၃၀-၇-၂၀၁၀) ရက်ပိုင်း တွင် မိခင်နှင့် ပါတ်သက်၍ အခြေအနေ ထူးခြားကောင်းမွန် လာခြင်း၊ တို.ကို ကြုံရပါမည်။
မိသားစု အတွင်းတွင် (၂၂-၇-၂၀၁၀) မှ (၂၄-၇-၂၀၁၀) အတွင်း အငြင်းအခုံ အတိုက်အခံ များကြုံ ရတတ် သော်လည်း ရေရှည် ပြဿနာမျိုး ဖြစ်မည် မဟုတ်ပဲ၊ မကြာခင် ပြေလည် သွား ပါလိမ့်မည်။
အိမ်ထောင်ရှိပြီး သားသမီး ရလိုသူများ အတွက် (၂၅-၇-၂၀၁၀) မှ (၂၉-၇-၂၀၁၀) ရက်ပိုင်း အတွင်း အခွင့်အရေး ရှိနေသဖြင့် ထိုရက်ပိုင်းများကို လက်လွတ် မခံသင့်ပါ။
ဇူလိုင်လ၏ နောက်ဆုံး ရက်ပိုင်းတွင် မွေးချင်းတို.၏ သတင်းကောင်းကို ကြားရတတ်ပြီး၊ မိသားစု တွင်း ပျော်ရွှင် မှုရနိုင်ပါသည်။
နိုင်ငံခြား ရေးရာကိစ္စများ။ဤဇူလိုင်လ အတွင်း- မိဿလဂ်ပိုင်ရှင် များအနေဖြင့် နိုင်ငံခြားတွင် ရေရှည် အခြေချရန် စီစဉ်မှုများ ရှိပါက- အောင်မြင် ဦးမည် မဟုတ်သေးပါ။ သို.သော် နိုင်ငံခြားသို. သွားရန် အစီအစဉ် ရှိသူများ အနေဖြင့် မူ (၂၃-၇-၂၀၁၀) မှ (၂၆-၇-၂၀၁၀) ရက်ပိုင်း အတွင်း အခွင့်အရေး များပေါ်လာတတ်သည်။
ကျန်းမာရေး။
မိဿလဂ်ပိုင်ရှင် များအနေဖြင့် ဤဇူလိုင်လ အတွင်း ကျန်းမာရေး ကောင်းမွန်ပါသည်။
အထွေထွေ ကိစ္စများတရားရေး ပြိုင်ဆိုင်မှု၊ အငြင်းအခုံ ပြဿနာများ ရှိပါက- မိဿလဂ် ပိုင်ရှင်များ အနေဖြင့် အနိုင်ရ နိုင်စရာ အခြေအနေ ကောင်းတို.ကို (၁၂-၇-၂၀၁၀) ကာလတွင် လည်းကောင်း၊ (၃၀-၇-၂၀၁၀) နေ.တွင် လည်းကောင်း တွေ.မြင်ရပါသည်။
အချစ်ရေး နှင့် အိမ်ထောင်ရေး။အိမ်ထောင်မရှိသေးသူ များ၊ အချစ်ရေး ကံကောင်းမည့် ကာလများမှာ (၂၈-၇-၂၀၁၀) နေ. မှ (၃၁-၇-၂၀၁၀) နေ. အတွင်း ဖြစ်ပါသည်။ ထိုကာလ များသည် အိမ်ထောင်ရှင် များအနေဖြင့် မိမိ အိမ်ထောင်ဘက်နှင့် နားလည်မှု၊ ကြင်နာမှု များ ရနိုင်သော ကာလဖြစ်နေပါသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ပြိဿလဂ် ပိုင်ရှင်များအတွက်။ငွေကြေး ဥစ္စာ ပိုင်ဆိုင်မှု အနေအထား။ပြိဿ လဂ် ပိုင်ရှင်များ အနေဖြင့်- ဇူလိုင် လဆန်းရက်ပိုင်းတွင် အောင်မြင်မှု၊ ငွေကြေး ကိစ္စတို.နှင့် အဆင်မပြေမှု အနည်းငယ် ကြုံတွေ.ရတတ် သည်။ သို.သော်လည်း ကြီးကြီး ကျယ်ကျယ် ဆုံးရှုံးမှု မရှိနိုင်ပါ။ သို.သော်လည်း ထိုအခြေအနေ တို.သည် (၁၁-၇-၂၀၁၀) ရက် မှ (၂၂-၇-၂၀၁၀) ရက် ကာလ အတွင်း တွင် တိုးတက်ကောင်းမွန်လာပါလိမ့်မည်။
ပညာရေး။
ဇူလိုင်လ သည် အခြေခံ ပညာ၊ တက္ကသိုလ် ပညာ၊ လုပ်ငန်းခွင် ပညာကို သင်ကြားနေသူ ပြိဿလဂ် များအတွက် ထွန်းတောက်နိုင်သော ကာလမဟုတ်သဖြင့်- ဤကာလတွင် ပညာရေး နှင့် ပတ်သက်၍ မိမိ ရည်မှန်းထားသလောက် အောင်မြင်မှု မရနိုင်ပါ။
စီးပွားရေး နှင့် အလုပ်အကိုင်အနေအထား။စတော့ရှယ်ယာ ရင်းနှီးမြုပ်နှံမှု ပြုသူများ အနေဖြင့် ယခင်လက- ဆုံးရှုံးခဲ့သော အခွင့်အရေး တို.ကို ပြန်လည် ရနိုင်သော်လည်း- ထူးထူး ခြားခြား ကံမကောင်းသေးသဖြင့် အရဲစွန်.ရန် မသင့် သော ကာလ ဖြစ်သည်။ ထိုနည်းတူ စီးပွားရေးသမား၊ ၀န်ထမ်းများ အနေဖြင့် လည်း- လက်ရှိ အနေအထား ထက် ပို၍ ထူးခြားသော အနေအထားကို မတွေ.ရပါ။ အကယ်၍ ထီထိုးလိုသူများ အနေဖြင့်မူ (၁၆-၇-၂၀၁၀) ရက် သည် ကံကောင်းမည့် နေ.တစ်ရက် ဖြစ်သည်။
မိသားစု ရေးရာ။
ပြိဿ လဂ်ပိုင်ရှင် တို.၏ မိခင် ဖခင်တို.၏ ကျန်းမာရေးနှင့် ပါတ်သက်၍ ဇူလိုင် လဆန်း ကာလတွင် အင်အားနည်းနေသည်ကို တွေ.ရသည်။ ဆိုးရွားသော အခြေအနေ မတွေ.ရသော်လည်း အာဂန္တု ရောဂါ ဝေဒနာ တို.ကို ယာယီ ခံစားရတတ်သည်။
နိုင်ငံခြား ရေးရာကိစ္စများ။နိုင်ငံခြားသွားရန်- နိုင်ငံခြားတွင် အခြေချ နေထိုင်ရန် ရည်ရွယ်ထားသူ များအနေဖြင့် ဤဇူလိုင်လ သည် ထူးခြားသော ကာလတစ်ခု ဖြစ်သည်။ (၁၅-၇-၂၀၁၀) မှ (၂၄-၇-၂၀၁၀) ရက်ပိုင်း အတွင်း နိုင်ငံခြားသို.သွားရောက်ရန်၊ အထူးသဖြင့် အခြေချ နေထိုင်ရန် ထူးထူးခြားခြား အခြေအနေပေးသော ကာလဖြစ်သည်။
ကျန်းမာရေး။
ဤဇူလိုင်လ အတွင်း ကျန်းမာရေး ကို ကိုယ်စားပြုသော ဂြိုဟ် အနေဖြင့် အနည်းငယ် အင်အား နည်းသောကြောင့် - ကြီးကြီး မားမား ပြဿနာ မရှိသော် လည်း၊ အသေးအမွှား ပြဿနာ လေး များ ရှိတတ်သည်။ စိုးရိမ်စရာ မရှိပါ။
အထွေထွေ ကိစ္စများ(၅-၇-၂၀၁၀) မှ (၈-၇-၂၀၁၀) နေ. ကာလများအတွင်း ငွေရေး၊ ကြေးရေး၊ အငြင်းပွားမှု၊ စိတ်ဓါတ် ကျစရာ အနေအထား၊ မတော် တစ်ဆ ထိခိုက်မှု တို.အနည်းငယ်ကို ကြုံ ရတတ်သည်။ အထူးသဖြင့် ဤလ- အတွင်း အကြွေးကိစ္စ ပြဿနာများ ပေါ်တတ်သဖြင့် မိမိ အနေဖြင့် သူများကို ငွေချေး မမိစေရန် လည်းကောင်း၊ မိမိကိုယ်တိုင် အနေဖြင့် တစ်ခြားသူ ထံမှ ငွေချေး ရမည့် အနေအထား မရောက်ရန် လည်းကောင်း သတိပြုရမည့် ကာလဖြစ်သည်။
အချစ်ရေး နှင့် အိမ်ထောင်ရေး။အချစ်ရေး နှင့် ပါတ်သက်၍ ကံမကောင်းသော၊ ချစ်သူ ရှိသူများ အနေဖြင့် ချစ်သူနှင့် နားလည် မှု လွဲတတ်သော၊ အခြေအနေ အသိုင်းအ၀ိုင်း များကြောင့် စိတ်ဆင်းရဲ မှုများ ဖြင့် ကြုံရ တတ်သည်။ ဆိုးရွားပြင်းထန်သော အနေအထား မရှိသော်လည်း စိတ်အနှောက် အယှက် ဖြစ်ရ တတ်သည်။
အိမ်ထောင်ရှိသူ များအနေဖြင့် - (၄-၇-၂၀၁၀) မှ (၁၀-၇-၂၀၁၀) နေ. ကာလ အတွင်း ၊ အိမ်ထောင်ရေး အဆင်မပြေမှု အနည်းငယ် ကြုံရတတ်သည်။ အိမ်ထောင်ဘက်နှင့် သဘောထား ကွဲလွဲမှု အနည်းငယ် ရှိတတ်သည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မေထုန် လဂ် ပိုင်ရှင်များအတွက်။
ငွေကြေး ဥစ္စာ ပိုင်ဆိုင်မှု အနေအထား။
ယခင်လလောက် ၀င်ငွေ မကောင်းသော်လည်း၊ ဇူလိုင်လသည်- အဆင်ပြေသော ကာလ တစ်ခု ဖြစ်ပါသည်။ (၁၂-၇-၂၀၁၀) ရက် မှ (၂၆-၇-၂၀၁၀) ရက် ကာလ အတွင်း မိမိ၏ လုပ်ငန်း အောင်မြင်လာခြင်း၊ လူသိများလာခြင်း၊ ငွေကြေး ပိုရလာခြင်း တို.ကို ကြုံရမည်။ ထိုအနေ အထားကို ထပ်ကြုံရမည့် ရက်မှာ (၃၀-၇-၂၀၁၀) နေ.ဖြစ်သဖြင့် - အခွင့်အရေးကို အရယူ မိပါစေ။
ပညာရေး။
ဘာသာရေး လေ့လာ နေသူများ အနေဖြင့် ထူးထူးခြားခြား အသိဥာဏ်၊ ဗဟုသုတများကို ရနိုင်သော ကာလဖြစ်ပြီး၊ အခြေခံပညာ၊ တက္ကသိုလ် ပညာ သင်ယူ သူများ အနေဖြင့် မူ ပုံမှန် အနေ အထားထက် ထူးခြားစွာ မရှိတတ်ပါ။
သက်မွေး အတတ်ပညာ သင်ကြားသူ များအနေဖြင့် ဇူလိုင် ပထမပါတ် ကာလသည် မိမိ အတွက်- လုပ်ငန်းဆိုင်ရာ ပညာရပ်များ တိုးတက် သိရှိနိုင်သော အနေအထား ဖြစ်နေ ပါသည်။
စီးပွားရေး နှင့် အလုပ်အကိုင်အနေအထား။ဝန်ထမ်း အလုပ်- လုပ်ကိုင် နေသူများ အနေဖြင့် (၆-၇-၂၀၁၀) ရက် ခန်.တွင် လုပ်ငန်းဆိုင်ရာ ပြဿနာ တို.ကို ကြုံတွေ.ရနိုင်သည်။
စတော့ရှယ်ယာ ရင်းနှီးမြုပ်နှံမှု ပြုသူများ အနေဖြင့် (၁၆-၇-၂၀၁၀) ရက်မှ (၁၉-၇-၂၀၁၀) ရက် အတွင်း သတိထားရန် လိုအပ်သည်။
သို.သော်လည်း- အလွယ်တကူ ငွေရနိုင်သော အနေအထားကို (၁၆-၇-၂၀၁၀) ရက်မှ (၃၁-၇-၂၀၁၀) ရက် အတွင်း တွင် တွေ.နေရသဖြင့် - ထိုကာလ အတွင်း သတိထားပါက- ပုံမှန် ထက် ပို၍ အမြတ် အစွန်းရနိုင်ခြင်း၊ ထီပေါက်ခြင်း၊ အမွေရခြင်း စသည်တို.ဖြစ်နိုင်ပါသည်။
မိသားစု ရေးရာ။
မေထုန်လဂ် ပိုင်ရှင်များ အနေဖြင့် မိသားစု ရေးရာ ကိစ္စများ ပြဿနာ မရှိပါ။ အထူးသဖြင့် (၁၂-၇-၂၀၁၀) မှ (၃၀-၇-၂၀၁၀) ရက်များ တွင် မိသားစုနှင့် ပတ်သက်၍ စိတ်ချမ်းသာ စရာ သတင်းကောင်း များ ကြားသိ ရတတ်သည်။
နိုင်ငံခြား ရေးရာကိစ္စများ။နိုင်ငံခြားသွားရန်- စိတ်ကူးထားသူများ အဘို. (၈-၇-၂၀၁၀) မှ (၃၁-၇-၂၀၁၀) ရက် အထိ အခြေအနေ ကောင်းများ ပေါ်လာ တတ်သော်လည်း၊ ယခု မှ နိုင်ငံခြားတွင် ကြာရှည်စွာ အခြေ ချရန် စိတ်ကူး သူများအတွက်- အခြေအနေ မပေးပါ။
ကျန်းမာရေး။
ကျန်းမာရေး ပြဿနာ မရှိပါ။ သို.သော် လူကြီး၊ လူလတ်ပိုင်းများ အနေဖြင့် (၂၂-၇-၂၀၁၀) မှ (၂၄-၇-၂၀၁၀) ရက် အတွင်း အနည်းငယ် ခေါင်းမူးခြင်း၊ မအီမသာ ဖြစ်ခြင်း တို.ကြုံ ရတတ်သည်။
အထွေထွေ ကိစ္စများအမှုအခင်း ပြဿနာ၊ အငြင်းအခုံ ကိစ္စများပေါ်ခဲ့သော် ဇူလိုင် ပထမပါတ် အတွင်း ဖြစ်ပါက- မိမိဘက်မှ အကြီးအကျယ် ကြိုးစားပြီးမှ အနိုင်ရ တတ်သော်လည်း၊ ထိုပြဿနာ တို.သည် (၂၀-၇-၂၀၁၀) နောက်ပိုင်း တွင် ဖြစ်ပါက မိမိအနေဖြင့် သက်တောင့်သက်သာ ဖြင့် အနိုင်ရ ပါ လိမ့်မည်။အချစ်ရေး နှင့် အိမ်ထောင်ရေး။ချစ်သူရှာ သူများအနေဖြင့်- (၁၆-၇-၂၀၁၀) မှ (၂၆-၇-၂၀၁၀) နေ. ကာလ အတွင်း- အဆင်မပြေ တတ်ပါ။ သို.မဟုတ် ချစ်သူနှင့် အဆင်မပြေမှု အနည်းငယ် ရှိတတ် သော်လည်း၊ ၂၇-၇-၂၀၁၀ နေ.မှ စ၍ တစ်ဆစ်ချိုး အနေအထား- ထူးထူးခြားခြား အချစ်ရေး ဆိုင်ရာ ပျော်ရွှင်မှု ရလာ ပါလိမ့်မည်။
အိမ်ထောင်ရှင် များအနေဖြင့်- ဤလ အတွင်း အိမ်တွင်းရေး ပျော်ရွှင်ချမ်းမြေ့ သော ကာလ တစ်ခု ဖြစ်ပါသည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကရကဋ် လဂ် ပိုင်ရှင်များအတွက်။
ငွေကြေး ဥစ္စာ ပိုင်ဆိုင်မှု အနေအထား။
ဇူလိုင်လ သည်- ကရကဋ် လဂ်ပိုင်ရှင် များအတွက် ပြဿနာများ သက်ဆောင်လာတတ်သည့် ကာလ ဖြစ်သည်။
ငွေကြေး ဥစ္စာဆုံးရှုံးခြင်း၊ ဂုဏ်သိက္ခာကျဆင်း ခြင်းများကို ဇူလိုင်လ သို. စတင်ဝင်ရောက် ရောက်ခြင်း (၁-၇-၂၀၁၀) ရက် မှ (၈-၇-၂၀၁၀) ရက် ကာလ အတွင်း ၊ ကြုံတွေ.ရတတ် သဖြင့် များစွာ ဆင်ခြင်ရန် လိုသော ကာလဖြစ်ပါသည်။
ပညာရေး။အခြေခံပညာ လေ့လာ နေသူများ အနေဖြင့် ထင်ရှားသော နစ်နာမှု တို.ကို မတွေ. ရသော်လည်း၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူ များအတွက်မူ- ဇူလိုင်လသည် ကံမကောင်း သော ကာလ တစ်ခု ဖြစ်နေပါသည်။ မိမိရည်ရွယ် ထားသကဲ့သို. အောင်မြင်မရ တတ်ခြင်း၊ မထင် ထားသော ပြဿနာ များပေါ်လာတတ်ခြင်း၊ ထို.ကြောင့် အင်မတန် သတိထား ရမည့် ကာလတစ်ခု ဖြစ်ပါသည်။ အထူးသဖြင့် သတိထား ရမည့် ကာလမှာ ပထမပါတ် ကာလအတွင်း ဖြစ်ပြီး- ထိုအခြေ အနေတို.သည် ဇူလိုင်လ နောက်ပိုင်းတွင် ကောင်းမွန် လာ ပါလိမ့်မည်။
စီးပွားရေး နှင့် အလုပ်အကိုင်အနေအထား။ဝန်ထမ်း အလုပ်- လုပ်ကိုင် သူများ၊ စီးပွားရေး လုပ်ကိုင်သူများ အားလုံး အနေဖြင့် အများနှင့် အတိုက် အခံမလုပ်မိအောင်၊ တစ်ဘက် သူအား အလွယ်တကူ မယုံကြည်မိရန် သတိထား ရမည့် ကာလ ဖြစ်သည်။
မိသားစု ရေးရာ။
မိသားစု နှင့် ပါတ်သက်၍ ကရကဋ်လဂ် ပိုင်ရှင် အမျိုးသမီး များအနေဖြင့်- မိမိ အိမ်ထောင်ဘက် နှင့် ပါတ်သက်၍ စိတ်ဆင်းရဲစရာတို.ကို လည်းကောင်း၊ သားသမီး (အထူးသဖြင့်- သားယောက်ျားလေး) နှင့် ပါတ်သက်၍ စိတ်ဒုက္ခရောက် စရာများ ပေါ်ပေါက် လာတတ် သဖြင့် သတိပြုရန် လိုအပ်သော ကာလ ဖြစ်ပြန်ပါသည်။
နိုင်ငံခြား ရေးရာကိစ္စများ။နိုင်ငံခြား သွားရန်- စီစဉ်သူများ အနေဖြင့် ထူးခြားမှုသိပ်မရှိလှသော်လည်း- နိုင်ငံခြား တွင် ကြာရှည်စွာ အခြေချရန် ၊ အပြီးအပိုင် ပြောင်းရွှေ.ရန် စီစဉ်ထားသူများ အတွက်မူ (၁၀-၇-၂၀၁၀) ရက် မှ (၂၄-၇-၂၀၁၀) ရက် ကာလ အတွင်း ရောက်လျှင် အခြေအနေ ပေးလာ ပါလိမ့်မည်။
ကျန်းမာရေး။
ကျန်းမာရေး နှင့် ပါတ်သက်၍ ဆိုးရွားသော အနေအထား မရှိသော်လည်း- လူကြီးများ၊ လူလတ်ပိုင်းများ အတွက် မကြာခဏ ဆိုသလို- အသက်ရှု မ၀သလို ခံစားရခြင်း၊ ကြွက်သား များ နာကျင်တတ်ခြင်း၊ စသဖြင့် ခံစားရတတ် ပါသည်။
အထွေထွေ ကိစ္စများဤကာလ အတွင်း- တစ်ဘက်သူတို.နှင့် အငြင်းအခုံ ပြဿနာများ မဖြစ်အောင် ထိပ်တိုက်ရင် ဆိုင်မှု များ ရှောင်ကြဉ်သင့် ပါသည်။ အကယ်၍ မဆင်ခြင်ပါက ငွေကြေး ဥစ္စာ၊ ဂုဏ်သိက္ခာ ပိုင်း ဆိုင်ရာ နစ်နာမှုများ ဖြစ်နိုင်သော ကာလဖြစ်ပါသည်။
အချစ်ရေး နှင့် အိမ်ထောင်ရေး။(၁၈-၇-၂၀၁၀) မှ (၂၃-၇-၂၀၁၀) နေ. ကာလ အတွင်း- သည် အချစ်ရေး ဆိုင်ရာ ကံမကောင်း တတ်သော ကာလ ဖြစ်ပါသည်။
အိမ်ထောင်ရှင် များအနေဖြင့်မူ- (၁-၇-၂၀၁၀) မှ (၇-၇-၂၀၁၀) နေ. ကာလ အတွင်း - အိမ်ထောင် ဘက်ချင်း၊ အကြီးအကျယ် ပြဿနာ တတ်တတ်ခြင်း၊ ကလေး ပျက်ကျတတ်ခြင်း၊ တို.ဖြစ်တတ် ပြီး၊ အဆင်မသင့်ပါက- အိမ်ထောင်ရေး ပျက်စီးတတ် သော အနေအထား ရှိသော ကြောင့် များစွာ ဆင်ခြင် ရမည့် ကာလဖြစ်ပါသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
သိဟ် လဂ် ပိုင်ရှင်များအတွက်။
ငွေကြေး ဥစ္စာ ပိုင်ဆိုင်မှု အနေအထား။
သိဟ် လဂ်ပိုင်ရှင် များအတွက် ငွေရေး ကြေးရေးနှင့် ပါတ်သက်၍ ယခင် ဇွန်လတုန်းက လောက် - မအောင်မြင်တတ်ပါ။ အတက်အကျ- ဖြစ်နေတတ် သည်ကို တွေ.ရသည်။ သို.သော်လည်း (၂၅-၇-၂၀၁၀) ရက် မှ (၃၁-၇-၂၀၁၀) ရက် ကာလ အတွင်း တွင်မူ အားလုံး နေသား တကျ- အဆင်ပြေလာကာ- ကုသိုလ်ကံ တည်ငြိမ်လာသည်ကို တွေ.ရသည်။
ပညာရေး။ပညာရေးနှင့် ပါတ်သက်၍ - ကံမကောင်းမည့် ရက်ပိုင်း တို.မှာ- (၆-၇-၂၀၁၀)၊ (၁၃-၇-၂၀၁၀)၊ (၁၇-၇-၂၀၁၀)၊ (၁၈-၇-၂၀၁၀)၊ (၁၉-၇-၂၀၁၀)၊ (၂၂-၇-၂၀၁၀)၊ (၂၃-၇-၂၀၁၀) ရက် တို.ဖြစ်နေသဖြင့် - အရေးကြီးသော ၀င်ခွင့်စာမေးပွဲများ၊ အရည်အချင်း စစ် စာမေးပွဲ များကို ဖြေဆိုရန် ရက်ရွေးမည် ဆိုပါက - ထိုရက်တို.ကို ရှောင်ကြဉ်ရန် လိုအပ်ပါသည်။ ယေဘူယျ အားဖြင့် ဇူလိုင်လသည်- သိဟ်လဂ် ပိုင်ရှင်တို.အတွက် ပညာရေး မကောင်းသော ကာလ တစ်ခု ဖြစ်ပါသည်။စီးပွားရေး နှင့် အလုပ်အကိုင်အနေအထား။ဝန်ထမ်း အလုပ်- လုပ်ကိုင် သူများ၊ အနေဖြင့် အလုပ်နှင့် ပါတ်သက်ပြီး- ယခု ကာလအတွင်း မျက်နှာကောင်း မရတတ်သော ကာလ ဖြစ်ပါသည်။ မိမိ အပင်ပန်းခံ လုပ်ထားသည်ကို အခြားသူက နာမည်ကောင်း ယူသွားတတ်ခြင်း၊ အကြီးအကဲ ဖြစ်သူက မိမိအား အထင်သေး အမြင်သေး ဆက်ဆံတတ်ခြင်း၊ တို.ရှိတတ်သဖြင့် မိမိ အနေဖြင့် သည်းခံ ရန် လိုအပ်သော ကာလ ဖြစ်ပါသည်။ အထူးသဖြင့် (၃-၇-၂၀၁၀)၊ ရက်မှ (၇-၇-၂၀၁၀)၊ အတွင်း တွင် သတိထားရန် လိုအပ်သော ကာလဖြစ်သည်။ ထီထိုးခြင်း၊ လောင်းကစား လုပ်ခြင်း တို.ကို လည်း ရှောင်ကြဉ်နိုင်လျှင် ကောင်းသော ကာလဖြစ်ပါသည်။
မိသားစု ရေးရာ။
မိသားစုနှင့် ပါတ်သက်၍ ဇူလိုင်လ နောက်ဆုံးပါတ်တွင်- အခြေအနေများ တိုးတက် ကောင်းမွန် လာပါလိမ့်မည်။
နိုင်ငံခြား ရေးရာကိစ္စများ။ဤကာလသည်- နိုင်ငံခြားနှင့် ပါတ်သက်သော ကိစ္စများအတွက်မူ- ထူးခြားသော ကာလ တစ်ခု ဖြစ်ပါသည်။ (၅-၇-၂၀၁၀) ရက် မှ (၆-၇-၂၀၁၀) ရက် ကာလ အတွင်း၊ နှင့် (၁၅-၇-၂၀၁၀) ရက် မှ (၂၄-၇-၂၀၁၀) ရက် ကာလ အတွင်း၊ နိုင်ငံခြား ကိစ္စနှင့် ပါတ်သက်သော သတင်းကောင်း များ ကြားသိရမည်။ သို.မဟုတ် နိုင်ငံခြားသို. ထွက်ခွာခွင့် ရမည့် ကာလ ဖြစ်သည်။
ကျန်းမာရေး။
ကျန်းမာရေး နှင့် ပါတ်သက်၍ ကောင်းတလှည့်၊ ဆိုးတလှည့် မကြာခဏ ဖြစ်တတ်သည်။ စိုးရိမ်စရာ မရှိသော်လည်း- အနည်းငယ် စိတ်ညစ်ရတတ်သော ကာလဖြစ်ပါသည်။
အထွေထွေ ကိစ္စများအခြားသော ပြဿနာ ကြီးကြီးမားမား မရှိတတ်သော်လည်း၊ ဇူလိုင်လ ပထမပါတ် နှင့် ဒုတိယပါတ် ကာလများအတွင်း- အငြင်းအခုံ အခြေအတင် ပြဿနာ တို.ကို ကြုံရတတ်သည်။ သို.သော်လည်း- ဇူလိုင်လ နောက်ဆုံးပါတ် တွင်မူ- အားလုံး နေသားတကျ အဆင်ပြေ လာပါ လိမ့်မည်။အချစ်ရေး နှင့် အိမ်ထောင်ရေး။ဤကာလသည် အချစ်ရေးနှင့် ပါတ်သက်၍ သိဟ်လဂ် ပိုင်ရှင် များအတွက် ထူးခြားသော ကာလ တစ်ခု ဖြစ်ပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် (၂၅-၇-၂၀၁၀) မှ (၃၁-၇-၂၀၁၀) နေ. ကာလ အတွင်း- မိမိအနေဖြင့် အမှန်တကယ် ချစ်ရသူကို တွေ.ရတတ်သော ကြောင့် ဖြစ်သည်။
အိမ်ထောင်ရှင် များအနေဖြင့်မူ- ဇူလိုင်လ အစပိုင်းတွင် အိမ်ထောင်ရေး အခက်အခဲ များကြုံရ တတ် သော်လည်း- (၁၇-၇-၂၀၁၀) နောက်ပိုင်း မှစ၍- အိမ်ထောင်ရေး ပျော်ရွှင်မှုများ ရလာ ပါလိမ့်မည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကန် လဂ် ပိုင်ရှင်များအတွက်။
ငွေကြေး ဥစ္စာ ပိုင်ဆိုင်မှု အနေအထား။
ဇူလိုင်လသည် ကန် လဂ်ပိုင်ရှင် များအတွက် ငွေရေး ကြေးရေး၊ ပိုင်ဆိုင်မှု တို.နှင့် ပါတ်သက်၍ သိပ်အဆင်မပြေသော ကာလ တစ်ခု ဖြစ်သည်။ မိမိတွင် မော်တော်ယာဉ်၊ ဆိုင်ကယ် တို. ရှိပါက- ၄င်းတို.အတွက် ငွေကုန်ကြေးကျ များရတတ်သည်။ (၁၇-၇-၂၀၁၀)၊ မှ (၁၉-၇-၂၀၁၀)၊ ကာလ အတွင်း- ငွေကြေး အကုန်အကျ များခြင်း၊ ဂုဏ်သိက္ခာ ထိခိုက် တတ်ခြင်း တို. ဖြစ်တတ်သဖြင့် သတိထားရန် လိုသော ကာလဖြစ်သည်။
ပညာရေး။ပညာရေး နှင့်ပါတ်သက်၍ အနေအထား သိပ်မကောင်းသူ တို.မှာ ကန်လဂ် ပိုင်ရှင် တက္ကသိုလ် ကျောင်းသား။ ကျောင်းသူများ ပင် ဖြစ်သည်။ ပညာရေးနှင့် ပါတ်သက် ၍ အနှောက်အယှက် ပြဿနာ များဖြစ်တတ်သဖြင့်-(၁၇-၇-၂၀၁၀)၊ မှ (၁၉-၇-၂၀၁၀)၊ ကာလ အတွင်း- တွင် ဆင်ခြင်ရန် လိုအပ်သည်။ ထိုနည်းတူ သက်မွေး အတတ်ပညာကို သင်ကြားနေ သူများ အနေဖြင့် လည်း- ဆရာ သမား၊ နှင့် ပါတ်သက်၍ အခက်အခဲ တွေ.ရတတ်သည်။
စီးပွားရေး နှင့် အလုပ်အကိုင်အနေအထား။
ကန်လဂ် ပိုင်ရှင်- ၀န်ထမ်း များ၊ အသိပညာ၊ အတတ်ပညာရှင် အဖြစ် အသက် မွေးနေသူများ၊ ကိုယ်ပိုင် စီးပွားရေး လုပ်နေသူများ အားလုံး အနေဖြင့် ဇူလိုင်လသည် ကံမကောင်းသော ကာလ ဖြစ်သည်။ အထူးသဖြင့် ပညာရှင် ၀န်ထမ်းများ အနေဖြင့် ဒုတိယ နှင့် တတိယ ပါတ် အတွင်း တွင်- တာဝန်မှ ရပ်စဲ ခံရတတ်ခြင်း၊ ရာထူး နှိမ့်ချခံရတတ်ခြင်း စသော အနေအထား အထိ ကြုံတွေ. နိုင်သဖြင့် ဆင်ခြင်ရန် များစွာ လိုပါသည်။
စီးပွားရေး လုပ်ကိုင်သူများ အနေဖြင့်လည်း- ယခု လအတွင်း မိမိ အနေအထားကို မိမိပင် နားမလည် နိုင် သော အတက်အကျ ဖြစ်မှုများကို ရင်ဆိုင်ရတတ်သည်။
မိသားစု ရေးရာ။ကြီးကြီးမားမား မဟုတ်သော ပြဿနာ အသေးအဖွား တို.ကြောင့် မိသားစု အတွင် မကြာခဏ ကတောက် ကဆ ဖြစ်ရတတ်သည်။ သို.သော်လည်း ခဏ ပင်ဖြစ်ပြီး- မကြာခင် အဆင်ပြေ သွားကာ နောက်ထပ် ပြဿနာ တစ်ခု ထပ်ဖြစ်တတ်သော အနေအထားကို ဇူလိုင် လအတွင်း တွင် ကန်လဂ် ပိုင်ရှင်တို. ကြုံတွေ.ရတတ်သည်။
နိုင်ငံခြား ရေးရာကိစ္စများ။နိုင်ငံခြား ကိစ္စနှင့် ပါတ်သက်၍ ယခု ကာလ အတွင် ထွေထွေထူးထူး မပေါ်တတ်ပါ။ နိုင်ငံခြား သွားလိုသူများ အနေဖြင့်- ဇူလိုင်လ ပထမပါတ် အတွင်းတွင် သွားဖြစ်လျှင်- သွားဖြစ်၊ ထိုမှ မဟုတ်လျှင်- ဤလ တစ်လလုံး -အတွင်း သွားဖြစ်စရာ မကြုံတော့ပါ။
ကျန်းမာရေး။
ကန်လဂ် ပိုင်ရှင် များ အနေဖြင့်- ကျန်းမာရေးနှင့် ပါတ်သက်၍ သတိထားရမည့် ကာလ ဖြစ်သည်။ အထူးသဖြင့် စိတ်ကျန်းမာရေး ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ- ခံစားချက်တို.ကြောင့်- ရုပ်ပိုင်း ဆိုင်ရာကို ထိခိုက်တတ်သဖြင့် မိမိစိတ်ကို သင့်တော်အောင်- သဘောထား နိုင်ရန် ကြိုးစား သင့်ပါသည်။
အထွေထွေ ကိစ္စများ(၁-၇-၂၀၁၀) မှ (၁၉-၇-၂၀၁၀) နေ. ကာလ အတွင်း မတော်တစ်ဆ- ထိခိုက်တတ်မှုများ ရှိတတ်သဖြင့်- သတိထားရန် လိုပါသည်။ ထို.အပြင်- ပထမပါတ် အတွင်းတွင်- အလိမ်ခံရ တတ် သော အနေအထားကို တွေ.နေရသဖြင့်- ငွေကြေှးနှင့် ပါတ်သက်၍ အယုံမလွယ် မိစေရန် လိုပါသည်။
အချစ်ရေး နှင့် အိမ်ထောင်ရေး။ချစ်သူရည်းစား ရှိသူများ အဘို. ယခု ကာလအတွင်း- အဆင်မပြေမှုတို.ကို မကြာခဏ ကြုံတွေ.ရတတ်သည်။ သို.သော်လည်း- ပြဿနာ တို.က ပျောက်သွားလိုက်၊ ပြန်ပေါ်လာ လိုက် ဆိုသလို- ဝေ့လည် ဝေ့လည် လုပ်နေတတ်သည်။
အိမ်ထောင်ရှင် များအနေဖြင့်မူ- (၁၇-၇-၂၀၁၀) မှ (၁၉-၇-၂၀၁၀) နေ. ကာလ အတွင်း- အကြီးအကျယ် စကားများ၊ တတ်ခြင်း၊ ပြဿနာ တက်တတ်ခြင်း ရှိသဖြင့် တစ်ဦး ကို တစ်ဦး အလျော့ပေးရန် ကြိုတင် စဉ်းစားထားသင့်သော ကာလ ဖြစ်ပါသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
တူ လဂ် ပိုင်ရှင်များအတွက်။
ငွေကြေး ဥစ္စာ ပိုင်ဆိုင်မှု အနေအထား။
တူလဂ်ပိုင်ရှင် များအတွက် ငွေရေး ကြေးရေး၊ ပိုင်ဆိုင်မှု တို.နှင့် ပါတ်သက်၍ သိပ်အကောင်း ကြီး မဟုတ်သော်လည်း- သိပ်မဆိုးသော ကာလ တစ်ခု ဖြစ်သည်။ အောင်မြင်မှု၊ ငွေကြေးတို.သည် -(၂၅-၇-၂၀၁၀) ရက်နောက်ပိုင်းတွင် ပို၍ ထင်ရှားလာပါလိမ့်မည်။
ပညာရေး။ဇူလိုင်လ အတွင်း - ပညာရေး နှင့်ပါတ်သက်၍ အကောင်းဆုံး အနေအထားကို သက်မွေး အတတ် ပညာကို သင်ကြားနေ သူများက ရထား ပါသည်။ ၄င်းတို.အနေဖြင့် နည်းပြ ဆရာကောင်း များကို ကြုံတွေ.ရခြင်း၊ မိမိနှင် ကိုက်ညီ ဆီလျော်သော ပညာကို ရရှိခြင်း၊ မိမိ စိတ်ကူးဖြင့် တီထွင် ကြံဆမှု များ လုပ်ကိုင် နိုင်ခြင်းတို.ကြောင့် များစွာ တိုးတက်မှုများ ရမည့် ကာလ ဖြစ်သည်။ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ လည်း ထိုနည်းတူ ပင် ဖြစ်သည်။ အထူးသဖြင့် ပညာရေး ကံကောင်းသော ကာလမှာ- -(၂၇-၂၀၁၀) ရက် နောက်ပိုင်း တွင် ဖြစ်သည်။စီးပွားရေး နှင့် အလုပ်အကိုင်အနေအထား။တူလဂ် ပိုင်ရှင်- ၀န်ထမ်း များ၊ အသိပညာ၊ အတတ်ပညာရှင် အဖြစ် အသက် မွေးနေသူများ၊ အနေဖြင့် ရာထူး တိုးတက်ခြင်း၊ ၀င်ငွေ ကောင်း လာခြင်း တို.ကို -(၂၇-၂၀၁၀) ရက် မှ -(၃၁-၂၀၁၀) ရက် အကြားတွင် တွေ.ကြုံ ရတတ်သည်။
စီးပွားရေး လုပ်ကိုင်သူများ အနေဖြင့် မူ- ယခု ကာလ အတွင်း မရေရာသော ရင်းနှီးမြုပ်နှံမှု တို.တွင် အာရုံစိုက်မည့် အစား- မိမိ ကျွမ်းကျင်သော စီးပွားရေးကို အာရုံထားသင့်သည်။ သို.သော်လည်း -(၁၈-၂၀၁၀) ရက် မှ -(၂၄-၂၀၁၀) ရက် အကြားတွင်- လုပ်ငန်း တို.ကို ဆောင်ရွက်ရာ ၌ အထူးသတိပြုရန် လိုအပ်သည်။
မိသားစု ရေးရာ။
ဇူလိုင်လ- အစပိုင်း- ပထမပတ် တွင် မိသားစု ရေးရာအားဖြင့် သိပ်မကောင်း လှသေးသော်လည်း၊ တစ်ဖြေးဖြေးနှင့် မိသားစု ကိစ္စများ ပြေလည်ခြင်း၊ အိမ်တွင်းရေး စိတ်ချမ်းသာ မှု ရလာခြင်း၊ တို.ကို ကြုံလာမည် ဖြစ်သဖြင့် ဇူလိုင်လသည်- တူလဂ်ပိုင်ရှင် များအတွင် မိသားစု ပြဿနာ နည်းပါးသော ကာလ၊ အိမ်တွင်းရေး စိတ်ချမ်းသာမည့် ကာလ ဖြစ်သည်။
နိုင်ငံခြား ရေးရာကိစ္စများ။နိုင်ငံခြား ကိစ္စနှင့် ပါတ်သက်၍ အခွင့်အလမ်းများ ပေါ်ပေါက်သော ကာလ ဖြစ်ပါသည်။ နိုင်ငံခြား တွင် နေထိုင်လိုသူများ၊ ခေတ္တခဏ သွားလိုသူများ အနေဖြင့် -(၁၃-၂၀၁၀) ရက် မှ -(၂၄-၂၀၁၀) ရက် အကြားတွင်- သွားဖြစ်နိုင်သော ကာလ၊ တနည်းအားဖြင့်- လက်ရှိ နိုင်ငံခြား တွင် နေထိုင်သူ များအနေဖြင့်လည်း- အခြေချ ဖြစ်ရန် အခွင့်အလမ်း ပေါ်လာသော ကာလ ဖြစ်လိမ့်မည်။
ကျန်းမာရေး။
ကျန်းမာရေး အလွန်ကောင်းသော ကာလ ဖြစ်သည်။ သို.သော်လည်း- အာရုံကြောနှင့် ပါတ်သက်သော ဝေဒနာ တို.ခံစားရတတ်သဖြင့်- အာရုံစူးစိုက်မှု ပိုင်း မလွန်ကဲစေရန်- သတိ ပြုပါ။
အထွေထွေ ကိစ္စများဇူလိုင်လ အစ-ပိုင်းတွင်- အခြေအတင် ကိစ္စများ၊ ရှိတတ်သော်လည်း- ထိုပြဿနာ တို.ဖြစ်နိုင်မှု အခြေအနေသည် နည်းပါးခြင်း၊ နောက်ပိုင်းတွင်- အခြေအနေများစွာ ကောင်းမွန် လာခြင်းကြောင့်- ဇူလိုင်လသည်- တူရာသီ ဘွားများ အတွက် အေးချမ်းသာယာ ကာလ ဖြစ်သည်။အချစ်ရေး နှင့် အိမ်ထောင်ရေး။အချစ်ရေး၊ အိမ်ထောင်ရေး အားဖြင့်- မီးစိမ်းပြနေသော ကာလ ဖြစ်သည်။ တစ်ဦးနှင့် တစ်ဦး အပြန် အလှန် နားလည်ခြင်း၊ ဘေးပတ်ဝန်းကျင်၏ ပံ့ပိုးခြင်း တို.ကြောင့်- အချစ်ရေးတွင် စိတ်ချမ်းသာ ရသော ကာလ ဖြစ်ပါသည်။ အိမ်ထောင်ကျရန် အခြေအနေ များပေးပို.နေသော ကာလ လည်းဖြစ်သည်။
အိမ်ထောင်ရှင် များအနေဖြင့်မူ- (၂၇-၇-၂၀၁၀) မှ (၃၁-၇-၂၀၁၀) နေ. ကာလ အတွင်း- သားသမီး ရရန် အခွင့်အလမ်း များ ရှိနေသည်။ xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဗြိစ္ဆာ လဂ် ပိုင်ရှင်များအတွက်။
ငွေကြေး ဥစ္စာ ပိုင်ဆိုင်မှု အနေအထား။ဇူလိုင်လသည်- ဗြိစ္ဆာ လဂ်ပိုင်ရှင် များအတွက် ကံကောင်းသော ကာလ တစ်ခု ဖြစ်ပါလိမ့်မည်။ အထူးသဖြင့် -(၃-၇-၂၀၁၀) ရက် ပိုင်း ကာလ များတွင် ဇာတာရှင်အနေဖြင့် ငွေကြေး၊ ပိုင်ဆိုင်မှု ရရှိခြင်း၊ အောင်မြင် ထင်ရှားခြင်း တို.ကို ကြုံတွေ.ရပါလိမ့်မည်။ မိမိ ရည်ရွယ်ထားသော ကိစ္စများ အောင်မြင်လာခြင်း၊ ကံကောင်းလာခြင်း တို.ကို ခံစားရသော ကာလ ဖြစ်ပါသည်။
ပညာရေး။သက်မွေး အတတ် ပညာကို သင်ကြားနေသူများ အနေဖြင့် ယခုကာလသည် အတတ်ပညာ ပိုင်း အနေဖြင့် အကောင်းဆုံး ကာလ တစ်ခု ဖြစ်ပါသည်။ အထူးသဖြင့် -(၁-၇-၂၀၁၀) ရက် မှ (၂၁-၂၀၁၀) ရက် ကာလ အတွင်းတွင် မိမိအနေဖြင့် အသုံးတည့် သော သက်မွေး အတတ် ပညာကို ရရှိခြင်း၊ ဆရာ ကောင်းတို.နှင့် ကြုံတွေ.ရခြင်း တို.ကြောင့် ဇာတာရှင် အနေဖြင့် အတတ် ပညာ ဆိုင်ရာ အကျိုးရှိမည့် ကာလဖြစ်သည်။
စီးပွားရေး နှင့် အလုပ်အကိုင်အနေအထား။
ဗြိစ္ဆာ လဂ် ပိုင်ရှင်- ၀န်ထမ်း များ၊ အနေဖြင့် လုပ်ငန်းဆိုင်ရာ- တွင် ရုတ်တစ်ရက် ပြဿနာ များ ပေါ်လာ တတ်သည်။ -(၁-၇-၂၀၁၀) ရက် မှ (၁၅-၂၀၁၀) ရက် ကာလ အတွင်းတွင် - အထူး သဖြင့် သတိထား ရန်လိုအပ်ပါသည်။ ထိုပြဿနာ တို.သည် မိမိ၏ အရည် အချင်း နှင့် သက်ဆိုင်မှု မရှိပဲ- အခြားသော အခြေအနေ တို.ကြောင့် ပေါ်ပေါက် လာတတ်ခြင်း ဖြစ်သဖြင့်- မိမိ၏ လုပ်ငန်း တစ်ခုတည်းကိုသာ အာရုံပြု ထားခြင်းမျိုး မလုပ်ပဲ- ပတ်ဝန်းကျင် အခြေ အနေကို ကို မျက်ခြေမပြတ် စောင့်ကြည့် ထားသင့်ပါသည်။ မူလဇာတာတွင်- သက်ဆိုင်ရာ ဂြိုဟ်တို.၏ အင်အား နည်းပါး နေသူများ အနေဖြင့် ပို၍ သတိထားရန် လိုသော ကာလ ဖြစ်သည်။
သို.သော်လည်း အခြေအနေ များသည်- ဇူလိုင်လ -(၁-၇-၂၀၁၀) ရက် ကျော်လွန်ပါက သိသိ သာသာ ကောင်းမွန်လာမည် ဖြစ်သည့် အတွက်- အခက်အခဲ ပြဿနာ တို.ကို ရင်ဆိုင်နိုင် အောင် ပြင်ဆင် ထားခြင်း ဖြင့် ပူပန်ရလောက်အောင် မဆိုးပါ။
စီးပွားရေး သမား များအနေဖြင့် မူ အရေးကြီးသော ဆုံးဖြတ်ချက်များကို -(၂၃-၇-၂၀၁၀) ရက် မှ (၂၅-၂၀၁၀) ရက် ကာလ အတွင်း မလုပ်ပဲ အခြားနေ.များတွင် လုပ်ပါက အကောင်းဆုံး ဖြစ်ပါ လိမ့်မည်။
မည်သို. ပင် ဆိုစေ- ရုတ်တစ်ရက် အလွယ်တကူ ရနိုင်သော ငွေကြေး နှင့် ဆိုင်သော ဂြိုဟ်များ၏ အနေ အထားကောင်းနေသဖြင့်- ထီထိုးလိုပါက- (၁၆-၇-၂၀၁၀) ရက် မှ (၂၆-၂၀၁၀) ရက် ကာလ အတွင်း တွင် ထီထိုးသင့်ပါသည်။
မိသားစု ရေးရာ။ဇူလိုင်လ- သည် ဗြိစ္ဆာ လဂ်ပိုင်ရှင် များအတွက် မိသားစု အတွင်း- စိတ်ချမ်းသာ စရာများ ရနိုင်သော ကာလဖြစ်သော်လည်း- ပထမပါတ် ကာလ အတွင်းတွင်- ဘခင် ဖြစ်သူနှင့် ပါတ်သက်၍ စိတ်ပူပန် စိုးရိမ် စရာ အနည်းငယ် ရှိရတတ်သည်။ သားသမီး ရှိသူ များအနေဖြင့် (၁၆-၇-၂၀၁၀) ရက် မှ (၂၆-၇-၂၀၁၀) ရက် ကာလ အတွင်း သားသမီး ကြောင့် စိတ်ချမ်းသာ ရခြင်း၊ ဂုဏ်သိက္ခာ မြင့်တက်ရခြင်း တို. ဖြစ်တတ်ပါသည်။
နိုင်ငံခြား ရေးရာကိစ္စများ။နိုင်ငံခြားတွင် ရေရှည် နေထိုင်ရန် စီစဉ်ထားသူများ၊ အပြီးအပိုင် ရွှေ.ပြောင်းလိုသူ များအတွက်- မှန်းချက်နှင့် နှမ်းချက် မကိုက်သော ကာလ ဖြစ်သည်။ သို.သော်လည်း နိုင်ငံခြားသို. ခေတ္တ သွားလိုသူ၊ အလုပ်လုပ်ရန် သွားလိုသူများ အနေဖြင့် (၁၆-၇-၂၀၁၀) ရက် မှ (၂၀-၇-၂၀၁၀) ရက် ကာလ အတွင်း တွင် အခြေ အနေပေးလာသည်ကို ကြုံရလိမ့်မည်။
ကျန်းမာရေး။ကျန်းမာရေး ရေးနှင့်ပါတ်သက်၍- ကျောက်ကပ်၊ အာရုံကြော ဆိုင်ရာ အားနည်းမှု ပြဿနာ များကို ဇူလိုင်လ အစပိုင်းတွင် ကြုံတွေ.ရတတ်သည်။ သို.သော် (၂၂-၇-၂၀၁၀) ရက် ပိုင်းတွင် အားလုံး ကောင်းမွန်သွားပါလိမ့်မည်။
အထွေထွေ ကိစ္စများ။
ဇူလိုင်လသည်- ဗြိစ္ဆာ လဂ်များ အတွက် ကြီးမားသော ပြဿနာ မရှိနိုင်သော- ယေဘူယျ အားဖြင့် အေးချမ်းသာယာသည့် ကာလ ဖြစ်သည်။
ဘာသာရေး ဆိုင်ရာ တိုးတက်မှု လုပ်ဆောင်နေသူ များအနေဖြင့် (၁၂-၇-၂၀၁၀) ရက် ပိုင်းသည် အထူးသဖြင့် ဘာသာရေးဆိုင်ရာ- နာမ်ပိုင်း ဆိုင်ရာ အထူးသဖြင့် တိုးတက် နိုင်သော ကာလ ဖြစ်သည်။
အချစ်ရေး နှင့် အိမ်ထောင်ရေး။လူပျို၊ အပျို များအနေဖြင့်- ၀ါမ၀င်ခင်- အိမ်ထောင်ကျရန် အခြေအနေ များ ရှိနေသော ကာလဖြစ်သည်။ အထူးသဖြင့် (၃-၇-၂၀၁၀) ရက်ပိုင်း သည်- အိမ်ထောင်ရေး နှင့် ပါတ်သက်၍ အခြေအနေများက အားပေးနေသော ကာလဖြစ်ပါသည်။


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဓနု လဂ် ပိုင်ရှင်များအတွက်။
ငွေကြေး ဥစ္စာ ပိုင်ဆိုင်မှု အနေအထား။
ဓနု လဂ်ပိုင်ရှင် များ အနေဖြင့် ငွေကြေးအားဖြင့် မဟုတ်သော်လည်း- ထူးခြားသော အောင်မြင်မှု ၊ ရည်ရွယ်ချက် တို.အကောင်အတည် ပေါ်လာမှုတို.ကို ကြုံတွေ.နိုင်သော ကာလ ဖြစ်သည်။ (၂၃-၇-၂၀၁၀) ရက် နောက်ပိုင်းမှ စ၍- အဆင့်အတန်း မြင့်မားလာ သော အခြေ အနေ ကို တွေ.ရပါသည်။
ပညာရေး။အခြေခံ ပညာကို သင်ယူသူ တို.အနေဖြင့် ပုံမှန် အခြေအနေ မျှသာ၊ ရှိသော်လည်း၊ တက္ကသိုလ် ပညာ၊ သက်မွေး အတတ် ပညာကို သင်ကြားနေသူများ အနေဖြင့် မိမိကိုယ် မိမိ ယုံကြည် ခြင်း၊ တီထွင် ဖန်တီး လိုစိတ်များ ဖြစ်ပေါ်လာ သဖြင့် -ယခုကာလသည် ပညာ ပိုင်း အနေဖြင့် အကျိုးပေးမည့် ကာလ တစ်ခု ဖြစ်ပါသည်။
အထူးသဖြင့် -(၂၇-၇-၂၀၁၀) ရက် မှ (၃၁-၇-၂၀၁၀) ရက် ကာလ အတွင်းတွင် ပညာရေး နှင့် ပါတ်သက်သော အထူး အကျိုးပေးသော ကာလဖြစ်သဖြင့် အရေးကြီးသော- လုပ်ငန်းခွင် စာမေးပွဲများ၊ အရည် အချင်းစစ် စာမေးပွဲများကို ထိုရက်များတွင် ဖြေဆိုခွင့် ရပါက အလွန် ကောင်းမွန် ပါလိမ့်မည်။
စီးပွားရေး နှင့် အလုပ်အကိုင်အနေအထား။ဓနု လဂ် ပိုင်ရှင်- စီးပွားရေးလုပ်ငန်း ရှင်များ အနေဖြင့် ဇူလိုင်အစပိုင်းတွင် - အသေးအမွှား အခက် အခဲ အချို.ကို ကြုံတွေ.ရတတ်သော်လည်း- ထင်ရှားသော ဆုံးရှုံးမှုများ မဖြစ်နိုင်ပါ။ သို.သော်- ရင်းနှီးမြုပ်နှံ မှုလုပ်ငန်း၊ အစုစပ်၊ ရှယ်ယာ ထည့်သူများ အနေဖြင့် -(၂၀-၇-၂၀၁၀) ရက် မှ (၃၁-၇-၂၀၁၀) ရက် ကာလ အတွင်း အမှားများ ပြုလုပ်မိတတ်သဖြင့်- ဤကာလသည် စီးပွားရေး သမားများ အတွက် အကောင်းဆုံးသော ကာလ တစ်ခုမဟုတ်ပါ။
ပညာရှင် ၀န်ထမ်းများ အနေဖြင့် လုပ်ငန်း အခြေအနေ မကောင်း၊ မဆိုး အနေအထားကို ကြုံတွေ. နေရတတ်သည်။ အခြား အလုပ်ကို ပြောင်းရွှေ.ရန် ကြံရွယ်ထားသူ များအနေဖြင့်- ယခု ကာလ အတွင်း မပြောင်းသင့်သေးပဲ- အခြေအနေကို စောင့်ကြည့်သင့် သည့်ကာလ ဖြစ် ပါသည်။
မိသားစု ရေးရာ။
မိသားစု ပြဿနာများ မရှိပဲ- အေးချမ်းမည့် ကာလ တစ်ခုဖြစ်ပါသည်။ မိမိ အိမ်တွင်- မွေးချင်း အငယ် ရှိပါက- (၁၉-၇-၂၀၁၀) ရက် မှ (၃၁-၇-၂၀၁၀) ရက် ကာလ အတွင်း ၄င်းတို.နှင့် ပါတ်သက် သော ကောင်းသတင်း ကြားရတတ်ပါသည်။
နိုင်ငံခြား ရေးရာကိစ္စများ။နိုင်ငံခြားတွင် ရေရှည် နေထိုင်ရန် စီစဉ်ထားသူများ၊ အပြီးအပိုင် ရွှေ.ပြောင်းလိုသူ များအတွက်- (၁-၇-၂၀၁၀) ရက် မှ (၉-၂၀၁၀) ရက် ကာလ အတွင်း မိမိလုပ်လိုသော အစီအစဉ် များကို အပြီးသတ်စီစဉ် ထားသင့်ပါသည်။ ထိုကာလ နောက်ပိုင်းတွင်- မရေမရာ မသေချာ သော အခြေအနေ တို.ကို ကြုံတွေ.ရတတ်သည်။
နိုင်ငံခြား ခရီးသွားလိုသူများ အတွက်- မူ အဆင်မသင့် သေးပါ။ ဆက်လက် စောင့်ဆိုင်းရမည့် အခြေ အနေဖြစ်ပါသည်။
ကျန်းမာရေး။
ဓနုလဂ် ပိုင်ရှင် များအနေဖြင့် ဤကာလသည် ကျန်းမာရေး ရေးနှင့်ပါတ်သက်၍- ကောင်းမွန် သော ကာလဖြစ်သဖြင့် မိမိလုပ်ဆောင်စရာ ရှိသည်များကို စိတ်သွားတိုင်း ကိုယ်ပါ- ဆောင်ရွက် နိုင်သော ကာလ ဖြစ်သည်။
အထွေထွေ ကိစ္စများဤကာလသည်- ယေဘူယျအားဖြင့် ပြဿနာ မရှိသော ကာလဖြစ်သော်လည်း- ငွေချေး သည့် လုပ်ငန်း၊ ပစ္စည်းငှားရမ်းသည့် အလုပ်တို.ကို (၁၁-၇-၂၀၁၀) ရက် နေ.တွင် မလုပ် ဖြစ်အောင် ရှောင်ကြဉ်သင့်ပါသည်။ ထိုရက်မှ လွဲ၍ အခြားရက်ပိုင်းတို.တွင် ပြဿနာ မရှိပါ။အချစ်ရေး နှင့် အိမ်ထောင်ရေး။အချစ်ရေး ၊ အိမ်ထောင်ရေး အနေအထားမှာ- တည်ငြိမ်နေသော ကာလ- ပြဿနာ လည်း ထူးထူး ခြားခြား မရှိ၊ တိုးတက်မှုလည်း ထူးထူးခြားခြား မရှိပါ။ သို.သော်လည်း- မိမိ အိမ်ထောင် ဘက်နှင့် ခွဲခွာ နေရသူများ- အနေဖြင့် အိမ်ထောင်ဘက်နှင့် ပြန်လည် ဆက်သွယ် မှုများကို (၁၆-၇-၂၀၁၀) ရက် နေ. ပိုင်းတွင်- ကြုံတွေ.ရတတ်ပါသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မကာရ လဂ် ပိုင်ရှင်များအတွက်။
ငွေကြေး ဥစ္စာ ပိုင်ဆိုင်မှု အနေအထား။
၂၀၁၀-ဇူလိုင်လသည် မကာရ လဂ်ပိုင်ရှင် များ အနေဖြင့် ကံမကောင်းသော ကာလ တစ်ခု ဖြစ်ပါသည်။ လုပ်သမျှ၊ ကြံသမျှ လွဲချော်နေတတ်ခြင်း၊ မိမိပိုင်ဆိုင်သော ပစ္စည်းများ ကြောင့် စိတ်ညစ် ရခြင်း၊ တို.ကို ကြုံတွေ.ရတတ်သော ကာလဖြစ်သည်။ အထူးသဖြင့် -(၁၇-၇-၂၀၁၀) ရက် မှ (၁၉-၇-၂၀၁၀) ရက် ကာလ အတွင်းတွင် - ငွေကြေးဆုံးရှုံးမှု အကုန်အကျ များရှိတတ် သဖြင့် သတိထားရန် လိုသော ကာလဖြစ်သည်။ အကယ်၍ သည်းခံ၍ သတိထား တတ်မည် ဆိုလျှင်- -(၂၂-၇-၂၀၁၀) ရက် မှ (၃၁-၇-၂၀၁၀) ရက် ကာလ အတွင်းတွင် ရည်ရွယ် ထားသည် တို.- တစ်ဆင့်ချင်း အောင်မြင်လာသည် ကို တွေ.ရမည်ဖြစ်သဖြင့် အလွယ်တကူ စိတ်ဓါတ် ကျစရာ တော့မလိုပါ။
ပညာရေး။အခြေခံ ပညာကို သင်ယူသူ တို.အနေဖြင့် ယခု ကာလအတွင်း- ပညာရေးတွင် ထင်ထား သလောက် မအောင်မြင်တတ်ပါ။ ထို.ကြောင့် ပုံမှန် အနေအထားပို၍ ၀ိရိယ စိုက်သင့်သော ကာလ တစ်ခု ဖြစ်ပါသည်။ သက်မွေး အတတ် ပညာကို သင်ကြားနေသူများ အနေဖြင့် (၁၆-၇-၂၀၁၀) ရက် ပိုင်းတွင်- မိမိလိုလားသော ပညာကို သင်ယူခွင့်- ရရှိခြင်း၊ ဆရာကောင်း တို.နှင့် တွေ.ကြုံရခြင်း တို. ရှိပါမည်။
စီးပွားရေး နှင့် အလုပ်အကိုင်အနေအထား။မကာရ လဂ် ပိုင်ရှင်- စီးပွားရေးလုပ်ငန်း ရှင်များ အနေဖြင့် အလွန်သတိထား ရမည့် အနေ အထား ရှိနေပါသည်။ ဆုံးဖြတ်ချက်တို. မှားယွင်းတတ်ခြင်း၊ မိမိ အနေဖြင့် သေချာပေါက် အောင်မြင်မည်၊ အကျိုးအမြတ် ရမည် ဟု ယူဆထားသော လုပ်ငန်း တို.အနေဖြင့် အရှုံး ပေါ်တတ်ခြင်း တို.ကြောင့် လောမကြီးပဲ- သတိပြုရန် လိုပါသည်။
ရင်းနှီးမြုပ်နှံ မှုလုပ်ငန်း၊ အစုစပ်၊ ရှယ်ယာ ထည့်သူများ အနေဖြင့် -(၁-၇-၂၀၁၀) ရက် မှ (၉-၂၀၁၀) ရက် ကာလ အတွင်း ကို ရှောင်ကြဉ်ရမည့် အနေအထား ဖြစ်သည်။ အဆုံးအရှုံး ကြီးမား စွာ ရှိတတ်သည်။
ဝန်ထမ်း အလုပ် လုပ်သူ တို.အနေဖြင့်လည်း- လုပ်ငန်း တွင် ပြဿနာ များပေါ်တတ်ခြင်း၊ အမှား အယွင်းများ ပြုလုပ်မိတတ်ခြင်း၊ လုပ်ဖေါ် ကိုင်ဘက်တို.နှင့် အဆင် မပြေတတ်ခြင်း တို.ကြောင့် ဤလ တစ်လ-လုံး ဆင်ခြင် သတိထားရန် လိုအပ်ပါသည်။
မိသားစု ရေးရာ။
အိမ်ထောင်ရှင် အမျိုးသားများ အနေဖြင့်- မိမိ၏ ဇနီးနှင့် ပါတ်သက်၍ စိတ်ဆင်းရဲ စရာတို. ကြုံတွေ. ရတတ်သည်။ အထူးသဖြင့် (၁၁-၇-၂၀၁၀) ရက် နေ.ပိုင်းတွင် ဖြစ်ပါသည်။ အိမ်ထောင်ရေး ပြဿနာ တို. ယာယီ ဖြစ်ပေါ်တတ် သော ကာလ ဖြစ်သည်။
နိုင်ငံခြား ရေးရာကိစ္စများ။နိုင်ငံခြားတွင် ရေရှည် နေထိုင်ရန် စီစဉ်ထားသူများ၊ အပြီးအပိုင် ရွှေ.ပြောင်းလိုသူ များအတွက်- (၁၅-၇-၂၀၁၀) ရက် မှ (၂၄-၇-၂၀၁၀) ရက် ကာလ အတွင်း -သည် အကောင်းဆုံး ကာလ ဖြစ်သည်။ ထိုရက် အတွင်း အချိန်ကိုက် စီစဉ်ထားပါက- မိမိအစီ အစဉ် အောင်မြင် ပါလိမ့်မည်။
နိုင်ငံခြား ခရီးသွားလိုသူများ အတွက်- မူ အခြေအနေ ကောင်းများ ဖြစ်ပေါ်လာတတ်သည်။ သို.သော်လည်း- ဆုံးဖြတ်ချက် မှားတတ်သဖြင့်- အခွင့်အရေး ပေါ်လာသော်လည်း- သတိထား ရန် လိုအပ်သည်။
ကျန်းမာရေး။
ကျန်းမာရေးနှင့် ပတ်သက်၍ အထူးသဖြင့် သတိထားရန် လိုသော ကာလမှာ - (၁၇-၇-၂၀၁၀) ရက် မှ (၂၀-၇-၂၀၁၀) ရက် အတွင်း ဖြစ်သည်။ ကျောက်ကပ်၊ ဆီးနှင့် ပါတ်သက်သော ရောဂါများ ပေါ်လာတတ်ပါသည်။
အထွေထွေ ကိစ္စများဤလ တစ်လလုံး တွင် တတ်နိုင်ပါက- ငွေကြေးနှင့် ပါတ်သက်၍ အခြားသူများနှင့် မပါတ်သက် ပဲ နေနိုင်လျှင်- အကောင်းဆုံးပင် ဖြစ်ပါသည်။ အကယ်၍ လုပ်ဆောင် စရာ ရှိသော် (၂၅-၇-၂၀၁၀) ရက် ကျော်မှ သာ လုပ်ဆောင်သင့်ပါသည်။
အချစ်ရေး နှင့် အိမ်ထောင်ရေး။အချစ်ရေး ၊ အိမ်ထောင်ရေး အနေအထားမှာ- မကောင်းတတ်ပါ။ ပြဿနာ များစွာ ကြုံတွေ.ရသော ကာလဖြစ်ပါသည်။ ချစ်သူနှင့် စိတ်သဘောထား အကြီးအကျယ် ကွဲလွဲခြင်း၊ သို.မဟုတ် ပါက- အနှောက်အယှက် ပြဿနာ များ ပေါ်လာတတ် ခြင်းကြောင့် ၁၇-၇-၂၀၁၀) ရက် မှ (၂၃-၇-၂၀၁၀) ရက် အတွင်း - အတွင်းတွင် ဂရုပြုရန် လိုပါသည်။
အိမ်ထောင်ရှင် များအနေဖြင့်လည်း - တစ်ဦးနှင့် တစ်ဦး စကားများ၊ အငြင်းပွား ရာမှ စ၍ - မလိုအပ်ပဲ ပြဿနာ ကြီးသွားတတ် သဖြင့် ဤလ တွင် ပို၍ ဂရုစိုက်၊ နားလည် ပေးနိုင်ရန် လိုအပ်ပါသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကုမ် လဂ် ပိုင်ရှင်များအတွက်။
ငွေကြေး ဥစ္စာ ပိုင်ဆိုင်မှု အနေအထား။
ကုမ် လဂ်ပိုင်ရှင် များ အနေဖြင့် ဤကာလ အတွင်း- စီးပွားရေး၊ ပိုင်ဆိုင်မှု ဆိုင်ရာ ကိစ္စများ တွင် ကံကောင်းလိုက်၊ မကောင်းလိုက် တစ်လှည့် ဖြစ်ပေါ်နေတတ်သော ကာလ ဖြစ်သည်။ ဇူလိုင် လကုန်ပိုင်းလောက် ရောက်မှ- အနည်းငယ် တည်ငြိမ်လာမည် ဖြစ်သည်။ ထို.ကြောင့် မိမိ အနေဖြင့် အိုးအိမ်၊ ယာဉ် တို.ကို ၀ယ်မည့် အစီအစဉ် ရှိလျှင်- -(၂၈-၇-၂၀၁၀) ရက် နောက် ပိုင်းတွင် စီစဉ်ပါက- ပို၍ အဆင်ပြေပါလိမ့်မည်။
ပညာရေး။ပညာသင်ယူ နေသူတို.အနေဖြင့်- လိုသလောက် ခရီးမပေါက်သော ကာလ ဖြစ်သည်။ အထူးသဖြင့် ဇူလိုင်လ အလယ်ပိုင်းတွင်- ပညာရေးတွင်- စိတ်မပါတော့ခြင်း၊ မိမိ ရည်ရွယ် ထား သလောက် အောင်မြင် ပါ့မလား ဟူ၍ ဇဝေဇ၀ါ အနေအထားကို လျှောက်လှမ်း နေရ တတ် သည်။စီးပွားရေး နှင့် အလုပ်အကိုင်အနေအထား။ကုမ် လဂ် ပိုင်ရှင်- စီးပွားရေးလုပ်ငန်း ရှင်များ - ဤကာလ အတွင်းတွင် စွန်.စားရမည့် လုပ်ငန်း များကို ရှောင်ထားရန် လိုပါသည်။ အဘယ့်ကြောင့်ဆိုသော်- ရေရေ ရာရာ အနေအထား ကို မမြင်ရပဲ- စမ်းတ၀ါးဝါး နှင့် လုပ်နေရတတ်သော ကြောင့်- ထင်ထား သလောက် စီးပွား မဖြစ်တတ်ပါ။
ဝန်ထမ်း အလုပ် လုပ်သူ တို.အနေဖြင့်လည်း- ဤကာလ တွင် မိမိ၏ ကြိုးစားမှု တို. မထင်ပေါ် နိုင်သေးပဲ- ယခု ကြိုးစား မှုသည်- နောင်အတွက်ဟုသာ သဘောထား၍ အလုပ်ရှင်၏ နားလည်မှု ရအောင်သာ အာရုံပြုထားသင့် သော ကာလဖြစ်ပါသည်။
မိသားစု ရေးရာ။
မိသားစု ရေးရာ အားဖြင့် သိသိသာသာ ပြဿနာ များ မဖြစ်သော်လည်း - ကုမ်လဂ် ပိုင်ရှင် တို.အနေဖြင့် အိမ်တွင် နေရသည်ကို ပျော်ရွှင် မှု မရှိတတ်ပဲ ဖြစ်နေတတ်သည်။ သို.သော်လည်း- မိမိထက် အကို၊ အမ အကြီးများ ရှိပါက - ၄င်းတို.၏ သတင်းကောင်းကို (၂၁-၇-၂၀၁၀) ရက် မှ (၃၁-၇-၂၀၁၀) ရက် ကာလ အတွင်း၊ ကြားရတတ်ပါသည်။
နိုင်ငံခြား ရေးရာကိစ္စများ။မည်သို.ပင် ဖြစ်စေ၊ ဤကာလတွင် ကုမ်လဂ် ပိုင်ရှင် များအနေဖြင့် နိုင်ငံခြားနှင့် ပါတ်သက်၍ ထင်ရှားစွာ လမ်းပွင်.လာသော ကာလ ဖြစ်သည်။ နိုင်ငံခြားတွင် ရေရှည် နေထိုင်ရန် စီစဉ်ထားသူများ၊ အပြီးအပိုင် ရွှေ.ပြောင်းလိုသူ များအတွက်- အခွင့်အလမ်းများ သည် ဤလ အတွင်း တစ်စ-တစ်စ ပေါ်ပေါက်လာတတ်ပြီး- (၁၅-၇-၂၀၁၀) ရက် မှ (၂၁-၂၀၁၀) ရက် ကာလ အတွင်း -တွင် မိမိ၏ အစီအစဉ်များကို အကောင်အထည် ဖေါ်ရတတ်သည်။
အလုပ်ကိစ္စ ဖြင့် နိုင်ငံခြား သွားလိုသူများသည် နိုင်ငံခြား သွားခွင့် အခြေအနေ ကောင်းကို (၁၃-၇-၂၀၁၀) ရက် မှ (၂၅-၇-၂၀၁၀) ရက် အတွင်း ရရှိပါလိမ့်မည်။
ကျန်းမာရေး။
ကျန်းမာရေးနှင့် ပတ်သက်၍ ဤကာလ အတွင်း အနည်းငယ် သတိထားရန် လိုအပ်သည်။ မောပန်း တတ်ခြင်း၊ အသက်ရှု ကျပ်တတ်ခြင်း၊ စသည့် အနေအထား တို.ကြောင့် လည်းကောင်း၊ စိတ်ရှုပ် စိတ်ညစ် ရခြင်းကြောင့် လည်းကောင်း ကျန်းမာရေး ထိခိုက်နိုင်ပါသည်။
အထွေထွေ ကိစ္စများလုပ်ငန်းခွင် တွင် မတော်တစ်ဆ ထိခိုက်မှု ဖြစ်တတ်ခြင်း၊ အငြင်း အခုံ၊ စကားများရ တတ်ခြင်းကြောင့် (၁၇-၇-၂၀၁၀) ရက် မှ (၂၂-၇-၂၀၁၀) ရက် အတွင်း တွင် အထူး သတိပြုပါ။အချစ်ရေး နှင့် အိမ်ထောင်ရေး။ဤကာလ အတွင်း အချစ်ရေး ၊ အိမ်ထောင်ရေး တို.တွင် ကုမ်လဂ် ပိုင်ရှင် များအဘို. စိတ်ညစ်၊ စိတ် အနှောက်အယှက် ဖြစ်စရာ များနှင့် ကြုံတွေ. နေရတတ်သည်။ ကြီးများသော ပြဿနာ များ မဟုတ်သော်လည်း- စိတ်ညစ်ညူး စရာများ ဖြစ်နေတတ်သည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
မိန် လဂ် ပိုင်ရှင်များအတွက်။
ငွေကြေး ဥစ္စာ ပိုင်ဆိုင်မှု အနေအထား။
မိန် လဂ်ပိုင်ရှင် များ အနေဖြင့် စီးပွားကိစ္စများ စီစဉ်ရာတွင် ကံမကောင်း သော ကာလ ဖြစ်ပါသည်။ မထင်မှတ် သော ကိစ္စများကြောင့် ဆုံးရှုံးမှု များ ရှိတတ်သည်။ အထူးသဖြင့် (၁၇-၇-၂၀၁၀) ရက် မှ (၂၃-၇-၂၀၁၀) ရက် ကာလ အတွင်း မော်တော်ယာဉ် ပိုင်ဆိုင်သူ များ အနေဖြင့်- ဆုံးရှုံး နစ်နာ မှုများ၊ ရှိတတ်သည်။ မော်တော်ယာဉ် ကြောင့် ငွေကြေး ကုန်ကျ မှု များ ပေါ်ပေါက်တတ်သည်။
ပညာရေး။အခြေခံ ပညာသင်ယူ နေသူတို. အနေဖြင့် အခြေအနေ ကောင်းပါသည်။ ဇူလိုင် လ- အလယ်ပိုင်းတွင်- ပညာရေး ဆိုင်ရာ အခွင့်အလမ်းကောင်းတို. ပေါ်လာတတ်သည်။ သို.သော် တက္ကသိုလ် ပညာ သင်- ကျောင်းသားများ နှင့် အသက်မွေးဝမ်းကျောင်း၊ ကျွမ်းကျင် ပညာသင် နေသူ တို.အတွက် သိပ်အဆင် မပြေလှပါ။ မည်သို.ပင် ဆိုစေ- ခက်ခဲ သော အခြေ အနေမျိုး တော့ မဟုတ်ပဲ- အင်အား စိုက်ထုတ်ရန် လိုအပ်သော အနေအထား မျိုးသာ ဖြစ်ပါသည်။
စီးပွားရေး နှင့် အလုပ်အကိုင်အနေအထား။မိန် လဂ် ပိုင်ရှင်- စီးပွားရေး သမားများ အနေဖြင့် ဇူလိုင်လ -ပထမ ပါတ်မှ ဒုတိယ ပါတ်ကာလ အထိ- အခြေ အနေတို. အဆင်ပြေနေ တတ်သော်လည်း- (၁၇-၇-၂၀၁၀) ရက် မှ (၂၈-၇-၂၀၁၀) ရက် ကာလ များတွင် လုပ်ငန်း တို. ပြဿနာ တက်လာ တတ်သည်။ လောင်းကစား ဆန်ဆန် လုပ်ဆန် မှုများကို ရှောင်ကြဉ် သင့်သော ကာလ ဖြစ်သည်။
ဝန်ထမ်း များ၊ ပညာရှင် များ အနေဖြင့် မူ- အဆင်ပြေသော ကာလ ဖြစ်သည်။ လက်ရှိ အလုပ် အနေ အထားသည်- အဆင်ပြေပြေ ဖြင့် ဆက်လက် လည်ပါတ် နေသဖြင့်- စိတ်ဆင်းရဲ စရာ အခြေ အနေ မျိုးကို မကြုံရတတ်ပါ။
မိသားစု ရေးရာ။
မိသားစု အိမ်တွင်းရေး တွင်- အပြင်လူ တစ်ချို.ကြောင့် စိတ်အနှောက် အယှက် ဖြစ်ရ တတ်သည် က လွဲ၍ အခြား ပြဿနာ များ မရှိတတ်ပါ။ သားသမီး ငယ်ရွယ်သူ ရှိပါက- ၄င်းတို.ကြောင့် (၁၄-၇-၂၀၁၀) ရက် မှ (၁၇-၇-၂၀၁၀) ရက် အတွင်း- အနည်းငယ် စိတ်ညစ်ရသော အနေ အထားကို ကြုံရတတ်ပါသည်။
နိုင်ငံခြား ရေးရာကိစ္စများ။နိုင်ငံခြား ကိစ္စနှင့် ပါတ်သက်ဤကာလ အတွင်း- အခြေအနေ များ ထူးခြားစွာ ငြိမ်သက် နေတတ် သည်။ မိမိ အနေဖြင့် မူလက စီစဉ် ထားသလောက် ယခုကာလ တွင် ဖြစ်မည်ဟု မှန်း ထားသော်လည်း- တကယ်တမ်းတွင်- အခွင့်အလမ်းတို. မပေါ်လာ သလို ဖြစ်နေ တတ်ပါသည်။
ကျန်းမာရေး။
ကျန်းမာရေး နှင့် ပါတ်သက်၍ ဇူလိုင်လ (၁-၇-၂၀၁၀) ရက် မှ (၈-၇-၂၀၁၀) ရက် အတွင်း တွင်- ချူခြာ နေတတ်သော်လည်း- ထိုရက်ပိုင်း ကျော်သွားပါက- ကျန်းမာရေး ကောင်းမွန် ပါလိမ့်မည်။
အထွေထွေ ကိစ္စများအထူးသတိထားရမည့် ကာလ ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော်- ကြီးကြီး မားမား ထိခိုက် မှု အန္တရယ် များ ဖြစ်လာနိုင်သော အနေအထားကို တွေ.နေရသဖြင့်- (၁၇-၇-၂၀၁၀) ရက် မှ (၂၁-၇-၂၀၁၀) ရက် အတွင်း တွင် အထူးသတိချပ်ရန် လိုအပ်ပါသည်။ မလိုအပ် ပဲ- ခရီးသွားလာ မှုမျိုးကို ရှောင်ကြဉ်ပါ။
အချစ်ရေး နှင့် အိမ်ထောင်ရေး။အချစ်ရေး နှင့် ပါတ်သက်၍ - ပြဿနာ တို.ပေါ်လာတတ်သည်။ အိမ်ထောင်ဘက်၊ ချစ်သူ တို.နှင့် အကြီးအကျယ် သဘောထား ကွဲပြားခြင်း၊ အတိုက်အခံ ဖြစ်ရခြင်း တို.မှ စတည်၍ ငြိမ်းချမ်း သော အခြေအနေ တို.ပျက်ပြား သွားနိုင်သဖြင့် ဤကာလ အတွင်း တွင် မိန်လဂ် သမား တို. အတွက် အချစ်ရေး ကံမကောင်းပါ။

[+/-] show/hide this post

No comments:

Post a Comment